ဆီးဖြူ ငကြောင် အိပ်မက် အကြောင်း။

ဇလုံပြည် ဇွန်းဂရာဇ်မင်း။ ဃ-စ- ပဌ္စာ-ကြိမ်း ငေါရာခရောက်ဆီ ကို ဖြို ကြွင်း ရခိုင်မုနိ ကြိမ်း သဂရာဇ်   နှစ်ရာခရောက်ဆီရွှတ်ခုနှစ်၊ ဇလုံပြည်မှာ မင်းဖြစ်တော်မူသော စလေငကြောင် အိပ်မက်အကြောင်းကား အနှီသို့တီး။

ဆီးဖြူအရပ်နှိုက် ၊ငကြောင်မိဘတို့သည် စားမကုန်သောက်မကုန်အလွန်ချမ်းသာသည့်အတွက် ငကြောင်ကို   ပေါက်ဖော်ထံသို့ရောင်းလေအိ။ ထိုငကြောင်ဝါသနာကား ကွမ်းစားသောဆေးရွက်ကြီးအနံ့မွှေးမွှေးကို  အလွန်ကြိုက်ရွေ့ငုံအိ။ နံငယ်ပိုင်းအစုတ်ကိုနှစ်သက်အိ။ တနေ့လုံး ပေါက်ဖော်ဘီအီးကိုခိုးသောက်ရွေ့မူးသောဟူအိ။

တရံရောအခါ ပေါက်ဖော်သည် တုတ်တစ်ချောင်းထိပ်တွင် သံချွန်တတ်ရွေ့ငကြောင်အား ပလပ်စတစ်ကောက်ရန် ဇလုံပြည်သို့လွှတ်လေအိ။ ဇလုံသို့သွားရင်း တညတွင်ငကြောင်သည်    ဘီအီးသောက်ပြီး  ဇလုံ ပြည် ကို တပတ်ပတ်ရွေ့ရှူရှူးပေါက်ရင်းလမ်းလျှောက်သည်ဟုအိပ်မက်မက်လေအိ။ မနက်မိုးလင်းသော် လမ်းတွင် ဈေးဝယ်ရင်းဘေးတွင်ချထားသောမနော ဦးထုပ်ကို သံချွန်ဖြင့် ထိုးယူလေ၏။  ဦးထုပ်ကိုကြည့်ရာ ဘီအီးတစ်လုံးဖိုးပင် မရနိုင်သောခပ်ညံ့ညံ့ ဦးထုပ်မှန်းသိရွေ့ လွှင့်ပစ်ထားခဲ့လေအိ။

ဇလုံပြည်သို့ရောက်သောအခါ မင်းဆရာ ရှေရောဟိတ် ဦးကြောင်ဂျီး အိမ်သို့ သွားလေအိ။ ဖြန့်နား(မပုံပဲဖြန့်ထားသည်) မရှိခိုက်ဖြစ်ရွေ့ ဖြန့်နေးမ ကြေးမုံဂျီးကို အိပ်မက်အကြောင်းပြန်လေအိ။ ဖြန့်နေးမ ကြေးမုံဂျီးလည်း ပုံးကြီးကြီးဖြင့် ဘီအီးများများထည့်သောက်နိုင်မည် ဆိုလိုက်လေအိ။ ငကြောင်လည်း ဘီအီးဘိုက်ကလေးထက် သာတော့မည်တွေးလျှက် ဆင်းရွေ့သွားလေအိ။ ထိုခဏ ဖြန့်နားကြောင်ဂျီးပြန်ရောက်လာရွေ့ ငါမရှိသည့်နောက် ဘယ် သူတောင်းစားလာသနည်း မေးအိ။ ပလပ်စတစ်ကောက်သူတစ်ယောက်လာရွေ့အိပ်မက်ပြန်သောကြောင့် ငါအီသို့ ဘတ်(ညာ)လိုက်အိဟုပြောအိ။ ကြောင်ကြီးလည်း အိပ်မက်ကိုကြားသော် မယားကြေးမုံကြီး ဆံထုံးကိုဖြတ်ရွေ့ ဆံပင်ဝယ်သော ဒိုင်သို့သွားရောင်းရာခေါင်းမလျှော်တာကြာသောကြောင့်ချေးများရွေ့ အလေးချိန်တိုးနေသည် ဆိုကာဈေးနှိမ်ခံရအိ။ ဆိုင်မှထွက် ကာပလပ်စတစ်ကောက်သမားအားလိုက်ရှာရွေ့ခေါ်လာလေအိ။ ရောံလျှင် အ မောင် ကား။ အ ဘယ် ရပ် ၌ နေ သ နည်း။ အ မောင် ကား။ အ ဘယ် သူ ၏ အ မျိုး အ နွှယ် နည်း။ အ မောင် မက် သော အိပ် မက် သည် ကား။ အ လွန် ဖြစ် ခဲ လှ သည်။ ဘီအီးကို ပတ္တမြားသွေးဆေးဖြင့်ရောရွေ့လည်းကောင်း၊ ဘားပလက်ဖြင့်ရောရွေ့ လည်းကောင်း များများသောက်ပါ လေ။ မ ကြာ မ တင်၊ ဇလုံတွင်းဝင်ထိုင်(အဲလေ)ဇလုံ ပြည် တွင် အမတ်မင်း ဖြစ် လ တံ့။ အ မောင် အမတ်မင်း ဖြစ် သော အ ခါ ၊ ငါ့ ကို မ မေ့ ပါ စေ နှင့် ဟု ဆို လိုက် အိ။ င ကြောင်လည်း ကောက်ရွေ့ရသောပလပ်စတစ်များ ရောင်း အ ပြီး တွင် ဆီးဖြူသို့ ပြန် လေ အိ။ ဖြန့်နား ရှေရောဟိတ်ေ ကြာင်ဂျီးပြောသည့်အတိုင်းဘီအီးများများသောက်အိ။  ပိုက်ဆံအကုန်ပြန်မအပ်သည့်အတွက်ပေါက်ဖော်လည်း င ကြောင် ကို လွန် စွာ ညှင်း ပန်း လျက် ။ နားပူအောင် ပွားဆူလေ၏။

ဆက်လက်ဖော်ပြပါမည်။

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။         ။

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်