ဟောပြောပွဲ

ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က လစဉ်ကျင်းပလျက်ရှိသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောပွဲ (စက်တင်ဘာလ – ၂၀၁၂) တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ပူးပေါင်း၍

ဒေါက်တာ ဦးသိန်း က

အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်

အကြောင်းအရာ ခေါင်းစဉ်နှင့် ပတ်သက်သည့် ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြပါကြောင်း ဖိတ်ကြားအပ်ပါသည်။

ဟောပြောမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

ကျင်းပမည့်နေ့ရက်            – ၁-၉-၂၀၁၂ (စနေနေ့)

ကျင်းပမည့်အချိန်              – နေ့လည် ၁၄:၀ဝ နာရီ

ကျင်းပမည့်နေရာ              -UMFCCIOfficeTower(ပထမထပ်) ခန်းမကြီး

အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်။

 

ဦးသိန်း၏ ကိုယ်ရေးအကျဉ်း

 

-1958 – B.Sc (Geology)RangoonUniversity

-1966 – Ph.d Northwestern UniversityChicago(USA)

-1978-1955 Professor of Geology Department

RangoonArts ofSciencesUniversity(RASU)

MandalayArts ofSciencesUniversity(MASU)

-မြန်မာနိုင်ငံ နည်းပညာအဖွဲ့ (MyanmarAcademyof Technology) 1955 မှ ယနေ့အထိ

-Founder President ofMyanmarGeosciences Society (2003-2007)

-အကြံပေးပုဂ္ဂိုလ် – မြန်မာနိုင်ငံ ငလျင်ကော်မတီ (2000 ခုနှစ်မှ ယနေ့အထိ)

 

ကျွန်မ အရမ်းစိတ်ဝင်စားတဲ့ အကြောင်းအရာလည်း ဖြစ်တဲ့အပြင် ရွာသူားတွေပါ စိတ်ဝင်စားမယ်လို့ ထင်တဲ့အတွက် သတင်းပေးလိုက်ပါတယ်။

11 comments

  • YE YINT HLAING

    August 24, 2012 at 12:45 pm

    “အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်”
    ခေါင်းစဉ်ကြည့်ပြီး စိတ်ဝင်စားသွားတယ် ။ နားထောင်ပြီးရင် ပြန်တင်ပေးပါဦး မမွန်မွန် !

  • ကို ခင်ခ

    August 24, 2012 at 1:40 pm

    စိတ်ဝင်စားပါ၏။
    မန်း မှာနေသူမို့ လွမ်း ကာသာနေပါတော့မည်။

  • P chogyi

    August 24, 2012 at 3:04 pm

    ခေါင်းစဉ်ကိုကြည့်ပြီး ဘယ်လိုလုပ်မယ်ဆိုတာ အရမ်းစိတ်ဝင်စားပါတယ်။
    ဒါပေမဲ့ အဲဒီနေမှာ တခြားအစီအစဉ်ရှိလို့ တက်နိုင်မှာမဟုတ်ဘူး။
    မွန်မွန် တက်ဖြစ်ရင် ကျေးဇူးပြုပြီး ပြန်ပြောပြပေးပါ။

  • kotun winlatt

    August 24, 2012 at 3:27 pm

    ရွာမှာ လာလုပ်ရင်တော့ ပိုကောင်းမယ်ထင်ပါ့…
    အင်းးးးးဒါပါပဲလေ….တောသားနဲ့ မြို့သားကွာခြားချက်က….

  • casper

    August 24, 2012 at 3:32 pm

    ခေါင်းစဉ်ကြောင့်စိတ်ဝင်စားမိပါတယ်။ ဖိတ်ကြားတာလည်းကျေးဇူးပါ။ ကျွန်တော်ကတော့ အလုပ်ကြောင့် တက်နိုင်မယ်မထင်ပါ။ တက်ပြီးရင်မျှဝေပေးပါလို့တောင်းဆိုပါရစေ။

  • kai

    August 24, 2012 at 3:38 pm

    “အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်”ခေါင်းစဉ်စိတ်ဝင်စားလို့.. ဖတ်ကြည့်တော့.. ဟောမဲ့သူက.. Geology နဲ့ဒေါက်တာရထားသူဖြစ်နေတယ်..
    ဘာပဲဖြစ်ဖြစ်ပေါ့..
    ကောင်းမှာပါ…

    ယူအက်စ်မှာ.. ပညာရေးနဲ့.. ဒေါက်တာရထားသူတွေဖိတ်ပြီး.. ဟောပြနိုင်တဲ့တနေ့ပိုကောင်းမှာပေါ့..
    ယူအက်စ်သံရုံးကို.. အဲဒါမျိုးတွေ.. အကူအညီတောင်းဖို့ကောင်းတယ်..။

  • နွေဦး

    August 24, 2012 at 4:39 pm

    “အကြီးစားပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်”
    ၁။ ။ဘယ်သူက တာဝန်ယူပြီး ပြောင်းပေးမှာလဲ..။
    ၂။ ။ပြောင်းမယ်လို့ကော ဘယ်သူက ပြောသလဲ..။
    ၃။ ။အကြီးစားပြောင်းလဲဘို့အတွက် ဘယ်သူက အကြီးစား ကုန်ကျ ခံမှာလဲ..။
    ၄။ ။အရေးကြီးဆုံးက လူတွေကကော အပြောင်းလဲခံကြမှာလား (အဓိက ကျူရှင်ပြ၍ ငွေရှာနေကြသူများ)..။

  • မွန်မွန်

    August 24, 2012 at 5:20 pm

    အခုတလော ပညာရေးအကြောင်းတွေ စိတ်ဝင်စားနေလို့၊ ခေါင်းစဉ်ကလည်း စိတ်ဝင်စားစရာကောင်းလို့၊ သဂျီးပြောသလိုပဲ ဟောမယ့်လူကလည်း Geology ဒေါက်တာဖြစ်နေလို့… လို့..လို့..လို့..တွေကြောင့် မဖြစ်ဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်… တတ်နိုင်သမျှ မှတ်လာပြီး ပြန်တင်ပေးပါမယ်…

  • အလင်းဆက်

    August 24, 2012 at 9:14 pm

    သတင်းပေးချက်လေး…အတွက်… ပြောမပြတတ်ောအင် ကျေးဇူးတင်ပါတယ် မွန်မွန်..ရေ

    🙂

  • မောင်ပေ

    August 24, 2012 at 9:27 pm

    မွန်မွန်လေး သွားနားထောင်ပြီး ပြန်ရေးတင်ပေးမှပဲ သေချာလာဖတ်တော့မယ်
    သေချာနားထောင်ခဲ့ပါနော

  • ရဲစည်

    August 25, 2012 at 6:17 am

    နယ်ဝေးမို့
    စိတ်ဝင်စားပေမဲ့ မတက်နိူင်ပါကြောင်း
    မမွန်မွန်ရေ
    ဒါကြောင့် နားထောင်ပြီး ပြန်မျှဝေတာလေးဘဲ စောင့်နေတော့မယ်ဗျ …

Leave a Reply