အလွမ်း လား… ၊ အင်း… ခပ်ပါးပါးလေးပါ ။

” ကျော်ထက်ဆောင် ”

ခေါ်သံကြောင့် လှည့် ကြည့်လိုက်မိသည် ။

ဘာလဲ..ဆိုသော အကြည့်တစ်ချက် ။

မေမီ နှင့်.. အကြော လုံးဝ မတည့်သော…
ကျော်ထက်ဆောင်… ကို သိပ် မကြည်ပေ..။

” နင် ငါ ့ကို.. အခန်းထဲမှာ… သေပြီနော်.သေပြီနော်.ဆိုပြီး.. ဘာလ်ို့် မကြားတကြား အော်တာလဲ..”

” ဘာ.. နင် ့ကို .ဟူတ်လား.။ ယောင်းလိ ု့တောင် မစဉ်းစားမိဘူး ။ ”

ကျော်ထက်ဆောင် မျက်နှာက မတည်မကြည်။ (စပ်ဖြဲဖြဲ လုပ်နေတာကို တင်စားခြင်း ဖြစ်သည် ။)
အမှန်တကယ် မေမီ ့နာမည် အရင်းမှာ..မေမီဧကရီကျော် ဖြစ်သည် ။

ဒါက်ု ကျော်ထက်ဆောင်က သေပြီ.သေပြီနော်..ဟု.. လိုက်စ ခြင်း ဖြစ်သည် ။

တကယ်တော့ ကျော်ထက်ဆောင်နှင့် မေမီတိ ု့က ငယ် သူငယ်ချင်း ဖြစ်ပြီး… အိမ်ချင်းကလည်း.ကပ်လျက်..။
မိဘ အချင်းချင်းကလည်းရင်းနှီးပြီးသား.။

ကျော်ထက်ဆောင်က ယောကျာ်းလေးတို ့သဘာဝ .. အစအနောက် သန်သန် ဆိုတော့ေ မမီနှင့်မ တည် ့။

ကျော်ထက်ဆောင်က ဗရုတ်သုတ်ခ နေခြင်းမျိုးတော့ မဟုတ် ။

မေမီ့ကိုတွေ ့ရင် စချင်တာက ကျော်ထက်ဆောင် ရဲ ့စရိုက်ပါ ။

မေမီဧကရီကျော် ဆိုတာကလည်း…ခေသူူမဟုတ်ပေ ။ ကျော်ထက်ောဆင်နဲ ့ဆိုဋ္ဌရင် နည်းနည်းလေးမှ.. သေးသေးတင် မခံခဲ့ပေ ။

ကျော်ထက်ဆောင် က တစ်ခွန်းဆို.မေမီက နှစ်ခွန်းလောက် ပြန်ပြောလိုက်ရမှ ကျေနပ်တဲ့သူ .။

ကျော်ထက်ဆောင်ကို.. ” အဖော်မက်ကောင်.”.လို ့ ပြန်ပြောတာလည်း.မရှား..။ ဟုတ်တော့ ဟုတ်သည် ။

ကျော် ထက်ဆောင် ငယ်ငယ်တုန်းက သူ ့ရဲ ့မုန့်ဖိုးနဲ ့ သူမစားရရင်နေ.. သူငယ်ချင်းတွေကို မုန့်ကျွေးပြီး.ခေါ်ကာ ကစားတတ်တဲ ့သူမျိုး.။

ဒါက်ု သိတော့ေ မမီက ခေါ်ခြင်း ဖြစ်သည် ။ မေမီက တကယ်တော့ ကျော်ထက်ဆောင်လောက် စာမတော်ပေ…။

တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ နောက်ဆုံးနေ ့ကဆို… ဖြေတာ အားမရလို ့ ဆိုပြီး.. တငိုငိုတရီရီ ဖြစ်နေသောကြောင့် ကျော်ထက်ဆောင်က မေမီ ့ အိမ်ကို လာပြီး..

” စိတ်ဓါတ်မကျပါနဲ ့ဟာ.. .။ ဒီ နှစ် မအောင်လည်း.နောက်လာမယ့်..နှစ်ကို အမှတ်ကောင်းကောင်းရအောင် ဖြေပေါ့ ။

တစ်ခုတော့မှတ်ထားပေးပါ..မေမီ ။ ဒီနှစ် ငါကတော့..နငိ့ကို စောင့်လိမ် ့မယ်လို ့မထင်နဲ ့နော် ။ မနက်ဖြ်န်က စပြီး.. စာတွေ ပြန် ကျက်ပေါ့ဟာ ။ ငါကတော့ ဆေးကျောင်း တက်ရင် ကောင်းမလား ။

အင်ဂျင်နီယာ လိုင်း.ယူရင်ကောင်းမလား..စဉ်းစားရဦးမယ်..” ဆိုပြီး.ပြောပြောဆိုဆိုနဲ ့
ကျော်ထက်ဆောင် ထွက်သွားပါတယ် ။

မေမီ ဒေါသတွေ ထွက်ြုပီ း ကျန်ရစ်ခဲ့တယ် ။

” ကောင်စုတ် ..အဖော် မက်ကောင် ..ဒါလာ..ငါ့က်ု အားပေးစကားပြောတာ..။ အမလေး…ဘယ်လောက် ခံပြင်းစရာကောင်းလိုက်လဲ..တွေ ့ကြသေးတာပေါ့ကျော်ထက်ဆောင်ရယ်..။”

တကယ့်တကယ် အောင်စာရင်း ထွက်တော့ နှစ်ယောက်စလုံးအောင်ကြသည် ။ ကျော်ထက်ဆောင်က 3 D ပါပြီး.. မေမီက တော့ 1 D ပါတယ် ။

အဲဒီနေ့က မှတ်မှတ်ရယ နှစ်ယောက်လုံ.း.ဘုရား တက်ခဲ့ကြတယ် ။

” မေမိက တော်သားပဲနော်…။ စာမေးပွဲနောက်ဆုံးနေ ့က မျက်ရည်နဲ ့မျက်ခွက် ဖြစ်နေလို ့ ငါ့မှာ စိုးရိမ်ခဲ့သေးတယ် ။ ဒါပေမယ့် ထင်ပါတယ် ။ နင် အဲဒီလောက် ညံ ့မှာ မဟုတ်ဘူးလို ့..။ ဘာလို ့လည်း ဆိုတော့
နင်က ငါ့ တပည့် ဖြစ်နေလို ့ပေါ့ ။ ”

” ကျော်ထက်ဆောင်..ငါ့ကု် လာမစ နဲ ့နော်… ။ ငါ ဒီနေ ့ နင်နဲ ့ရန်မဖြစ်ချင်ဘူး။ ။ တစ်ခုတော့ ကျေးဇူးတင်ပါတယ်ဟာ..။ ငါ့ကို ဒီ နေ ့ ဘုရားလိုက်ပို ့ပေးလို ့ပေါ ။”

ကျော်ထက်ဆောင်က… ” ရပါတယ်ဟာ..” လို ့ပြောပါတယ် ။

ကျောင်းတွေ ဖွင့်လို ့ကျော်ထက်ဆောင်က စက်မှု တက္ကသိုလ် ( ယခင်.. R I T ။ 88 ခုနှစ်ပြီးတော့ YIT . ယခုတော့ ကျောင်းကြီးကတော့ ရှိပါသေးတယ် ။ )

အမှတ်ကောင်းလို ့ရတာကို မတက်ပဲ.. မေမီ ရတဲ ့မေဂျာ PHTSICS ကို လိုက်တက်သည် ။

အင်ဂျင်နီယာကို ဝါသနာ မပါလို ့တဲ ့လေ..။

သူ ့မိဘတွေကလည်း….ဘာမှ မပြောကြပေ..။

တစ်နေ ့… မေမီ ့အခန်းရှေ ့မှာ ကျော်ထက်ဆောင်တစ်ယောက် ပျာယာကို ခတ်ပါတော့တယ် ။ မေမီ ့သူငယ်ချင်းမလေးကို ကြိုက်လို ့ တဲ ့လေ..။

မေမီ ့ကိုလည်း..နားငြီးအောင် နားပူနားဆာ လုပ်ပါတော့တယ် ။ မေမီက ” ကျော်ထက်ဆောင်ရယ်..ဟုတ်မှ လုပ်ပါဟယ် တော်ကြာ ဘာမှ မဟုတ်ရင် မိန်းကလေး ဘက်က နစ်နာနေလိမ့်မယ် ‘

” ငါ တကယ်ပြောတာေ မမီ..။ ငါ တကယ် ချစ်မိသွားတာဟ ။ ”

” အေး..ဒါဆိုလည်း..ပြီးရောဟယ်..။မေမီ ့သူငယ်ချင်းမလေးနဲ ့.. ကျော်ထက်ဆောင်တို ့ ချစ်သူ နှစ်ယောကို.. ဘယ်နေရာမှာပဲ.ဖြစ်ဖြစ် တွေ ့ရလေတော့သည် ။

တခါတလေ… မေမီတောင် ပါတတ်ပါသေးသည်။ တတိယ နှစ်ဝက်လောက်ရောက်တော့ မေမီ ့မှာ. ချစ်သူ တစ်ယောက် ရ လာပါတယ်။
မေဂျာ တူက ဆိုတော့ ကျော်ထက်ဆောင် တစ်ယောက် မေမီ ့အတွက် စိတ်အေးရပြန်တယ်လေ..။

ကျော်ထက်ဆောင်တို ့နှစ်ယောက် ကျောင်ပြီးတာနဲ ့ လက်ထပ်မယ်.လို ့ကြွေးကြော် ထားတာ။ အခုဆိုရငိ် ကျောင်းပြီးလို ့.. ဘွဲ ့ရကုန်ကြပြီ။

မေမီ ကတော့ မဟာ အထူးတန်း..ဆက် တက်မှာ မို ့အလုပ်ရှုပ်နေလေရဲ ့ ။

ကျော်ထက်ဆောင်ရဲ ့ကောင်မလေးက သူ ့မိဘတွေ ရှိတဲ ့ ပုသိမ်ကို ပြန်သွားတာ… ကံ ဆိုးချင်တော့.. သဘောင်္မှောက်တဲ ့အထဲ..ပါသွားပါတယ်။

ဒါက်ု ကျော်ထက်ဆောငတစ်ယောက် သိသွားတော့ ဖြေမဆည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

မေမီ ကလည်း အားပေးစကားပြော နှစ်သိမ့်ပေးကာ… သူ လည်း…မဟာ ဆက်မတက်ခခင်..သူ ့ချစ်သူနဲ ့ စေ့စပ်ထားမယ် လို ့ပြောပါတယ် ။

” ငါ ပြန်တော့မယ် ကျော်ထက်ဆောင် ။ စေ ့စပ်ပွဲကို မလာနိုင်ရင်တောင် မင်္ဂလာဆောင်ကိုတော့ နင်..လာရမှာနော် .။ ”

” အေးပါ..။ ငါ ရောက်အောင် လာပါ့မယ် ။ ”

ကျော်ထက်ဆောင်တစ်ယာက် ကတော့… ………………………………….
………………………………………………………….။ ။

ချစ်ခြင်းမေတ္တာဖြင့် …………..

မိုးမင်းသား
moeminthar84@gmail.com

6 comments

  • မောင်ပေ

    August 24, 2012 at 8:13 pm

    ကျော်ထက်ဆောင်
    အဖော်မက်ကောင်
    ပျော်တတ်အောင်
    ဆော်ဖက်ကြောင်
    လော်တပ်ပြောင်
    ကော်ယပ်တောင်

  • YE YINT HLAING

    August 24, 2012 at 11:36 pm

    ချစ်သူကလည်းဆုံး သူငယ်ချင်းကလည်း လက်ထပ်တော့မယ်ဆိုတော့ —–

  • ရန်ကုန်သား

    August 25, 2012 at 12:55 pm

    ဝတ္ထုတိ်ုလေးဆိုပေမဲ့ ခံစားရတယ်ဗျာ…..

  • si tone

    August 25, 2012 at 4:40 pm

    တကယ်ကိုကောင်းပါတယ်………….. Si Tone ခံစားရတယ်………

  • မိုး မင်းသား

    August 25, 2012 at 6:40 pm

    ကျော်ထက်ဆောင်မှတဆင် ့ကော်ယပ်တောင်အဖြစ်ပြောင်းသွားပါပေါ ့လား…..

    တော်တော်….တော်တဲ ့တို ့ကိုပေ…….ပဲ…ဟဲ..ဟဲ(ရီတာနော်….)

    စီတုးံလေးကခံစားရသတဲ ့လား…..ကျေးကျေးပါစီတုံးလေး…..

    ရဲရင် ့ရေ…..

    ကျော်ထက်ဆောင်နေရာက…ခံစားပေးနေတာလား….

    ရန်ကုန်သားလေးရေ……ခံစားရတယ်ဆိုတော ့…ကျွန်တော်ရေးရကြိုးနပ်ပါတယ်ခင်ဗျာ…..

    အလင်းဆက်ရေ…..ကျေးဇူးတင်ပါရစေ….နော်

    အမှန်တကယ်တော ့…ဒီဝထ္ထုုလေးက….ခံစာပြီးရေးရတာလေ…

    ဖတ်လို ့မှကောင်းပါ ့မလားလို ့တွေးပူမိတာအမှန်ပါ………

    ဘာလို ့လည်းဆိုတော ့….ဖတ်လို ့မကောင်းရင်…..ကျွန်တော် ့ပို စ် ့ကိုဝင်ဖတ်တဲ ့သူအားလုံးကို

    ကျွန်တော်ကအားနာရမှာလေ….သည်းညည်းခံပြီးဖတ်ပေးကြလို ့….ကျေးဇူးတကယ်တင်မိ

    ပါရဲ ့…..ဒိထက်ကောင်းအောင်ကြိုးစားရေးပါဦးမယ်…..

    ချစ်ခြင်းမေတ္တာဖြင် ့

Leave a Reply