14 တကယ့်ကို အမြင်အာရုံကိုအေးစေတဲ့ မြင်ကွင်းလေးပါ

15 တူသလိုလိုနဲ့ကွဲပြားခြားနားတဲ့မြင်ကွင်းလေးတွေပါ

16 စိမ်းမြမြ

17စိတ်အာရုံကို ကြည်လင်စေသော

18 စိမ်းလန်းသော ကောက်ပင်များအဆုံးမှာ…………………..

19 အိမ်အပြန်လမ်းကလေးပေါ့

20 ရှမ်း၇ရိုးမနဲ့အဝေးက တိမ်တစ

22 မြစိမ်းရောင်လယ်ကွင်းများအဆုံးက အစိမ်းရင့်ရောင် ရန်ကင်းတောင်

23 ဟိုးအဝေးမှာ…………………………………………………………………………………

25 ကျနော်နှစ်သက်တဲ့ပုံလေးပါ

 

“ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”

 

လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့  မောပါတယ် ။

မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။

အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က

ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို

ဆိုင်ကယ်ရပ်။

ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။

အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။

ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။

ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။

အပြန်လမ်းကတော့အေးအေးဆေးဆေး။

အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။

အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့

ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊

အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။

ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။

ကြားထဲမှာက စိမ်းမြမြ စပါးခင်း။

အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊

လှပသောမြင်ကွင်းလေးကိုမြင်ရတော့

ကြည်နူးစိတ်တွေက ယိုဖိတ်………………………..

ကြည်နူးစိတ်တွေက ယိုဖိတ်………………………..

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(27-8-2012)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။