သီချင်းမဖြစ်တဲ့ .. ကဗျာ

သံယောဇဉ် ရဲ့ အလွမ်းမှာ
မျှော်လင့်ခြင်း က ……..
ခမ်း လုလု

တမ်းတမှု နဲ့  ထောင့်ချိုးတစ်ခုမှာ
အိမ်ပြန်ချိန်  ကို  …..
မေ့လို့  ….
အတွေ့  … အထိ … အသိ
ကာရန် ညှိ ရင်း ……
သက်ပြင်း ကို ဖျော်သောက်
အိပ်မက်လောက် မှ …. မချိုတဲ့
ရင်ဖို မှု …  မှာ
ငါ …. ဟာ
ငါ အတု ဖြစ်လို့  …. ပေါ့

စီးဆင်း ခဲ့ဘူးတယ်လေ
ကောင်းကင် ရဲ့ …. ရင်ခွင်ဆီမှာ
ကြယ်စင်တွေကို …. ရေတွက်ရင်းးးး
လရောင် သောက် မယ့် ….နှုတ်ခမ်းတွေ က
ခု …  ဒဏ်ရာ နဲ့ 
သွေ့ ခြောက် အက်ကွဲ ….
ကဗျာ ထဲပဲ  အချစ်ကို  ပွင့်ပစ် လိုက်ရ …….
တစ်ခါ တစ်ခါ  …. နောင်တ ကို
အမှောင်ချ …. ကြည့်ချင်မိတာ ပါ

ငါ့  ရင်ထဲ
စမ်းချောင်း လေး  ….
မောင်းထည့်ပေးပါ   ကောင်မလေး  ရေ
ကန္တာ နွေ   ကို အပူငြိမ်းလှည့်
အဲဒီ့ …. ခပ်စိမ်းစိမ်း အကြည့်တွေ
ပစ်ထည့် ပေးပါ …
ရင့်မှည့် လာမယ့်
နာတာရှည် … ပန်းတွေကို
အလွမ်းဖြေ  ရာသီဥတု ထဲ
ငါ  ……  အခု
မုန်တိုင်းမိုးသည်း ထဲကနေ
လမ်းခွဲ တေးတစ်ပုဒ်
ဆွဲဆုတ် မိပြန်ပေါ့လေ…။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၂၅.၈.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF