ကြာပင်အိုင်အလွမ်းပြေ…………………………………

1 မန်းေးလးက ကန်လည်လို့ခေါ်ကြတဲ့ အေးမြတဲ့လမ်းကလေး
2အခုတော့ချောင်းရေပြင် အရင်ကတော့ ကြာပင်အိုင်ကြီးရှိတဲ့နေရာပေါ့ဗျာ
3 ချောင်းရေပြင်ရဲ့အရှေ့ဖက်မှာက ရန်ကင်းတောင်တော်နဲ့ရှမ်းရိုးမ
4 ဟိုတစ်ဘက်ကမ်းမှာတော့ စိမ်းမြတဲ့လယ်ကွင်းတွေ
5 ဟိုဘက်ကမ်းကိုလှမ်းကြည့်တော့ လွမ်းမိပြန်ပါတယ်
7 ရေထဲမှာ သစ်ပင်အရိပ်လေးတွေကျနေတာက ချစ်စရာ
8 အနောက်ဘက်ကိုလှမ်းကြည့်တော့ ကောက်ပင်တွေနဲ့တစ်မျော်တစ်ခေါ်
9 ရင်ထဲမှာအေးသွားအောင်စိမ်းမြ
10 ချစ်စရာ့ကြာရွက်ကလေးတွေ
11 ဟိုး……………….အနောက်ဘက်မှာ ငွေရောင်တိမ်တောင်ထုမြင်ရတော့ ……………………..
12 ချောင်းရိုးတစ်လျောက်အရှေ့ဘက်မြင်ကွင်းလေး အဝေးမှာ တိမ်တောင်ထု
13 တောင်ဘက်ကမ်းက လယ်တောအိမ်ကလေး
14 ရေထဲအရိပ်ကျပုံက လှပ
15 ဒီတံတားလေးကနေဟိုဘက်ကမ်းကိုကူးသွားမယ်လေ

“ကြာပင်အိုင်အလွမ်းပြေ…………………….”

 

 

ပြီးခဲ့တဲ့ဥပုဒ်နေ့ နေ့လည်ပိုင်းမှာတော့  မိုးကလေးကခပ်အုံ့အုံ့။

ဘယ်သူနဲ့မှချိန်းထားတာလဲမရှိတော့ အောင်ပင်လယ်ဘက်သွားချင်စိတ်ပေါ်လာပါတယ်။

အရှေ့ဘက်ကိုလှမ်းကြည့်တော့ တိမ်တွေလှနေတာကလည်း ဓါတ်ပုံရိုက်ထွက်ဘို့ ဆွဲဆောင်သလိုလို။

ဒါနဲ့ဘဲ ကင်မရာဓါတ်ခဲအပိုထည့် မင်မိုရီကဒ်အပိုဆောင် မိုးကာအကျီ်လေးကို ထည့်လို့

ထွက်လာခဲ့ပါတော့တယ်။

နေ့လည်နှစ်နာရီထိုးလောက်ပေါ့။

ဆိုင်ကယ်စီးလာနေရင်းနန်းရှေ့လဲရောက်ရောမိုးအုံ့နေရာကနေ ရာသီဥတုက  ပူလာပါတယ်။

ဒါနဲ့ 62လမ်းအတိုင်း ဆိုင်ကယ်ကို ခပ်သွက်သွက်မောင်းရပြန်သပေါ့။

ဒီဘက်ခြမ်းမှာပူနေပေမယ့် မန်းလေးနဲ့ပုသိမ်ကြီးကို စည်းခြားထားတဲ့ သံလမ်းကိုလဲကျော်ရော

လမ်းဘေးမှာတန်းစီနေတဲ့ သစ်ပင်တွေကြောင့်အေးမြသွားပါတယ်။

နန်းဦးလွင်ရွာကိုကျော်လာလိုက်တော့ အရင်ရှိနေကျ ကြာအိုင်နေရာမှာ ရေမြောင်းကျယ်ကြီး

ကိုတွေ့လိုက်ရပါတယ်.။

အရင်ကတော့ ဒီနေရာမှာနန်းတော်ရှေ့ဆရာတင် သီချင်းထဲက ကြာပင်အိုင်ကြီးရှိခဲ့ဘူးသပေါ့။

လွန်ခဲ့တဲ့သုံးနှစ်လောက်ကထိ ဒီကြာတောကြီးရှိပါသေးတယ်။

အပွင့်အတော်ကြီးတဲ့ ကြာပန်းတွေရှိတဲ့နေရာပါ။

ဒါပေမယ့် ဒီကြာပင်ကြီးတွေက နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးမူ့တွေလဲရှိလာတာတော့အမှန်ပါဘဲ။

ဟိုးအနောက်ဘက် အောင်ပင်လယ်ကန်ဘောင်ရိုးအစကနေ ပုသိမ်ကြီးမြို့အဝင်ထိပ်လောက်ထိအောင်ရှည်လျားတဲ့ ချောင်းက ကြာပင်တွေဗေဒါပင်တွေနဲ့

ပိတ်နေတော့ ရေစီးရေလာ မကောင်းတော့တဲ့ မြောင်းကောကြီးလို တစထက်တစ ရေသေအိုင်လိုဖြစ်လာခဲ့ပါတယ်။

အဲတော့အပင်အောက်ခြေတွေမှာ ခရုတွေပွားချင်တိုင်းပွားပါတော့တယ်။

ဒီခရုတွေက ကြာပင်တွေကို ကိုက်ဖြတ်စားသောက်တော့ကြာပင်တွေက သေ။

မသေဘဲပွားချင်တိုင်းပွားလာတာကတော့ဗေဒါပင်တွေပါဘဲ။

အဲဒီအချိန်ကတည်းက ကြာပင်အိုင်က ပျက်စီးစပြုနေပါပြီ။

သို့ပေမယ.် ပြုပြင်ပေးသူမရှိ။

အဲတော့ကြာတောက နေ ဗေဒါတောဘဝကို တရွှေ့ရွှေ့နဲ့ပြောင်းလာခဲ့ပါတယ်။

 

ဟိုလွန်ခဲ့တဲ့ နှစ်သုံးဆယ် ကျနော်တို့ကျောင်းသားဘဝက ရန်ကင်းတောင်ကို ပုသိမ်ကြီးဘက်ကို

သွားတယ်ဆိုရင် ဒီကြာတောကြီးရှိတဲ့သစ်ပင်ရိပ်မှာ အမောပြောနားနေကြ။

ကြာပန်းပွင့်ကြီးတွေကို ငေးမောနေကျ။

လယ်ကွင်းကိုဖြတ်တို်က်လာတဲ့ ကောက်ပင်နံ့လေးတွေပါတဲ့ သန့်ရှင်းအေးမြတဲ့လေကိုရှုရိူက်နေကျ။

ကမ်းစပ်နားမှာရှိတဲ့ ကြာခွက်ကြီးတွေကိုခူးပြီး ကြာသီးဆိမ့်ဆိမ့်လေးတွေကိုစားနေကျ။

နောက်ပိုင်းလူလတ်ပိုင်းဘဝရောက်တော့လဲ ဒီကြာပင်အိုင်ကြီးနားရောက်ရင်စိတ်တွေအလိုလို

ကြည်နူးလို့လာစမြဲပါဘဲ။

လမ်းတောင်ဘက်ဘေး တစ်လျောက်မှာလဲ ကြာပန်းတွေ ကြာခိုင်တွေ ကြာဖူးရောင်းတဲ့

ဆိုင်ကလေးတွေကလဲတန်းစီလု့ိပါ။

ပုသိမ်ကြီးကိုသွားတဲ့လမ်းမရဲ့ တောင်ဘက်ခြမ်းမှာက ကြာနီပွင့်တွေ တောင်ဘက်ခြမ်းမှာတော့

ခရမ်းရောင်ကြာပွင့်အသေးလေးတွေပေါက်တတ်ပါတယ်။

နှစ်ဘက်စလုံးမှာတော့ လယ်ကွင်းပြင်။

အပျင်းပြေ ငါးမျှားနေတဲ့လူတွေကလဲ ဟိုနားတစ်စု ဒီနားတစ်စုု။

အလုပ်ပိတ်ရက်မှာဆို ငါးမျှားသူတွေပိုလို့များပါတယ်။

တစ်ချို့ဆိုမနက်ကတည်းက ထမင်းထုပ်နဲ့တောင်လာညနေနေစောင်းမှအိမ်ပြန်ကြပါတယ်။

တကယ့်ကိုငါးမျှား ဝါသနာရှင်တွေပါ။

မနေ့က ဒီနေရာရောက်တော့ ကြာပင်တွေရှိတဲ့နေရာမှာတော့ချောင်းကလေးဖြစ်.။

ငါးမျှားနေသူက လဲ တစ်ဖွဲ့နှစ်ဖွဲ့ဘဲတွေ့ရပါတယ်။

တစ်နေရာမှာတော့ သားအဖနှစ်ယောက်။

လမ်းမြောက်ဘက်ခြမ်းမှတော့ ကြာတောတစ်ခုတွေ့ပေမယ့် ။

အပင်ကကျိုးတို့ကျဲတဲ။

ပွင့်ပြီးလိုကြွေကာစ ကြာပန်းကတစ်ပွင့်နှစ်ပွင့်။

ဒီလိုဆိုပြန်တော့လည်း ရှေးက ကြာပွင့်ကြာခို်င်နဲ့ မြိုင်ဆိုင်လွန်းလှတဲ့ကြာပင်အိုင်ကြီးကို လွမ်းလှပါတယ်။

အော် ပဒုမ္မကြာရယ်ကျုပ်ရည်းစားနဲ့ ညားအောင်ဘာလို့မစောင့်ရတာလဲဟင်……………………………..

 

 

ကိုပေါက်လမ်းသလားနေသည်

(26-8-2012)

 

 

 

 

16 ကြွေစပြုနေတဲ့ ကြာပန်းနှစ်ပွင့်

18 မည်ကာမတ္တကြာအိုင်
19 ငါးမျှားနေတဲ့သားအဖ
20ပျော်ပျော်ပါးပါး ငါးတွေမျှား

17 comments

  • အမှတ်(17)အပင်နံမယ်ကျနော်ကမသိပါဘူး။
    ဒါပေမယ့် မာမီကသိတော့နာမယ်ပြောပေးသွားပါတယ်။
    (ချဉ်ရည်ချက်စားတဲ့ ဟင်းညံ့ရွက်နဲ့ အပွင့်ပါ) ပါတဲ့ခင်ဗျား။

    • Mobile

      December 13, 2012 at 8:41 pm

      ဗေဒါဖြူလိုခေါ်ပါတယ် ။
      အားပေးသွားပါတယ်ဗျာ။ ငါးမျှားနေတဲ့ ပုံလေးတွေကြည့်ပြီး ငါးမျှားချင်စိတ် ပေါက်မိပါရဲ့
      နံပါတ် ၁၄ ကို သဘောကျတယ်ဗျို့။

      • လျောက်မပြောနဲ့ မိုဘိုင်းရေ
        (ချဉ်ရည်ချက်စားတဲ့ ဟင်းညံ့ရွက်နဲ့ အပွင့်ပါ) ပါတဲ့ခင်ဗျား။
        သိသူက ပြောပြထားတာပါ

  • Ma Ei

    August 31, 2012 at 1:50 pm

    အမှတ်(17 ချဉ်ရည်ချက်စားတဲ့ ဟင်းညံ့ရွက်နဲ့ အပွင့် )
    ခုမှဘဲတွေ့ဘူးတာ…
    လှလှပပလေး မို့ မစားရက်ပါဘူးလေ…

  • kotun winlatt

    August 31, 2012 at 2:15 pm

    လေးပေါက်ရေ… ကျနော်လည်း အားကျမခံ တစ်ရက်လောက်တော့ ရွာကကြာအိုင်ကြီးဘက်သွားပြီး ဒါ့ပုံရိုက်ဦးမယ်…. ပုံလေးတွေက လှမှလှ..ပြီးတော့ စာလေးကလည်း ခံစားချက်ကို မြင့်လာစေပြန်တယ်..။

  • ကိုလတ် ပြောတာနဲ့ ခင်ဗျားတို့ရွာကို လာချင်စိတ်ပေါက်လာပြီ။
    ကသာအထိဘဲရောက်ဘူးသေးတာရယ်

    • kotun winlatt

      August 31, 2012 at 2:31 pm

      ကသာနဲ့ မော်လူး မိုင်သုံးဆယ်ကျော်ပဲ ဝေးတော့တာလေ..
      ဆိုင်ကယ်စီးပီးလာရင် တစ်နာရီသာသာပဲ စီးရတာ ရထားနဲ့ဆို မန်းလေးကနေ ညနေစီး ကျနော်တို့ဆီ မနက်စောစောရောက်ပေါ့….။ကျနော်မင်္ဂလာဆောင်ရင် လာခဲ့ဗျာ..(..အဟိ…)

  • ရွှေ ကြည်

    August 31, 2012 at 4:28 pm

    လေးပေါက် နံပါတ် ၄ နဲ့ ၅ ကမြက်ပင်လေးကိုချိုးပစ်ချင်နေတာ 😀
    တံတားပုံလေးကို သဘောကျတယ်။ လျှောက်တော့မလျှောက်ရဲဘူး။

  • အောင်မလေး မရွှေကြည်ရယ် ဒီမြက်ပင်လေးပါအောင်တမင်ထည့်ရိုက်ထားတာပါဗျ။
    ကွေးကွေးလေးဘယ်လောက်လှလဲ၊
    တံတားကတော့မကျုးိဘူးစိတ်ချ။
    ကျနော်လျှောက်ပြီးမှ မကျိုးဘူးဆိုတော်ရုံလူမကျိုးတော့ဘူး။
    ကိုထွန်းဝင်းလတ်က မှန်ကန်ကြောင်းထောက်ခံပေးပါလိမ့်မယ်.

  • နေဝန်းနီ

    August 31, 2012 at 9:01 pm

    ကိုပေါက်ရေ့…… ကြာပင် ကြာပန်းတွေ ကျွန်တော်ချိုးဖို့ချန်ထားဦးနော်…။ ကျွန်တော့ချစ်သူဖို့ ချိုးခဲ့မယ်လို့ ဂတိပေးထားလို့ (ဟီးးးးးးး ဟိုသီချင်းထဲမှာလေ……… ချစ်သူပန်ဖို့ရယ် ရည်ရွယ်ကာထားခဲ့တယ် ဆိုတာ) 😛 😀 😛

    • ကိုနေရေ………………………..
      မိုးအခါဝယ် ချိုးလာမယ်
      ချုးိလာမယ် မိုးအခါဝယ်
      ချစ်သူပန်ဘို့ရယ် ရည်ရွယ်ကာထားခဲ့တယ်
      ပဒုမ္မာကြာရယ် ကျုပ်ရီးစားနဲ့ညားအောင်စောင့်အုံးကွယ်……..
      (စိန်မြလျံခြယ် အောင်ပင်လယ် တေးရေး နန်းတော်ရှေ့ဆရာတင် တေးဆို ကိုအံ့ကြီး)

  • မောင်ပေ

    August 31, 2012 at 9:16 pm

    ဒါမျိုးကြ လိုက်ဖို ့လက်မတို ့ဘူး
    ပြောမယ့်သာပြောရတာပါ
    ရိုက်ပြီးသား ဓါတ်ပုံကြည့်ရတာ အိပ်ရေးဝပါတယ်လေ
    ဟီဟိ

  • Mလုလင်

    August 31, 2012 at 11:26 pm

    ဓာတ်ပုံ ထွက်ရိုက်ချင် စိတ်များကို အလွန့် အလွန် ဆွ ပါသည် …။ ကိုယ့် ဒုက္ခ နဲ့ကိုယ် အပြင် ထွက် မရ သေးလို့ .. ကင်မရာ လဲ မကိုင် အား လို့ .. လွန်စွာ မှ အားမလို အားမရ ဖြစ်ရပါသည် … ;-(

  • ရဲစည်

    September 1, 2012 at 10:09 am

    စန္ဒားယားလှထွတ် သီချင်းလေး သတိရတယ်
    ” ချစ်တဲ့သူငယ်လေ ….. ငယ်ငယ်တုန်းက အဖြစ်တွေ ………………..
    ……………………… ကြာနွယ် ကြာရိုးကလေးတွေ သူတမင်ပန်ရန် ကိုယ်ခူးပေးခဲ့တာတွေ …..”
    ပြန်ရှာပီး နားထောင်အုံးမယ်ဗျာ …

  • ဦးဦးပါလေရာ

    September 1, 2012 at 10:42 am

    ကိုပေါက်ရေ
    အောင်ပင်လယ်က မိုးရာသီမှ ပိုလွမ်းစရာကောင်းတာဗျ..
    တိတိကျကျပြောရရင် မိုးနှောင်း တော်သလင်းသီတင်းကျွတ်အချိန်မျိုးပေါ့..
    အရင်တုန်းကတော့ စက်ဘီးပဲရှိတာမို့ သိပ်မရောက်ဖြစ်ပေမယ့်
    ရောက်ရင်လဲ မပြန်နိုင်ဘူး…

Leave a Reply