ငဆန်နီရေဒီယိုု (၅)

SonnyAugust 24, 20121min17013

မင်္ဂလာပါခင်ဗျာ

ငဆန်နီရေဒီယို (ငါး)

“ရှာပုံတော်မေမေများ”

ဒီရက်ပိုင်း Time ကဆောင်းပါး တစ်ပုဒ်ဖတ်ဖြစ်တယ်။ ဆောင်းပါးလေးနာမည်က The Motherhood Penalty တဲ့။

အဲဒီဆောင်းပါးရဲ့ရည်ရွယ်ချက်ကတော့ ကလေးရှိသော မိခင် တွေ အလုပ်ရ

ရာခိုင်းနှုန်းနည်းလာသလို အလုပ်ရရင်လည်း လခက ပုံမှန်ထက်ပိုပြီး နည်း ရကြပါတယ်တဲ့။ Focus ကတော့ ကလေးမရှိတဲ့အိမ်ထောင်သည်က တောင်ပိုလခရလာပါတယ်တဲ့။ တစ်ခါ ကလေးရှိတဲ့ဖခင် ကလည်း ကလေးရှိမိခင်ထက် အရည်အချင်းခြင်းတူရင်တောင် ဝင်ငွေ ပိုကောင်းတယ်တဲ့။

ဒီကိစ္စကို အစည်းအဝေးလုုပ်ပြီး American Sociological Association in Denver ကဆွေးနွေး မလို့တဲ့။ ကလေးရှိအိမ်ထောင်သည် မိခင် တွေဘက်က ကာကွယ် ဦးစားပေးပြီးတင်ပြထားတဲ့ဆောင်းပါးပါ။

အဲဒီမှာစိတ်ဝင်စားစရာ ကောင်းတဲ့ အင်္ဂလိပ်စာလုံးတစ်ခု Dictionary မှာ ရှာရင်တောင်မတွေ့နိုင်တဲ့ “Mom-cession” ဆိုတဲ့စကားလုံးလေးက အရမ်းချစ်စရာကောင်းအောင်ဖွဲ့စည်းထားတယ်။

Mom ဆိုတာကအမေ

စီးပွားရေးကျပ်တည်း အလုပ်အကိုင်အခွင့်အလမ်းနည်းတာကို recession လို့ခေါ်တယ်။

ဒီနှစ်ခုပေါင်းပြီး “Mom-cession” ကလေးရှိအမေများ အလုပ်အကိုင်အခွင့်လမ်းနည်းပါးခြင်း လို့ အဓိ္ဓပါယ်ထွက်ပါတယ်။

စာရေးဆရာ Bonnie Ranchman ကဆိုထားသေးတယ် အမျိုးသားများစီးပွားရေးခေတ်ကြပ်ကာလက အလုပ်ရနှုံးနည်းတာကို စိတ်ဝင်စားစရာ စကားလုံးတစ်ခုတွင်ခဲ့တယ်တဲ့ အဲဒီစာလုံးကတော့

“He-cession” သို့မဟုတ် “Man-cession”. တဲ့။

သူကဒီလိုုလေးရေးထားတယ်… “More men than women lost their jobs in the recession, making for some catchy terminology; “he-cession”.

 

 

 

ဘာကြောင့်လည်းလို့စစ်တမ်းကောက်ကြည့်တော.

Serafini ရဲ့အဆိုအရတော့ ကလေးရှိအမေတွေက ကလေးတွေရဲ့ဝတ္တရားဖြစ်တဲ့ကျောင်းကျိုကျောင်းပို့တွေလုပ်နေရတော့

အလုပ်ပြီးမြောက်မှု့နှုံးနည်းတယ်တဲ့ (တွက်ခြေမကိုက်ဘူးတဲ့)။

လခပေးငှားဖို့ အလုပ်ရှင်တွေက ဆုံးဖြတ်ရတဲ့ အခါကြတော့ လခ က နည်းတော့တာ့ပေါ့တဲ့။

(When making hiring decisions, employers have assumptions about mothers, there are stereotypes that they will be less productive employees because they will have to pick up their kids and leave work early.)

ဒါပေမဲ့….ရယ်စရာကောင်းတာကတဲ့…

သုတေဿနရှာဖွေစမ်းစစ်ကြည့်တဲ့အခါကြတော့ အမျိုးသားတွေရော ကလေးမရှိမိခင်တွေ လောက်ကိုပဲ ကလေးရှိမိခင်တွေက အသေးစိတ်ကလေးကစအလုပ်အပေါ်မှာ ကရုုတစိုက်လုပ်ကြတာ တွေ့ရှိရတယ်တဲ့။

(The funny thing is, research has found that moms are every bit as dedicated to their jobs as women without kids – or men, for that matter.)

ဒါပေမဲ့ အလုပ်ရှင်တွေအနေနဲ့ အရည်အချင်းနဲ့အကောင်းဆုံးလုပ်နိုင်စွမ်း( talent and who could do the best ) အပေါ်မှာ စဉ်းစားရွေးချယ်သင့်ကြောင်း Ellen Galinsky ကဆိုထားပြန်ပါတယ်။

နိုင်ငံရေးလည်းနည်းနည်းပါပါရစေ…

ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင် ဒီလို ကလေးရှိအမေ(အမျိုးသမီး) တွေ ဆိုရင် အလုပ်ကိုမရသလောက်ဖြစ်နေပါပြီ။

ဘယ်သူကမှလည်းစစ်တမ်းကောက်ပြီးဆွေးနွေးမနေပါဘူး။ ဒါပေမဲ့

အမေစုတို့ ကတော့ လုပ်ကြပါလိမ့်မယ်။ အမေစုက အားနည်းသူအမျိုးသမီးတွေကိုဦးစားပေးပါတယ်။

မိခင်နှင့်ကလေးစောက်ရှောက်ရေးကလည်း သတင်းစာထဲမှာ ကလေးလေးတွေ ဆန်ပြုတ်တိုက်ပြတဲ့ဓါတ်ပုံ လေးပါတယ်ဆိုရုံသာရှိခဲ့ပါတယ်။

အဟာရတိုက်ကြွေးချင်းတဲ့…။ Wow!!!!

အလုပ်ခေါ်စာတွေကရော….

အမျိုးသမီးလေးတွေဆိုရင်

ငယ်ရမယ်။

အိမ်ထာင်မရှိ အပျိုဖြစ်ရမယ်။

ရုပ်ရည် ချောမောရမယ်( အဲတခါတလေတော့ ရုပ်ရည်အသင့်အတင့် လို့ ပါလာပြီ. ကျနော်ထင်တယ် ရုပ်ရည်ချောတဲ့လူကလည်း သူတို့ဆိုင်ဘာလို့လုပ်မှာလည်း မင်းသမီး လုပ်မှာပေါ့ နော……)

စာရိတ္တအတွက် ရဲစခန်းနဲ့ရပ်ကွက်ထောက်ခံစာတဲ့ ( ဟိုတုန်းကနော်)

အခုတော့ နေထိုင်ကြောင်းထောက်ခံစာဖြစ်သွားပြီထင်ပါတယ်။

အရည်အချင်းကောင်းတွေကိုတော့ကောင်းကောင်းမစစ်ပါဘူး။

ရုပ်ချော ရင် ပိုင်ရှင် တွေက “ငေါနီးကို အီလုပ်ခံ့မယ်လီ” လို့ပြောပါတယ်။

အင်း အိမ်ထောင်ရှိကလေးရှိ မိခင်များကတော့

မြန်ပြည်မှာလည်း အလုပ်ရဖို့ ဆိုရင် အိမ်ထောင်မရှိ ဆိုပြီး လိမ်ရှောက်လွှာတင်ကြရပါတော့မယ် ခင်ဗျား…………

 

ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…

REF; THE MOTHERHOOD PENALTY by BONNIE ROCHMAN

အမေဘယ်လောက်အလုုပ်ကြိုးစားလည်းကြည့်

13 comments

  • Sonny

    August 24, 2012 at 1:20 pm

    စလုံးပေါင်းတွေမှားရင် တောင်းပန်ပါတယ်နော်
    ချင်းခြင်းအားးဖြင့်..ကိုဆန်နီ…

  • kotun winlatt

    August 24, 2012 at 2:27 pm

    ပုခက်လွဲသောလက်သည် ကမ္ဘာကြီးကို ပြောင်းလဲနိုင်သည်ဟု ဖတ်ဘူးတာပဲ ကိုဆန်နီရေ..
    လေးစားစွာဖြင့်….

    • Sonny

      August 25, 2012 at 9:57 pm

      ကိုထွန်းဝင်းလတ်ရေ
      မင်္ဂလာပါနော်
      ပုခက်လွှဲသောလက်တွေကိုပိုပြီးနေရာပေးလခပေးစေချင်တာအမှန်ပါ။
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • မောင်ပေ

    August 24, 2012 at 3:02 pm

    မြန်မာနိုင်ငံက စီးပွားလုပ်ငန်းတော်တော်များများမှာ မိန်းမပျိုလေးတွေ ဝင်လုပ်ဖို့ မသင့်လျော်သေးဘူးလို့ ထင်တာပဲ
    ဒါပေမယ့် ဝမ်းရေးဆိုတာကရှိပြန်တော့ လုပ်ရတာပဲ
    မောင်ပေ့ လေဒီကို ကုမ်ပဏီတစ်ခုက ဘာသာပြန် စာရင်းကိုင်လုပ်ဖို့ တစ်လတစ်သိန်းခွဲပေးမယ်ဆိုပြီးပြောလာတယ်
    လေဒီက လုပ်ချင်စိတ်ဝင်သွားတယ်
    မောင်ပေ က အဲဒီမှာလုပ်နေတဲ့ စကားပြန်အသိတစ်ယောက်ကို မေးမြန်းစုံစမ်းကြည့်တော့… လားလား အဲဒီမှာ လုပ်နေသမျှ အမျိုးသမီးဝန်ထမ်းတစ်ဝက်ကျော်လောက်ကို ကုမ်ပနီက အထက်ပိုင်းတွေအားလုံးက နယ်ခေါ်သွားပြီး အဟမ်းအဟမ်း တဲ့
    ဒါနဲ့ … ပိုက်ဆံမရလဲနေပါစေလို့
    လုံးဝနားပဲလို့။
    ဘရာသာဆန်ခင်ဗျ ပိုစ့်နဲ့သိပ်မစပ်တဲ့အကြောင်းကို မန့်လို့ ခွင့်လွှတ်ပါခင်ဗျ

    • Sonny

      August 25, 2012 at 10:10 pm

      မောင်ပေညီလေး
      မိန်းမကို mom-cession မဖြစ်အောင်မင်းရှာဖွှေကျွေးပေါ့ကွာ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • kai

    August 24, 2012 at 3:44 pm

    အင်္ဂလိပ်စာလုံးတွေ… အသစ်အသစ်တွေ..အမြဲတန်းထွက်နေတာပေါ့နော..
    မြန်မာစာလုံးတွေလည်း.. အင်္ဂလိပ်စာကနေ.. ဘာသာပြန်ရင်း… မြန်မာမှုပြု.. အသစ်အသစ်ထွင်သွားဖို့ကောင်းတယ်ထင်မိတယ်..

    ကိုဆန်နီလုပ်ပေးနိုင်ရင်.. ပိုတောင်ကောင်းမှာ… :mrgreen:

    • Sonny

      August 25, 2012 at 10:18 pm

      ကိုခိုင်ဟုတ်တယ်
      မင်္ဂလာပါနော်
      အဲဒီကိစ္စကိုငဆန်နီလုပ်မလို့ အင်္ဂလိပ်စာလုံးလေးတွေပြန်စုဆောင်းရအုံးမယ်။
      ဖတ်ပြီးသားတွေကို မှတ်စုထုတ်မထားလိုုက်ရဘူး
      ဒါပေမဲ့နောက်တစ်ခါတင်လိုက်မယ်အကိုရေ
      ဟိုတစ်နေ့က Virgin American Airlines က ဆောင်းပါထဲမှာ
      လေယာဉ်ပေါ်က လေယာဉ်မယ် လေးတွေဖြစ်ဖြစ် ခရီးသည်ဖြစ်ဖြစ် လေယာဉ်ပေါ်ရောက်ရင်
      လေထုဖိအားကွဟမှု့ကြောင့်ရော ဂစ်ပါတဲ့အချိုရည်တွေသောက်လို့ရော ခဏတာဗိုက်ကလေးလှလှလေးစူနေတာကို Jet belly တဲ့အကိုရေ…စကားလုံးလေးက ချစ်စရာလေးနော်….အင်းဘာသာပြန်ရရင်တော့…ဝေဟင်ဗိုက်..ဆိုရင်ကာင်းမလား…အပျော်ပါအကိုရေ..ကဲဘဝမောတွေပြေပါစေ…
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

      • kai

        August 26, 2012 at 2:38 am

        Virgin American Airlines ကလေယဉ်မယ် ဗိုက်စူထွက်တာကို.. ဝေဟင်ဗိုက် လို့အမည်ပေးတာ.. အမည်ရွေးတာလှမလှတော့မသိ.. အကြောင်းအရာက.. အနုပညာဆန်လွန်းလှတယ်..
        အပျိုစင်လေယဉ်လိုင်းက.. လေယဉ်မယ်ရဲ့” ဝေဟင်ဗိုက်”ပေါ့… :mrgreen:

        • Sonny

          August 26, 2012 at 1:59 pm

          ကိုခိုင်
          ဝင်ဖတ်ဖြစ်သားပဲ
          သူတို့ရဲ့အဝတ်အစားတွေကို ခေတ်မမှီတော့လို့ သူတို့ကိုလေယာဉ်စီးသူ
          တစ်ချို့က Air rats( လေကြွက်) တွေလို့လည်းမကြာကြာအပြောခံရတယ်တဲ့။
          အခု အဲဒိအဲလိုင်းက အင်္ကင်္ျီအသစ်ချုပ်နေပြီ။
          ကျန်းမာပါစေ
          ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

  • YE YINT HLAING

    August 24, 2012 at 4:21 pm

    အခြေအနေ အရပ်ရပ်ကြောင့် လူအင်အား လျှော.ချရာတွင် အများစုမှာ ယောက်ကျားလေး ဝန်ထမ်းများ ဖြစ်၍နေပြီး များမကြာမှီ အမျိုးသမီး ဝန်ထမ်းသစ်တဦး အလုပ်လာလျှောက်ရာ သမီးဘယ်နေ့လာနိုင်မလဲဟု မေးလိုက်သည် ။ ဤသည်မှာ ကိုယ်တြွေ.ဖစ်၏ ဒန် တန့် တန် —

    • Sonny

      August 25, 2012 at 10:22 pm

      ရဲရင့်လှိုင်ရေ..
      အမျိုသမီးဆိုအလုပ်ရှင်တွေကငယ်မှကွ
      ကိုကြီးထင်တာတော့ဒီလူတွေက turn a blind eye to the talent လုပ်နေတာ
      မိခင်သားသည်မအေဆို ရွေးချင်ကြဘူး အရည်အချင်းကိုကြည့်သင့်တယ်
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • pooch

    August 24, 2012 at 4:34 pm

    စကားလုံးအသစ်ဆိုလို တခါက အစီအစဉ်တခုမှာ တွမ်ခရုက ကေတီဟုမ်း နဲ့ ဇာတ်လမ်းစခါစလား မသိဘူး ။ ကေတီကို သူ့ဘယ်လိုချစ်တယ် ဆိုတာကို သရုပ်ဖော်တဲ့အနေနဲ့ သူထိုင်နေတဲ့ ဆိုဖာပေါ်ကနေ ထခုန်ပြီး ဒီလိုဒီလိုချစ်တာဆိုပြီး ပြောလိုက်လို့ အဲ့ဒီ စကားလုံးကို အသစ်ပေါ်တဲ့ စကားလုံးအနေနဲ့ Dictionary ထဲ ထည့်ပေးခဲ့တယ်တဲ့။ ကျမအဲ့တုန်းက မှတ်မိပေမဲ့ အခုဘယ်လိုမှ အစ ဖော်လို့ မရတော့ဘူး။

    ကိုဆန်နီ သတိထားမိလား အဲ့ဒီ စကားလုံးအသစ် ။ ခုတော့ အဟောင်းပေါ့။ သိရင်ပြောပြပါ့လား။ :mrgreen:

    ခုတော့လည်း စာတင်ပေးခဲ့ရလောက်အောင် အချစ်စကားလုံး အသစ်ကို ဖန်တီးပေးခဲ့တဲ့ သူတို့ အချစ် တခန်းရပ်သွားပြန်ပြီ။ ဘယ်အချိန် အသစ်ပြောအုန်းမလဲ မသိဘူး။ 😀

    ကျမတို့ဆီက “Mom-cession” က အစိုးရဝန်ထမ်းဆို သိပ်ပြသာနာမရှိလှဘူးထင်တယ်။ အပြင်ဝန်ထမ်းတွေအတွက်ပဲ အနည်းငယ် ကသီမယ်ထင်တယ်။

    • Sonny

      August 25, 2012 at 10:42 pm

      poochရေ
      ရုပ်ရှင် video အကြည့်အားနည်းနေတာအမှန်ပါ။
      သိရင် ပြောချင်ပါတယ်။ မသိပါဘူး။
      ကိုဆန်နီတော့ငယ်ငယ်က ရည်းစားစကားပြောဘူးတာလေးရှိတယ်.
      “We both are like oxygen, my dear, as it molecules can never be separated.”
      လို့ပြောခဲ့ဘူးတယ်။ အမေသိ ဆူခံထိပေါ့။ အခုတော့လည်း Gone with wind ပါပဲ။
      ပျော်စရာ ပြောတာနောမပူချ်ရေ..မင်္ဂလာပါ
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…

Leave a Reply