ကုသိန္နာရုံ အတွင်းနံရံများထက်မှ

1 လျောင်းတော်မူ ဖူးမြင်ပုံ တစ်
2 အနီးကပ်ဖူးမြင်ရပုံ
3 အတွင်းထဲမှာ အစောင့်တစ်ယောက်တော့ရှိတယ်
4 ခြေရင်းကဖူးမျှော်
5 ခြေရင်း တည့်တည့် က မြင်ကွင်း
6 ဒါကလဲ ခြေရင်းက
7 ခြေဖဝါးတော်အစုံ
8 အရှေ့တောင်ဘက်က မြင်ကွင်း
9 အရှေ့ဦးခေါင်းးတော် တည့်တည့်
10 နံရံထက်က ဇီးကွက်ကလေးတွေ

 

11 ငှက်နဲ့ တောက်တဲ့
12 ငှက်ပေါင်းစုံ
13 ငှက် မြွေ ငါး

 

14 ငှက်နဲ့အိမ်မြောင်
15 ငှက်ရယ် မြွေရယ် ဟိုတစ်ကောင်ကတော့ ဘာမှန်းမသိဘူး မျှော့ထင်တာဘဲ
16ငှက်ကတော့ပုံတိုင်းမှာပါတယ်
17 အကောင်စုံစုံ
18 အနုစိတ်လက်ရာမျျားဖြင့်
19 ဒေါင်းကလေး………………………..
20 မြောက်မင်း

 

21 အစုံအစုံသော
22 ရုပ်လုံးကြွဆိုတဲ့အတိုင်းတကယ့်ကိုကြွတက်နေပါတယ်

 

“ကုသိန္နာရုံနံရံထက်မှာ ရုပ်ထုများ”

 

ကုသိန္နာရုံဘုရားအတွင်းထဲကတည်ထားပုံတွေက ထူးခြားပါတယ်။

အင်္ဂတေတိုင်တွေက အကွေးအဝိုက်တွေနဲ့တည်ထားပါတယ်။

တိုင်တွေပေါ်မှာရွှေရောင်ကနုတ်ပန်းတွေနဲ့ပန်းပွင့် တွေနဲ့အလှဆင်။

အဲဒီတိုင်တွေပေါ်မှာလည်း တိရိစ္ဆာန်ပုံလေးတွေဆွဲထား။

အရည်အတွက်များများတွေ့ရတာကတော့ ဇီးကွက်ရုပ်။

ကုသိန္နာရုံအင်ကြင်းတောဆိုတော့ အကောင်ပလောင်အစုံထည့်ထားပါတယ်။

 

လျောင်းတော်မူကိုယ်တော်ကြီးကတော့ အချိုးအစားကျနလွန်းပါတယ်။

ခန်းမကြီးတစ်ခုလုံးမှာမှ ကျနော်ရယ် အဲဒီထဲမှာနိဗ္ဗာန်ဆော်အဖြစ်တာဝန်ထမ်းနေသူတစ်ယောက်ရယ်

နှစ်ယောက်ထဲ။

အစောကတော့ သံဃာတော်နှစ်ပါးဝတ်ပြုလို့နေတာကိုတွေ့ရ။

လျောင်းတော်မူကိုယ်တော်ကြီးကို ဒေါင့်ပေါင်းစုံကနေ မှတ်တမ်းတင်မိပါတယ်။

ဘုရားတိုင်တွေအပေါ်ပိုင်းမှာတော့ရွှေရောင်နဲ့ ရုပ်လုံးကြွပုံတွေထုလုပ်ထားပါတယ်။

ဒီနေရာလေးက လူသိနည်းပြီးလူအရောက်အပေါက်နည်းတဲ့နေရာလေးဖြစ်ပါတယ်။

မမြင်ဘူးသူများ သွားချင်စိတ်ပေါက်လာအောင်မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(26-8-2012)

 

 

 

14 comments

  • မောင်ပေ

    September 6, 2012 at 11:54 am

    လက်မ ပဲမြစ်စ် လေး ထောင်ပြီးအားပေးသွားပါတယ်
    ခစ်ခစ်
    အဆိုပါကိစ္စနဲ့ ပက်သပ်ပြီး ကြိုက်သလို သဘောထားကွဲနိုင်ပါကြောင်း

  • ဘယ်လိုပဲအားပေးပေး
    ဝင်ကြည့်တယ်ဆိုရင်ကို ကျေးဇူးတင်ပါ၏။
    ကျနော်ကတော့ ကျနော်လုပ်စရာရှိတာကို မှန်မှန်ဆက်လုပ်နေမှာပါ။
    ပုံတင်တာ စာရေးတာကိုပြောတာပါ။
    နောင်လုပ်ခွင့် မသာတဲ့အချိန်ရောက်မှ ငါမလုပ်ခဲ့ရလေခြင်းလို့နောင်တမရချင်လို့ပါ.

  • surmi

    September 6, 2012 at 12:49 pm

    ကျနော်မန်းလေးမှာ အတော်ကြာကြာနေဖူးတယ်
    ဒါပေမဲ ့ ဒီနေရာကိုမသိဘူးဗျ
    ဘယ်နေရာလဲအစ်ကိုရေ ့ ။ ကျနော်နေခဲ ့တာ ၉၁ လောက်ကပါ
    မြင်ကွင်းတွေတော ့ပြောင်းနေပြီပေါ ့

      • surmi

        September 6, 2012 at 1:24 pm

        ကျနော်မှားတာအစ်ကိုရေ
        ခုမှပြန်ကြည် ့ဖြစ်တာ ဟိုရက်ကရွာထဲဝင်မရလို ့ဟဲဟဲ
        ရောက်တာကတော ့မရောက်ဖူးဘူး
        ဒီနွေ လာဖြစ်ရင် ဝင်ဖူးအုံးမယ်

  • may flowers

    September 6, 2012 at 2:06 pm

    ဘုရားလည်းဖူး ကုသိုလ်လည်းယူပြီး စိတ်ကြည်နူးစရာပုံလေးတွေအတွက် ကျေးဇူးပါ လေးပေါက်။

  • etone

    September 6, 2012 at 2:48 pm

    လေးပေါက်ကြီးကို အကြိမ်ကြိမ်အားကျမိရင်း … မနာလိုတောင် ဖြစ်လာပြီ …… ဟီး :mrgreen:
    ကိုယ့်ကိုယ်ကို ပဲ့ကိုင်နိုင်မယ့် အလုပ်ချိန်မျိုးကို လိုလိုလားလားတောင့်တမိလို့ပါ ။
    အိမ်နဲ့ အလုပ်ခွင် ပတ်လည်ရိုက်နေရတဲ့ ဘဝမှာ အခုလို ဓါတ်ပုံလေးတွေ ကြည့်ပြီးပဲ ခရီးထွက်နိုင်တယ်လေ ။
    ဓါတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်ချင့် ။ 🙂

  • မယ်တုံရေ
    ကျနော်လည်းငယ်ငယ်က မယ်တုံတို့လို့ အလုပ်ကို ကုန်းရုန်းလုပ်ခဲ့ရပါတယ်။.
    တစ်သက်လုံးသူများဝန်ထမ်းဘဲလုပ်လာတဲ့သူကုးိဗျ။
    အခုတော့ မနက်အစောထဓါတ်ပုံရိုက်
    အလုပ်သိမ်းတဲ့အချိန် မှီရင် ဓါတ်ပုံပြေးရိုက်။
    ဥပုဒ်နေ့အလုပ်ပိတ်တဲ့နေ့မှာ ကိုယ်သွားချင်တဲ့နေရာလေးကို အပြေးအလွှားသွား။
    ဓါ်တ်ပုံရိုက်။
    မန်းလေး ကတစ်ခုကံကောင်းတာက ဆိုင်ကယ်လေးတစ်စီးရှိရင်နေရာအနှံ့ရောက်ခွင့်ရတာပါဘဲ။
    အဲတော့ စိတ်သွားတိုင်းကိုယ်ပါ.။
    အချိန်ကတော့ လူတိုင်းရထားတဲ့ 24နာရီကို ကိုယ်တွက်ကျန်အောင်ဖဲ့ထုတ်ယူရတာပါဘဲ.။
    ကိုယ်လုပ်ချင်တာလေး လုပ်ခွင့်ရတာကတော့ ကံကောင်းတယ်ဆိုနိုင်ပါ

  • ကိုခင်ခ

    September 6, 2012 at 3:19 pm

    မရောက်ဖြစ်သေးလို့ ဒီတစ်ပတ်ရုံးပိတ်ရင်သွားမယ်ဆိုမှ ဒီလူကြီး ပုံအမျိုးမျိုးတင်နေတယ်။
    ကိုပေါက်နော်။

  • Shwe Ei

    September 6, 2012 at 4:55 pm

    လေးပေါက်ရေ ပုံ၂၁မှာပါတာ ငါးရှဉ့်ထင်တယ်။ 😀

  • Shwe Tike Soe

    September 7, 2012 at 1:23 pm

    ဟလိုလေးပေါက် အားပေးသွားပါတယ် ချင့်… အဲ ဗျ
    ဟိုတစ်ခေါက်က မန်းလေးလာတာ အရမ်းအလုပ်ရှုပ်ပြီး အချိန် နှစ်ရက်ပဲရလို. မဆက်သွယ်ဖြစ်တာပါ…

    အဲဒီလေးပေါက်ကြီးကို မုန်းထာ ဆိုင်ကယ်တစ်စင်းနဲ. သွားချင်တိုင်းသွာ ရိုက်ချင်တိုင်းရိုက်နေတာ… ဟွန်.

Leave a Reply