ပန်းဟေဝန်ကအင်တာဗျူး (မန်းဂေဇက်ချစ်သူများစာပေဆု)

မထင်ထားဘူး…

အဲဒီနေရာမျိုးမှာ အင်တာဗျူးဖြေရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူး…

ဇတ်လမ်းစတာက အဲ့ဒီကောင် ရဲဘော်ဟောင်း ပေါ့..။

တနေ့က – ကျုပ်ကလဲ စမ်းချောင်း ဗဟိုလမ်းမှာရောက်နေတုန်း ဒီကောင်က ဖုန်းဆက်ပြီး ပန်းဟေဝန်  ကိုခေါ်တယ်။

ပန်းဟေဝန်ဆိုတာက ဟံသာဝတီလမ်းပေါ် ကားပွဲစားတန်းထွက်ပေါက်နားက လဘက်ရည်ဆိုင်ပါ။

ဒီကောင့်မလဲ  နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒတွေကိုယုံမိလို့  သူ့စည်းစိမ်လေး ခပ်ကြီးကြီးပဲ့သွားပြီးကတည်းက

“ကားမျော-မိန်းမပိုက်ဆံနဲ့လိုက်” ရင်း  ဆင်ကြံကြံ  ကျားချောင်းချောင်း နေလိုက်တာ

တနေ့တနေ့  ကားဝိုင်းနားကကို မခွာဘူး…။

အခုလဲ သူ့ကားတရားကိုမနာချင်တာနဲ့  ဟိုဟိုသည်သည်စကားလမ်းလွှဲရင်း မန်းဂေဇက်အကြောင်းရောက်သွားမိတယ်..။

မန်းဂေဇက်အကြောင်းပြောမိမှတော့ လောလောဆယ်လုပ်နေတဲ့ မန်းဂေဇက်ချစ်သူများစာပေဆု အကြောင်းလဲ ပြောဖြစ်တော့တာပေါ့…။

အဲဒီမှာတင် ဒီကောင်တစခန်းထတော့တာပဲ………..

 

“ အေးကွာ.. ပါလေရာ ရယ်..။ ဒီလိုမှန်းသိရင် ငါလဲ ဆောင်းပါးလေးဘာလေး ရေးပါရဲ့….. ”

“ မင်းရေးတော့ကော ဘယ်သူကရွေးမှာမို့လဲ ဟဲ့ကောင်ရဲ့….။ ဟိုးအရင်ကွန်မင့်လေးတွေရေးတုန်းကတောင် အဆဲခံရလွန်းလို့ မင်းရွာမဝင်တာတောင် ဘယ်လောက်ကြာပြီလဲ… ”

“ အဲ  မင်းပြောမှ ရွာကိုတောင် သတိရလာပြီ။ မင်းကားထဲ လက်ပ်တော့ပါတယ်မဟုတ်လား။ ခဏဝင်ကြည့်ရအောင်…၊ ကွန်မင့်လေးတခုနှစ်ခုလောက် အလွမ်းပြေ ရေးလိုက်ဦးမှ…. ”

“ အေးအေးနေလက်စနဲ့ နေစမ်းပါကွာ။ မင်းကားတွေပဲ မရှုံးအောင်ရောင်းဘို့ အာရုံစိုက်ပါ… ”

“ မဟုတ်သေးပါဘူး….။ မင်းဘယ်လိုလုပ် ကပ်တီးကပ်ဖဲ့ဖြစ်နေရတာလဲ…။ ဘာလဲ … ငါစာတွေဝင်ရေးပြီး ဆုကြေးတွေ တထောကြီးရသွားမှာစိုးလို့လား…… ”

“ မင်းက စာရေးမှာမှမဟုတ်ပဲ ရဲဘော်ဟောင်းရယ်..။ ကွန်မင့်ပြင်းပြင်းတွေရေးပြီး ဆော်ပလော်ဘို့ပဲချောင်းနေတာကို။  ပြီးတော့လဲ ဒီစာပေဆုက ဆုကြေးတွေ တထောကြီးလဲ ရစရာမရှိပါဘူး…။ ”

“ ဟုတ်လား…။ ဆုကြေးတထောကြီးမရဘူးဆိုတော့  ဆုကြေးကိုဘယ်လောက်သတ်မှတ်ထားလို့လဲ… ”

“ ဘယ်လောက်မှ သတ်မှတ်မထားဘူး…။ ဆုကြေးအနေနဲ့ ငွေကြေးပေးမှာမဟုတ်ဘူး။ လစဉ်အကြိုက်ဆုံးအဖြစ်အရွေးချယ်ခံရတဲ့စာမူရေးသူကို နှစ်သောင်းဝန်းကျင်လောက်တန်ဘိုးရှိမယ့် ဆုလက်ဆောင်ကိုပဲ ပေးမှာ…. ”

“ ဟင်.. မဟုတ်သေးပါဘူး…။ အရင်ငါဖတ်မိထားတာက ဆုအတွက် အဘဆွေက တနှစ်တစ်သိန်းထည့်မယ်ဆို…  ။ အဘဖေါကလဲ တစ်လတစ်သောင်း ထည့်မယ်ဆို၊ မင်းတို့အဖွဲ့ဝင်တွေကလဲ တစ်လသုံးထောင် ထည့်မယ်ဆို…. ”

“ မင်းပြောတာဟုတ်ပါတယ်…။ ဒါပေမယ့် အဲဒီပိုက်ဆံတွေကို ဆုအတွက်ချည်းပဲ သုံးမယ်လို့ မဆိုလိုဘူး….။ တနှစ်ကိုနှစ်ခါလောက်ခွဲပြီး မန်းဂေဇက်မင်ဘာတွေ တွေ့ဆုံပွဲလုပ်မယ်။ အဲဒီတွေ့ဆုံပွဲမှာ ဆုလက်ဆောင်ပေးမှာ…။ ဆိုတော့…  အဘဆွေထည့်ဝင်မယ့်ငွေရယ်၊ အဘဖေါထည့်ဝင်မယ့်ငွေရယ်ကို ဆုလက်ဆောင်ဝယ်ဖို့သုံးမှာဖြစ်ပြီး လိုရင် ကျန်အဖွဲ့ဝင်တွေထည့်ဝင်ငွေထဲက နဲနဲစိုက်သုံးမယ့်သဘောပဲ။ ကျန်အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်ငွေအများစုကို မန်းဂေဇက်မင်ဘာများတွေ့ဆုံပွဲ စားရိတ်အဖြစ်သုံးမှာ…။ ”

“ တွေ့ဆုံပွဲလား…  ဆုပေးပွဲလား…. ”

“ တွေ့ဆုံပွဲလို့ပဲ သတ်မှတ်တယ်။ အဲဒီတွေ့ဆုံပွဲမှာမှ ဒီစာပေဆုချီးမြှင့်တာရယ်၊ အခြားကိစ္စတွေရယ်ကို လုပ်မယ့်သဘောပါပဲ… ”

“ တွေ့ဆုံပွဲဆိုတော့ ဘယ်သူတွေလာရမှာလဲ… ”

“ ဟဲ့ကောင်ရဲ့… တွေ့ဆုံပွဲဆိုမှတော့ တွေ့ဆုံချင်တဲ့သူတွေထဲက လာဖို့အဆင်ပြေသူတွေ အားလုံးလာကြဖို့ပဲပေါ့….။ ဒီကိစ္စရဲ့တကယ့်အကျိုးက အဲဒီပွဲ မှန်မှန် လုပ်ဖြစ်သွားတာပဲ….။ အဲဒီကနေ ဆင့်ပွားအကျိုးတွေ အများကြီးရှိနိုင်တယ်…။”

“ ဟင်… မင်းတို့ဟာကြီးကလဲ…။ အွန်လိုင်းမှာစာရေးတယ်ဆိုတာ ကိုယ့်မျက်နှာ အမြင်ခံနိုင်သူရှိတယ်၊ မခံနိုင်သူရှိတယ်။ မင်းတို့ဆုကို လူကြားထဲပေးရင် လာမယူနိုင်မယ့်လူတွေ ရှိနိုင်တာပဲ…။ ”

“ စာပေဆုလက်ဆောင်ကို မန်ဘာများတွေ့ဆုံပွဲမှာ လာမယူနိုင်ဘူးဆိုရင် ၊ တယောက်ယောက်ကကိုယ်စားတက်ယူလို့လဲရပါတယ်..။ ကိုယ်စားလှယ်နဲ့ယူရင်တော့ အဲဒီကိုယ်စားလှယ်ထံက ပြန်ရ/မရ ဆိုတာကတော့ ဆုရသူရဲ့တာဝန်ပါပဲ..။”

“ လာလဲမယူနိုင်ဘူး၊ ကိုယ်စားယူပေးမယ့်လူလဲ မရှိဘူး ဆိုရင်ရောကွာ…… ”

“ အဲဒါဆိုရင်တော့ အကြမ်းအားဖြင့်တော့  ဆုရသူက ဆုလက်ဆောင်ကို စွန့်လွှတ်ပြီးဖြစ်တယ်လို့ ယူဆပြီး သင့်လျှော်သလို ဆက်လုပ်မယ်ပေါ့…”

“ ဟင်… မင်းတို့ဟာကလဲ..။ လာမယူနိုင်ရင်လဲ ဆုလက်ဆောင်ကို ပို့ပေးတာတို့ဘာတို့ လုပ်ပေးပါလား.. ဆင်ပြောင်ကြီး-အမြီးကျမှ….. ”

“ ပို့ပေးဖို့ အဆင်ပြေရင် ပို့ပေးမယ်လို့လဲ သဘောထားရှိပြီးသားပါ။ ဒါပေမယ့် အဆင်ပြေမပြေ၊ လုပ်နိုင်မလုပ်နိုင်ပေါ်မူတည်မှာမို့ မဖြစ်မနေပို့ပေးမယ် လို့ မသတ်မှတ်ထားတာပါ။ ”

“ ပို့ပေးလို့ မဖြစ်ရင်ရော…။ အဲဒါဆို အဲဒီဆုလက်ဆောင်ကို မင်းတို့ ဘာဆက်လုပ်မလဲ…. ”

“ လာလဲမယူ၊ ကိုယ်စားလဲမယူ၊ ပို့ပေးလို့လဲအဆင်မပြေရင်တော့ အဲဒီလက်ဆောင်ကို အဖွဲ့ရဲ့သဘောအတိုင်းစီမံမှာပေါ့… ”

“ ဘယ်လိုစီမံမှာလဲ… ”

“ ဘယ်လိုမဆိုပေါ့..။ ဒါက သူများစွန့်လွှတ်ပြီးသားပစ္စည်းမို့ အဖွဲ့ပိုင်ဖြစ်သွားပါပြီ။ ဒါကြောင့် နောက်ပေးမယ့်ဆုတွေအတွက်လျာထားတာ၊ ခဏ ထိမ်းသိမ်းထားတာ၊ ရောင်းတာ၊ သုံးတာ၊ ပေးကမ်းတာ၊ ဖျက်ဆီးစွန့်ပစ်တာ  စသဖြင့် အဖွဲ့ရဲ့သဘောအတိုင်း လုပ်လိုက်ရုံပေါ့…။ ”

“ အင်း… အင်း… မင်းပြောတာတော့ ရှင်းသွားပါပြီ။ အဲဒီအကြောင်းတွေ ကြေငြာတာတော့ ငါမဖတ်ရသေးဘူး။ ဘယ်ပိုစ့်မှာ ပြောထားတာလဲ… ”

“ အဲ…. အဲဒါ တိတိကျကျအားဖြင့်တော့ မကြေငြာရသေးဘူးကွ…. ”

“ ဟာ…. ဘယ်လိုဖြစ်တာလဲ ပါလေရာရယ်။ မင်းတို့ဆုကြေငြာကတည်းက မရှေးမနှောင်း ကြေငြာထားသင့်တာလေ…။ အဲဒါအဆဲခံရရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ… ”

“ ငါ့မှာတာဝန်ရှိတာပါ ရဲဘော်ဟောင်းရယ်..။ ငါက ဆုကြေငြာတဲ့ပိုစ့်မှာ ဆုကြေးအကြောင်း ဆုပေးပွဲအကြောင်းမေးလာရင် ကွန်မင့်နဲ့ဖြေဘို့ စဉ်းစားထားတာပါ။ မမေးလာတော့မှ ကြေငြာမယ်ပေါ့..။ အဲဒါလေး နေ့ရွှေ့လရွှေ့ လုပ်နေမိတာ…  ”

“ ဒါထက် ဆုပေးပွဲက ဘယ်တော့လုပ်မှာလဲ…. ”

“ မင်ဘာများတွေ့ဆုံပွဲကို ၂၀၁၃ ဇန်နဝါရီလထဲ လုပ်မယ်လို့တော့ ခန့်မှန်းထားတာပဲ…. ”

“ တွေ့ဆုံပွဲမှာ အကျွေးအမွေးတော့ပါမှာပေါ့နော်… ”

“ နောက်ပိုင်းတွေ့ဆုံပွဲတွေမှာလဲ  အနည်းနဲ့အများ ပါမှာပါ…။  အခုပထမအကြိမ်မှာတော့ အဘဖေါကတဝက် ကျန်အဖွဲ့ဝင်များရဲ့ ထည့်ဝင်ငွေကတဝက်နဲ့ ဘူဖေးလေးနဲ့ ဧည့်ခံမလားလို့ စဉ်းစားထားမိတာပဲ…။ ”

“ ဘူဖေးဆိုတော့ လူဦးရေတော့ ကြိုသတ်မှတ်ထားရမယ်ထင်တယ်နော… ”

“ ကြိုသတ်မှတ်စရာမလိုပါဘူး။ အနားနီးရင်တော့ မန်းဂေဇက်မင်ဘာများတွေ့ဆုံပွဲ တက်ရောက်မယ့်လူတွေကို ကြိုစာရင်းကောက်+အတည်ပြု ရမှာပေါ့…။  ”

“ ငါလဲ လာလို့ရတယ်မဟုတ်လား… ”

“ မင်းလဲ မန်ဘာပဲ။ စာရင်းကောက်တဲ့အခါ စာရင်းပေးထားရင် ရတာပေါ့ ”

“ ဒါပေမယ့် လူချင်းလဲမသိပဲ မင်းတို့ဧည့်ခံတာကြီး လာအားပေးရမှာတော့ နဲနဲတော့ အားနာသလိုပဲ…….. ”

“ အဲဒါကတော့ မင်းရဲ့သဘောထားနဲ့ပဲ ဆိုင်တာပဲ ရဲဘော်ဟောင်း….။ အဲဒီအချိန်မှာ ရွာသူရွာသားတွေကို တွေ့ဆုံချင်စိတ်ပြင်းပြနေရင် လာလို့လဲ အဆင်ပြေလွယ်ကူတယ်ဆိုရင် မင်းလာဖို့ကြိုးစားမှာပဲ…  ”

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

84 comments

  • နှင်းဆီ ငုံ

    September 6, 2012 at 1:29 pm

    ဦးဦးပါ

    ငုံက ရုံးမှာနေရင်း သုံးရတာဆိုတော့ ပို့စ်တွေလည်းမရေးနိုင်ဘူး သူများရေးတာတွေကို တော်တော်များများ
    ဖတ်ပေမယ့် Comment ရေးလိုက်ရင် Connection က ကျကျသွားလို့ Comment လည်း မရေးဖြစ်ဘူး
    နောက်ပြီး MG ထဲကလူတွေကို ရွာထဲမှာရင်းနှီးနေပေမယ့် အပြင်မှာ တစ်ယောက်မှလည်း သိဘူးးးးး
    အဲ့ဒါ တွေ့ဆုံပွဲကိုလည်းတက်ချင်ပါတယ် တစ်ယောက်တည်းကလည်းမလာရဲဘူး းးးးးး ဆိုတော့
    ညီမလေးတစ်ယောက်လောက် အဖော် ခေါ်လာလို့ရော ရလားဟင် ….

  • စိန်ဗိုက်ဗိုက်

    September 6, 2012 at 2:08 pm

    ကျော့်ကိုလဲ သံချောင်းဘီအီးဆိုင်က အင်တာမူး ဆိုပီး တစ်ဘုတ်လောက် ရေးခွင့်ပုပါနော်..
    🙂

  • ဦးဦးပါလေရာ

    September 6, 2012 at 3:56 pm

    အင်….
    ဆောဒီးပါ တူ တူမလေးတို့ရေ
    ကွန်မင့်တွေထပ်ရေးထားတာ အခုမှပြန်တွေ့လို့ပါ…
    (ဘယ်လောက်နမော်နမဲ့နိုင်သလဲလို့… 😀 )

    စိန်ဗိုက်ရေ
    သံချောင်းဘီအီးဆိုင် ပိုစ့်မှာ ဂဇက်အဆိုတော်ကြီးနှစ်ယောက်အကြောင်းပါ ပါအောင်ရေး…။

    နှင်းဆီငုံ ရေ
    ရတာပေါ့တူမလေးရယ်…။
    ညီမလေး ဆိုလဲရတယ်..။ တခြားအဖေါ်ဆိုလဲ ရတယ်နော်….. 😀

    DEPARKO DEPARKO ရေ
    တွေ့ဆုံပွဲလုပ်မယ့်အချိန်ဆို မြန်မာပြည်ထဲ ပြန်ရောက်ချင်ရောက်နေရောပေါ့..။
    ကြုံပါ ဆုံပါစေလို့ ဆုတောင်းပါတယ်ကွယ်…။

    @အလင်းဆက်
    ဂေဇက် ဆိုတာကတော့ အသံလဲသာတယ်။ ဟိုးခေတ်တုန်းက အသံလှယ်သုံးတဲ့ အသုံးအနှုံးပေါ့နော…

    @ma ma01306
    လာနိုင်ပါစေကွယ်…။ စုစုစည်းစည်း ဆုံကြတာပေါ့..။

    @ချစ်တတ်သူ
    ကောင်းလိုက်တဲ့ကဗျာလေး… 😛
    အကြောင်းလဲကြားမှာ.. အကူအညီလိုရင်လဲ တောင်းမှာဗျာ….။
    ရွာသားတွေဆိုတော့ မမြင်ဖူးသေးပဲနဲ့ကို စိတ်ထဲက ရင်းနှီးပြီးသား….။

Leave a Reply