“မန်းတောင်ခြေမှ ကုသိန္နာရုံဘုရား(အင်ကြင်းတော)”

1 မန်းလေးတောင် တောင်တက်လမ်းအစ
2 အဝေးကမြင်ရတဲ့စေတီ

 

3 ကုသိန္နာရုံဘုရားပေါ်တက်ဘို့လှေခါး
4 ဘေးဘက်က မြင်ရတာပါ
5 ဒီလှေကားလေးအတိုင်းတည့်တည့်တက်သွား
6 အနီးကပ်စေတီတော်
7 အတွင်းထဲသို့အဝင်လမ်း

 

8 အဝင်ဝက နာမတော်

 

9 အဝင်မှာထုထားတဲ့ ပုံတော်
10 အတွင်းထဲ သို့အရောက်
11 အတွင်းထဲကလျောင်းတော်မူကိုယ်တော်
13 ဦးခန္တီပျံလွန်တော်မူစဉ်က ထည့်သွင်းခဲ့တဲ့ မှန်တလားနဲ့ကျောင်းဆောင်
14 ဦးခန္တီနဲ့ဘီလူး မောင်နှံ
15 ဥိးခန္တီရုပ်ထု
16 အစွန်ဆုံးက ဇီဝကရုပ်ထုပါ
17 ဦးခန္တီ မတ်တပ်ရပ် ရုပ်ထု
18အတွင်းမြင်ကွင်း
19 အတွင်းထဲက ရှေးဟောင်းဘီဒို
20 အထွက်မှာ တစ်ခါထပ်ဖူးတယ်ဗျာ
21 ဒီစောင်းတန်းလေးအတိုင်းပြန်ဆင်းလာခဲ့ပါတယ်

“မန်းတောင်ခြေမှ ကုသိန္နာရုံဘုရား(အင်ကြင်းတော)”

 

ပြီးခဲ့တဲ့နှစ်အတော်ကြာကြာက မန်းလေးတောင်ခြေမှာရှိတဲ့ကုသိန္နာရုံဘုရားကိုဘက်စုံမွမ်းမံတယ်ဆိုတာ သတင်းစာထဲမှာဖတ်လိုက်ရပါတယ်၊

ဒါပေမယ့်လည်းမေ့မေ့ပျောက်ပျောက်။

ပြောရမယ်ဆိုရင်လဲ ဒီဘုရားဘယ်နားမှာရှိတယ်ဆိုတာကို မသိပါဘူး။

နောက်တော့မန်းလေးတောင်ပေါ်ကိုရော တောင်ခြေကိုရော ခဏခဏရောက်ပေမယ့် ဒီဘုရားကို မရောက်ခဲ့ပါဘူး။

စိတ်ဝင်စားပေမည့်လည်း သေချာတော့ မမေးမိ။

25-8-2012နေ့မှာတော့ မန်းလေးတောင်ခြေမှာနေတဲ့ အသိတစ်ယောက်အိမ်ကို သွားဖြစ်ပါတယ်။

မဒမ်ပေါက်တို့ စကားပြောနေတုန်းကျနော်က ကတော့ တောင်တက်လမ်းအတိုင်းလမ်းလျောက်ထွက်ခဲ့ပါတယ်။

အဝင်စနားမှာအပေါ်မော့အကြည့် ထူးခြားတဲ့ပုံစံနဲ့တည်ထားတဲ့ ဘုရားတစ်ဆူကိုဖူးမြင်ရပါတယ်။

ရှေ့ဆက်လိုက်တော့မှာ “ကုသိန္နာရုံ အင်ကြင်းတော” ဆိုတဲ့ဆိုင်းဘုတ်ကိုမြင်မိမှ ကျနော်မရောက်ဘူးသေးတဲ့

ဘုရားဆိုတာသိလိုက်ရပါတယ်။

အဲဒါနဲ့စောင်းတန်းလေးအတိုင်း အပေါ်တက်၊

အဝင်ဝမှာ ကုသိန္နာရုံဆိုတဲ့စကားလေးကို ဘိုလိုရေးမိတာကို မြင်မိပါတယ်။

အထဲမှာတော့ လျောင်းတော်မူကိုယ်တော်တစ်ဆူ။

နောက်အင်ကြင်းတောဆိုတဲ့အတိုင်း အင်္ဂတေတိုင်လုံးများကို သစ်ပင်ပုံစံတည်ထားပါတယ်။

လျောင်းတော်မူကိုယ်တော်ရဲ့ ခြေရင်းဘက်မှာတော့ ရသေ့ကြီးဦးခန္တီ အာလာဝကဘီလူးနဲ့ စန္ဒမုခိဘီလူးမ ပုံတော်

ခေါင်းရင်းဘက်မှတော့ ဇီဝကအပါအဝင်ရုပ်ထုသုံးခု စာတွေကပျက်နေတော့ဖတ်ရပါ။

ဘုရားကျောဘက်မှာတော့ မတ်မတ်ရပ်နေတဲ့ ရသေ့ကြီးဦးခန္တီရုပ်ထုတွေကိုဖူးဖြင်ရပါတယ်၊

နောက်ဦးခန္တီကွယ်လွန်စဉ်က ရုပ်ကလပ်ကိုထည့်ထားခဲ့တဲ့ ယာယီစံကျောင်းနဲ့ရေးသေတ္တာတစ်လုံးကိုမြင်ရပါတယ်။

အင်မတန်သေသပ်တဲ့လက်ရာများကိုနံရံတွေပေါ်မှာမြင်ရပါတယ်။

အချိုးအစားကျနတဲ့လျောင်းတော်မူကိုယ်တော်ကြီးကို ဖူးမျှော်ရပါတယ်။

ထုံးစံအတိုင်းလက်ဆော့လို့ စောင်းတန်းအတိုင်းပြန်ထွက်လာခဲ့ပါတယ်။

ကဲမန်းလေးတောင်တက်မယ်ဆိုရင် အသွားလမ်းမှာဝင်ဖူးဘို့မမေ့နဲ့နော်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(25-8-2012)

 

 

 

10 comments

  • သစ် တည်

    September 5, 2012 at 2:13 pm

    ဂုမဘဲဝင်လို ့ရတော့တယ်
    အားပေးသွားပါတယ်ခင်ဗျာ……..

  • မမ အညာသူ

    September 5, 2012 at 2:43 pm

    ညာမန်းဂေဇက်ကိုမရောက်တာတော်တော်ကြာနေပြီ…….
    လေးပေါက်ရဲ့ပုံလေးတွေကို ကြည်ညိုဖူးမျော်သွားပါတယ်နော်…..
    မန်းဂေဇက်ကညာ့ကိုမေ့နေပြီလားတောင်မသိတော့ဘူး……..
    မရောက်ဖြစ်တာကြာပေမဲ့သတိရလျှက်ပါ…………

  • ခပ်မိုက်မိုက် ကောင်မလေး

    September 5, 2012 at 2:49 pm

    ကိုပေါက်ရဲ့ မြန်မာပြည်အလှနဲ့…
    ပုံတော်လေးတွေကို ဖူးမြော်သွားပါတယ်…
    မိုက်လေး တို့ရောက်ခဲ့ရင်…
    ဘယ်နားလေးက ဘယ်နေရာတွေမှာ ကိုပေါက် ရိုက်ခဲ့တဲ့…
    ပုံတော်လေးတွေဆိုတာကို…
    အမှတ်ရမိပြီး သတိထားမိမှာ အမှန်ပါပဲ…
    ဖူးေမြော်လို့ ရောက်ဖူးချင်မိပါတယ်…။

  • ကိုခင်ခ

    September 5, 2012 at 4:32 pm

    မန်းမှာနေပေမယ့် မသိလို့မရောက်သေးဘူး၊ ဒီတပတ်ရုံးပိတ်ရက်တော့ မဒမ်ခခေါ်ပြီး သွားလိုက်အုံးမယ် ကိုပေါက်ရေ ကျေးဇူးပါ။

  • မောင်ပေ

    September 6, 2012 at 1:22 pm

    မန်းတလေးသားဖြစ်ပေမယ့်
    တစ်ခါမှကို မရောက်ဖူးသေးဘူးရယ်
    ဒီတစ်ခါ အားရင် သွားဖူးမယ် ၊ အပြန် အတွဲချောင်းမယ်ဗျား

  • မန်းလေးကိုရောက်လာတဲ့ ရွာသူားတိုင်းကို မန်းလေးမှရွာသားများကလိုက်ပို့ပေးဘို့အဆင်သင့်ပါ။

  • may flowers

    September 6, 2012 at 2:17 pm

    တကယ်နော်လေးပေါက် ကတိပေးပြီးသွားပြီနော်..လေးပေါက်ရို်က်ပြပေးတဲ့ပုံလေးတွေကြည့်ပြီး

    မန္တလေးကို လာလည်ချင်နေတာ လာဖြစ်ရင်ဆက်သွယ်လိုက်မယ်နော် ပုန်းမနေလောက်ပါဘူးနော်..။

Leave a Reply