*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်………….
တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့
လာခေါ်တော့ Si Tone သူ့ ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ့ စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး
မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်…………..
တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး
Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက
အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်….
တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပွါယ် မရှိတဲ့နေရာလေးပါ..
Si Tone နှစ်သက်ပါတယ် သူခေါ်သွားလို့ပါ….
အဲဒီနေရာမှာ Si Tone နဲ့ သူနဲ့ စကားတွေအများကြီးပြောပါတယ်…………… ခဏကြာတော့ သူရဲ့
နုတ်ခမ်းတစ်စုံက Si Tone ရဲ့ ပါးပြင်ပေါ်ကိုကျရောက်ခဲ့ပါတယ်……. Si Tone တကယ်ကိုရင်တွေခုံ
ပီး အရမ်းလဲပျော်ပါတယ်… သူ့ အနမ်းအတွက် Si Tone ဂုဏ်ယူခဲ့ပါတယ်….. ပြီးတော့ သူ့ ပါးစပ်ဖျား
က နေ ပြောခဲ့ပါတယ်… ဇာတ်သိမ်းလိုက်ကျအောင်တဲ့ ။ Si Tone ချက်ချင်းပင် မျက်ဝန်းလေးက
မျက်ရည်ဝဲ ခဲ့ပါတယ်… ပီးတော့ သူပေးခဲ့တဲ့ အနမ်းအတွက် Si Tone ဂုဏ်မယူချင်တော့ဘူး……
အဲဒါနဲ့ပဲ Si Tone သူ့ ကို ချစ်တဲ့ စိတ်ကလေးနဲ့ သူ့ နဲ့အတူ ဇာတ်သိမ်းလိုက်ပါတယ်… Si Tone ရဲ့
ရင်ထဲမှာ ဗလောင်ဆူပီး မွန်ကြပ်နေပါတယ်…. ပီးတော့ အဝေးက လာသော လေကို ရှူလိုက်တယ်
သူခေါ်လာတဲ့နေရာကို ကြည့်ပီး စိတ်ထဲမှာ ရေရွတ်လိုက်ပါတယ်.. “ ဒီနေရာလေးက ငါ့အတွက်
တကယ်ကို အဓိပွါယ်ရှိပါတယ်….”
Si Tone သူ့ ကိုကျေးဇူတင်ပါတယ်…. သူ Si Tone ကို လွမ်းရမဲ့နေရာလေးပြခဲ့ လို့ပါ…..
သူ Si Tone ကို တောင်ပန်းပါတယ်… သူ Si Tone ကိုထားခဲ့ရတော့မယ်ဆိုလို့ပါ…..
နောက်တော့ သူက Si Tone ကိုပြန်ဖို့ပြောလာတယ်……. Si Tone ခေါင်းတာညိမ့်လိမ့်ပါတယ်…..
ပီးတော့ Si Tone သူ့ ရဲ့စက်ဘီး အနောက်ထိုင်ခုံလေးမှာ ထိုင်ပီး ဖြေးဖြေးလေးနှင်းနေတဲ့ သူ့ ရဲ့
ခါးလေး ကို တင်းတင်းလေးဖက်ထားပီး သူ့ ကျောကုန်းလေးပေါ်ကို Si Tone ရဲ့ခေါင်းလေးမှီလိုက်ပါတယ်…
ပီးတော့ Si Tone ရဲ့ ရင်ခွင်ထဲမှာ ကဗျာလေးတစ်ပုဒ် ရေးဖွဲ့ လိုက်ပါတယ်…..
“ ပန်းပွင့်ဖို့အရေး ခက်ခဲပေမယ့်
ညှိုးတဲ့အချိန်ကတော့ ခဏလေးပါ
လူတစ်ယောက်ကို ချစ်ဖို့ခက်ခဲပေမယ့်
လူတစ်ယောက်ကို ခွဲခွာဖို့ကတော့ ခဏလေးပါ
ချစ်တဲ့သူနဲ့ ခွဲခွာရတာ အချိန်ခဏလေးပေမယ့်
အဲဒီလူကို မေ့ပစ်ဖို့က ခက်ခဲပါတယ်…”

Si Tone ရဲ့ ဇာတ်လမ်းလေးနဲ့ တိုက်ဆိုင်လို့ပါ……. အဲဒါကြောင့် ဒီပုံတင်ထားတာပါ

အဲဒီနောက်ပိုင် Si Tone အချစ်ကို စွန့်လွတ်လိုက် ရပါတယ်……..
ကယ်…… ဒီရွာထဲက သူငယ်ချင်းတွေကော…. အချစ်ကို စွန့်ုလွတ်လိုက်ရတော့မယ်ဆိုရင်
ဘာလုပ်မလဲ…… ???????

Si Tone ကတော့ ရင်ထဲမှာပဲ ကဗျာလေးတစ်ပုဒ်ပဲရေးခဲ့ပါတယ်…….
Si Tone ရေးထားတဲ့ စာထဲမှာ… Si Tone နာမည်အစား စာဖတ်သူနာမည်ထဲ့ဖတ်လို့ရပါတယ်….

About si tone

si tone has written 19 post in this Website..