“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်” ပထမပိုင်း

1 တံတားရေပြင်နဲ့ ကြာဖက်ကလေးများ တွဲစပ်နေပုံကလှမှလှ
2 အတွင်းဘက်မြင်ရတဲ့ ကားလမ်းနံဘေးက တောအုပ်ကလေး
3 ဟိုးအဝေးမှာက ရန်ကင်းတောင် တိမ်အရိပ်တွေရေထဲကျပုံက လှမှလှ
4 မြစိမ်းရောင်………………………….
5 ညီညီညာညာ ကောက်ပင်စိမ်းစိမ်း
6 စိမ်းစိမ်းလဲ့လဲ့ ယိမ်းနွဲ့တဲ့ကောက်ပင်ပျို
7 ရှမ်းရိုးမအပြာရောင ်စပါးပင်က စိမ်းနုရောင်
8 စိမ်းမြမြကွင်းပြင် ရူ့ခင်းတွေက တမျော်တခေါ်စိုပြေ…………………………(မြို့မငြိမ်း)
9 အနီးကပ်ကြည့်ရတဲ့ကောက်ပင်လေးတွေ
10 ရေထွက်ပေါက်ကို ပိတ်ပြီး ငါးဖမ်းထားတာလေ
11 ရူ့မဆုံးတော့သည် စိမ်းလဲ့လဲ့………………………….(မြို့မငြိမ်း)
12 ကျနော်ချစ်သော………………
13 စိမ်းမြစိုလွင်

“စိမ်းလဲ့လဲ့ ယိမ်းနွဲ့နွဲ့ စပါးပင်နဲ့အလှဆင် တဲ့အောင်ပင်လယ်”

 

 

 

ကျနော် အောင်ပင်လယ် လယ်ကွင်းတွေရဲ့မြောက်ဘက်ခြမ်းကနေ ကင်မရာတစ်လုံးနဲ့လက်ဆော့နေတာကို

တောင်ဘက်ခြမ်းက လယ်တဲအိမ်က လူတွေကလှမ်းကြည့်နေကြပါတယ်။

ဟိုဘက်နဲ့ဒီဘက်ကူးတဲ့တံတားလေးကို တံခါးလေးနဲ့ပိတ်ထားတော့ အလွယ်တကူ ကူးလို့မရပါဘူး။

တံတားကလဲ အခို်င်အမာကြီးဆောက်ထားတာမဟုတ်။

လူသွားသာရုံပျဉ်ချပ်ကလေးထိုးထားတာပါ။

သူတို့ဘက်ခြမ်းမှာကြည့်လိုက်တော့ အောင်ပင်လယ် စပါးခင်းကြီးက စိမ်းစိုလဲ့လဲ့။

ဒါနဲ့ကျနော်လဲ အဲဒီဖက်ကလူတွေကို လှမ်းအော်ရပါတယ်။

ဓါတ်ပုံရို်က်ချင်လို့  အဲဒီဘက်ကိုလာပါရစေပေါ့။

ဟိုဘက်က လူတွေကလဲ သဘောကောင်းပါတယ် ။

လာခဲ့ဘို့ခွင့်ပြုပါတယ်။

 

အဲဒါနဲ့ တံတားလေကို သတိနဲ့ကူးရပါတယ်။

လူကဝတုတ်ဖက်တီးဆိုတော့ ရေထဲပြုတ်ကျမှာကြောက်လို့ပါ။

ဟိုဘက်ရောက်တော့ သူတို့နဲ့ အလ္လာပ သလ္လာပပြောရပါတယ်။

ငယ်ငယ်တုန်းက ကြာအိုင်ကြီးလာဓါတ်ပုံရိုက်တာပါပေါ့။

သူတို့ကလဲ ဒီကြာအိုင်ကြီးကိုနှမျောပါသတဲ့။

ဘက်ဖိုးနဲ့မထိုးခင်တစ်ရက် က သူ့သမီးတွေကြာအိုင်ကြီးနဲ့ဓါတ်ပုံရို်က်ထားပါသတဲ့။

သူတို့ကဂျာနယ်ထဲ ထည့်ဖို့လားလို့မေးပါတယ်။

ကျနော်လို့ကင်မရာတစ်လုံးနဲ့လာ လက်ဆော့ ဟိုလျောက်ထဲ ဒီလျော်ထဲ့လူတွေကို ကြုံဘူးတယ်နဲ့တူပါတယ်။

ဒါနဲ့ဘဲ သူတို့လယ်ကွင်းထဲကို ဓါတ်ပုံတွေရိုက်။

ချောင်းထဲက ကြာပင်တွေရိုက် ။

ရန်ကင်းတောင်ကြီးကိုလှမ်းရိုက်။

ဟို့……..အနောက်ဖက် က လယ်ကွင်းစိမ်းစိမ်းနဲ့ တိမ်တွေကိုရိုက်။

စိမ်းလဲ့နုဖတ်နေတဲ့ ကောက်ပင်တွေကို ရိုက်။

ရိုက်………ရိုက်…………….ရိုက်…………………

မြင်မြင်သမျှ ရိုက်လို့မဝနိုင်အောင်ပါဘဲ။

အတော်ကြာကြာရိုက်ပြီးလို့ နားလိုက်မှ လူတစ်ကိုယ်လုံးချွေးတွေနဲ့ရွှဲနစ်။

အဲတော့မှ နေပူကြီးထဲ ဓါတ်ပုံရို်က်နေတယ်ဆိုတာကို သတိရမိပါတယ်။

အိမ်ကလေးကိုပြန်လာ ကျေးဇူးတင်စကားပြောတော့အိမ်ရှင်အမေကြီးက

“ချွေးတိတ်အောင်နားပါအုံးကွဲ့ အခါးရည်လေးသောက်အုံး”လို့ပြောတော့

ဒါမြန်မာ့ရဲ့ချစ်စရာကောင်းတဲ့စရိုက်လို့ဆိုပြီးကြည်နူးမိပါတယ်။

ကျနော်က ရေနွေးသောက်လေ့မရှိတော့ မြေရေအိုးလေးထဲက

အဝီစိရေ အေးအေးလေးကိုသောက်လိုက်တော့ တစ်ကိုယ်လုံးကအပူတွေငြိမ်းသွားသလို။

အဲဒါနဲ့သူတို့ကိုနုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။

ဒါပေမယ့်ရိုက်လို့က မဝသေး။

အဲတော့ ဘယ်နေရာမှာဓါတ်ပုံရိုက်ကောင်းမလဲလို့စဉ်းစားလိုက်တော့

အလာလမ်းတုံးက မရပ်ဘဲဖြတ်လာခဲ့တဲ့……………………………………..

 

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

27-8-2012

8 comments

  • မောင်ပေ

    September 1, 2012 at 1:01 pm

    ကောက်စိုက်သမ ခြေသလုံးတုတ်တုတ်လေးတွေပုံတော့ မရိုက်ခဲ့ဘူးရယ်

  • surmi

    September 1, 2012 at 1:09 pm

    ကွန်ကမကောင်းတော့ အားလုံးကြည် ့မရဘူးအစ်ကိုရေ
    အကြိုက်ဆုံးရွေးရင် နံပါတ် ရ ပါပဲ
    တောင်တန်းပြာနဲ ့ ခတ်စိမ်းစိမ်း စပါးပင် လိုက်ဘက်တယ်ထင်မိပါတယ်

  • we R one

    September 1, 2012 at 1:45 pm

    ရွာကို သတိရလိုက်တာ..။ ကိုပေါက်ရေ ဓါတ်ပုံတွေ အတွက်ကျေးဇူးပါ.။

  • moonpoem

    September 1, 2012 at 2:00 pm

    ကျွန်တော်လည်း မန်းတလေးသူလည်း ဖြစ်သလို လေးပေါက်ကို အင်တာဗျူးထားတဲ့ မော်ဒန်ဂျာနယ်ကို ဖတ်ဖူးထားသူလည်း ဖြစ်နေတာကြောင့် လေးပေါက်ရဲ ့လက်ရာကို အားကျမိသူပါ။လေးလေးပေါက်ကို တစ်ခုလောက် အကြံပေးပါရစေ။ မှားရင်လည်း ခွင့်လွှတ်ပါ။ လေးပေါက်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေက
    လှတော့ သူများတွေက စီးပွားရေးအတွက်နဲ ့လေးပေါက်ဓာတ်ပုံ ခိုးသုံးမှာ စိုးရိမ်မိပါတယ်။ အခု ဂျာနယ်တွေမှာ သူတို ့ဓာတ်ပုံတွေကို ကြိုတင်ကာကွယ်သလို လေးပေါက်လည်း ရိုက်ထားတဲ့ဓာတ်ပုံတွေမှာ ကိုပေါက်(မန်းတလေး)လို ့လက်မှတ်သော်လည်းကောင်း တစ်ခုခုသော်လည်းကောင်းနဲ ့ လုပ်ထားပါလားလို ့ ပေးချင်တဲ့ အကြံပါ။

  • ကို ခင်ခ

    September 1, 2012 at 3:08 pm

    moonpoem ပေးတဲ့အကြံလည်း ဟုတ်တာဘဲနော်၊
    ဒါပေမယ့် ကိုပေါက်ကိုမေးကြည့်အုံး ဓာတ်ပုံအလှုလုပ်နေတာဆိုရင်တော့ သုံးရင်လည်းသုံးပါစေပေါ့။
    ကဲ ကိုပေါက်ရေ ဘယ်လိုလဲ။

  • အခုလိုအကြံပေးတာ ကျေးဇူးတင်ပါတယ်။
    ကျနော်က အလှပျက်မှာစိုးလို့ပုံတွေကို စာတန်းမထိုးတာပါ။
    ဒါပေမယ့် ပုံတွေကို အကြီးကြီးချဲ့လို့မရအောင်တော့ချုံ့ထားပါတယ်။
    ကျနော်ပြန်စဉ်းစားပါမယ်။
    နံမယ်ထိုးဘို့ မထိုးဘို့ကို။
    ကျနော်အတွက်အခုလိုအကြံကောင်းပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

  • Hnin Hnin

    September 2, 2012 at 2:00 am

    ‘စိမ်းတကာ့စိမ်း’ ပြီး လှနေသောပုံများပါ။ မျက်စိအားတက်ဖို့ လာလာကြည့်ရမယ်။ အကြံပေးချင်တာက
    ဓာတ်ပုံမှာ နာမည်မထိုးပါနဲ့ရှင်။ ဓာတ်ပုံမှာ နာမည်ထိုးတာက ပုံတစ်ပုံရဲ့အလှတွေ လျော့သလားလို့ပါ။
    ပြီးတော့ စာတန်းကိုပါ အာရုံတွေ ခွဲပေးရလို့ပါ။ စီးပွားဖြစ် ခိုးသုံးကြမယ်တော့ မထင်ပါဘူး။ ကြိုက်လို့ ခိုးယူထားတာတွေပဲ ရှိပါတယ်(Desktop တင်ဖို့ း) )။

Leave a Reply