ပစ္စုပ္ပန်

Win Paing SoeAugust 26, 20121min723

ပစ္စုပ္ပန်တောင်မှ မနည်းကို တည့်တည့်ကြီး ရှုနေရတာ….
အတိတ်…အတိတ်ဆိုပြီး…
ပြီးခဲ့တာတွေ အစမဖော်စမ်းပါနဲ့…….

အနာဂတ်…???
ဘာဖြစ်မယ် ညာဖြစ်မယ်တွေလာမပြောနဲ့…
လက်ထဲကပန်းသီးတောင် အခန့်မသင့်ရင်
မြှားချက်ထိနိုင်သေးတယ်…

ဟိုးဝေးဝေးကိုလဲမျှော်မျှော်မကြည့်နဲ့…
ဟိုးးးးအနောက်ကိုလဲလှည့်လှည့်မကြည့်နဲ့…
ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်စမ်းပါ..
လှမ်းခါနီး ခြေတစ်လှမ်းအတွက်..
မင်းရွေးထားတဲ့ဖိနပ်တစ်ရံ…
ဆင်တစ်ဘက်မြင်းတစ်ဘက်ဖြစ်မနေဖို့ပဲလိုတယ်…

၁၈.၀၁.၂၀၁၂

3 comments

  • Inz@ghi

    August 26, 2012 at 11:54 am

    ဗရာကြော် …
    အဲ့လေ ..
    ဗရာဘို … ပိုင်ပိုင်…
    ဝဲလ်ဒန်း …ဂလိပ် ဝေါ့ခ် …

    အားပေးတွားပါတီ..

    ဒက်ဂလောက်…ဒက်ဂလောက်…

    • Win Paing Soe

      August 26, 2012 at 12:02 pm

      သိုင်းရူးဂီ…
      အဲလေ…
      သန့်ခရူးဂီ….
      နောက်လဲအားပေးပါ… 😉

  • aye.kk

    August 26, 2012 at 12:21 pm

    အသိကိုကပ်
    သတိချပ်ပြီး
    မြတ်သီလနဲ ့
    တရားဝနာ
    ကျင့်ပါစာဂ
    ပွားများအဟုတ်၊အားထုတ်နိုင်ပါစေ။။

Leave a Reply