ဒေါ်အောင်ဆန်းစုကြည် နှင့် Los Angeles မြို့ခရီးစဉ် ( အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂ (အင်္ဂါနေ့))

kaiAugust 24, 201214min22410

Thursday, 23 August 2012 05:55

အခမ်းအနားတက်ရောက်လိုသူများသို့ နှိုးဆော်၊ ပန်ကြားချက်

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်ဖွား မိသားစုများ Los Angeles မြို့တွင် တွေ့ဆုံပွဲ၌ လုံခြုံရေး တင်းကျပ်စွာ စိစစ်ပါမည်။ ဦးရာလူ အရင်ဝင်စနစ် ကျင့်သုံးပါမည်။ သို့ပါသောကြောင့် ပွဲတက်ရောက်မည့်ဧည့်ပရိသတ်များသည် အတတ်နိုင်ဆုံး စောလျင်စွာ ကြွရောက်ပြီး ၁နာရီ ၃ဝ မိနစ် နောက်ဆုံးထားကာ ခန်းမအတွင်း ဝင်ရောက် နေရာယူကြရမည်ဖြစ်ပါသည်။

၁၂ နာရီ ၃ဝ မိနစ်တွင် ဂိတ်တံခါးများ စတင်ဖွင့်ပါမည်။ တဦးချင်းစီ လုံခြုံရေးစစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပေးပါမည်။ ဝင်ရောက် ပြီးသူများ အပြင်ပြန်ထွက်လိုကထွက်နိုင်သော်လည်း ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံရေးစစ်ဆေးမှုများ ထပ်မံ ခံယူရပါမည်။

ခန်းမတံခါးကို ၁ နာရီ ၄၅ မိနစ်တွင် အတိအကျ ပိတ်ပါမည်။ ခန်းမတံခါး ပိတ်ပြီးလျှင် တာဝန်ကျသူများမှ အပ မည်သူမျှ၊  မည်သို့ သော အကြောင်းကြောင်းနှင့်မှ ခန်းမကြီးအတွင်း ဝင်ခွင့် မပေးတော့ပါ။ အကြောင်းတစုံတရာကြောင့် အပြင်ထွက်ခဲ့လျှင် (ဥပမာ၊ ၊ ဖုန်းထွက် ပြောခြင်း) ခန်းမအတွင်းသို့ ပြန်ဝင်ခွင့်မရနိုင်တော့ပါ။

မှတ်ချက် – အရေးပေါ်ကိစ္စ ရှိခဲ့သော်၊ လုံခြုံရေးကို အသိပေးပြီး ခန်းမတွင်းမှ ထွက်ခွင့်ပေးပါမည်။ တစုံတဦး၏ အဝင် အထွက် လှုပ်ရှားမှုကြောင့် ပွဲတက်ရောက်သူ အခြားပရိသတ်များ အနှောက်အယှက် မဖြစ်စေရန် မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် ပဏာမဧည့်ခံမှု အစီအစဉ်များကို နေ့လည်၁ နာရီတွင်စတင်ပါမည်။

(မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် ပြည်သူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူမှုထောက်ကူပြုအဖွဲ့လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝခရီး၊ မကြာသေးမီက သွားရောက်ခဲ့သော ထိုင်းနိုင်ငံ နှင့် ဥရောပခရီးစဉ် ဓါတ်ပုံ မှတ်တမ်းများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသော ဩဝါဒစကားများကို ဆလိုက်ထိုးပြသပါမည်။  အမျိုးသားရေးနှင့်သက်ဆိုင် သော တေးဂီတများဖြင့် ဧည့်ပရိသတ်ကို ဧည့်ခံမှုပြုပါမည်။)

အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (Los Angeles)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်ရာတွင် ဒေသခံ မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။

ထိုပွဲမှာ ဝင်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်များကို ပွဲစီစဉ်သူများထံသော်၎င်း၊ မိမိတို့ နီးစပ်ရာ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် သော်၎င်း ကြိုတင် မှာကြားထားနိုင်ပါသည်။

ပွဲအစ အဆုံး မြန်မာ ဘာသာ ဖြင့်သာ ပြောကြားပါမည်။ အင်္ဂလိပ် ဘာသာ မပြောပါ။ မြန်မာလို နားမလည်သူများ ကြိုတင် သိစေရန် အသိပေးအပ်ပါသည်။

စိတ်ဝင်စားသူ အားလုံးကို ကျေးဇူးတင်ရှိလျက် –
အခမ်းအနားဖြစ်မြောက်ရေးကော်မီတီ (Los Angeles)

ကမာ္ဘ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှ ပေးအပ်သော Congressional Gold Medal နှင့် New York မြို့အခြေစိုက် Atlantic Council မှပေးအပ်သော Global Citizen Award တို့ကို လက်ခံယူရန် အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ သူမ၏ ခရီးစဉ် အတွင်း Los Angeles မြို့သို့ လာရောက် လည်ပတ်ရန် ရှိပါသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နွေးထွေးပြူငှာစွာ ကြိုဆိုရန် အတွက် Los Angeles မြို့ရှိ မြန်မာပြည်ဖွား မိသားစု အသင်းအဖွဲ့များ၊ တသီး ပုဂ္ဂလိကများ၊ ဒေါ်အောင်ဆန်းစုကြည် အား ကြည်ညို ချစ်ခင် လေးစားသော မြန်မာပြည်သူ များက စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် Los Angeles မြို့တွင် မြန်မာပြည်သူများ တွေ့ဆုံပွဲကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်သွားရန် ရှိပါသည်။

နေ့ရက်။        ။ အောက်တိုဘာလ ၂ ရက်၊ ၂၀၁၂ (အင်္ဂါနေ့)
အချိန်။        ။ မွန်းလွဲ ၂:၀ဝ နာရီ မှ ၃:၃ဝ နာရီထိ
နေရာ။        ။ မကြာမီ ကြေညာ ပါမည်။

ဆက်သွယ်နိုင်သော ကော်မီတီ ကိုယ်စားလှယ် များမှာ –
ဒေါ်ကေသီညွန့် (ဘဏ္ဍာငွေ လက်ခံရေး ကော်မီတီ) kay11x11@yahoo.com
ဦးကျော်ဝဏ္ဏ (လုံခြုံရေး ကော်မီတီ) 626-478-7717 kyaw.wunna.1967@gmail.com
ဦးပြည်ညိမ်း (သတင်းနှင့် ပြန်ကြားရေး ကော်မီတီ) 626-246-2237 pyenyein@yahoo.com
ဦးခင်မော် (ဧည့်ခံကြိုဆို နေရာချထားရေး ကော်မီတီ) 714-262-6930 mawgyi75@yahoo.com
ဦးစူကာရာ (အင်တာနက် ဒီဇိုင်း နှင့် သတင်း တင်ပြမှု ကော်မီတီ) sukaya@gte.net
ဒေါက်တာဇော်ထွန်း (လက်မှတ် ဖြန့်ဝေရေး ကော်မီတီ) phillipkhaw@yahoo.com
ဦးဟင်နရီကိုး (အခမ်းအနားပြင်ဆင်ရေး ကော်မီတီ)
ဦးမောင်မောင်ကြည် (ဓါတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင် ကော်မီတီ) maungmaungkyi@gmail.com

အခြားမြို့ ဆက်သွယ်ရေး တာဝန်ခံများ
Arizona : ဦးဖီးလစ်ထွန်း Philip.htoon@gmail.com , ဦးအေးမြင့် ayemyintaz@gmail.com
Las Vegas : ဦးဝင်းသူအောင် winthuaung@hotmail.com
San Diego : မနီလာ nilarwaime@juno.com , မစီစီအေး Thanutka88@yahoo.com

လေးစားစွာဖြင့် …..

အခမ်းအနားဖြစ်မြောက်ရေး ကော်မီတီ၊ Los Angeles
ဩဂုတ်လ ၁ရ ရက်၊ ၂၀၁၂

==

မှတ်ချက်။  ။  http://dasskvisitla.org/ မှ တိုက်ရိုက်ကူးတင်ပါသည်။

10 comments

  • nozomi

    August 24, 2012 at 11:19 am

    သူကြီး
    မှတ်တမ်းတင်က ကျွန်တော်တို့ အရေးပိုင်မင်းများ လားလို့

  • Sonny

    August 24, 2012 at 12:57 pm

    ကိုခိုင်ရေ
    သတင်းလေးကတိကျလှပါတယ်
    ကောင်းသတင်းလေးပါ။
    ကိုခိုင်လည်းသွားမယ်မဟုတ်လား
    အားပေးလိုက်ပါခင်ဗျာ..
    ချစ်ခြင်းအားဖြင်.ကိုဆန်နီ

  • ကြည်ဆောင်း

    August 24, 2012 at 1:03 pm

    တက်ချင်လိုက်တာ………………..
    ဒီအကြောင်းကို သတင်းပြန်ရေးပေးပါနော်သူကြီးနော် …….

  • Ma Ei

    August 24, 2012 at 3:02 pm

    တွေ့ဆုံပွဲကို သူကြီး တက်ရောက်ဖြစ်ရင်
    ဓါတ်ပုံလေးတွေ ကြည့်ခွင့်ရချင်ပါတယ်…

  • kai

    August 24, 2012 at 3:26 pm

    ရုံးချိန်တွင်းဖြစ်နေပေမယ့်.. သွားဖို့တော့တွေးထားပါတယ်..။
    ကျုပ်လည်း.. ဒေါ်စုလာမယ်သာသိရတာ..။ အဲဒီရက်တွေက.. အမေအသည်းအသန်ဖြစ်နေတာ..ဆုံးသွားချိန်နဲ့တိုက်နေတာမို့.. အစည်းအဝေးတွေမတက်လိုက်နိုင်ပါဘူး..
    ဒါကြောင့်.. အစီအစဉ်တွေသေချာမသိပါဘူး..

    အင်တာဗျူးတော့လုပ်ချင်တာပေါ့..။
    မေးခွန်း၁-၂ခုလောက်ရှိလို့ပါ..

    ဘာပဲဖြစ်ဖြစ်… ဓါတ်ပုံတွေတော့.. တင်ပေးမယ်ဖြစ်ပါကြောင်း… 🙂

    • pooch

      August 24, 2012 at 5:05 pm

      သူကြီးပုံရော တင်ပေးလေ အမေစုနဲ့ အုပ်စုလိုက်ရိုက်ဖြစ်ရင် ပြောတာပါ။ 😀
      ရွာကို သိလားလို့ မေးဖြစ်အောင် မေးခဲ့နော် သူကြီး။

      • မွန်မွန်

        August 24, 2012 at 5:56 pm

        တစ်ရက်ကို ပို့စ်ဘယ်နှစ်ခုနဲ့ ကွန်မန့်ဘယ်နှစ်ခုဆိုလား တက်တာ ပြောမယ်ဆို… အဲဒါလည်းပြောခဲ့ပေးနော်… 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 24, 2012 at 6:35 pm

    ( ထိုပွဲမှာ ဝင်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်များကို ပွဲစီစဉ်သူများထံသော်၎င်း၊
    မိမိတို့ နီးစပ်ရာ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များ၊
    ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် သော်၎င်း ကြိုတင် မှာကြားထားနိုင်ပါသည်။ )
    အင်းးးးးးးးး လူထုထောက်ခံတဲ့ ပြည်သူချစ်တဲ့ ခေါင်းဆောင်တစ်ယောက်ကို
    ရုံထဲမှာ အလဂါးကြည့်ရတယ်ဆိုတော့
    သွားဂျဗျာ
    သွားဂျ
    ကျုပ်တို့ရွာကိုလာတုန်းကလည်းဒီလိုဘဲအလဂါးကြည့်ရဒယ် တစ်ရွာလုံးထွက်ကြည့်ဒယ်
    ကျောင်းထိုင်ဘုန်းကြီးတောင်ထွက်ကြည့်ဒယ်
    ခင်ဗျားဒို့လည်းအလဂါးပိုက်ဆံမပေးဘဲကြည့်ရဒယ်ဆိုဒေါ့ ကံကောင်းဒယ် 😀

  • padonmar

    August 24, 2012 at 9:25 pm

    ပျော်စရာကြီး။
    Pooch ပြောသလိုပဲ ကျမတို့ ရွာကို သိလား၊ဖတ်ဖြစ်လား မေးခဲ့နော်။

Leave a Reply