Naw Louisa Benson Craig (1941-2010)

kaiFebruary 7, 20101min2006

နော်လီဇာ ဘင်ဆင် (၆၉နှစ်) သည်ဖေဖော်ဝါရီလ (၂)ရက်နေ့ မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင်  ဦးနှောက်ကင်ဆာကို ကြာရှည်စွာ ကြံကြံခံခဲ့ပြီးနောက် ခင်ပွန်း၊ သားဖြစ်သူနှင် ့ညီမများအား စွန် ့ခွာလျှက် ကွယ်လွန်သွားခဲ့ပါသည်။
နော်လီဇာ ဘင်ဆင်သို့ အမှတ်တရ အခမ်းအနားကို ဖေဖေါ်ဝါရီ ၂ရ ရက်နေ့ မနက် ၁ဝ နာရီတွင် အောက်ပါဘုရားကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။
First United Methodist Church
Pasadena, California
(located at 500 East Colorado Blvd

အခမ်းအနားသို့ သွားရောက်လိုသူများရှိပါက L.A. Organizers laorganizers4burma@gmail.com သို ့စာရင်းပေးသွင်းကြစေလိုပါကြောင်း…။
အောက်တွင် နော်လီဇာ ဘင်ဆင်၏ ကိုယ်ရေးအကျဉ်းနှင့် L.A. Organizers  ကမ်းလှမ်းစာအား ဖေါ်ပြထားပါသည်။

Naw Louisa Benson Craig (1941-2010)
(ကိုယ်ရေးအကျဉ်း)

၂၀ဝရ ကရိုက်ကူးထားသော ပုံဖြစ်ပါသည်။

ရန်ကုန်ဇာတိဘွား နော်လီဇာ ဘင်ဆင်သည် ၁၉၅၆ ခုနှစ်မှ စတင်၍ မယ်ဗမာဘွဲ့ နှစ်ကြိမ် ရခဲ့ပြီး ရုပ်ရှင် လောကသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ဆင်းအင်္ဂါ ချောမော လှပသူဖြစ်သဖြင့် နိုင်ငံကျော်လူသိများခဲ့ပြီး၊ သူ့မနဲ့ခေတ်တူ ကြီးပြင်းခဲ့သူတွေကတော့ မြန်မာနိုင်ငံရဲ့ အလှဘုရင်မလေးအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု ဘော်စတွန် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးခဲ့သည်။

ဖခင်သည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် ရှစ်မိုင် သမိုင်းလမ်းဆုံတွင် နေထိုင်ခဲ့သည့် ပေါ်တူဂီ ဂျူးလူမျိုး မစ္စတာ ဘင်ဆင် ဖြစ်ပြီး၊ မိခင်မှာ ပဲခူးတိုင်း သာယာဝတီခရိုင်မှ ကရင် အမျိုးသမီးတဦး ဖြစ်သည်။

ဘော်စတွန် တက္ကသိုလ်တွင် ပညာ သင်ကြားပြီးနောက် မြန်မာနိုင်ငံ တက္ကသိုလ်မှာနည်းပြဆရာမ အလုပ် လုပ်ခဲ့သည်။ ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင် နှင့် အိမ်ထောင်ကျခဲ့သည်။

ဗိုလ်မှူးလင်းထင် ဆုံးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့သည်။ အမေရိကန်န်ိုင်ငံ ၌နေထိုင်စဉ် ရည်စားဟောင်းဖြစ်ခဲ့သူ အမေရိကန်လူမျိုးတစ်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့ပြီး၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင်  မိသားစု နှင့်အတူကွယ်လွန်သည်အထိနေထိုင်ခဲ့သည်။

=====================

6 comments

  • kai

    January 17, 2015 at 6:59 pm

    ဘာရယ်မဟုတ်..။ မယ်စင်္ကြာဝဌာ ဒေါ်မာဂရက်သန်းသန်းအေးအကြောင်း… အင်တာဗျူးတည်းဖြတ်ရင်း.. နော်လီဇာ ဘင်ဆင် နာမယ်တွေ့လိုက်လို့.. အင်တာနက်မွှေတာ.. ဒါကထွက်လာတယ်…။
    ဦးကျောက်တုံးပြောလိုက်တာလေးလည်း.. သတိရသား..။ :k:

  • မြစပဲရိုး

    January 17, 2015 at 7:07 pm

    Posted by kai on Feb 7, 2010 in Society & Lifestyle
    {{{
    အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့သည်။ အမေရိကန်န်ိုင်ငံ ၌နေထိုင်စဉ်
    }}}
    အခုတော့ ကိုကို စကားတစ်မျိုး ပြောတယ်။
    😉 :))

    • kai

      January 18, 2015 at 5:02 am

      A person who never made a mistake never tried anything new.
      – Albert Einstein

      =
      To help yourself, you must be yourself. Be the best that you can be. When you make a mistake, learn from it, pick yourself up and move on.
      – Dave Pelzer
      =
      Even a mistake may turn out to be the one thing necessary to a worthwhile achievement.
      -Henry Ford
      =
      Mistakes are a part of being human. Appreciate your mistakes for what they are: precious life lessons that can only be learned the hard way. Unless it’s a fatal mistake, which, at least, others can learn from.
      – Al Franken
      =
      “We are products of our past, but we don’t have to be prisoners of it.”
      ― Rick Warren
      =
      :k:

      • မြစပဲရိုး

        January 18, 2015 at 8:50 pm

        ဒီ နေရာမှာ အမှား အမှန် ဆိုတာ အတိအကျ ပြောမရပါလေ။
        ဘာလို့ လဲ ဆိုတော့ နေတဲ့ တိုက် ရဲ့ အမည် ကို အတင်းမောင်ပိုင်စီး တော့ ထားပြီး
        ကိုယ်ပိုင် “အမေရိကန်စာ” မရှိဘဲ “အင်္ဂလိပ်စာ” ကို နိုင်ငံတော် စာ အဖြစ် ယူထား ရတာ။ (အဟိ)
        ဒီတော့ ရောခေါ် တော့ ဘာမှား တုန်း သူကြီး ရဲ့။

        In seeking truth you have to get both sides of a story.
        Walter Cronkite

        If you don’t like something, change it. If you can’t change it, change your attitude.
        Maya Angelou

        😉 :))

        ထားပါတော့။
        (ဒေါ်) နော်လီဇာ ရဲ့ ပုံ က ကျွန်မ ငယ် ကထဲ က အဖွား ရဲ့ အိမ် က အမေတို့ ရဲ့ စာအုပ်ခန်း ထဲမှာ မြင်ဖူးပါတယ်။
        အတော်ကို ချော တဲ့ အမျိုးသမီးကြီးပါဘဲ။
        ကြီးတဲ့အထိတောင် ကြည့်ကောင်းနေခဲ့ ပုံရတယ်။
        သူ ဆုံးသွားတာတော့ အခုမှ သိရပါတယ်။

Leave a Reply