မဲ့လော့ ဘာသာ

koyoAugust 23, 20121min27923

မဲ့လော့ဘာသာ၊  ဘာသာ မဲ့လော့

တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား

ဘာသာတရား၊ များလည်းများ၏

များပါလေလည်း၊ တဆဲဆဲနဲ့

လူမျိုးစွဲကာ၊ သတ်ဖြတ်နေတယ်

ကမ္ဘာမြေဝယ်။

မဲ့လော့ဘာသ၊ ဘာသာ မဲ့လော့

တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား

နိုင်ငံရေးသမား၊ များလည်းများ၏

များပါလေလည်း၊ တကွဲကွဲနဲ့

ဂုဏ်မောက်ခါသာ၊ မာန်တက်နေတယ်

ကမ္ဘာမြေဝယ်။

မဲ့လော့ဘာသာ၊ ဘာသာ မဲ့လော့

တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား

စာပေသဘောတရား၊ များလည်းမျာ၏

များပါလေလည်း၊ တအ အ နဲ့

ပညာရှိလုပ်ခါ၊ ညွှန်ပြနေတယ်

ကမ္ဘာမြေဝယ်။

မဲ့လော့ဘာသာ၊ ဘာသာမဲ့လော့

တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား

တန်းတူညီရေး၊ စိတ်ထားမွေးမှ

တွဲလက်ခိုင်မာ၊ ညီညာပါမှ

တို့ပြည်တို့ရွာ၊ တို့ကမ္ဘာကား

ငြိမ်းချမ်းရာမှန်၊ လှမ်းလျှောက်နိုင်အံ့။

23 comments

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 8:58 pm

    ကြောင်လေးရဲ့ မျက်ဖြေလင်္ကာလိုမျိုးပါလား ..
    ဒါပေမယ့် .. ဒါက ဆရာဇော်ဂျီရဲ့ ကဗျာ ..

    ဘာသာတော့ မမဲ့ပါရစေနဲ့ဗျာ ..
    တောင်းဆိုတာ အကွပ်လေးနဲ့မှ တင့်တယ်သလိုပေါ့ ..
    လူဆိုတာလည်း ဘာသာလေးရှိမှ ကောင်းနိုင်မလားလို့ပါ ..

  • kai

    August 23, 2012 at 10:59 pm

    ကမ္ဘာမှာ.. ဘာသာမဲ့တွေတော်တော်များပါတယ်..။
    တကယ့်အစစ်အမှန်ပြောကြေးဆို.. ကမ္ဘာမှာ ဘာသာမဲ့ဦးရေက..ဘာသာရှိထက် သိသိသာသာပိုမယ်တောင်ဆိုကြတယ်..။

    http://en.wikipedia.org/wiki/Irreligion

    Irreligion (also nullifidianism) may be defined as the absence of religion, an indifference towards religion, a rejection of religion, or hostility towards religion.[1] When characterized as the rejection of religious belief, it includes atheism and secular humanism. When characterized as hostility towards religion, it includes antitheism, anticlericalism and antireligion. When characterized as indifference to religion, it includes apatheism. When characterized as the absence of religious belief, it may also include agnosticism, ignosticism, nontheism, religious skepticism, and freethought. Irreligion may even include forms of theism depending on the religious context it is defined against, as in 18th century Europe where the epitome of irreligion was deism.[2]

    It has been estimated that 16% of the world population (1.1 billion people) are “non-religious” including agnostic, atheist, secular humanist, and people who answer “none” or “no religious preference” when asked an open-ended question about what is their religious preference. However, at the same time, it is also estimated that 40 to 50% of the people in this highly disparate grouping have a stated traditionally “theistic” belief in God, deities or a Higher Power.[3] Some evidence suggests that the fastest growing religious status in the United States is “no religion”.[4]

    • Liquid_Sn@ke

      August 24, 2012 at 12:14 am

      သဂျီးလည်း ဂဏန်းဟင်း ကြိုက်သကိုး.

      ဟုတ်တယ်သဂျီး ဂဏန်းတွေက မလိမ်ဘူး
      လူတွေက. လိမ်တာ.
      အဆိုပါ ဆာဗေးရဲ့. လူဦးရေ တို့ လွှမ်းခြုံနိုင်မှု တို့
      ကိုယ်စားပြု နိုင်မှု တို့ ကိုပြန်ထောက်ချင့်ကြည့်ရင်
      အင်း. မမှန်နိုင်ဘူး ဆိုတာ ပိုတွေ့လာရတယ်

      တောတွေသွား. တောမှာနေ. တောကဘဝတွေ
      ခံစားကြည့် ကြုံဆုံကြည့်ရင်း. အင်း.
      မားကတ္တင်းဆာဗေး အလွဲတခုလို့မြင်မိလာတယ်
      ဒဂုံ တစ်လောက် တီတီချီလောက်. ကချာတိတ်တွေ သွားဗျူးပြီး
      Over 90% သော ချာတိတ်တွေက အိုဗာတင်းသောက်ရဲ့
      ဆိုတဲ့ကောက်ချက်ဆန်ဆန် လို့မြင်မိရဲ့ဗျာ
      ဂဏန်းဟင်းက. သိပ်တော့ မဟုတ်သေးဘူး ဆိုပါတော့

      ဟုတ်ကဲ့. လူနေများတဲ့ တိုကီယို အိုဆာကာ နာဂိုယာ နေရာမျိုးကနေ
      လူသောင်းဂဏန်းလောက် ဗျူး ထားပြီး ချပြတဲ့ ဆာဗေးလောက်တော့
      မယုံချင်တာ. အမှန်ဗျို့

      သဂျီးသိပါတယ်. 出身 ဆိုတာရှိမယ်casual norms ရှိမယ် common values တွေရှိမယ်
      တပြိုင်တည်းမှာ (ကျနော်တို့ တစိတ်တပိုင်း ဟိန္ဒူ ဝါဒ လွှမ်းမိုးခံထိသလို. သူတို့လည်း
      တီလုပ်ပြည်ဖြစ် ခါမိဆမ. တွေကိုးကွယ်နေသေးသကိုး.

      သူတို့မှာ အစားထိုး common value ရှိတယ်ဗျို့
      ကျုပ်တို့ ကျင့်ဖို့ မဖြစ်နိုင်တဲ့ သိုင်းကျမ်းတခုပါပဲ

      စကားမစပ်ပါ. Patriot ကို မျိုးချစ် လို့ ဘယ်သူ ဘာသာပြန်ခဲ့သတုန်းဗျာ
      တကယ်က. နိုင်ငံချစ်. လို့. ဘာသာပြန်သင့်ခဲ့ရဲ့ မဟေုတ်လားဗျာ

      တော်သေးဘီ
      ပြန်လာချင်မှလည်းလာတော့မည်
      ထင်ရာပြောသွားသည်

      ခင်တဲ့
      ဂီ

      • kai

        August 24, 2012 at 3:02 am

        http://www.mahablog.com/2006/02/19/patriotism-v-nationalism/
        Patriotism v. Nationalism
        The difference between patriotism and nationalism is that the patriot is proud of his country for what it does, and the nationalist is proud of his country no matter what it does; the first attitude creates a feeling of responsibility, but the second a feeling of blind arrogance that leads to war.
        =
        ဂဏန်းထက်ကောင်းတဲ့.. လော့ဘ်စတာဟင်းရှိရင်. ကြိုက်မယ်ဗျို့..
        လောလောဆယ်တော့..” လေ”ဟင်းထက်စာရင်.. ဂဏန်းဟင်းအကောင်းဆုံးပဲ.. :mrgreen:

  • ပင်လယ် ပျော်

    August 23, 2012 at 11:36 pm

    ဘာသာ..ဆိုတာ ပုဒ်မ မရှိတဲ့ဥပဒေတစ်ရပ်လိုမျိုးပါ..ဥပမာ…စိတ်ထားလေးတွေတူညီစေတယ်…အသင်းအဖွဲ ့ဖြစ်စေတယ်…
    ယဉ်ကျေးစေတယ်…စည်းလုံးမှုဖြစ်စေတယ်.. စသည်ပေါ့ဗျာ…ဘာသာရှိလျှက်တောင် ဒီလိုဖြစ်နေရင် မရှိရင်တော့ပိုဆိုးပါလိမ့်မယ်…ဒါတွေဘာကြောင့်ဖြစ်ရလဲဆိုတော့ လူတွေရဲ့ လောဘ..ဒေါသ..မောဟ..တွေကြောင့်ပါပဲ

    • kai

      August 23, 2012 at 11:45 pm

      ကိန်းဂဏန်းတွေ မလိမ်တတ်ပါဘူးဗျ..။
      .. အောက်ကဇယားကြည့်.. ချမ်းသာတဲ့နိုင်ငံတွေထဲ.. ဘာသာမဲ့တွေများနေတာတွေ့ရလိမ့်မယ်..။

      အထင်ရှားဆုံးပြရရင်.. ဂျပန်ပဲ..။တိုင်းပြည်ရဲ့.၅ဝရာခိုင်နှုန်းအထက်..။ ဂျပန်၂ယောက်မှာ ၁ယောက်က..ဘာသာမဲ့..
      သူတို့တွေ.. လောဘ..ဒေါသ..မောဟ. မြန်မာတွေထက်စာရင်.. အများကြီးနည်းကြပါတယ်.. :mrgreen:

      Country Percentage of population
      that is non-religious (2006) Source
      Estonia 75.7 [6]
      Azerbaijan 74 [7] [8]
      Sweden 46-85 (average of 65.5) [9]
      Czech Republic 64.3 [6]
      Vietnam 46.1-81 (average of 63.55) [6][9]
      Denmark 43-80 (average of 61.5) [9]
      Albania 60 [10][11][12]
      United Kingdom 39-65 (average of 52)
      [13]
      Japan 51.8 [6]
      China 8-93 (average of 50.5) [6][9][14]
      France 43-54 (average of 48.5) [9]
      Russia 48.1 [6]
      Belarus 47.8 [6]
      Hungary 42.6 [6]
      Ukraine 42.4 [6]
      Netherlands 39-44 (average of 41.5) [9][15]
      Latvia 40.6 [6]
      South Korea 36.4 [6]
      Belgium 35.4 [6]
      New Zealand 34.7
      (from 87.3% who answered the optional question) [16]
      Germany 34.6 [17]

      • ပင်လယ် ပျော်

        August 24, 2012 at 1:15 am

        သူကြီးက ဘာသာမဲ့တာကို နှစ်သက်ပုံရတယ်နော်…

        • kai

          August 24, 2012 at 3:04 am

          တော်တော်များများက..
          ဘာသာမဲ့ဆိုတာကို.. ထာဝရဘုရားသခင်ကို… ယုံ/မယုံနဲ့ကြည့်ကြတာ.. 🙂
          Atheism နဲ့ Buddhism တောင် အရောရောအထွေးထွေးပဲ..

          Atheism and Buddhism — Buddhism as an Atheistic Religion
          buddhism.about.com/od/basicbuddhistteachings/a/buddhaatheism.htm
          If atheism is the absence of belief in gods, then many Buddhists are atheists. Why then do Buddhists pray and bow to Buddha figures on altars?
          =
          http://www.religionfacts.com/buddhism/beliefs/atheism.htm

  • YE YINT HLAING

    August 24, 2012 at 1:37 am

    ဘာသာမဲ့ တွေရဲ့ အတွေး အခေါ်ဟာ ဘယ်ပေါ်မှာ အခြေခံပြီးတွေးမလဲမသိဘူး ??? တဂဘာလုံးမှာ ရှိတဲ့ ဘာသာတရားတွေ အားလုံးကို လက်မခံတဲ့ အပေါ်မှာ အခြေခံတာလားမသိ ??? တခုခုတော့ အမှီသဟဲ ရှိမယ်ထင်ပါတယ် ။

    • Foreign Resident

      August 24, 2012 at 1:51 am

      ” တဂဘာလုံးမှာ ရှိတဲ့ ဘာသာတရားတွေ အားလုံးကို
      လက်မခံတဲ့ အပေါ်မှာ အခြေခံတာလားမသိ ??? ”

      အမှန်က ဘာသာမဲ့တွေရဲ့ အတွေးအခေါ်တွေက ၊
      ဘာသာရှိတွေထက် ပိုပြီး လွယ်ကူ ရှင်းလင်းပါတယ် ။
      သူတို့ဟာ မိမိ ကိုယ်ကို မိမိ ပဲ အားကိုးတာပါ ။
      မမြင်ရ မထိရတဲ့ ဟာတွေအပေါ် စိတ်ကူး မယဉ် ၊ မကိုးကွယ်ကြဘူး ။
      မြန်မာပြည်မှာလည်း ဘာသာမဲ့တွေ ရှိပါတယ် ။
      အဘ တွေ့ဖူးတယ် ။

      • မွန်မွန်

        August 24, 2012 at 3:01 pm

        သမီးကြားဖူးတာကလေ…
        “ဘာသာမဲ့ဆိုတာ မိမိကိုယ်ကို မိမိပဲ အားကိုးတာပါ”.. အဲဒါ မြတ်စွာဘုရားပြောတဲ့ “အတ္တာဟိ အတ္တနော နာထော” တဲ့….

  • YE YINT HLAING

    August 24, 2012 at 1:56 am

    ကျွန်တော် သိချင်တာကို ရှင်းပြပေးသွားလို့ ကျေးဇူးပါ အဘဖော ခင်ဗျာ !

  • မောင်ပေ

    August 24, 2012 at 2:17 am

    ဘာပဲပေါ့လေ
    ကျုပ်တို့တိုင်းပြည်က အခုမှ စတာကလား

  • အရီးခင်လတ်

    August 24, 2012 at 3:33 am

    ဗုဒ္ဓဘာသာ ဆိုတာ religion ဟုတ်မဟုတ် မေးခွန်းတွေ ရှိပါတယ်။
    ဥပမာ –

    Is Buddhism a religion or a philosophy?
    The Late Ven Dr.K.Sri Dhammananda Nayaka Maha Thera JSM wrote:
    “The Buddha’s message as a religious way of life: ‘Keeping away from ail evil deeds, cultivation or life by doing good deeds and punfication of mind from mental impurities’.”
    “For our purposes, religion may be defined in a very broad sense as a body of moral and philosophical teachings and the acceptance with confidence of such teachings In this sense.
    Buddhism is a religion.”
    {V.K.S. Dhammananda Nayaka Maha Thera JSM, “Buddhism as a religion,” Buddha Vihara Society,}

    Venerable Master Chin Kung of the Buddhist Educational College in Singapore, describes four different types of Buddhism, of which one is:
    “… religious Buddhism. Originally, Buddhism was not a religion, but now it has become one. We can no longer deny that there is a ‘Buddhist religion’ because everywhere we look, Buddhism is displayed as a religion. Unlike the monasteries in the past which held eight-hour classes per day and provided another eight hours for self-cultivation, today’s Buddhist ‘temples’ no longer uphold such a perseverance of the Buddha’s Teachings. Today we mainly see people offering to the Buddha statues and praying for blessings and fortune. In this way, Buddhism has been wrongly changed into a religion.”
    {Venerable Master Chin Kung, “Buddhism as an Education The path to Enlightenment,” }

    ဗုဒ္ဓဘာသာဆိုရာမှာလဲ မျိုးစုံ ကွဲပြားနေတာမို့ ကိုယ့် ရဲ့ ဗုဒ္ဓဘာသာမှာ ဘယ်လိုဖွင့်ဆို တယ် ဆိုတာပေါ်တည်ပြီး တစ်မျိုးနဲ့တစ်မျိုး ကွာပြန်ပါတယ်။

    တကယ်တော့ ကျွန်မတို့က ဂေါတမဗုဒ္ဓရဲ့ ညွန်ပြခဲ့တဲ့ တရားဓမ္မများ ကို လိုက်နာကျင့်ကြံကြတာပါ။

    ကျွန်မ ဖတ်ဖူးတဲ့ စာတစ်ချို့မျှ ပါမယ်။
    ကျန်တာကတော့ ကိုယ့်သဘော ပါဘဲ။
    လွတ်လပ်စွာကွဲပြားနိုင်ပါတယ်။ 😀

    In Buddhism there is not, as in most other religions, an Almighty God to be obeyed and feared.
    The Buddha does not believe in a cosmic potentate, omniscient and omnipresent.
    In Buddhism there are no divine revelations or divine messengers.
    A Buddhist is, therefore, not subservient to any higher supernatural power which controls his destinies and which arbitrarily rewards and punishes.
    Since Buddhists do not believe in revelations of a divine being Buddhism does not claim the monopoly of truth and does not condemn any other religion.
    But Buddhism recognizes the infinite latent possibilities of man and teaches that man can gain deliverance from suffering by his own efforts independent of divine help or mediating priests.

    Buddhism cannot, therefore, strictly be called a religion because it is neither a system of faith and worship, nor “the outward act or form by which men indicate their recognition of the existence of a God or gods having power over their own destiny to whom obedience, service, and honor are due.”

    If, by religion, is meant “a teaching which takes a view of life that is more than superficial, a teaching which looks into life and not merely at it, a teaching which furnishes men with a guide to conduct that is in accord with this its in-look, a teaching which enables those who give it heed to face life with fortitude and death with serenity,” or a system to get rid of the ills of life, then it is certainly a religion of religions.

    Buddhists do not worship an image expecting worldly or spiritual favors, but pay their reverence to what it represents.
    An understanding Buddhist, in offering flowers and incense to an image, designedly makes himself feel that he is in the presence of the living Buddha and thereby gains inspiration from his noble personality and breathes deep his boundless compassion. He tries to follow the Buddha’s noble example.

    The Bo-tree is also a symbol of Enlightenment. These external objects of reverence are not absolutely necessary, but they are useful as they tend to concentrate one’s attention. An intellectual person could dispense with them as he could easily focus his attention and visualize the Buddha. For our own good, and out of gratitude, we pay such external respect but what the Buddha expects from his disciple is not so much obeisance as the actual observance of his Teachings. The Buddha says — “He honors me best who practices my teaching best.” “He who sees the Dhamma sees me.”

    http://www.buddhanet.net/nutshell03.htm

    တကယ်မှာတော့ ဘာသာတရား ကို ဘန်းပြပြီး ဖြစ်နေတဲ့ စစ်ပွဲများ အတွက် ဖန်တီးသူများ ရှက်တတ်ရင် ရှက်စရာပါဘဲ။
    ဘယ်ဘာသာမှာ မဆို မေတ္တာ ကိုရှေ့ထားရပါတယ်။
    ဘာသာတရား ဆိုတာ လူတွေကို ကောင်းကျိုးဖြစ်ဖို့ အထိန်းအကွပ် သာဖြစ်သင့်ပါတယ်။
    မဟုတ်ရင်လဲ ……..

  • MaMa

    August 24, 2012 at 7:38 am

    ဘယ်ဘာသာဝင်မဆို အမှန်တကယ် ကိုးကွယ်ရာဘာသာကို လိုက်နာကျင့်ကြံတယ်ဆိုရင်….. ကမာ္ဘကြီးငြိမ်းချမ်းဖို့ပါပဲ။
    ဘာသာဝင်ဆိုတဲ့ နာမည်ခံရုံသာ ခံထားပြီး ဘာသာရဲ့ အဆုံးအမကို အမှန်တကယ် မလိုက်နာ မကျင့်ကြံခြင်း (သို့) ကိုယ်လိုရာဆွဲတွေးပြီး လုပ်ကိုင်နေကြခြင်းကြောင့်သာ အကြမ်းဖက်ခြင်းတွေ၊ ဆိုးကျိုးတွေ ဖြစ်ပေါ်နေကြရတာဖြစ်ပါတယ်။ [:(]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Ko out of...

    August 24, 2012 at 7:57 am

    ဘာသာတရားဟာ အမှန်တကယ်ဘဲ.. တိုင်းပြည် အတွက် အကျိုးရှိတယ်ဆိုရင်..ဘာဖြစ်လို့..ဥပဒေရေးဆွဲတဲ့ အချိန်ရော? အခုလွတ်တော် အစည်း အဝေးတွေမှာရော?..ဘာဖြစ်လို့ဘာသာရေးခေါင်းဆောင် တွေမပါ..ရသလဲ?..ဒါကိုကြည့်ရင် သိနိုင်ပါတယ်..

    Religion is made by man. Religion is poison.လို့ဘဲမြင်ပါတယ်..

    • MaMa

      August 24, 2012 at 8:46 am

      တဏှာ လောဘ မာန နဲ့ ဘာသာရေးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း မို့လို့ ထင်မိပါတယ်။

  • Thu Wai

    August 24, 2012 at 10:41 am

    အဲဒါဆို ဘာသာစုံ ဂုဏ်ထူးပါတဲ့ သူတွေကကော

  • ပန်းစံပါယ်

    August 24, 2012 at 1:00 pm

    ဘာသာတရားဟာ တိုင်းပြည်အတွက်အကျိုးရှိမရှိဆိုတာ လူတွေရဲ့ အပေါ်မှာပဲမူတည်ပါတယ်။ ဘာသာတရားရဲ့အဆုံးအမကို လူတိုင်း ကောင်းစွားလိုက်နာရင်၊ လူတိုင်း မိမိကိုယ်မိမိ(လောဘ၊ ဒေါသ၊ မောဟ) ကောင်းစွာထိန်းသိမ်း စောင့်ရှောက်နိုင်ရင် ဘာဥပဒေမျှပြဌာန်းစရာမလိုပဲ တိုင်းပြည်အတွက်အကျိုးရှိပြီး ငြိမ်းချမ်းနိုင်ပေမယ့် လူတိုင်းနီးပါးက မိမိကိုယ်မိမိ ကောင်းစွားမထိန်းသိမ်း မစောင့်ရှောက်နိုင်ကြလို့ အခုလိုတွေဖြစ်နေကြတာပါ။ တရားဥပဒေတွေပြဌါန်းပေမယ့်လည်း မိမိကိုယ်မိမိ ကောင်းစွာမစောင့်ရှောက် မထိန်းသိမ်းနိုင်ပဲ ဥပဒေကိုမလိုက်နာ မကျင့်သုံးရင် တိုင်းပြည်အတွက် အကျိုးရှိမည်မဟုတ်ပါ။

  • သုရှင်

    August 24, 2012 at 1:04 pm

    ဘာသာမဲ့တာမမဲ့တာထက်…
    ဘာသာရှိပြီး ဘာသာရေးမကိုင်းရှိုင်းတာက ပိုဆိုးသလိုဘဲ
    ဘာသာရှိရှိမရှိရှိ
    စည်းကမ်းရှိဖို့ ကအရေးကြီးတယ်။ မဟုတ်လား။

    ( ဆရာကြီး ဝင်လုပ်သွားသည် )

    • နတ် ကလေး

      August 24, 2012 at 9:47 pm

      ဘာသာတရားဆို တာတွေဟာ လူ အဖြစ် မွေး မလာမီကာလဖြစ် ပျက်ခဲ့တာနဲ ့ လူ သေဆုံး ပြီး ကာလ တွေမှာ ဖြစ်ပျက် ရမယ့် အကြောင်း တွေကို အချောက် တရား အမြောက် တရားတွေနဲ ့ လောက မှာ လူ တွေ ယဉ်ကျေး လိမ္မာလာအောင် ပြု လုပ် ပေးတဲ ့ ကျင့်စဉ်ကျင့် ဝတ် တွေ လို ့ပဲ မြင်တယ်။

  • တေလေ

    August 24, 2012 at 8:20 pm

    ဘာသာရေး အဆုံးအမများသည် ကောင်းသည်လည်းရှိသလို မလိုလားအပ်သော
    အတွေးအခေါ်များလည်း ဖြစ်ပေါ်လာတတ်ပေသည် ၊
    ယင်းကဲ့သို့ မလိုလားအပ်သည်များကို ဖယ်ထုတ်လိုက်ပါက —-

  • ဒုတ်ထိုး

    August 24, 2012 at 9:06 pm

    မဲ့ကြပါ မဲ့ကြပါ – – –
    မ သေ ခင် သာ – – – ရုတ်ရုတ်- ရုတ်ရုတ်
    သေ သွား တော့ – – – ဘာမှ မဟုတ်
    မသေခင်သာ – – – ထောင်ထောင်- ထောင်ထောင်
    သေသွားတော့ – – – အပုပ်ကောင်
    မသေခင်သာ – – – ကြွားကြွား – ကြွားကြွား
    သေသွားတော့ – – – အလကား
    မသေခင်သာ – – – ငါ – ငါ – ငါ
    သေသွားတော့ – – – ပြာ – ပြာ – ပြာ ဖြစ်လတ္တံ့ ။

Leave a Reply