ဖိနပ်တစ်ရံ၊ အဆိုတော်အိန်အိန်းရဲ ့ ကုတင်ပေါ်ကမဆင်းစတမ်းခွေနှင့် ပွားမိသော အကုသိုလ်များ

moonpoemAugust 25, 20121min35824

ဒီနေ ့မနက်ဥပုသ်နေ ့ဆိုတော့ ကျွန်မတို ့လမ်းထဲကို ဝါတွင်းကာလဥပုသ်နေ ့တိုင်း ဆွမ်းခံကြွလေ့ရှိတဲ့ မဟာစည် သာသနာ့ရိပ်သာက ရဟန်းတော်တွေကို ကျွန်မဆွမ်းလောင်းပါတယ်။ ဆွမ်းခံကြွလာပါပြီဗျို ့ဆိုတဲ့ ကလေးတစ်ယောက်ကြေညာသံ ကြားတော့ ကျွန်မလည်း အိမ်ထဲကနေ ထွက်လာတယ်။ တခြားအိမ်တွေကလည်း အလျိူလျိူနဲ ့ထွက်လာကြတယ်။ ဆွမ်းခံကြွလာတဲ့ ကိုယ်တော်တွေကို အေးဆေးတည်ငြိမ်စွာကြွလှမ်းလာတာ ဖူးရင်း စိတ်ထဲကြည်နူးမိပါတယ်။

ဒီနေ ့တော့ မနက်လင်းကတည်းစိတ်ကလည်းအေးချမ်းနေတယ်။ဥပုသ်နေ ့မို့နဲ ့
တူပါရဲ ့လို ့ကိုယ့်ကိုယ်ကိုယ်ပြောနေမိတယ်။ခဏနေတော့ ဆူးလေမှတ်တိုင်သွားပြီးကားစောင့်နေတဲ့အချိန် အသက်၂၅လောက်ဥူးဇင်းတစ်ပါးရောက်လာပြီး
ဒကာမလေး ဥူးဇင်းဖိနပ်ပြတ်သွားလို ့ငွေလှူပါဦးလို ့ဆိုတယ်။ ပုံမှန်စိတ်နဲ ့ဆိုရင် ဒါတွေအလိမ်အညာတွေပဲဆိုပြီး
ငွေထည် ့လေ့မရှိပါဘူး။ ဒါပေမယ့် ဒီနေ ့တော့ အင်း ငါလှူတာကို လှူတာလို့ပဲ
သဘောထားလိုက်ပါ့မယ်။ သူ ့ဟာသူ ဘာလုပ်လုပ် ငါနဲ ့မဆိုင်ဘူး။ ဥပုသ်နေ ့မှာ ဥပုသ်မစောင့်နိုင်တောင် ဒေါသမထွက်အောင်စောင့်ထိန်းမယ်ဆိုပြီး ငွေ၅၀ဝ လှူလိုက်ပါတယ်။

အဲဒီလို အလှူငွေထည့်လိုက်တယ်ဆိုရင်ပဲ အဲဒီကိုယ်တော်က ဒကာမလေးဒီခေတ်ကြီးထဲမှာ ငွေ၅၀ဝနဲ ့ဖိနပ်ဝယ်လို ့မရတော့ဘူး ကိုယ်တော့်အတွက် ဖိနပ်အဆင်ပြေအောင် အလှူငွေထည့်ချင်ရင် နောက်ထပ် ၁၀၀ဝ လောက်ထပ်ထည့်ပါတဲ့လေ။ ကျွန်မလေ အလိပ်လိုက်တက်လာတဲ့ဒေါသတွေကို မြိုသိပ်လှူမိတာ မှားပဟလို ့တွေးမိတဲ့အကုသိုလ်စိတ်ကိုချိူးနှိမ်ပြီး ဘုန်းကြီးကို ပြန်တရားဟောလိုက်ပါတယ်။

ဥူးဇင်း တပည့်တော်က လခစားဝန်ထမ်းဖြစ်တာကြောင့် ဥူးဇင်းမိန် ့တဲ့ ငွေကြေးတော့ မထည့်နိုင်ပါဘူးဘုရား။အလှူခံ ဥူးဇင်းအနေနဲ့လည်း ဝိနည်းအရဆိုရင် ပိုက်ဆံတောင်သုံးစွဲပိုင်ခွင့်မရှိပါဘူးဘုရား။ခေတ်အနေအထားအရသာ အခုလို ဖြစ်နေရတာ။ဥူးဇင်းအနေနဲ့လည်း ဖိနပ်အတွက် အမှန်တကယ်လိုအပ်နေရင် တခြားဒကာ၊ဒကာမတွေဆီလည်း အလှူခံကြည့်ပါဦးဘုရား။ လှူတဲ့သူများရင် ပြည့်သွားမှာပါလို ့တရားပြန်ဟောလိုက်ပါတယ်။

ရုံးရောက်တော့ စနေနေ ့အလုပ်လည်းပါးတာနဲ ့ဘလော့ဂ်တွေလာကြည့်မိပါတယ် အသက်၆ဝကျော်အရွယ်
ရဟန်းကြီးက ချဲထီဝါသနာပါတဲ့ မိန်းမတွေနဲ ့ ပူးကပ်တာ၊ဖက်နမ်းတာ၊ဖြစ်ချင်တိုင်းဖြစ်နေတာကို ဗွီဒီယိုဖိုင်နဲ ့တကွ တင်ထားတာကို သွားကြည့်မိပြန်တယ်။သတင်း ခေါင်းစဉ်ကိုကြည့်ပြီး မြန်မာပြည်က ဘုန်းကြီးအစစ်ဟုတ်ရဲ ့လားလို့ စူးစမ်းချင်စိတ်နဲ ့ပါ။ အမလေး ဟုတ်ပါ့ မြန်မာလိုပြောနေကြတာ ဆိုတော့လည်း ယုံလိုက်ရတာပေါ့။ ဘုရားသာသနာကို အရေခြုံပြီး လုပ်စားနေကြတာ မသတီစရာပါ။
အလကားနေရင်းအကုသို်လ်ဖြစ်ရပြန်ပါရော။

အဲဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ကပြလို့ အဆိုတော်အိန်အိန်းရဲ ့သီချင်းတစ်ပုဒ်နဲ ့၊ ယုန်လေးရဲ ့သီချင်းတစ်ပုဒ်ကို့ကြည့်လိုက်မိပြန်တော့
မြန်မာနိုင်ငံမှာ ဆင်ဆာလွတ်လပ်ခွင့်ပေးတာဘောင်တွေကျော်ကုန်ကြသလား။
ဒီလိုမျိုး Kissingအခန်း ၊ အိပ်ရာပေါ်ကမဆင်းတမ်းရိုက်ထားတာတွေကို ထည့်ပြီး ခွေထုတ်ခွင့်ပေးရင် ကော်ပီရိုက်မရှိတဲ့ မြန်မာနိုင်ငံရဲ ့ဥပဒေမှာကလေးတွေ အတုခိုးမှားမှာ မတွေးမိကြသလားမသိ။

အဆိုတော်ရဲ ့ဒီဇိုင်းတွေကလည်း ကိုယ်ပိုင်စတိုင် ထွင်နိုင်ပါလျက်နဲ ့ဘာလို ့ကိုရီးယားစတိုင်တွေ ၊ အနောက်တိုင်းစတိုင်တွေပေါ်တင်ကြီးကူးချနေပါလိမ့်လို့ တွေးမိပါတယ်။အခုတလောဘယ်ဇာတ်ကားပဲကြည့်မိကြည့်မိ
ဒီဇိုင်းတွေက တစ်ပုံစံတည်းကော်ပီတွေချည်းပဲ။ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသားမင်းသမီးတွေက သူတို့ရုပ်ရည်နဲ ့
အပြင်အဆင်နဲ ့လိုက်တာတွေ လုပ်ထားလို့ လှတာကို ကိုယ်နဲ့လည်း လိုက်တယ်လို့ထင်နေပုံရတယ်။

တော်ပြီတော်ပြီ
ရောက်တတ်ရာရာတွေ ပြောလိုက်ရတာ မောသွားပါပြီ။ ဥပုသ်နေ့ပေမယ့် ကုသိုလ်မရဘဲ အကုသိုလ်
ထိုင်ပွားနေသော ကိုယ့်အကြောင်းကို ကြေညာရင်း ယခုပိုစ့်ကိုတင်လိုက်ကြောင်း နှိူးဆော်လိုက်ရပါသည်။
ဒူဝေဝေ။

24 comments

  • မောင်မောင်ဂေါက်

    August 25, 2012 at 2:18 pm

    ဒီနေ့ ဥပုသ်နေ့ ..
    အကုသိုလ်တွေ ဖြစ်နေမိတယ်ဆိုပေမယ့်
    အတတ်နိုင်ဆုံး စောင့်ထိန်းလိုက်ပါဦး ..
    တစ်ရက် ကုန်ဆုံးဖို့ နောက်ထပ် နာရီတွေ အားဂျီး ကျန်ပါဒေးဒယ် ..

    စကားမစပ် ..
    ဟိုဘုန်းကြီး ကစ်စ်ပေးတဲ့ ဗီဒီယိုကို ကြည့်ဖူးပါတယ် ..
    တကယ့် ဘုန်းကြီး အစစ် မဟုတ်ပါဘူးလို့ပဲ ကျုပ်ကတော့ မှတ်လိုက်တယ် …

    • moonpoem

      August 25, 2012 at 2:28 pm

      ကျွန်မလည်း ဒီနေ ့နောက်ထပ်အကုသိုလ် ထပ်မပွားမိအောင် နေမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဦးဂေါက်ပြောသလိုပဲ ကျွန်မလည်း ချဲဂဏန်းပေးတဲ့ ဘုန်းကြီးကိုတော့ သင်္ကန်းဝတ်ပြီး လုပ်စားနေတဲ့ လူသားတစ်ဦးပမာ မှတ်ယူထားပါတယ်။

  • aung moethu

    August 25, 2012 at 2:26 pm

    ဟင်းးးးးးးးးးးးးသက်ပြင်းသာ ချမိပါတော့တယ်……။

  • YE YINT HLAING

    August 25, 2012 at 2:36 pm

    အင်တာနက်ပေါ် တက်လာတယ် ဆိုတော့ နည်းနည်းတော့ စဉ်းစားသွားတယ်ဗျာ ! ခုလောက် ဆို သင်ကန်းချွတ်ပြီးရောပေါ့ ။ ဒုက်ခ ဒုက်ခ အို ဒုက်ခ —

  • မောင်ပေ

    August 25, 2012 at 2:42 pm

    အိမ်း ဒါတွေကိုကြိုမြင်လို့ ကောသလမင်းကြီး အိမ်မက်၁၆ချက်နဲ့ ဟောကိန်းကြိုပေးခဲ့တာကလား

  • surmi

    August 25, 2012 at 2:46 pm

    အဲဒီဘုန်းကြီးယောင်က မှားတာတော ့မှားတာပေါ့ ဒါပေမဲ ့
    အနမ်းခံတဲ ့ သောက်ကမြင်းမကို ဖနောင် ့နဲ ့ပေါက်ရမှာ
    ဆောရီး လကဗျာရေ
    ကျုပ်လဲ အကုသိုလ်ပွားမိပြန်ပေါ ့
    ဂဇက်ကိုပြန်လာတာဝမ်းသာပါတယ်ဗျာ
    ဒါမှလူစုံသွားမှာ

  • etone

    August 25, 2012 at 3:00 pm

    moonpoem ရေ
    လမ်းမှာသာသနာ့ အရေခြုံ လုပ်စားနေတာတွေ ခဏခဏတွေ့လို့ စိတ်ပျက်မိပါတယ်။ တခြားဘာသာခြားက တော့လာလုပ်စားတာမဖြစ်နိုင်ဘူး ကိုယ့်ဘာသာထဲကလူပဲ ပြန်လုပ်စားတာနေမယ် ။ စိတ်ဓါတ်တွေက တဖြည်းဖြည်းနိမ့်ကျလာပြီနော် 🙁

    အိန်အိန်းသီချင်းကတော့ ကြည့်ပြီးသွားပြီ သီချင်းနဲမဆိုင်ပဲလျှောက်ရိုက်ထားတာ မြင်ရတာအတော်အကုသိုလ်ဖြစ်ချင်စရာပဲ။ သီချင်းထဲက နှစ်ေ
    ာက်စလုံး သိပ်သတိ္တရှိပြီးအရှက်မရှိလျှင် အပြာကားပဲသွားရိုက်ပါတော့လား။ သီချင်းကမင်းနဲ့ချစ်တာပါတဲ့

  • kai

    August 25, 2012 at 3:04 pm

    အယူအဆအမှားတွေ.. သွတ်သွင်းပေးနေတဲ့..ဘုန်းကြီးတွေက.. လူတွေကို.. ပိုပြီးအန္တရာယ်ဖြစ်စေတယ်…ယူဆမိပါတယ်..
    မျက်လုံးများ ဖွင့်ကြ..ပွင့်ကြစေလိုကြောင်း…

  • Thanlwinoo

    August 25, 2012 at 3:43 pm

    သာသနာ့အရေချုံတဲ့ လူတွေကြောင့်ပါခင်ဗျ…..။

    သာသာနာစစ်စစ် (စနစ်) ကြောင့် မဟုတ်ပါခင်ဗျား…. 🙂 🙂 🙂

  • manawphyulay

    August 25, 2012 at 4:05 pm

    ဥပုသ်နေ့မှာ ဘာတွေလျှောက်ကြည့်ပြီး ဘာတွေဖြစ်နေလဲ။ အဲဒါကြောင့်ပြောတယ် လျှောက်လျှောက်မကြည့်ပါနဲ့လို့လေ… 😛

    မျက်စိမမြင်ဘူးဆိုပြီး ကိုင်ပေးတဲ့သူတစ်ယောက်နဲ့လိုက်အလှူခံတာတွေလည်း ရှိပါသေးရဲ့…

  • ster

    August 25, 2012 at 4:50 pm

    ပြန်ဖို. လမ်းစရိတ်မရှိလို. လိုက်တောင်းနေတာနဲ. ကြုံဖူးပါတယ်၊
    ဘယ်ပြန်မှာလဲ မေးတော. “လှည်းကူးတဲ.” ၊ အသိကားတစီး ပဲခူးဖက်သွားမှာ ကြုံတာနဲ. လိုက်သွားဖို. ပြောတော. ဘာမှမပြောတော.ပဲ လစ်သွားတယ်။ ဪ လူတွေ……လူတွေ…..

  • ဆူး

    August 25, 2012 at 5:00 pm

    ဝိနည်း ထဲမှာ ရဟန်းက မာတုကာမ (အမျိုးသမီး ဒကာမ) တွေနဲ့ အသားချင်းတောင် ထိ လို့ မရပါဘူး။
    ဝိနည်း စောင့်ထိန်းတဲ့ ရဟန်းများဆိုလျှင် အမျိုးသမီးနဲ့ အခန့်မသင့်လို့ အလှူလာ လှူလို့ အသားချင်း ထိသွားလျှင်တောင် အာပတ်သင့်မှာ ကြောက်လို့ အရမ်းသတိထားပါတယ်။ တချို့သော အမျိုးသမီးကြိးတွေက နားမလည်ကြပဲ ဘုန်းကြီး ခြေထောက် ကို ထိအောင် နဖူးတိုက်ပြီး ရှိခိုးတတ်ပါတယ်။ (နဖူးတိုက် ရှိခိုးခြင်းသည် ဟိန္ဒူ ကိုးကွယ်မှုက ဆင်းသက်သည်ဟု ယူဆသည်။) အဲဒီလို မဟုတ်တာတွေ လုပ်မှာ စိုးလို့ မြတ်စွာဘုရားက အစောကြီးကတည်းက အသားတောင် မထိ နဲ့လို့ တားမြစ်ခဲ့တာပါ။

    ရဟန်းတွေ နေ့စဉ်စောင့်ထိန်းရတဲ့ အဗြဟ္မစရိယာ ဆိုတဲ့ သီလ က တကယ်တမ်းဆို အရမ်းကို တင်းကြပ်တဲ့ သီလ တခုပါပဲ။ ကာမေသု ဆိုတဲ့ သီလ က သူများ သားသမီး ကို ကိုယ်ထိလက်ရောက် ဆော်ကားရင် သီလကျိုးပါတယ်။ အဗြဟ္မစရိယာ ဆိုတဲ့ သီလ ကတော့ စိတ်နဲ့တောင် မပြစ်မှားရပါဘူး။

    နောက်ပြီးတော့ ရဟန်းဘဝ ကနေ သိက္ခာမချပဲ အလိုလို လူဖြစ်သွားတဲ့ အပြစ် တွေ ရှိပါတယ်။ အရေ အတွက် အတိအကျတော့ မေ့နေပါတယ်။ လူမသတ်ရဘူး။ (ကိုယ်ဝန်ပျက်စေအောင် ပြောမိရင်တောင်) အဲဒီ အာပတ်သင့်လို့ ရဟန်းဘဝက သိက္ခာချစရာ မလိုပဲ လူဖြစ်သွားပြီလို့ သတ်မှတ်ပါတယ်။ နောက်တခုကတော့ ကာမ ဆက်ယက်ခြင်းပါပဲ။ အဲဒီလို ဆိုတော့.. အမျိုးသမီးတွေ နဲ့ မဟုတ်တာ အမြင်မတော်တာ လုပ်နေပြီ ဆိုရင်တော့ ရဟန်း ဖြစ်နေလျှင်တောင် ရဟန်း မဟုတ်တော့ဘူးလို့ သတ်မှတ်လို့ ရနိုင်မယ် ထင်တယ်။ ဒီဘဝ မှာတော့ သေသည် အထိ ဘယ်တော့မှ သိက္ခာထပ်ပြီး ပြန်လည် ရဟန်း လုပ်လို့ မရနိုင်တော့ပါဘူး။

    အဲဒီ အဘိုးကြီး (ဘုန်းကြီးအိုကြီး) အခုလောက်ဆို သာသနာရေးက လူထွက်ခိုင်းလောက်ပြီ ထင်တယ်။ (လူသိရှင်ကြားဖြစ်သွားပြီလေ) နောက်ပြီးတော့ များသော အားဖြင့် ဝိဇ္ဇာလိုင်း မှာ ပျော်မွေ့တဲ့ ရဟန်းများ ကို အဲဒီ လို သတင်းတွေ ကြားဖူးတတ်ပါတယ်။ သူယောင်မယ် ဆိုတာ ယုံတမ်းပဲ ဖြစ်ဖြစ် တကယ်ရှိနေတာပဲ ဖြစ်ဖြစ်.. အဲလို ပျော်မြူးတာနဲ့ ပတ်သတ်ပြီးတော့ သူယောင်မယ်လို့ ပြောတဲ့ သဘောပါပဲ။ ဝိဇ္ဇာ လိုင်းကို စိတ်ဝင်စားတဲ့ လူတွေကို နိပ်ကွပ်ချင်လို့ ပြောတာ မဟုတ်ပါဘူး။ ပြည်ဘက်က နာမည်ကြီး ရဟန်းတပါးကို ဓါတ်ပုံ တခုထဲမှာ (ရဟန်း သင်းပိုင်နဲ့ အပေါ်က ဝတ်ထားတာ ဇော်ဂျီ အကျီနဲ့ ခေါင်းဆောင်း ဝတ်ထားပါတယ် လက်ထဲမှာလည်း ဒုတ် အနီလေး ကိုင်ထားပါသေးတယ်) ဇော် က ကနေဟန် တွေ့လိုက်တော့ တော်တော် အံဩတုန်လှုပ်ပြီး စိတ်ထဲ တော်တော် မကောင်းဖြစ်သွားဖူးတယ်။

    အမျိုးသမီးတွေကလည်း ဘယ်လိုကြောင့် အဲလို လက်ခံလဲ ဆိုတာ စဉ်းတော့ စဉ်းစားစရာပါပဲ။ သူတို့ပဲ အသိစိတ်ကို တခုခု ညှို့ချက်ကြောင့်သော်လား.. သို့တည်းမဟုတ် လာဘ်လာလ မျှော်လင့်လို့လား။
    ဘာပဲ ဖြစ်ဖြစ် အဲဒီ ရုပ်သံဖိုင်ထဲမှာ ပါတဲ့ အမျိုးသမီးက အသက်သိပ်မကြီးသေးတဲ့ အပြင် ရုပ်ကလည်း စုပ်ပြတ်သတ်နေတဲ့ အနေအထား မဟုတ်ပဲ သပ်သပ် ယပ်ယပ် ရှိတဲ့ အနေအထားမျိုးရှိတယ်။ ဒီလို ဗွီဒီယို ရိုက်ကူးပြီး ဖြန့်ချီ ခံရတာ တော်တော် အရှက်ရစရာ ကိစ္စကြီးလို့ မြင်မိပါတယ်။

  • moonpoem

    August 26, 2012 at 9:35 am

    တာဝန်သိ ပြည်သူတစ်ဦးက ဗွီဒီယိုရိုက်ပြီး ထုတ်လွှင့်ပေးလိုက်လို ့သာ အခုလိုမျိုးသိရတာပါ။ မဟုတ်ရင် ဘယ်အချိန်ထိ ဆက်သောင်းကျန်းနေမှာလဲ မသိဘူး။ တခြားသော မသိမပေးနိုင်သေးတဲ့ ကြိတ်ပုန်းအခုလို ဖြစ်ရပ်မျိုးတွေ ဘယ်နှစ်မျိုးလောက်ရှိနေဦးမလဲဆိုတာ မတွေးဝံ့ ပါဘူး။

  • the best

    August 26, 2012 at 9:50 am

    လိမ်ညာတောင်းစားနေတာတွေက အများကြီးပါ။
    တစ်ကိုယ်တော်တောင်းစားတဲ့သူတွေထက်ပိုဆိုးတာက
    ရင်ခွင်ပိုက်လသားအရွယ်ကလေးကို မိုးထဲလေထဲနေပူထဲမှာ
    ပိုက်ပြီးတောင်းစားနေတာပဲ။

    ရန်ကုန်မြို ့လယ် ဗိုလ်အောင်ကျော်လမ်း ဘီအေကေနားက မိန်းမတစ်ယောက်ဆိုရင်
    ဒီပုံစံနဲ ့ လုပ်စားနေတာ ၂ နှစ်၊ ၃ နှစ်ကျော်ပြီ ။ ကလေးက အရွယ်ကြီးမလာဘူး။

    အမြဲတမ်း ရင်ခွင်ပိုက် အရွယ်ပဲ။ ဘယ်က ကလေးငှါးလာသလဲတော့မသိဘူး။
    ဒီလိုတောင်းစားနေတာကို ပပျေက်စေချင်ပါတယ်။

    စီးပွါးရှာစားကြတာ ပုံစံအမျိုးမျိုးပါပဲ။
    မရှိတဲ့သူတွေကတော့ဒီလိုပုံစံနဲ ့တောင်းစားပြီး ရှာစားရတယ်။
    ရှိတဲ့သူတွေတော့ အပြာကားပုံစံ ဗီဒီယိုသီချင်းခွေရိုက်ပြီး ရှာစားကြရတာပဲလေ။

    ဒီလိုရိုက်ရဲတယ် ဆိုတာနဲတဲ့ သတ္တိတော့မဟုတ်ဘူး။
    ကိုယ့်ကိုယ်ကို အဆင့်ချလိုက်ရတာ။အရှက်မရှိဘူးလို ့အခုပဲအပြောခံရပြီ။

    အစကတည်းက အဆင့်မရှိ၊ အရှက်အရှိတဲ့သူတွေဆို နာတတ်မှာမဟုတ်ဘူး။
    ကာယကံရှင်ကိုယ်တိုင် အပြောခံရတယ်ဆိုတာ သူ ့အပြစ်နဲ ့သူပေါ့။

    သူ ့တို ့မှာ မိဘတွေ၊ အစ်ကိုတွေ၊ အစ်မတွေ၊ မောင်တွေ၊ နှမတွေရှိနေမှာပဲလေ။
    သူတို ့တွေပါ အရှက်ရစေတာတော့ မကောင်းဘူးပေါ့။

    ဘာတွေပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်ဟာ ကိုယ့်ပတ်ဝန်းကျင်ကို
    ဘယ်လိုနည်းနဲ ့ပဲဖြစ်ဖြစ် မထိခိုက်အောင် လုပ်တတ်ရင်အကောင်းဆုံးပဲ။

  • ပစ်ပစ်ချန်

    August 26, 2012 at 10:25 pm

    ပြောရဦးမယ်တဲ့…ပြောရဦးမယ်
    တနေ့ကပဲ နေ့လည် အနော်ထမင်းစားပြီး ရုံးပေါ်ပြန်တက်တော့ ရှေ့ကရဟန်းတစ်ပါး (ခပိငယ်ငယ်ရွယ်ရွယ်) ဖိနပ်ပြတ်ကိုရှပ်တိုက်စီးသွားတယ်
    သူ့ရှေ့ ကလျှောက်နေတဲ့ မိန်းကလေး၂ယောက်ကို အမှီလိုက်ပြီး အလှူခံနေတာတွေ့ခဲ့တယ်
    အနော်လည်း ကျော်တက်ပြီး ရှေ့ရောက်တော့ လှည့်ကြည့်လှည့်ကြည့်နဲ့ စပ်စုရင်း ရုံးပေါ်ပြန်တက်ခဲ့ပါကြောင်း…. 😐

  • သားငယ်

    August 27, 2012 at 1:36 am

    မှတ်သားမိပါတယ်..ဘုန်းကြီးကလူ ..လူကဘီလူး ဆိုတဲ ့ခောတ်ကို ရောက်များရောက်နေ လေရော့သလား
    ကွယ်တို ့..အင်း ဆက်ပြောပြန်ရင် လည်း ဒီဘူတာကို ဘဲဆိုက်တော့ မှာပါဘဲလေ……

  • Inz@ghi

    August 27, 2012 at 3:38 am

    ခေါင်းစဉ် ၂ခုကို ရောရေးထားတယ်မြင်မိတယ်

    ခွဲခြားဝေဖန်ပါလားဗျာ

    ခင်တဲ့
    ဂီ

  • pu ma

    August 27, 2012 at 8:04 am

    moonpoem ရေ
    ပုမလဲကြုံဘူးတယ်၊ ကလေးတွေကျောင်းရှေ့မှာစာမေးပွဲဖြေလို့စောင့်နေတုံးဥူးဇင်းငယ်ငယ်ပဲ
    ဖိနပ်မရှိလို့အလှူလာခံတာ၊လကဗျာလိုပဲတတ်နိုင်သလောက်ထည့်လိုက်တာကိုအဲဒီလိုပဲထပ်တောင်းတယ်
    ပုမအမျိုးသားကစိတ်တိုပြီးပိုက်ဆံပြန်ယူပြီးမောင်းထုတ်ပစ်တာ၊အလကားသံဃာအရေခြုံတွေ၊လှူသလောက်ပဲယူရမှာဆိုပြီး
    မောင်းထုတ်ပစ်တာ။မင်းတို့လိုလူတွေရှိလို့လိမ်တောင်းကောင်းနေတာဆိုပြီးအဆူခံလိုက်ရသေးတယ်
    ပုမမှာအားနာလို့၊

  • Ma Ei

    August 27, 2012 at 11:18 am

    moonpoem ရေ…
    ဘိနပ်ပြတ်ကိုပြလို့ အလှူခံတဲ့ ဘုန်းကြီးတွေကို
    MICB , Trader ရှေ့တွေမှာ မကြာခဏတွေ့ရတတ်ပါတယ်…
    ဆေးရုံက ဆင်းလာတာပါ၊လမ်းစရိတ်လေးကူညီပါ ဆိုတဲ့သူကရှိသေး
    ခဏခဏ တွေ့နေရတော့ မလှူဖြစ်တော့ဘူးလေ…
    Post လေးပြန်ရေးလာတာ ဝမ်းသာမိပါတယ်…
    ဆက်ရေးပါနော်…

  • P chogyi

    August 27, 2012 at 11:46 am

    ကျွန်တော်ကြုံခဲ့တာလေး ပြန်ပြောပြချင်တယ်။
    မန်းရွှေစက်တော်မှာပါ။
    နံနက်စောစော ဆွမ်းကပ်ဖို့ ပြင်နေရင်
    ဥူးပဇင်းတစ်ပါးအလှူခံလို့ အကြွေမရှိတာနဲ့
    တစ်ထောင်တန်လှူမိပါတယ်။ ခဏအကြာမှာ
    ဥူးပဇင်း၊ ကိုရင်တွေ အများကြီးပဲ အလျှိုလျှိုရောက်လာလို့
    တည်းခိုဆောင်ထဲကမထွက်ဘဲနေခဲ့ရတယ်။
    ပထမဥူးဇင်းက တစ်ထောင်လှူတဲ့အကြောင်းလက်တို့လိုက်လို့ ရောက်လာကြတာ။
    နောက်ပြီးသိခဲ့ရတာက အဲဒီလိုအလှူခံတဲ့သူတွေက ဘုရားပွဲရက်ပဲ သင်္ကန်းဝတ်ပြီး
    ပွဲပြီးတာနဲ့ လူထွက်လိုက်ရောတဲ့။

  • ဂန္ဓာရီ ဆြာအုပ်

    August 27, 2012 at 12:59 pm

    သာသနာမှာ ဒီလိုမျိုးပုဂ္ဂိုလ်လဲရှိနေတာအားလုံးသိကြပါတယ်
    သံဃာပေါ်ကို အပြစ်မြင်ရင် အကုသိုလ်ဖြစ်ပါတယ်
    သူ့ဘာဘဲဖြစ်နေ ဖြစ်နေ သူ့အကုသိုလ်ကို ကိုယ်မျှမယူချင်ပါနဲ့
    အလှူဒါနဟာ အလှူခံပေါ်မှာ လည်း မူတည်တည်ဆိုပေမယ့်..
    သံဃာကို ရည်မှန်းပြီး မိမိလှူဒါန်းတဲ့ အလှူပေါ်ကိုပဲ အာရုံစိုက်ရင် အလကားမဖြစ်ပါဘူး..
    လှူပြီးအကျိုးရှိတာ/မရှိတာဟာ ကိုယ်ထားတဲ့ စေတနာပေါ်ပဲ မူတည်တာမို့

    သဗ္ဗေသတ္တာကမ္မသကာ
    ဆြာအုပ်

  • နွယ်ပင်

    August 27, 2012 at 2:06 pm

    အခုတစ်လော ဆင်ဆာမဲ့ VCD ရိုက်ကူးမူတွေက ပိုဆိုးလာတယ် ထင်ပါရဲ့ …
    ဒါနဲ့ အခု ယုန်လေးဆိုထားတဲ့ Stupid ဆိုတဲ့ သီချင်းရော ကြည့်ပြီးပြီလား moonpoemရေ

  • ဂန္ဓာရီ ဆြာအုပ်

    August 27, 2012 at 2:55 pm

    အိန်အိန်းရဲ ့သီချင်း ချိုတာဘယ်မှလဲဂျ .. ဟီး

  • ရွှေ ကြည်

    August 27, 2012 at 7:13 pm

    ွှအနုပညာလောကမှာကြည့်မရဆုံးသူတွေက သားစိုး၊ ဩရသ၊ အိန်အိန်း နဲ့ စောသက်။
    တစက်ကလေးမှကိုသဘောမကျဘူး။ နားထောင်လို့လဲမရဘူး။

Leave a Reply