***ကင်ဆာနံက်ခင်း***

maung khinminAugust 24, 20121min794

***ကင်ဆာနံက်ခင်း***

 

ကျစိမ့်တစ်ခွက်   ဇွန်းမတပ်ပါနှင့်

စီးကရက် တစ်ဆိတ် …..

ကင်ဆာ တံဆိပ်ပဲ  ယူခဲ့ပါ

အဆိပ်မီးခိုး တွေ   အဆုတ်တွင်းသို ့

ဖုတ်သွင်းရထား  ဆိုက် …………. ၊

 

 

ဗာဂျီးနီးယား နဲ ့ .. နံက်တစ်ခင်း

အောက်ဆီဂျင် နဲ ့ … အသက်ရှင်ခြင်း

မွန်းကြပ်စွာနဲ ့ … စီးဆင်းလို ့

ဘဝမှာ … ခေါက်ရိုးကျိုး နေသားတကျ

ကိုယ့် ဒဏ်ရာ ကိုယ် …..

ချွန်မြအောင်သွေး သလိုမျိုး

တွေးရင်း  တွေးရင်း …….

အေးစက်သွားတဲ့ ….  တီး(tea)တစ်ခွက် ကို

စီးကရက်  မီးခိုးများ နဲ ့ …. အသာမျှောချ

ချာတိတ်ရေ ………………………….

ဘယ်လောက်ကျ သလဲကွာ ..။။။

 

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၄.၈.၂၀၁၂

 

 

 

 

 

 

 

 

 

 

4 comments

  • YE YINT HLAING

    August 24, 2012 at 4:26 pm

    ( ၂၅ဝ ) ကျပါတယ် အကို ! ဟဲဟဲ — နောက်တာ !

  • Shwe Ei

    August 24, 2012 at 5:10 pm

    ကျပ် ၂၅ဝ နဲ့ဝယ်လို့ရတဲ့ရောဂါ သိန်း ၂၅ဝ ပေးကုရင်လဲ သေမှာဗျ။ 🙁

    • YE YINT HLAING

      August 24, 2012 at 5:25 pm

      ဟုတ်ပါပြီဗျ !

  • မောင်ပေ

    August 24, 2012 at 8:42 pm

    ဖုတ်သွင်းရထား
    အရှုပ်အရှင်းများ
    တရုတ်ဟင်းစား
    ကုတ်ညှင်းယား
    အလုပ်သွင်းဖား

Leave a Reply