*** မြို့ ပြ ညနေ  ***

ပင်လယ် နဲ့ နီး … မြို့ ကြီး ရန်ကုန်
ရောင်စုံ ပန်းခင်း … ရှုခင်း ဆည်းဆာ
လူညာ လူလိမ် … ခြေချင်း လိမ်ကြ
ဇိမ်ကျ သူကျ …. မှိန်ဖျ သူမှောင်
သူယောင်မယ် များ …. ဘယ်နား ကြည့်ကြည့်
ဒေါ်လာ ရှိလား …. ဘော်ဒါ ပါလား
တက္ကစီ ငှါးလိုက် …. ဘီယာ တိုက်မလား
နိုက်ကလပ် ကို …. အလို ဆန္ဒ
နှိုးဆွ ခုန်ပေါက် … ဒစ္စကို ဂျောက်ဂျက်
ရမ္မက် ဂီတ …. ပြိုးပျက် မီးရောင်
မမှောင် သေးဘူး …. ကူးလူး ထုံရှ
အပြာ ညထဲ …. သည်းသည်းလှုပ်လှုပ်
ညဥ့်ငှက် တစ်အုပ် …. ကျုပ်နား တိုးကပ်
မိတ်ကပ် နံ့ ပြင်း …. နီယွန်လင်း ချိန်
အိမ်ပြန် ညနေ …. ကဗျာလေ လား
အညာသား ကျုပ် …. ငုတ်တုတ် စဉ်းစား
နားထဲ ကြားယောင် … ဖာထောင် တဲ့ပြည်
ဟုတ်လေ သည်ပ …. ယုတ်ပေစွ ..။။။

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၇.၈.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF