ထိုင်ခုံလုတမ်း

ငွက္ကေလးAugust 24, 20121min1114

စာဖတ်သူသည် ရန်ကုန်မြို့တွင် ဘတ်(စ်)ကားစီးဘူးမည် ထင်ပါသည်။
ရုံးသွားရုံးပြန်ချိန်ကြောင့် ဘတ်(စ်)ကားပေါ်တွင် လူပြည့်နေချိန် တွင် ကျွန်ုပ် တို့ထိုင်ခုံနေရာမရ တက်ကြ။

ဤနေရာတွင် ကြားဖြတ်ပြောလိုသည်မှာ လူတို့သည်မိမိတို့ လက်ရှိပိုင်ဆိုင် ထားကြသော ရာထူး၊ စည်းစိမ်၊ စသဖြင့်၎င်းတို့ မက်မောလောက်သည့် အရာရာတိုင်းကို မလွှတ်တန်း ပိုင်ဆိုင်ထားလိုကြသည်။ မည်မျှပင်သေးငယ် သည်ဖြစ်စေ ၎င်းတို့မက်မောသည့် အရာများကိုစွန့်လွှတ်ရန် အလွန်ပင်နှမြောတွန့်တိုတက်ကြသည်။ ဤနေရာတွင် ၎င်းပိုင်ဆိုင်မူ့များကို စုပေါင်း၍ ထိုင်ခုံများဟု တစ်စုတစ်စည်း တည်းခေါ်ဆိုပါမည်။

စကားပြန်ဆက်ရလျှင် လူအများစုမှ လူတိုင်းလိုလိုသည် ဘတ်(စ်)ကားပေါ်မှ ခဏတာထိုင်ရသော နေရာလေးကိုပင် တွန့်တိုပြီး မထတမ်း ထိုင်နေချင်ကြသည်။ ရဟန်းသံဃာ၊ ကိုယ်ဝန်သည်၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို၊ များကိုပင် နေရာဖယ်ပေးရန် ဝန်လေးတက်ကြသည်။

နေ့ခင်းအချိန် လူရှင်း၍ထိုင်စရာ နေရာပေါချိန်ကြတော့ မိမိတို့ရသည့်နေရာနှင့် မကျေနပ်ကြပြန်၊ ပြတင်းပေါက်နှင့်နီးမှ၊ ဆိုဖာကောင်းမှ၊ နှစ်ယောက်ခုံမှ ဟုဆိုကာ ဂျီးများကြပြန်ကာ ဟိုနေရာရွှေ့၊ သည်နေရာရွှေ့ လုပ်ကြပြန် သည်ကိုမြင်ဖူးကြမည် ထင်သည်။ တစ်ခါတစ်ရံ တွင် တစ်ယောက်ထဲ နှင့် နေရာသုံးလေးနေရာ ကိုဟိုပြောင်း သည်ပြောင်း နှင့် ရွေးနေတက်သည်။

ဤကဲ့သို့ ထိုင်ခုံနေရာ တပ်မက်စိတ်မှာ လောဘဟူသော သတ္တဝါ နှင့် ဆွေမျိုးနီးစပ်တော်မည် ထင်သည်။ ဤသတ္တဝါ တို့သည် လူတို့စိတ်ဆန္ဒ အတွင်းခိုအောင်း ဝင်ရောက်ခါ ဟိုဟာကိုယူဟဲ့ ဒီဟာကိုတော့ မလွတ်စေနဲ့ ဟူ ၍လက်ဝါးကြီးအုပ် ရုံမကတစ်ကိုယ်လုံး တက်စီးလေတော့သည်။

တကယ်တော့ ထိုင်ခုံရွေးချယ် ခြင်းသည်မကောင်းသော အရာတော့မဟုတ်၊ မစွဲလမ်း သင့်သောအရာသာဖြစ်သည်။ ထိုင်ခုံတို့ သည် ကျွန်ပ်တို့ အတွက် မရှိမဖြစ်မဟုတ်သော်လည်း လိုအပ်သော အရာဖြစ်သည်။ ရာထူး၊ ငွေကြေးမရှိဘဲ နေတယ်ကွာ ဘာဖြစ်လဲဟု ပြောနေတဲ့သူ အတော်အတန် ရှိနိုင်ပါသည်။

အဲလိုနေလို့ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါ။ အဲလိုနေလို့ ဘာအကျိုးရှိမလဲ ဟုမေးသူများလည်း ရှိနေနိုင်ပါသည်။ အဖြေကတော့ အချိန်ကုန်၊လူပန်း အလွန်သက်သာပါသည်။ စိတ်ထားတက်လျှင် ထားတက်သလို၊ လူ့ဘဝတွင် ပျော်ပျော်ကြီးနေနိုင်ပါသည်။

ကျွန်တော်ကတော့ ထိုင်ခုံများကို အတော်အသင့်နှစ်သက် ပါသည်။ ဤသည်ကို ပုထုစဉ် လူသားပီပီနေထိုင် ခြင်းဟုကျွန်တော့်ကိုယ် ကျွန်တော်တစ်ခါတစ်ရံ ကြံဖန်ဂုဏ်ယူနေတက်ပြန်ပါသည်။

မည်သို့ပင်ဖြစ်စေ မိမိတို့ရွေးချယ်ထားသော ထိုင်ခုံများတွင် ဖင်မြဲမြဲထိုင်ရန်နှင့်၊ တစ်စုံတစ်ရောက်ကို တွန်းချမှရမည့်ထိုင်ခုံ မျိုးကိုမျက်စိမကျမိ စေရန် ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ရင်း လူသားဆန်သော လူသားတစ်ရောက်အနေ နှင့်
တိုက်တွန်းလိုက်ချင်ပါသည်။

… ငှက်ငယ် …

4 comments

  • မောင်ပေ

    August 24, 2012 at 10:14 pm

    ထိုင်ခုံ
    ပြိုင်ကုန်
    ဆိုင်စုံ
    အိုင်ကြုံ
    လှိုင်ပုံ
    မှိုင်တုန်
    ကွိုင်ဘုံ

  • YE YINT HLAING

    August 24, 2012 at 10:55 pm

    “ရဟန်းသံဃာ၊ ကိုယ်ဝန်သည်၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အို၊ များကိုပင် နေရာဖယ်ပေးရန် ဝန်လေးတက်ကြသည်။”
    အနားရောက်လျှင်သော် လည်းကောင်း မြင်လျှင်သော်လည်းကောင်း ခေါ်ယူ၍ နေရာထပေးကြပါ ။ ပိုက်ပိုက် မကုန်သော လူအများ နှစ်လိုဖွယ်ဖြစ်သော ကုသိုလ် တစ်မျိုးဖြစ်ပါသည် ။

  • si tone

    August 25, 2012 at 4:26 pm

    Si Tone က bus ကားစီးရင် ခုံအားနေရင်တောင် ဘယ်တော့မှ မထိုင်ပါဘူး

  • ko win

    August 25, 2012 at 4:32 pm

    အနော်ကတော့ ဘတ်စ်ကားကြီးတွေစီးရင် ခုံမအားရင် ဘယ်တော့မှ မထိုင်ဘူး။

Leave a Reply