ဒီနေ့မနက် ၉နာရီခွဲ ကျမ အလုပ်အသွားလမ်းမှာ ကား accident တစ်ခုကြုံရပါတယ်။

Car accident ကတော့ ခုတလော နေ့စဉ် ဖြစ်နေတာ ဆိုတော့ မဆန်းပါဘူး။

ဒါပေမယ့် မျက်စိရှေ့မှာတင် ဖြစ်သွားတာဆိုတော့ ဖြစ်ပြီးသား ဓာတ်ပုံတွေ တွေ့ရတာနဲ့ မတူပဲ ဖြစ်စဉ်တစ်ခုလုံးမြင်လိုက်ရလို့ အတွေးတွေ တော်တော်ရှုပ်သွားရပါတယ်။

ဲဖြစ်စဉ်လေးပြောပြချင်ပါတယ်။

မီးဝါဖြတ်တဲ့ ကက အဖြူ

ပိန်သွားတဲ့ ကားနက်လေးရဲ့တံခါး၊အကျီပြာကပိုင်ရှင်၊(စိတ်ညစ်ရတဲ့ထဲ ကိုဘဲဥက သူ့လိုင်စင်တောင်းတာခံလိုက်ရသေး) ဦးထုပ်နီက ကက ဒရိုင်ဘာ

ပြည်လမ်းနဲ့ ပါရမီလမ်းဆုံ ကို လူတိုင်းသိကြပါတယ်။

အင်းလျားလေးနားပါ။

ပြည်လမ်းကနေ ပါရမီလမ်း RC2 ဖက်ကို ကွေ့လိုင်း(၁၅ စက္ကန့်ပေးပါတယ်)ပေးတဲ့အချိန် မှာ ပုံထဲက ဆလွန်းကားအနက်လေးက သူ့ယာဉ်ကြောအတိုင်းမောင်းထွက်ပါတယ်။

ချော်တွင်းကုန်းဖက် ပါရမီလမ်းကနေ ပြည်လမ်းမြို့လယ်ဖက်ကို မီးဝါပေးထားချိန် မှာ ကက အဖြူရောင်က မီးဝါကို အမီဖြတ်ဖို့ အရှိန်နဲ့မောင်းလာပါတယ်။

အဲဒီ မီးဝါဖြတ်တဲ့ ကကအဖြူက ကွေ့လိုင်းက ဆလွန်းကားအနက်လေးကို ဒိန်းကနဲ အရှိန်နဲ့တိုက်လိုက်တာ ကားသစ်လေး ရှေံတံခါး ပိန်ချိုင့်သွားတာပါပဲ။

လူအန္တရာယ် မဖြစ်တာတော်သေးတာပေါ့။

ရန်ကုန်မြို့ရဲ့ မီးပွိုင့်စနစ်တွေက အမျိုးမျိုးပါ။မီးဝါမှာ ကွေ့ရတဲ့ ပွိုင့်ရှိသလို ကွေ့လိုင်းသီးသန့်ပေးတဲ့ မီးပွိုင့်လည်းရှိလို့ မီးဝါဆိုရင် အားလုံးက ကွေ့လို့ရတယ်လို့ နားလည်ကြပါတယ်။

မီးဝါကိုများရှေ့ဆုံးကားက မထွက်ရဲရင် နောက်ကားတွေက တပွမ်ပွမ်နဲ့ ဆဲကြပါသေးတယ်။


ဖြစ်ချင်တော့ သူတို့ ၂စီး တစ်စီးနဲ့ တစ်စီးမမြင်နိုင်အောင် ပြည်လမ်းအတိုင်းတည့်သွားမယ့် စည်ပင်ရဲ့ ရေဘောက်ဆာလား မိလ္လာဘောက်ဆာလား(သေချာမမှတ်မိလိုက်တာပါ)

က ဘယ်ဖက်ဆုံးယာဉ်ကြော(ကွေ့လို့လည်းရ ၊တည့်လည်းပေးထား)ရဲ့ထိပ်က နေရာယူထားပါတယ်။

အတိုက်ခံရတဲ့ ကားနက်လေးက စည်ပင်ဘောက်ဆာရဲ့ နောက်က ပန်းတက်ပြီးကွေ့ရတာဆိုတော့ ဟိုဖက်က ကကကိုမမြင်နိုင်၊ ကကအဖြူကလည်း ဒီကားနက်လေးကိုမတွေ့ရ၊

အမှားကတော့ ကက အဖြူရဲ့အမှားလို့ပြောရပါမယ်။

ဒါပေမယ့် ဒီကက ဒရိုင်ဘာလျော်နိုင်ပါ့မလား(ပုံထဲက ဦးထုပ်အနီ)

(ကိုထူးဆန်းပို့စ်ထဲမှာ မမ မန့်သလို မိသားစုကလည်းရှာကျွေးရပါတယ် ငြီးပြအုံးမယ်)

အနစ်နာဆုံးကတော့ လမ်းမှန်သွားပါရက် အတိုက်ခံရတဲ့ ဆလွန်းကားအနက်လေးပါပဲ။

ကွေ့လိုင်းမှာ ခပ်တည်တည်နဲ့ တည့်တည့်သွားမယ့် စည်ပင်ဘောက်ဆာကြီးကတော့ သူနဲ့မဆိုင်သလို ခရီးဆက်လို့သွားပါတယ်။

ကဲ “စနစ်ကြောင့်မဟုတ်စနစ်ကြောင့်မဟုတ်“ အနိစ္စ

ဒီလမ်းပေါ်က ကိစ္စတွေကို လွှတ်တော်ထဲ ဆွေးနွေးပြီးမှ ပြုပြင်ရလောက်အောင်တော့ မခက်ခဲဘူးထင်ပါရဲ့။

ခုလောလောဆယ်တော့ လမ်းပေါ်မှာ အပေါ်က ခေါင်းစဉ်အတိုင်း။

padonmar

About padonmar

has written 227 post in this Website..

THAKHIN CJ #12112010 (5/2/16)

   Send article as PDF