***ကင်ဆာနံက်ခင်း***

 

ကျစိမ့်တစ်ခွက်   ဇွန်းမတပ်ပါနှင့်

စီးကရက် တစ်ဆိတ် …..

ကင်ဆာ တံဆိပ်ပဲ  ယူခဲ့ပါ

အဆိပ်မီးခိုး တွေ   အဆုတ်တွင်းသို့ 

ဖုတ်သွင်းရထား  ဆိုက် …………. ၊

 

 

ဗာဂျီးနီးယား နဲ့  .. နံက်တစ်ခင်း

အောက်ဆီဂျင် နဲ့  … အသက်ရှင်ခြင်း

မွန်းကြပ်စွာနဲ့  … စီးဆင်းလို့ 

ဘ၀မှာ … ခေါက်ရိုးကျိုး နေသားတကျ

ကိုယ့် ဒဏ်ရာ ကိုယ် …..

ချွန်မြအောင်သွေး သလိုမျိုး

တွေးရင်း  တွေးရင်း …….

အေးစက်သွားတဲ့ ….  တီး(tea)တစ်ခွက် ကို

စီးကရက်  မီးခိုးများ နဲ့  …. အသာမျှောချ

ချာတိတ်ရေ ………………………….

ဘယ်လောက်ကျ သလဲကွာ ..။။။

 

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၄.၈.၂၀၁၂

 

 

 

 

 

 

 

 

 

 

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF