ကနေ့ မန်းလေးက ဘ,မွေးနေ့

panpanAugust 26, 20121min35348

ကနေ့ကတော့ဖြင့်…
အများသူငါတို့ သိထားပြီးကြတဲ့ မန်းလေးက အဘတြောက်ရဲ့ မွေးနေ့မင်္ဂလာ

အခါသမယပါပဲလား အရပ်ကတို့ငဲ့။
ဪ…အဘနာမည်လား
အဲ့အဘကတော့ ဘယ်သူလဲဆိုတာဖြင့် သိချင်ကြပေလိမ့်မယ်..သိချင်ကြပေမယ်
အဟမ်း! ဧတေန သစ္စဝစ္စေန…တဲ့
ဤမှန်သောသစ္စာစကားကြောင့်…အယ် ဘယ်တွေရောက်ကုန်ပါလိမ့်။
အိမ်း….သူကတော့ နာမည်တစ်လုံးနဲ့နေတဲ့လူပါပဲ
သူက အရမ်းကိုထောင်မောင်းထွားကျိုင်းတဲ့ လူထွားကြီးတစ်ယောက်ပါပဲလေ
အသက်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တစ်ယောက်မို့လား
(ချောတော့မချောရှာပေဘူးပေ့ါလေ)—ဤကား စကားချပ်။
သူ့မဒမ်လေးကိုလည်း အတော့်ကို ချစ်ခင်မြတ်နိုးရှာတယ်
စကားအရာမှာလည်း တတ်လိုက်တာမှ……
ဟာသတွေ ကဗျာလေးတွေနဲ့ ပြောတတ်ရေးတတ်တယ်လေ
သဘောလည်းကောင်းသလို ရှက်ကီလည်း သူခုံမင်တယ်လေ
ပြီးတော့ အလုပ်တွေလည်း တော်တော်နှံ့စပ်တယ်
ဂျိတ်လို့အခေါ် ကျောက်မျက်အရောင်းအဝယ်လုပ်မလား၊ ဖြစ်တယ်လေဖြစ်တယ်
ပြီးတော့ ဘောပွဲလည်းလောင်းတတ်သေးသမို့လား
အွင်းးး…..တလောလေးဆီက ရှမ်းပြည်ဖက်မှာ မြေရိုင်းမြေကွက်တွေ အစိုးရဆီက

ဝယ်လို့ရတယ်ဆိုတာလေးရယ်….နောက်ပိုင်း ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာလေးရော
အကြောင်းစေ့ ပေါင်းစပ်လို့ ပိုစ့်တင်သေးပါပကောလေ
ယာဉ်အိုယာဉ်ဟောင်း ပြန်သွင်းပြီး ကားတင်သွင်းလို့ရတော့မယ်ဆိုတုန်းက
သူတို့ဆီမှာ လူတစ်ယောက်ဟာ လေးဘီးကားလေးကို မနေ့တနေ့က ၁ဝသိန်းနဲ့ဝယ်ထားပြီး

နောက်တစ်ရက်နှစ်ရက်နေတော့ ၂၅သိန်းလာပေးပြီးအဲ့လူဆီလာဝယ်ကြကြောင်း
သူ ရွာထဲသတင်းပေးပိုစ့်တင်သေးသမို့ဟာ
ပစ်ပစ်ချန်တို့ နှမြောချက်တော်
ခုများ စလစ်လေးတစ်စောင် ၇၅၊ ၈ဝ အသာလေးကို…အာဟင့်

(လူထင်ကြီးအောင်ပြောတာရယ်၊ ဂယ်လည်း လက်ထဲ ပိုက်ချံမချိ :mrgreen: )
ပြောရင်းဆိုရင်း လေတောင်အတော်ရှည်လာမင့်ကို
တိခနဲ တုံးတိငုတ်စိ စကားစကို တောက်ခနဲ ဖြတ်ပါရစေတော့ အူးအူး ဒေါ်ဒေါ် ကိုကို မမ

မောင်ငယ် ညီမငယ် အပေါင်းတို့ငဲ့လေ
ကနေ့ကတော့ဖြင့်…
အနော့်ရဲ့ ခြစ်လှဆွာသော ဘပေရဲ့ မွေးနေ့ပါပဲဟူလို…………..။
တူနှဲ့တဲ့နှယ် ဗျောင်…တောင်တောင် တောင့် တိန်….ပိန် ပိန် ပိန်…… 😀

48 comments

  • မောင်ပေ ဆိုတာနဲ့ သခွားသီးကိုရေးဆေးတာဘဲပြေးမြင်မိတယ်။
    အတူတူ ပေကြရအောင် အသက်ကြီးတဲ့အထိနော်

  • ကို ခင်ခ

    August 26, 2012 at 1:11 pm

    ကိုပေ မွေးနေ့မှသည် နောင်နှစ်ပေါင်းကြာရှည်စွာ ပျော်ရွှင်မှု့များနဲ့ ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပါတယ်နော်။
    ယနေ့မှစ၍ ဘပေထိတိုင် တွေ့ဆုံ ငြင်းခုံ ပေကြရုံပေါ့။

  • Foreign Resident

    August 26, 2012 at 1:21 pm

    Happy Birthday ကိုပေ

  • Ko Khin Lwin

    August 26, 2012 at 1:22 pm

    မန္တလေးက ဘပေ တစ်ယောက်၊ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ၊
    ကျန်းမာခြင်းရောက်လို့ ချမ်းသာခြင်းမြောက်ပါစေ။

  • Inz@ghi

    August 26, 2012 at 1:24 pm

    ဟက်ပီဘာသ့် ဒေး ပါဗျာ ….
    ဆုမွန်ကောင်းတောင်းလိုက်ပါရဲ့ဗျို့…

    တာ့တာပါဗျာ…

    😛

  • YE YINT HLAING

    August 26, 2012 at 2:01 pm

    ကိုပေ ရေ — ယနေ့ မွေးနေ့မှသည် ဘဝ တလျှောက်လုံး ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းရင်း လောင်းသမျှ ဘောပွဲတိုင်း နိုင်၍ မောင်းတွေလည်း အောင်ပါစေဗျား —

  • ကိုရင်မောင်

    August 26, 2012 at 3:14 pm

    ဒီနေ့ကိုပေမွေးနေ့ဆိုပါလား……..
    ယနေ့မွေးနေ့မှ နောင်မွေးနေ့ပေါင်းများစွာ
    ကိုပေ တယောက်မိသားစုနှင့်အတူ ပျော်ရွင်ချမ်းမြေ့ခြင်းများစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့
    ဆုတောင်းလိုက်ပါတယ်…
    ……ခင်မင်စွာဖြင့် ကိုရင်မောင်……

  • kyeemite

    August 26, 2012 at 3:20 pm

    ဘဘပေရေ..ဟက်ပီးဘတ်ဒေးပါခင်ညာ..
    ဘောပွဲအောင်ပါစေ
    ကျောက်အောင်ပါစေ
    မိန်းမအောင်ပါစေကြောင်း
    ဆုမွန်ကောင်းတောင်းပေးပါဂျောင်းးးးးးးးး

  • kai

    August 26, 2012 at 3:29 pm

    အသက်တနှစ်ကြီး.. တနှစ်နီး.. တနှစ်ပြီးခဲ့ပြန်ပပေါ့…
    ထူးစေ ..မြူးစေ.. ရူးစေဗျာ…

    ‘Stay hungry, stay foolish’ – Steve Jobs

  • aye.kk

    August 26, 2012 at 3:30 pm

    မောင်ပေ..ရေ။
    မွေးနေ ့ရက်မြတ်မှသည်…။
    ကိုယ်စိတ်နှစ်ဖြာ…
    ကျမ္မာချမ်းသာ…
    စီးပွားတိုးသစ်…
    အနှစ်တရာ….
    လန်းဖြာပျော်ရွှင်….
    ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။(aye.kk)
    ————————————————————————————————————
    သို ့….
    ဂေဇက်ရွာနေ..
    ကိုပေဆိုတာ..
    ရှာဖွေတရား..
    ွှအလှများနဲ ့..
    ပျော်စရာကောင်းအောင်…
    ဟာသအပေါင်းနဲ ့
    သရဖူဆောင်းတတ်သူ။။

  • ဆူး

    August 26, 2012 at 4:04 pm

    မောင်ပေ.. ပျော်စရာ မွေးနေ့ ဖြစ်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေ။ ကျောက်အောင်ပါစေကွယ်။

  • ဘဲဥ

    August 26, 2012 at 5:32 pm

    မွေးနေ့မှာ ကဲနိုင်ပါစေဗျာ
    စော်ကြည် ထီပေါက် ပြီး ကမ်းခြေမှာ အလန်းတွေနဲ့ အပန်းဖြေနိုင်ပါစေဗျာ

  • nozomi

    August 26, 2012 at 5:35 pm

    မင်္ဂလာမွေးနေ့၊ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ
    ကျောက်အောင်၊ဘောနိုင် ပြီး မိန်းမချစ်ပါစေ

  • ပစ်ပစ်ချန်

    August 26, 2012 at 5:48 pm

    ရန်ကနားရဲ့ ဖန်တီးရှင် ကပေ
    မဒမ်ပေနဲ့ အကြောင်းသင့်ပါဇေ
    🙂 🙂
    (^_^)/

  • kotun winlatt

    August 26, 2012 at 5:49 pm

    ကိုပေရေ…ချီးးယားးးစ်…
    ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေဗျာ..
    မွေးနေ့မှသည် နောင်နှစ်များစွာတိုင်အောင် ဘဝမှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တထပ်တည်းကျပါစေခင်ဗျာ…
    လေးစားစွာဖြင့်…..
    (T.W.L)

  • ဖိုးထောင်

    August 26, 2012 at 5:52 pm

    ဘပေရဲ့ ၄၉ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ဝါရှောင်နိုင်ပါစေသား ညွှတ်ညွှတ်ညွှတ်

  • ကထူးဆန်း

    August 26, 2012 at 6:27 pm

    အခုလေးတင် ဖတ်တော့ ဆူး အထိဘဲ ရှိသေးတယ် ။
    ကျောက်အောင် ဘောနိုင် စော်ကြည် ထီပေါက် ကမ်းခြေမှာ ကဲ ရွာပျိူသူတွေကို များများခြစ်နိုင်ပါစေ ရေးမလို့ ။
    log in ဝင်လိုက်ကာ ရှိသေး ။ သူများတွေဦးသွားပြီဆိုတော့လည်း သူတို့လိုပါဘဲ ကိုပေရေ ။

    ဟက်ပီဘတ်ဒေး နှင့် နေပေါင်းများစွာ ဟက်ပီး ဖြစ်ပါစေ.။။။

  • candle .

    August 26, 2012 at 6:48 pm

    ဟတ်ပီးဘတ်ဒေး..ပါရှင့်

  • etone

    August 26, 2012 at 6:52 pm

    ချစ်ကိုကြီး ကပေရေ
    Happy Birthday ပါ
    စိတ်ကျန်းမာ ၊ လူချမ်းသာပြီး အရောင်းဝယ်တွေလည်းကောင်းပါစေနော် ….. ။ 😀

    ညီမလေးပန်ပန်ရေ သတင်းပေးတာ ကျေးဇူးပါချင့် 😀

  • ကိုရင်စည်သူ

    August 26, 2012 at 7:02 pm

    ကိုပေ… happy birthday!!!!
    ကြံတိုင်း အောင် ဆောင်တိုင်း မြောက်ပြီး
    မွေးနေ့ကျော်တာနဲ့ ဘောလုံးရာသီတစ်ရာသီစာ
    မှန်းသမျှ မြေကြီးလက်ခတ်မလွဲအောင်ပါစေ..
    အောင်ပါစေ…
    ၈ ဂဏန်းသမားကြီးလား…
    ကိုပေ..က….
    အဲ့ဂလို.. ဆို.. ဆို… 🙄 🙄

  • ကြောင်ကြီး

    August 26, 2012 at 7:04 pm

    ကပေ ကပေ
    လူငမြွေ
    အသက်အလွန်ရှည်၊
    ်ရုပ်ချောစိတ်ကောင်း
    ဘောပွဲလောင်း
    ဒိုင်များကြီးပွားဂျောင်း၊
    ဒါလည်းမမှတ်
    ဆက်ချီတက်
    ယောက္ခမဂျီးကနှက်၊
    နိုင်တဲ့အခါ
    စည်ဘီယာ
    အလန်းလေးလည်းပါ၊
    ရှုံးသွားရင်တော့
    မျက်နှာပျော့
    အိမ်ကမိန်းမချော့၊
    ဂလိုနဲ့ပဲ
    တနှစ်ကြီး
    ဘောပွဲဝိဇ္ဇာဂျီး..။ 🙂

  • မောင်ပေ

    August 26, 2012 at 7:19 pm

    ဟုတ်ကဲ့ပါ…
    ဆုမွန်ကောင်းများပို ့သပေးကြတဲ့
    ဦးခိုင်နဲ ့အားလုံးသော ချစ်မိတ်ဆွေများ ၊ အထူးသဖြင့် အနော့်မွေးနေ ့အတွက် စာစီပေးသော ဆုမွန်ကောင်းတောင်းပေးကြသောပစ်ပစ်ချန်လေးနှင့် ညီငယ်အင်ဇာဂီ ( ဘောပွဲခန် ့မှန်းနေကြဆိုတော့ ၊ ဒီမှာလဲ ခန် ့မှန်းကြည့်ပါတယ် ၊ လွဲရင်လဲ လွဲသွားတယ်မှတ်ဂျဘာ ) တို ့အားလုံး အားလုံး
    လေးစားကျေးဇူးတင်ရှိပါတယ် ခင်ဗျား
    စာရေးစာဖတ်ဝါသနာပါသူ မောင်ပေ သည် မန်းတလေးဂေဇက်တွင် ပထမဆုံး စာစရေးဖူးခြင်းဖြစ်ပါတယ် ခင်ဗျာ ။ တခြား ဘယ်ဝက်ဆိုက်မှာမှ မရေးခဲ့ဖူးပါ
    ထို ့အတူ ကျွန်တော့်ရဲ ့ဝါသနာရှင်အဆင့်သာသာ ရေးခဲ့သော စာလေးများကို ဖတ်ရှုအားပေးခဲ့ကြတဲ့ မန်းတလေးဂေဇက်က ချစ်မိတ်ဆွေများအားလုံးလဲ ၊ ကျွန်တော်ရရှိတဲ့ ဆုတောင်းများအတိုင်း ဖြစ်ကြပါစေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဗျား
    အူးကြောင်ကြီးရဲ ့ကဗျာကွန်မင့် ကိုတော့ ကျွန်တော် အရမ်းကြိုက်မိလို ့ဘက်စ်ကွန်မင့်အဖြစ် ရွေးခြယ်လိုက်ပါတယ် ခင်ဗျား
    အားလုံးကို ခင်မင်ကျေးဇူးတင်စွာဖြင့်
    မောင်ပေ

    • ကိုရင်စည်သူ

      August 26, 2012 at 7:43 pm

      အမငီး.. ဂေဇက်ရောက်မှ စာစရေးပေမဲ့… မန်ယူက ငယ်မွေးခြံပေါက်ကြီး
      ဘက်ခမ်းအလား.. ကစ်ကောင်း၊ ရုပ်ဖြောင့်၊ သဘောကောင်း၊ စော်ကြည်
      ဒူးရှည် ဦးပေ ပါနော့… ဟီးးး 😀 😀 😀
      ဂေဇက်ကွင်းမှာပဲ တစ်သက်လုံး ကွင်းမပြောင်းပဲ ကန်နိုင်ပါစေလို့ မျှော်လင့်ပါတယ်ဗျာ… 🙂
      ရန်ကုန်ပြန်လို့ စီးပွားမကောင်းရင် ဦးပေဆီမှာ တပည့်လာခံပါမယ်ဗျာ…

      မဂ္ဂင်မရှာ တစ်လုံးဂွင်ရှာနေတဲ့
      Yours ကိုရင်စည်…

    • ပစ်ပစ်ချန်

      August 26, 2012 at 7:59 pm

      ရက်စ်
      အနော် ကပေ့တွက် မွေးနေ့လက်ဆောင်၊၊၊၊၊။။။။

    • P chogyi

      August 27, 2012 at 9:28 am

      အသက် ၁၂ဝ ကျော် ပေစေသော်။

  • MaMa

    August 26, 2012 at 7:57 pm

    မန်းလေးက ဘ တစ်ယောက်ရဲ့ မွေးနေ့ဆိုတော့ ဘယ်သူများလဲ အောက်မေ့တယ်။
    အော်….. မောင်ပေ တောင် ဘပေ ဖြစ်ပါပကောလား……. [:*]
    စိတ်ကြံတိုင်း ပေါက်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဘပေ။ :mrgreen:
    နောက်ကျတဲ့ မွေးနေ့ဆုတောင်းလေးအတွက် အစားဖြည့်ပြီး လိုတိုင်းတ၊ တတိုင်းရ ပြည့်ဝပါစေလို့ …….

  • Moe Z

    August 26, 2012 at 8:21 pm

    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကိုပေ
    အပေါ်ကလူတွေတောင်းတဲ့ဆု အားလုံးပြည့်ပါစေ 🙂

  • ရာဇဝင်လူဆိုး

    August 26, 2012 at 9:24 pm

    မွေးနေ့မှာပျှော်ရွှင်ပါစေ ကိုပေ..နောင်နှစ်ပေါင်းများစွာတိုင်အောင်။ မွေးနေ့အမှတ်တရ အပိုင်တစ်ပွဲပဲ ပြော..ကိုပေ။ ဒီနေ့ စောင့်ဖတ်နေပါတယ်ဆိုမှ မွေးနေ့နဲ့တိုက်ဆိုင်တော့ ကိုပေ ဘောပို့စ် မတင်တော့ဘူး..။ ဘာပဲဖြစ်ဖြစ် Happy Birthday ပါ ကိုပေ….. Fighting !!!!!!

  • padonmar

    August 26, 2012 at 9:55 pm

    ံံ့Happy Birthday ပါ မောင်ပေရေ။
    လက်ဆောင်လည်းပို့ထားပါတယ်။

    • manawphyulay

      August 27, 2012 at 9:34 am

      တီတီနော် မီးမွေးနေ့ကျတော့ ပို့ဘူး။ တော်ထော်တော့ဘူး။

      မောင်ပေက အသက်ဘယ်လောက်ပြည့်တာပါလိမ့်

      ဟတ်ပီးဘတ်ဒေး……….. ဒူးယူ

  • pyopyo may

    August 26, 2012 at 10:19 pm

    ပျော်ရွှင်စရာ
    မွေးနေ့ တစ်ရာ တိုင်ပါစေ
    လိုရာဆန္ဒ ပြည့်ပါစေ

  • surmi

    August 26, 2012 at 10:31 pm

    ကိုပေရေ
    နောက်ကျနေတာခွင့်လွှတ်ဗျာ
    မွေးနေ ့မှသည် လိုတရတဲ ့ဘဝ သက်ဆုံးတိုင်ရပါစေဗျာ

  • amatmin

    August 27, 2012 at 9:10 am

    ကိုပေရေ.မွေးနေ့ဆုတောင်းဖို့ နောက်ကျသွားသဗျ..
    ကျန်ခဲ့တဲ့နေ့ရက်တိုင်း မှာဘာတွေပဲဖြစ်ခဲ့ပါစေ.. 🙂
    မင်္ဂလာရှိသော မွေးနေ့ရက်မှစ၍ နေ့တိုင်းပျော်ရွှင် နိုင်ပါစေလို့..
    ဆန္ဒပြုပါတယ်ဗျာ..

  • Ma Ei

    August 27, 2012 at 9:43 am

    မောင်ပေရေ…
    စိတ်သွားရာ ကိုယ်ပါ
    လိုရာရပါစေကြောင်း
    ဆုတောင်းပေးပါတယ်…

  • Novy

    August 27, 2012 at 10:24 am

    ကပေ
    စိတ်သွားတိုင်းကိုယ်ပါသောကြောင့်
    ဘီဘီဆိုင်နဲ့ မကင်းသောကိုပေ
    မိန်းမရိုက်ချင်းမှ ကင်းဝေးပါစေလို့

  • Khaing Khaing

    August 27, 2012 at 10:35 am

    ဦးဦးပေ (ဦးပြောင်ကြီး) လိုအင်ဆန္ဒတွေပြည့်ဝပြီး ရွာထဲမှ စကီးလေများစွာကို အငမ်းမက ငမ်းနိုင်ပါစေ ….လို့ဆုတောင်းပေးလိုက်ပါတယ် ……….

  • ရွာစားကျော်

    August 27, 2012 at 10:41 am

    ပေးနေကျ မွေးနေ့ဆု လေး တောင်းပေးလိုက်မယ်
    အပေါ်က ရွာသူားတွေရဲ့ ဆုတောင်းအားလုံးနဲ့ အမြန်ဆုံး ပြည့်ဝပါစေ.. ကိုပေရေ..

  • ရွှေ ကြည်

    August 27, 2012 at 10:50 am

    နောက်တောင်ကျနေပြီလား မသိ။
    အူးပေ နောင်နှစ်ပေါင်းများစွာကျန်းမာပျော်ရွှင်ပါစေ။ ပျော်ရွှင်သောမိသားစုဘဝကိုတည်ဆောက်နိုင်ပါစေလို့။
    ၈ လပိုင်းမွေးတဲ့သူတွေက ရုပ်ချော၊ သဘောကောင်း တွေပါပဲ 😀

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • မောင်မောင်ဂေါက်

    August 27, 2012 at 10:55 am

    ရောင်းရင်းကြီး အဖန်တရာရီ အေအေပူး ..
    မွေးနေ့မှစ၍ နှစ်ပေါင်းများစွာ တိုင်အောင်
    ကျွန်ုပ်ကဲ့သို့ ဂေါက်နိုင်ပါစေ .. အဲလေ .. ဖြောင့်တန်းသော ခရီးလမ်းကို လျောက်လှမ်းနိုင်ပါစေလို့ ..

    ချစ်တဲ့ ..
    မောင်မောင်ဂေါက်

  • lynn lynn

    August 27, 2012 at 11:14 am

    ကိုပေရေ အရမ်းနောက်ကျနေပေမယ့် အခုမှ ရွာထဲဝင်မိလို့ အခုပဲ ဆုတောင်းပေးလိုက်ပါတယ်။ ကိုပေအမြဲ ပျော်ရွှင်ပါစေ။ စိတ်ချမ်းသာပါစေ။

    ခင်တဲ့
    လင်းလင်း

  • weiwei

    August 27, 2012 at 11:42 am

    မေပေါင် မွေးနေ့လား …
    အခုမှ ဖတ်မိလို့ နောက်ကျသွားပေမယ့် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …

  • mocho

    August 27, 2012 at 1:30 pm

    ပျော် ရွှင် စရာ မွေးနေ့ ဖြစ်ပါစေ……ကို ပေ။
    အပါ် ကတစ်ယောက် ပြော သလို တကယ် ကြီး ၄၉ နှစ်လား။

  • pooch

    August 27, 2012 at 1:50 pm

    ဟတ်ပီဘတ်ဒေးပါ ဘပေ။
    လက်ဆောင်က ခဏတော့ သီးခံ ။ ခရီးက ပြန်လာရင် ဝယ်ခဲ့ပေးမယ်။ အဲကျမှ အတိုးနဲ့ အရင်းပေါင်းပြီး ပေးတော့မယ်။ 😀

Leave a Reply