စာရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး။ ရင်ထဲမှာတော့ရှိတယ်လေ။ တစ်ခါတစ်ခါတွေးမိတယ် ငါရေးလို့ကောင်းပါ့မလား မကောင်းဘူးလားနဲ့ ဝေခွဲမရတာ လည်းကြာပေါ့ အခုတော့ မနက်ကပဲ သတင်းလေး တစ်ခု BBC ကနေပါလာတော့ ရေးဖို့ရာအကြောင်းပါလာတယ်။ BBC ဆိုလို့ နိုင်ငံရေး အကြောင်းရေးမလို့မဟုတ်ပါဘူး။ ဘာလဲဆိုတော့ အဲကနေ မနက်ကပဲ ရန်ကုန် ILBC က ဆရာ/ဆရာမ တွေမကျေနပ်သံတွေကြားခဲ့ရလို့လေ။ သူတို့ကိုအားပေးချင်တာလည်းပါပါတယ်။ သိပ်စိတ်ဓာတ်မကျပါနဲ့လို့ ရန်ကုန်မှမဟုတ်ဘူး တစ်ပြည်လုံးမှာရှိတဲ့ ILBC ကျောင်းတိုင်း အဲလိုပါပဲလို့ပါ ဘာလို့လည်းဆိုတော့ မန္တလေးILBC လည်းထိုနည်းတူစွာ ခံစားရတာတွေများတယ်ဆိုတာ သိစေချင်ပါတယ်။ လစာတိုးတော့ Department Head တွေရဲ့ အဆွေအနွယ်တွေက သူတို့ထက်လုပ်သက်ရင့်တဲ့လူတွေထက်ကို လစာက ပိုတိုးနေလို့ပါပဲ။ ဘာကြောင့်လဲတော့ မသိ။ ရင်ထဲတော့ မချိဆန့်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီလိုကိစ္စတွေဆိုတာ အရင်အစိုးရလက်ထက် အစိုးရ ၀န်ထမ်းတွေမှာသာကြားဖူးတာပါ။ အခုတော့ ပုဂ္ဂလိက ကျောင်း တစ်ကျောင်းမှာ ဒါမျိုးတွေလည်းရှိပါလားဆိုတော့ ………စဥ်းစားသာကြည့်ကြပါတော့။ အခုဆို ILBC ကျောင်းက စ၀င်ဝင်ချင်း training period 3 months ဆိုပြီးတော့ အလုပ်အသစ်ဝင်တဲ့ဝန်ထမ်းတွေကိုအရင် Train ပါတယ် အဲဒါ အပြင်လူတွေအတွက်ပါ ။ ပြီးတော့အဲ ၃လ မပြည့်မချင်း ၀န်ထမ်းတွေလစာမရပါဘူး။ ဒါပေမယ့် တစ်ခုတော့ ထူးဆန်းတယ် ထင်ပါရဲ့ အကြီးပိုင်းတွေရဲ့ အဆွေအမျိုးတွေကျတော့ ၀င်ဝင်ချင်းလစာ ရတဲ့အပြင် training တောင်မဆင်းရပါဘူး။ လစာတိုးတော့လည်း ရိုးရိုးဝင်တဲ့လူတွေ ၁နှစ်မပြည့်လို့တဲ့မတိုးပေးပါဘူး။ သူတို့ကျတော့ တိုးတဲ့အထဲပါတယ်နော် အံ့သြပါရဲ့။နောက်ပြီးတော့ တိုးတော့လည်း သူတို့ထက် ၃နှစ်လောက် လုပ်သက်ရင့်တဲ့လူထက်တိုးတာ ပိုများနေတယ်။ ပြောလိုက်တာတော့ အကြီးကြီးပဲ သိလား။ ဆ၇ာ ၊ဆရာမ တွေ skill ပေါ်ကြည့်ပြီး လစာ သတ်မှတ်တာတဲ့။ ထင်တာတော့ ဆွေမျိုးမကင်းလည်း ပါပါရဲ့ထင်ပါ့။ ပြီးတော့ uniform ကိစ္စ စဥ်းစားကြည့်ကြပါဦး လစာရတာမှ နည်းနည်းရယ် ၀တ်ရတဲ့အ၀တ်အစားတွေက တစ်သောင်းခွဲအောက်မလျော့ဘူး။ ပြီးတော့ ချည်ထည်တဲ့ ချည်ထည်ဆိုတဲ့ အဓိပ္ပာယ်ရော သိကြတဲ့အတိုင်းပဲ ရေလျှော်မခံပါဘူး ၃၊၄ ခါလောက်လျှော်ပြီးရင်ကို အရောင်မွဲသွားတာလေ။အခုဆို တအားကို ယုယတတ်နေပါပြီ၊ အ၀တ်လျှော်တဲ့အချိန်ပြောပါတယ်။ မထိရက် မကိုင်ရက်လေ လုံချည်လေးကိုပြောပါတယ်၊ International School တစ်ခုလုပ်နေပြီး ၀န်ထမ်းတွေဆီက uniform ဖိုး တောင်းနေတာကတော့ လွန်လား မလွန်လား စဉ်းစားသာကြည့်ကြပါဦး။ ဟိုတစ်နေ့က ညပိုင်း နံပြားစားချင်တာနဲ့ အိမ်က သွားဝယ်ခိုင်းလို့သွားဝယ် မိပါတယ်။ ဆိုင်ကတော့ ငယ်ငယ်တုန်းကပေါ့ သူငယ်တန်းကတည်းက နေ ၄တန်းအထိ သင်ခဲ့တဲ့ ငယ်ဆရာမ က ပင်စင်ယူပြီး ဖွင့်ထားတဲ့ဆိုင်ပေါ့။ သွားတော့ ဆရာမ ယောကျာ်းနဲ့လည်း ရင်းနှီးတော့ ဆရာမ ယောကျာ်းကလည်း သူ့မိန်းမ တပည့်မလေးမှန်းသိတော့ မေးပါတော့တယ် အဲမှာပဲ စိတ်ထဲ ကြိတ်ရီမိရတဲ့အဖြစ် ကိုတွေးမိပါ့။ ဘယ်မှာလုပ်နေလဲတဲ့။ မေးပြီပေါ့ကွာ၊ ဟောတော် ငါတော့ မဖြေချင်တာဖြေရတော့မယ်လို့တော့ တွေးမိလိုက်တယ်။ မဖြေချင်တာ တော့ တစ်မျိုးအထင်မလွဲပါနဲ့ ကိုယ်လုပ်နေတဲ့အလုပ်ကို မလေးစားတာ အထင်မကြီးတာ ကျေးဇူးကန်းတာ မဟုတ်ပါဘူး။ အဲဒါ နဲ့မဖြေမဖြစ်တော့လည်း ဖြေလိုက်ရတယ် ILBC မှာလုပ်တာလို့ ဆရာမ အမျိုးသားက “ဟာ မိုက်တာပေါ့တဲ့” သမီးတော့ လစာတွေအမျာကြီး ရတာပေါ့တဲ့ ဟုတ်လားတဲ့ မဟုတ်ပါဘူးလို့ဖြေလိုက်ပါတယ်။ သမီးတို့အဲလောက် လစာမကောင်းပါဘူးလို့ဖြေလိုက်တော့ အံ့သြနေလေရဲ့ သူ့အကြည့်ကိုသိတယ် သမီးက ညာပြီးမသိ စေချင်လို့မပြောတာလို့ထင်ကောင်းထင်မယ်ပေါ့ တကယ်တော့ သမီးအမှန်ပြောတာပါလို့စိတ်ထဲ ကနေ ကြိတ်ပြောမိပါတယ်။ ဒါကို ILBC ၀န်ထမ်းတိုင်း သိမှာပါ။ လူတိုင်းပြောလိုက်ရင် ILBC ဆိုတာနဲ့ အထင်ကိုစွတ်ကြီးတော့တာပါပဲ။ တကယ်တော့ ၀န်ထမ်းတွေ အဲလောက် လစာမကောင်းပါဘူး သူတို့ ကလေးတွေဆီကရတာနဲ့ယှဉ်ရင် အသေးအဖွဲပါ။ ကလေးတစ်ယောက် ဆီကနေ ရတဲ့ တစ်လစာတောင် ဆရာမတွေမရပါဘူး။ လူတွေအထင်တွေမှားနေတာကို ပြချင်ပေမဲ့ ကျောင်းမှာစည်းကမ်းတစ်ခု ရှိပါတယ် လစာကို မပြောရဘူးဆိုတဲ့စည်းကမ်းပါ။ တစ်ယောက်လစာ တစ်ယောက်မသိရဘူးတဲ့။ အဲဒါ ဘယ်လိုထင်လဲ။ သူတို့တိုးပေးချင်တဲ့သူတိုးပေးလို့ရအောင် တစ်ဖက် တစ်လမ်းကနေ အကွက်ဆင်တာပါ။အဲဒါမှ ဆွေမျိုးတွေဆီ လူမသိသူမသိ လစာပိုတိုးပေးတာ ပြသနာမတက်မှာလေ။ခက်တာက လည်း ဒီကိစ္စဆိုတာ သိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဘာလို့ပြောနိုင်တာလဲဆိုတာလည်းရှိပါသေးတယ်။ ကျွန်မ တောင်အသိ မိတ်ဆွေများလို့ သူတို့ ဒီလိုလစာပိုများတာ သိတာပါ။ ဘာလို့လည်းဆိုတော့ ကျွန်မလို ရိုးရိုး ၀င်တဲ့ သူချင်း ခံစားချက်ချင်း မျှဝေချင်တော့ သူတို့လည်း ကျွန်မကို သူတို့ခံစားချက်ကို မျှဝေ ကြတာပါ။ ဒါကြောင့် အသိမိတ်ဆွေ တွေဆီကနေ ကျွန်မ သူတို့ အမျိုးတွေ လစာပိုတိုးတာကို သိခဲ့တာပါ။ ကျွန်မလည်း သိသိချင်း တော်တော်ကို ခံစားမိသွားတယ်။ ငါတို့လို လုပ်သက်ရင့်တွေတောင် သူတို့လောက် လစာမတိုးပါလားလို့။ဘုရား ဘုရား မြန်မာနိုင်ငံ ဒီမိုကရေစီ အစစ် မရသေးပါလားလို့။ ငါတို့ ဒီလို ခံနေရတာတွေ ပြောပြဖို့ ဘယ်သူ့ကိုသွားတိုင်ရမလဲ။ အဲဒီတော့ ရင်ဖွင့်ရုံပင် ဘာမှမတတ်နိုင်ပါလားလို့။ ဒါကြောင့် ILBC ၀န်ထမ်းတွေကိုမြင်တိုင်း စွတ်အထင်မကြီးစေချင်ပါဘူး။ ကျွန်မပြောတဲ့အထဲမှာ သူတို့အရည်အချင်း ကိုမဟုတ်ဘူးနော်။ အရည်အချင်းကတော့ တကယ်ရှိကြတဲ့သူတွေပါ။ တကယ်ကိုတော်ကြပါတယ် ။ လစာ မများပါဘူးလို့ နောက်ပြီး ကိုယ်ဝတ်တဲ့uniform ကို ကိုယ်တိုင် ပေးဝယ် ၀တ်ကြရပါတယ်လို့ ကြားဖူးအောင်ပြောပြတာပါ ဘယ်ကုမ္ပဏီမှ ၀န်ထမ်းဆီက uniform ဖိုးမတောင်းကြပါဘူး။ဒါပေမယ့် ILBC ချွင်းချက်ထဲမှာပါပါတယ်။ သူငယ်ချင်းတို့လည်း မကြားဖူးတာ ကြားရအောင်ပါ။ ပွင့်ပွင့်လင်းလင်းလည်း မပြောရဲကြပါဘူး ဘာလို့လည်းဆိုတော့ သိတဲ့အတိုင်းပဲလေ လူ့သဘာဝကိုက ကို့ကို မကောင်းပြောတဲ့လူရှိရင် အဲလူကို ဂွင်တွေ့ရင်တွေ့သလို နှိပ်ကွပ်တော့မယ်လေ။ ကျွန်မတို့မှာသူတို့ဖိတဲ့ အတိုင်းခံနေရဖို့ ၀ဋ်ကြွေးပါပြီလေ ပြီးတော့ ILBC Preschool က Head တွေအကြောင်း တစ်စေ့တစ်စောင်းလေး လည်းမျှဝေချင်ပါတယ်။ ဟဲဟဲ ကျွန်မက preschool ဘက်ကမဟုတ်လို့ ၀န်ထမ်းအချင်းချင်း စာနာမိတာလေးပါ။သူတို့မှာ Head တွေရှိပါတယ် တော်တော်ဆိုးတယ်လို့လည်းကြားပါတယ်။ လူသားအချင်းချင်းစာနာမှု ကိုမရှိသလောက်လို့လည်းကြားပါတယ်။ မိဘတွေရှေ့  ဟဲဟဲဟဲဟဲနဲ့ ဆရာမတွေဆိုရင် မျက်နှာက တစ်မျိုးဆိုပဲ။ ၀န်ထမ်းတွေလည်း လူတွေပဲလေ သူတို့ ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာရှိတာပဲလေ တစ်ခါတစ်ခါခွင့် ယူချင်လို့ ခွင့်သွားတိုင်ရင် မေးလိုက်တဲ့အကြောင်းအရာတွေများ ဆရာမတွေများ ခွင့်ယူပြီးလို့ Head အခန်းထဲက ထွက်လာရင် ငိုမဲ့မဲ့တွေ တစ်ချို့ ဆို ငိုတောင်ငိုရတယ်ပြောတယ်။ မိဘ နေမကောင်းလို့ ခွင့်တောင်းတာတောင် ဆေးရုံတက်စရာမလိုတဲ့အခြေအနေမျိုးမဟုတ်ရင် ခွင့်မပေးနိုင်ဘူးဆို ပြီး ရက်ရက်စက်စက်အပြောခံရတယ်လို့ပြောကြပါတယ်။ ILBC မှာ ၀န်ထမ်းတိုင်း တစ်နှစ်ကို ခွင့်ရက် ၁၀ ရက် ရပါတယ်။ အဲဒါ တရားဝင်ကို ပြဌာန်း ထားတာပါ။ ဒါကိုတောင် ခွင့်မပေးချင်ကြတဲ့ head တွေ ဘာကို မာနတွေ တက်ပြနေတာလဲဆိုတာမသိပါ။ ပြီးတော့ သူတို့နဲ့အပေးအယူ တည့်တဲ့သူနဲ့ မတည့်တဲ့သူနဲ့ ဆက်ဆံပုံချင်းကွာပါတယ်။ ဟို ကုလား ဆန်ဆန် ဆရာမ က ပိုဆိုးပါတယ် နာမည်တော့ သိပ်မသိပါ။ သူ့ထက်အကြီးတွေလာရင် သူ့မျက်နှာက တစ်မျိုး အငယ်ဆရာမတွေ ဆိုတစ်မျိုးတဲ့ စပရိန်မျက်နှာဆိုပဲ ။ ဆရာမတွေ သနားစရာကောင်းကြောင်းပါ။ မသိကြတာတွေ သိအောင် ပြောပြချင်တာလည်းပါပါတယ်။ အလုပ်ဆိုတာရှာရမလွယ်လို့ သာ တင်းခံလုပ်နေကြတဲ့လူတွေ ပါ။ မကျေနပ်တာလည်း တိုင်ခွင့်မရ တစ်ခါ တစ်ခါတွေးမိတယ် ဆရာ/ဆရာမတွေ အတွက် suggestion box လေးထားပေးရင် သိပ်ကောင်းမှာပဲလို့ နိုင်ငံခြား ကုမ္ပဏီတွေ အဲလိုထားပါတယ်။ ဒါကပြောရရင် နှစ်ဖက် နှစ်လမ်း အကျိုးရှိတဲ့ ကိစ္စလို့လည်း ထင်မြင် မိတယ် အဲကနေ အထက်လူကြီးပိုင်းတွေ Idea အသစ်ရရင် လည်းရမယ်လေ။ ဒါမှ ပိုတိုးတက်မယ်လို့လည်းထင်မိတယ်။ ပြီးတော့ တစ်ဦးတစ်ယောက်ရဲ့  Idea ကိုယူသုံးပြီး ဆုပေးစနစ်ကျင့် သုံးသွားရင် ဆရာ/ဆရာမတွေကိုလည်း motivate လုပ်ပေးရာရောက်ပါတယ်။ အခုတော့လား တခြား ကုမ္ပဏီတွေ နှစ်ကုန်ရင် bonus ဆိုတာ ILBC မှာမရှိပါ။ လခထုတ်တိုင်း retained salary ရှိပါတယ်။ အဲဒါကိုနှစ်ကုန်ရင် ထုတ်ပေးပါတယ်။ bonus မဟုတ်ပါ။ ကိုယ့်လစာကိုယ်ပြန် ရချင်းသာဖြစ်ပါတယ်။လတိုင်းဖြတ်သွားတဲ့ လစာကို စုစုထားပေးပြီး နှစ်ကုန်ပြန်ပေးတာပါ။ ဘာမှမထူးပါဘူး။ အဲဒါတောင်မှ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းနဲ့ အညီနေမှ အပြည့်ပေးတာပါ။ ကျောင်းနောက်ကျတာတို့ တစ်ခုခု အမှားလုပ်မိတာနဲ့ ကိုယ့်လစာကိုတောင် ပြန်သိမ်းမယ့် ဘီလူးစီး အကျင့် ကျင့်သုံးနေကြတာပါ။ ပြောရရင် ILBC ဆရာ ၊ဆရာမတွေ အကုန်ဆင်းရဲသားတွေပါ။ အဲကနေ ဖြတ်စားခုတ်တာကတော့ တော်တော်ကို လူမဆန်တာပါ။ ကိုယ်ချင်းစာတရာမရှိကြတဲ့ လူတွေပဲဖြစ်ပါတယ်။ သူတို့ နည်းနည်းလေးမှကို ကိုယ်ချင်းမစာတတ်ကြတာပါ။ ရေးတာလည်းရှည်ပြီဆိုတော့ ဒီလောက်နဲ့ပဲရပ်ပါတော့မယ်။ အားလုံး ကို အထူးလေးစားပါတယ်။

About kgmalay.girl

ကောင်မလေး ငယ်ငယ် has written 1 post in this Website..

   Send article as PDF