ပျားရည် – ၁

ムラカミAugust 29, 20123min14318

 

တမနက်ပေါ့ … နိုးနေတာ ၅နာရီလောက်ကြီး…

(ရှားရှားပါးပါး..)

အဲ့လာ ကင်မလာ ကောက်ဆွဲပြီး ..အိမ်ရှေ့ ပန်းခြံထဲ ဆင်းလာခဲ့တယ်…

 

တကယ်က သူများ အခန်းတွေက စိုက်ထားတဲ့ ပန်းအိုးတွေ ကို သက်သက် ဖလာကျိတ် ချင်တာ …

နေရောင်လေး မပွင့် တပွင့် ဆိုပါတော့ ….

မိုးက ရွာထားပြီးသား …သည်လို အချိန် ဒါ့ပုံရိုက်ကောင်းတယ်လေ…

သိတဲ့အတိုင်း .. မိုးစက် လေး ဘာလေး တွေ့လို့ တွေ့ညား…

အဟိ…

နောက်တာပါ ..ကဲ တင်ပြီဗျာ..

အင့်..

 

 

၁။ အဲ့သည့်နေ့က မိုးရွာတယ်..

f/3.2
1/80s
ISO-3200
f-90mm

 

၁။ အဲ့သည့်နေ့က မိုးရွာတယ်..

 

 

 

 

 

၂။ မိုးစက်တွေနဲ့အတူ

f/3.2
1/80s
ISO-800
f-90mm

 

၂။ မိုးစက်တွေနဲ့အတူ

 

 

 

 

၃။ ဆွဲငင်အားကို တောင့်ခံရင်း..

f/ 3.2
1/250s
ISO-400
f-90mm

 

၃။ ဆွဲငင်အားကို တောင့်ခံရင်း..

 

 

၄။ အစိမ်းရောင် ပျိုမြစ်မှု

f/3.2
1/125s
ISO-400
f-90mm

 

၄။ အစိမ်းရောင် ပျိုမြစ်မှု

 

 

၅။ ငွားငွား စွင့်စွင့်

f/3.2
1/2000s
ISO-400
f-90mm

၅။ ငွားငွား စွင့်စွင့်

 

 

 

၆။ တခါတုန်းက ပိုးတုံးလုံး…

f/3.2
1/400s
ISO-400
f-90mm

၆။ တခါတုန်းက ပိုးတုံးလုံး…

 

သည်တပါတ် မှာ ကျနော် ဘာလို့ f/3.2 တွေချည်း သုံးထားသလဲ မေး ရင် ဖြေစရာ အဖြေ ရှိပါတယ်ဗျ…

သည်လိုပါ .. lens ၁ လုံးမှာ သူ့ရဲ့ sweet spot ဆိုတာရှိပါတယ်… ပုံရိပ် ကို အပြတ်သားဆုံး ထုတ်ပေးနိုင်မယ့်…

သူ့ရဲ့ f number ပါ …။ sweet spot ကို တင်စားရရင်တော့ ပျားရည် ဆိုပါတော့..

 

အနှီ f number ကို ဘယ်လို ရှာ သလဲဆိုတော့ .. lens ရဲ့ အကျယ် ဆုံး ဖွင့်နိုင်တဲ့ aperture ကို 1 or 2 stops

ပေါင်းထည့် ပါတဲ့ ..သည်တော့ ကျနော့် lens က

Tamron SP AF 90mm f/2.8 Di Macro

 

ဆိုတော့ …  f/2.8 ရဲ့ +1 Stop ဟာ f/3.2 ဖြစ်လေတော့ ..

အနှီ f/3.2 ကိုပဲ အသေ ကိုင်ထားပြီး ရိုက်ကြည့် တာပါဗျို့ ….

ကျနော် နောက် တပါတ်တော့ f/3.5 ကို ထပ် စမ်းပါဦးမယ် …

ဘယ်ဒင်းက ပိုပြီး sweet မလဲ ပေါ့ဗျာ ..

 

 

တော်သေးဘီ…

 

ခင်တဲ့

ဂီ

18 comments

  • pooch

    August 29, 2012 at 10:18 pm

    အစိမ်းရောင် ပျိုမြစ်မှုကို ကြည့်ပြီး ကဗျာတပုဒ် သတိရသွားတယ်..

    “The Old happiness is
    withered and dead.
    But, see, there is greenness
    veiling the land…..
    the frail beginnings of
    a new and better life….( Pam Brown)

  • kai

    August 30, 2012 at 3:00 am

    ၃။ ဆွဲငင်အားကို တောင့်ခံရင်း..

    ကြည့်ပြီး.. အမြီးကနေဆွဲချချင်စိတ်ပေါက်နေတယ်.. 😕

    အင်း..
    ကျုပ်မှန်ပြောင်းလည်း ဖုံတက်နေပြီး..
    ဆွိစပေါ့ရှာကြည့်ဦးမှ…
    စပေါ့.. စပေါ့..
    အင်း.
    S Sport .ပေါ့.. :mrgreen:

    • Moe Z

      August 30, 2012 at 2:12 pm

      ကုတ်ထားတဲ့လက်တွေကိုပဲ သွားကြားထိုးတံနဲ့ဖယ်ချချင်တာ :mrgreen:

  • ရဲစည်

    August 30, 2012 at 4:56 am

    အူးလေး …. အူးလေး
    နံပါတ်(၄) ပုံက ဟယ်လီကော်ပတာ အစိမ်းလေးက သူ့ကို အူးလေး ပြောင်းနဲ့ ချိန်နေမှန်း သိသိဂျီးနဲ့
    သတ်သတ် ပဲပေးနေတာဂျ ….. ဒီဘက်တောင် လှမ်းရှိုးနေသေးဒယ် ……………………………….
    ဒါမှမဟုတ်
    သူ့မျက်လုံးထက် အတော်ကြီးတဲ့ မဲမဲဝိုင်းဝိုင်း ကြီးကို တအံ့တဩ ဖြစ်တာလည်း ပါမှာပေါ့နော ……
    အဲ့ မျက်လုံးလေး( ပြန်ကြည့်နေတဲ့ ) ခိုက်သဗျာ
    သေချာတာကတော့ ခင်ညားသူ့ကိုများ လှမ်းပြောပီး
    ဒီဘက်ကို ကြည့်ခိုင်းနေသလားပေါ့ ………….. 😀
    ဘာနဲ့ သွားတူလဲ ဆိုတော့
    ဟို ဆုပေးပွဲတို့ အလှူတို့မှာ ပေးသူနဲ့ လက်ခံသူ ဓာတ်ပုံ အရိုက်ခံဖို့ ဒီဘက်လှည့်ကြည့်နေသလိုဘဲ
    အော် … လူဒွေ … လူဒွေ
    အဲ မှားလို့ ပုစဉ်းဒွေ … ပုစဉ်းဒွေ
    ဂိုက်ပေးကြမ်းဂျတာ … ပြော..မပြောချင်ဘူး ( ဒေါ်ခင်အေးဟန် လေသံဖြင့် ) :mrgreen:

  • ကြောင်ကြီး

    August 30, 2012 at 9:23 am

    ပျားရည်တလုံး
    နေ့စဉ်သုံး
    ဘယ်တော့မှ
    ကုန်းကုန်း
    မဖြစ်စေရ..

    • zarlay

      August 30, 2012 at 3:05 pm

      သေချာလို့လားကွယ်

      • Inz@ghi

        August 30, 2012 at 3:14 pm

        သေချာလောက်ပါတယ်…
        ပျားရည် ငတ်ခဲ့လို့ နာနာကြည်းကြည်း စာချိုးပြနေတာသာ ကြည့်တော့

        အာ..ဟိ
        :mrgreen:

  • မွန်မွန်

    August 30, 2012 at 10:36 am

    မိုးစက်ကြားထဲက အရောင်လေးက ဘယ်က လာဟပ်တာပါလိမ့်….
    မွန်မွန်ကတော့ အဲလို ရေစက်တွေကို အနီးကပ်ရိုက်ထားတာကို အရမ်းသဘောကျတာ… 🙂

  • aung moethu

    August 30, 2012 at 11:05 am

    အစ်ကိုရေ ဖြစ်နိုင်ရင် ကင်မရာသင်ချင်တယ် အလုပ်မှာ Nikon D7000 နဲ့လက်တည့်စမ်းနေရတာ အားမရဘူး ပုံတွေမိုက်စ်တယ်။။။။ း)

    • Inz@ghi

      August 30, 2012 at 11:11 am

      ဘယ်အပိုင်း သိချင်တာလဲဗျ..
      ဘာတွေ ရိုက်ချင်တာလဲ …
      ရေးထားဖူးတဲ့ ပိုစ့်အဟောင်းတွေ တော့ ရှိရဲ့ဗျို့ ..
      တခြား ဆြာသမား တွေ ရေးတာတွေလည်း ရှိတယ်..
      အဲ့ဒါလေး ပြောပေးရင်တော့ ညွှန်းပေးကောင်း ပေးနိုင်လိမ့်မယ် ထင်ပါကြောင်း..

      ခင်တဲ့

      • aung moethu

        August 30, 2012 at 11:22 am

        အဲလို ကင်မရာကြီးကြီးရဲ့ function တွေကို သုံးတတ်ချင်တာ အစ်ကိုရာ။ ရိုင်ချင်တာက ရှုခင်းတွေ လိုမျိုး wallpaper တွေလို ရိုက်ချင်တာ။ ညွှန်းပေးမယ် မြန်မာလို ညွှန်းထားတာဆို ပိုကောင်းပါတယ်ခင်ဗျာ။

        • Inz@ghi

          August 30, 2012 at 11:28 am

          http://blog.aperture21.com/

          ကို Blackdream ရေးထားတာတွေ ဗျ …
          အဲ့မှာ ..အစုံရှိလေရဲ့ ..

  • Khaing Khaing

    August 30, 2012 at 1:05 pm

    လက်မထောင်တာ အိုင် …. ဘာမှပြောစရာမရှိဘူး …… ဒါပဲ ……

  • manawphyulay

    August 30, 2012 at 2:35 pm

    အဲလိုအနီးကပ်ဆွဲထားတော့ အကောင်လေးတွေက အတုလေးတွေကျနေတာပဲနော်။

  • Shwe Ei

    August 30, 2012 at 4:53 pm

    ချစ်ချာလေးဒွေမို့ ကော်ပီကူးသွားဒယ် ဂီ။

  • သကြားလုုံးကြော်

    August 30, 2012 at 4:54 pm

    “f/2.8 ရဲ့ +1 Stop ဟာ f/3.2 ဖြစ်လေတော့ ..”
    f/2.8 ရဲ့ +1 က f/4 မဟုုတ်ဘူးလားဟင်။

    • Inz@ghi

      August 30, 2012 at 4:59 pm

      ဟုတ်ပါတယ်ဗျို့ .. ကျနော် ရေးတာ လိုသွားပါတယ်…
      ကျနော် ဝမ်သာ့ဒ် တွေနဲ့ သွားနေပြီး ဖူးလ် စတော့ပ် တခုစာ ရေးလိုက်မိလို့ပါ…
      ပြင်လိုက်ပါ့မယ် ဗျာ…

      ၃.၂ – ၃.၅ – ၄.ဝ တဆင့်ဆီ တိုးသွားမယ်ဆိုပြီး
      လောပြီး ရေးလိုက်မိရဲ့

      ထောက်ပြတာကျေးကျေးဗျို့ ….

Leave a Reply