*** မြို့ပြ ညနေ ***

maung khinminAugust 27, 20121min1006

 *** မြို ့ပြ ညနေ  ***

ပင်လယ် နဲ ့နီး … မြို ့ကြီး ရန်ကုန်
ရောင်စုံ ပန်းခင်း … ရှုခင်း ဆည်းဆာ
လူညာ လူလိမ် … ခြေချင်း လိမ်ကြ
ဇိမ်ကျ သူကျ …. မှိန်ဖျ သူမှောင်
သူယောင်မယ် များ …. ဘယ်နား ကြည့်ကြည့်
ဒေါ်လာ ရှိလား …. ဘော်ဒါ ပါလား
တက္ကစီ ငှါးလိုက် …. ဘီယာ တိုက်မလား
နိုက်ကလပ် ကို …. အလို ဆန္ဒ
နှိုးဆွ ခုန်ပေါက် … ဒစ္စကို ဂျောက်ဂျက်
ရမ္မက် ဂီတ …. ပြိုးပျက် မီးရောင်
မမှောင် သေးဘူး …. ကူးလူး ထုံရှ
အပြာ ညထဲ …. သည်းသည်းလှုပ်လှုပ်
ညဉ့်ငှက် တစ်အုပ် …. ကျုပ်နား တိုးကပ်
မိတ်ကပ် နံ ့ပြင်း …. နီယွန်လင်း ချိန်
အိမ်ပြန် ညနေ …. ကဗျာလေ လား
အညာသား ကျုပ် …. ငုတ်တုတ် စဉ်းစား
နားထဲ ကြားယောင် … ဖာထောင် တဲ့ပြည်
ဟုတ်လေ သည်ပ …. ယုတ်ပေစွ ..။။။

 

မောင်ခင်မင်(ကျွန်းချောင်း)

၂၇.၈.၂၀၁၂

6 comments

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    August 27, 2012 at 3:20 pm

    သယ်ချင်းကဗျာကို ပြန်ကိုးကားချင်တယ်…ဟုတ်လေ သည်ပ …. ယုတ်ပေစွ ..။။။

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:47 pm

    ရန်ကုန်မြို့ကြီးရဲ့
    ညနေခင်း သရုပ်ကွက်တွေပေါ့ဗျာ ..
    ကဗျာကို အားပေးသွားပါတယ်ဗျို့ …

  • မောင်ပေ

    August 27, 2012 at 9:44 pm

    သူယောင်မယ်များ
    ငါးခူကောင်ဝယ်စား
    ပူရှောင်ဘယ်သွား
    အူကြောင်လည်ကျား

  • nature

    August 27, 2012 at 10:58 pm

    မျက်မမြင်ဆင်စမ်းသလို ကိုယ့်ပတ်ဝန်းကျင်မှာတွေ့တာတွေနဲ့များ တတိုင်းပြည်လုံးသိမ်းကြုံးရမ်းလေရော့သလား…။

    • maung khinmin

      August 30, 2012 at 10:14 am

      ပျက်မပြင် အစဉ်လမ်းလို ကိုယ့်ပတ်ဝန်းကျင်မှာ ဝေ့ကာနေမယ့်အစား …..

      တစ်တိုင်းပြည်လုံး သိမ်းကြုံးကန်းနေရော့သလား …. ခင်ဗျာ ….။။။။

Leave a Reply