မြန်မာပြည်ရဲ့ အင်တာနက်

မြန်မာပြည်နဲ့အင်တာနက်
(၁)ဖူးစာရှင်နတ်မင်းကြီးအင်တာနက်
ယနေ့ မြန်မာနိုင်ငံရှိ လူငယ် တော်တော်များများသည် အင်တာနက်ကို အသုံးပြုကြလေ့ရှိပါသည်။သို့သော် သုံးသည့် အရာ များ မှာgtalk,mric,facebookနှင့် vzoဟုခေါ်သောvideo chatting များ ကို သည်းခြေကြိုက် နှစ်ခြိုက်စွာ နေ့စဉ် အသုံးပြုလေ့ရှိကြသည်။အသုံးပြုသူ တော်တော်များများမှာလဲ လူငယ်များသာ ဖြစ်သည်။ထိုလူငယ်များ မှာ ပွင့်ပွင့်လင်းလင်း နှင့် ရဲရဲတင်းတင်း ဆိုရလျှင်မူ ရည်းစား ရှာပုံတော်ဖွင့် ကြသည့် သူချည်း ဖြစ်နေသည်မှာ ကြုံဖူး ကြားဖူး မြင်ဖူး တွေ့ဖူး လိမ့်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။ဒါကြောင့်မို့ ကျွန်တော်က ဖူးစာရှင်နတ်မင်းကြီး အင်တာနက် ဟု အမည် နာမ ကင်ပွန်းလိုက် ရတော့သည်။
(၂)ဘာသာစကားနှင့်အင်တာနက်
ယနေ့ အင်တာနက် သုံးစွဲသော သူများသည် မြန်းဂလိခေါ် ခေတ်သစ်ဘာသာ စကားနှင့် မြန်မာဘာသာ စကားများ အထူးသုံးစွဲကြပါသည်။မြန်းဂလိ်ဘာသာ စကား ကိုတော့ ထားလိုက်ပါတော့။မြန်မာ စကားနဲ့ပက်သက်ပြီး နည်းနည်း ပြောစရာရှိလာပေသည်။ဘာသာစကားသည် တိုင်းပြည် နှင့် လူမျိုး အတွက် အလွန်ပင် အရေးကြီးသော အရာ ဖြစ်လေသည်။ဘာသာစကားပျောက် လျှင် လူမျိုး ပျောက်ပေလိမ့်မည်။ သို့သော် ခုခေတ် အင်တာနက် သုံးစွဲသူများ မှာ အဆင်ပြေလျှင် ပြီးရော ဆိုသည့် ပုံစံဖြင့် အပြန်အလှန် ဆက်သွယ်နေကြသည်ကိုလဲ တွေ့ရှိရပါသည်။မြန်မာတွေ နားမလည် နိုင်လောက်သော မြန်မာစကားများဖြင့် (စကားလုံးပေါင်း သတ်ပုံမှန်ဖို့ ကို မပြောနဲ့ နားလည်အောင်မနဲ ကြိုးစားရသည်) အပြန်အလှန်ပြောဆိုပုံများမှာ ကြည့်ရင်း ကျွန်တော်သည် အနာဂတ်နိုင်ငံ အတွက် အတော်ပင် ရင်လေးနေမိရပါသည်။တရုတ်နှင့် အမေရိကန်နိုင်ငံများတွင် translation plugin များကို browser များကို လွယ်လင့်တကူ အသုံးပြုနိုင်အောင် စီစဉ်ထားလေ့ ရှိကြသည်ကို လေ့လာ တွေ့ရှိရပါသည်။ဒါဟာ ဘာကြောင့်လဲ ဆိုတာ ဘာသာစကား ပျောက်ပျက်မှာ စိုးရိမ်သောကြောင့် ပညာရှင်များက စီစဉ်ထားခြင်း ဖြစ်ကြောင်း အလွယ်တကူပင် သိနိုင်ပေသည်။ကျွန်တော်တို့ မြန်မာ ပညာရှင်များ ရော…………..
(၃)ယဉ်ကျေးမှု နှင့် အင်တာနက်
အင်တာနက် အသုံးပြုမှု များလာခြင်းကြောင့် လူ့ဘောင် အဖွဲ ့အစည်းတွင် ပိုမို ပွင့်လင်း လွတ်လပ်လာပါသည်။၂၀၁၂ သင်္ကြန်၏ အနုပညာရှင် များရဲ့ ဝတ်စားဆင်ယင်မှု ကိုကြည့်ရှုခွင့် ပိုမို အခွင့်လမ်း များခဲ့ပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြရပါသည်။ဆရာ ချစ်ဦးညိုက ယဉ်ကျေးမှု နှစ်ခု ရှိကြောင်း cultural နှင့် civilization ဆိုသည် ကိုကွဲပြားအောင် ခွဲခြားပြခဲ့ပါသည်။civilization ဆိုသည်မှာ ပြောင်းလဲနေသော ယဉ်ကျေးမှုဟု ညွှန်းပါသည်။သဘောအားဖြင့် ခေတ်ရေစီးကြောင်း ဟု ပြောပါသည်။Rapper တွေ ဦးထုပ် နောက်ပြန်ဆောင်းတာလဲ ယဉ်ကျေးမှု ပါပဲ ….သင်္ကြန်မှာ အနုပညာ သရုပ်ဆောင်တွေ လျှပ်ပေါ်လော်လီ ဝတ်စားတာဟာလဲ ယဉ်ကျေးမှုပါပဲ ……….ခုခေတ်တွင် အင်တာနက် သုံးစွဲခြင်းသည်လဲပဲ ယဉ်ကျေးမှု တစ်ခုဟု ဆိုရပါတော့မည်။cultural ဆိုသည်ကတော့ မပြောင်းလဲ ပဲအစဉ်တည်တံ့နေတဲ့ အမူအရာ ဟုဆရာ ကပြောဆိုခဲ့ဖူးသည်။မြန်မာတွေ လူကြီးသူမ ရှေ့ဖြတ်သွားလျှင် ကိုယ်ကိုကိုင်းညွှတ် ပြီးသွားသော အလေ့ထမျိုးကို ဆိုလိုပေသည်။လူကြီးသူမ များကို ရိုသေလေးစားသော အလေ့အထများကို ဆိုလိုပေသည်။ပီယဝါစာ ချစ်ဖွယ်သော စကားကို ပြောဆိုသော အလေ့အကျင့်များကို ညွှန်းဟန်ရှိသည်။ဒီcultural ဆိုသော ယဉ်ကျေးမှုသည် ဘယ်လောက် ခေတ်တွေပြောင်းပြောင်း ခေတ်အဆက်ဆက် ထိန်းသိမ်းသွားရသည့် အမူအကျင့်များ ဖြစ်သည်ဟု ဆရာသုံးနှုန်းခဲ့ပါသည်။ခုတော့ဗျာ မြန်မာတွေရဲ့ မုခစာအုပ်(ခေါ်)facebook comments များတွင် မြန်မာဆိုတာ ယဉ်ကျေးသော (cultural)ကို ထိန်းသိမ်း နိုင်စွမ်းသော လူမျိုးဟု အဘယ်သို့ ကျိန်ပြောရုျ်မျှ ယုံကြည်ရမည်နည်း………..
(၄)မကောင်းဆိုးဝါး အင်တာနက်
ယနေ့ခေတ် မိဘများသည် အင်တာနက်ကို မကောင်းဆိုးဝါးဟု အမြင်ရှိဟန်ရှိပေသည်။ဘာကြောင့်လဲ ဆိုတော့ သူတို့၏သားသမီးများသည် ကြူကြူစိန်(အွန်လိုင်းပေါ်တွင် ချစ်တင်းနှောခြင်း)ကို စဉ်ဆက်မပြတ် လုပ်ဆောင်ကြသောကြောင့် ဖြစ်ပေသည်။သားသမီးများက အင်တာနက် သင်တန်း တက်မည်ဟု ဆိုလိုက်လျှင် မကောင်းဆိုးဝါး တွေ့ရသလို ကြောက်လန့်ကြလေသည်။သူတို့၏သားသမီးများသည် ဖူးစာရှင် အရှာထွက်တော့ရန် ခွင့်ပြုလိုက် သကဲ့သို့ ဖြစ်ပေသည်။လူငယ်များ အချင်းချင်း တွင်လဲ ထိုသို့အွန်လိုင်းပေါ် မရောက်ဖူးလျှင်(သို့)မသုံးမပြုတတ်လျှင် ငပိန်း ငဒူ (နလပိန်းတုံး ဟု ခေတ် စကားအရ ပြောဆိုသည်)သတ်မှတ်ကြလေ့ရှိသည်။ဒါကြောင့် လူငယ်တော်တော်များများ ကလဲ အွန်လိုင်းပေါ် ရောက်ဖြစ်ခြင်း မရောက်ဖြစ်ခြင်း သည်ပင် နေ့စဉ် ပြုမူ နေကျ နိစ္စဓူဝ ပင်ဖြစ်နေတော့သည်။အင်း…….အိမ်က ကြပ်နေလို့ အွန်လိုင်းပေါ် မတက်ဖြစ်တာ ကြာပြီ ဘာညာဖြင့် သာရဂါ ပြောဆို ကြသည် ကိုလဲ ကြားနေ မြင်နေရပါသည်။ဒါကြောင့်လဲ အင်တာနက် ဆိုသည်ကို မကောင်းဆိုးဝါး လိုအမြင် ရှိဟန် ရှိနေသည်မှာ လဲ မဆန်းကြယ်တော့ပေ။
(၅)ဟင်းလေးအိုး အင်တာနက်
အင်တာနက် သည် လိုတရ ဟင်းလေးအိုး ဖြစ်ပေသည်။သုံးစွဲသူပေါ် မူတည်ရုျ်သာ ကွဲပြားခြားနား ရခြင်း ဖြစ်ပေသည်။ပညာနှင့်ပက်သက်သည်ကို လည်းကောင်း၊ ဗဟုသုတ ရှာမှီးလိုသော် လည်းကောင်း၊ရပ်နီး ရပ်ဝေး မိတ်ဆွေ အပေါင်းသင်းများကို ဆက်သွယ် လိုလျှင်သော် လည်းကောင်း၊စသည် စသည်ဖြင့် လေ့လာ စရာ မကုန်နိုင်လောက်သော လိုတရ ဟင်းလေးအိုး ရတနာသိုက်ကြီး ပင်ဖြစ်နေလေတော့သည်။သို့သော် မြန်မာနိုင်ငံ မှာကား သမီးရည်းစား ချစ်ရည်လူးရာ(သို့)ဖူးစာရှင် ရှာဖွေရာ တွင်သာ တွင်တွင်ကျယ်ကျယ် အသုံးပြု လေ့ရှိကြပါသည်။
(၆)နိုင်ငံခြားပြန်နှင့် အင်တာနက်
ဘယ်နိုင်ငံမှာ ဘယ်လို အလုပ်မျိုး သွားလုပ်ပြီး ဘယ်လိုနေထိုင် လာခဲ့သည် ကို မသိပါ။မြန်မာနိုင်ငံ ရောက်လာတော့ စုတ်ချာလိုက်တဲ့ အင်တာနက် ဟု… ဟိုမှာဆို ဘယ်လို… ဒီမှာတော့ဖြင့် မေးလ်လေး တစ်စောင် ပို့ချင်တာကို ဒီလောက်တောင် စောင့်ရတာ ဟု မကျေမချမ်းဖြင့် မဲ့ကာရွဲ ့ကာ ပြောဆိုနေကြသည်ကိုလဲ ကြုံဖူးမြင်ဖူး နေကြရပါသည်။အဆင့်မြင့်မြင့် နေထိုင်ခဲ့ဖူးသော သူများကိုဖြင့် မပြောဆိုလိုပါ။သို့သော် အချို ့ချို ့သောသူများသည် မြန်မာနိုင်ငံတွင် အချို ့ချို ့သော နေထိုင်သူများထက် နိမ့်ကျစွာ ရပ်တည်နေရသော်လဲပဲ အဆင့်တန်း မြှင့်မြှင့်ဖြင့် နေရဟန်များဖြင့် နှိမ်ပြီး ပြောဆိုသုံးနှုန်း ကြသည်ကိုလဲ တွေ့ရ မြင်ရပါသည်။ပိုဆိုးသောသူများက အင်တာနက်ပင် အသုံးမပြုတတ်ပါပဲနှင့် လိုင်းကြောင့် ဖြစ်လေဟန် ပြောဆိုသည်ကိုလဲ ကြုံခဲ့ဖူးပါသည်။အံ့ဩ ထူးဆန်းပါလေစွ………………..
(၇)မြန်နှုန်းနိမ့် အင်တာနက်
မှန်မှန်ကန်ကန် သုံးသပ်တင်ပြ ရလျှင် မြန်မာနိုင်ငံ အင်တာနက်သည် နှေးလွန်းသည်ဟုလဲ မဆိုသာ။မြန်နှုန်းနိမ့် ခြင်းသာ ဖြစ်ပေသည်။အင်တာနက် လိုင်းများ မတည်မငြိမ် ဖြစ်ခြင်းဖြစ်လေသည်။ဒါကြောင့်လဲ သုံးစွဲသူ အပေါင်းတို့၏ ဆဲဆို ငြိုငြင်ခြင်း ခံရပါတော့သည်။အင်တာနက် လိုင်းမတည်ငြိမ် ခြင်းကြောင့် ပို့သောမေးလ်များ မှာလဲ မတည်မငြိမ်နဲ့ အဆင်မပြေမှုကို ဖြစ်စေပါသည်။တခါ တရံ မေးလ်တစ်စောင်ကို တစ်မိနစ်အတွင်း ရောက်သွားပေမယ့် တခါတရံမှာတော့ တစ်နာရီ နှစ်နာရီကြာ ရုျ်ပင် မရောက်တတ်ပဲ ရှိနေတတ်သည်မှာ လဲ ကမ္ဘာပေါ်ရှိ အင်တာနက်လိုင်း များတွင် တူမတူသော တစ်ခုတည်းသော မြန်မာ့အင်တာနက်ပင် ဖြစ်လေတော့သည်။
(၈)လူသားတိုင်း အတွက် အင်တာနက်
အင်တာနက်သည် ကမ္ဘာပေါ်တွင် မရှိမဖြစ် လိုအပ်သော အရာတစ်ခု အဖြစ် လက်ခံလာကြပါသည်။နိုင်ငံ တစ်ခုနှင့် တစ်ခု တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အဆင့်တန်း ကိုတိုင်းတာရာတွင်လဲ အင်တာနက် အသုံးပြုသူ ဦးရေ နှင့် အင်တာနက်လိုင်း အရည်ချင်း များကို ထည့်တွက် ဖော်ပြကြသည်ကို တွေ ့ရလေသည်။တခြားသော နိုင်ငံများတွင် အင်တာနက်ပေါ်တွင် ဘောလုံးပွဲ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းပြင် အခြားခြားသော အရာများကိုလဲ အင်တာနက်လိုင်း ပေါ်တွင် ပြုလုပ်နိုင်သည့်ထိ လိုင်းများကောင်းကြပါသည်။မြန်မာနိုင်ငံမှာတော့ ဆိုဒ်တစ်ဆိုဒ် ပွင့်ဖို့ အရေး မနည်းကြိုးစား ရမှာသည် တခါတရံ အမြဲလိုလို ကြုံဆုံနေရသည်မှာ အဆန်း ကြီးတော့ မဟုတ်တော့ပေ။လိုင်းများ ကောင်းလာခြင်းကြောင့် လူတိုင်း လိုလိုလားလား သုံးချင်လာကြ မည်မှာ မလွဲဧကန် ဖြစ်သည်။အင်တာနက်ကို အကျွမ်းတဝင် သုံးစွဲတတ် သွားလျှင် လေ့လာစရာ ဖျော်ဖြေစရာ စသည် စသည်များကို အသုံးချနိုင် ခြင်းကြောင့် ကြူကြူစိန်လေးများ အလိုလိုပပျောက်ကာ ပညာတတ် ပညာရှင်ကြီးများ ပေါ်ပေါက် လာနိုင်ပါသည်ဟု ဆိုလိုက်ရပေသည်။

7 comments

  • သုရှင်

    August 27, 2012 at 3:07 pm

    ကောင်း၏ ကောင်း၏ ဗဟုသုတ ရ၏ ။

  • မောင်ပေ

    August 27, 2012 at 8:42 pm

    ပြီးခဲ့တဲ့ တော်တော်ကြာတဲ့အချိန်လောက်က အမ်ပီတီ က အင်တာနက်လိုင်းပြတ်တော့မယ် ဆိုရင် သုံးမရအောင် ဖြစ်တော့မယ်ဆိုရင် တင်ကြိုကြေငြာအသိပေးသေးတယ်
    အခုရက်ပိုင်းအတွင်းဖြစ်နေတဲ့ ၊ သုံးမရလောက်အောင် လိုင်းနှေးခြင်း အတွက်တော့ ဘာသံမှကို ထွက်မလာဘူး
    ယဉ်ကျေးမှုမရှိရှာတော့ဘူး ထင်ပါရဲ ့

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 9:20 pm

    အင်တာနက် ဟူသည် အင်ရယ်၊ တာရယ်၊ နက်ရယ် ပေါင်းစပ်ထားခြင်း ဖြစ်၏ ..
    အင် ဟူသည် အတု ဟူ၍ ဖြစ်၏ ..
    တာ ဟူသည် တာသွားခြင်း ဟူ၍ ဖြစ်၏ ..
    နက် ဟူသည် အနက်ရောင် ကဲ့သို့ မှောင်မိုက်တတ်သည်လည်း မည်၏ ..
    တစ်နည်း ဟူမူ နက် ဟူသည် နက်နဲခြင်း ကဲ့သို့လည်း ဖွင့်ဆိုနိုင်၏ …

    မြန်မာပြည်၏ အင်တာနက် အား အဓိပ္ပါယ် ဖွင့်ဆိုရပါမူ ..
    ဖေ့ဘုတ်၊ ဂျီမေးလ်၊ ဂျီတော့ပ်၊ ဂိမ်း ဟူ၍သာ ဖြစ်ပေတော့သတည်း …..။

    ပုံ/
    မဟာဘာဂျာ အံချာဒုံး

  • ရွှေ မင်း သား

    August 28, 2012 at 5:57 am

    လိုင်းကျနေတဲ့ အင်တာနက်လိုင်းနဲ့….
    ဘေမဆောင်လို့ လိုင်းဖျတ် ထားတဲ့ အင်တာနက် လိုင်း…
    ဘာကွာလဲ ခင်ဗျ။

  • တစ်ချို ့က အိမ်သာပျက်၊တစ်ချို ့က ဖာနက် အမျိုးမျိုးပေါ့။
    သို ့သော် အကျိုးရှိအောင်သုံးသူများအတွက်တော့………

  • aanyar thar

    August 28, 2012 at 6:20 pm

    မြန်မာပြည်မှတော့..အင်ကြာနက်..ပါအကိုရယ်.(အဖကဆိုင်သော..အရှင်ကောင်းသခင်ကောင်း…အမိ့ကဆိုင်သော..အရှင်ကောင်းသခင်ကောင်း.တို့..တင်ပါတယ်မြှောက်ပါတယ်..ပူဇော်ပါတယ်…ပသ့ပါတယ်..မမေ့မလျျှော့ပါဘူး…ချက်တင်..Q..နေချိန်ခဏလေး….ကွန်နက်ရှင်လေးများ…ဖလန်းဖလန်းထအောင်..ကူညီမှိုင်းမ..တော်မှုပါ…ရိုးရာ..သခင်တို့..ကို်ကြီးကျော်ပါ..မကျန်..)

  • mobile (mandalay)

    December 19, 2012 at 11:28 pm

    ဗဟုသုတရပါကြောင်းဗျာ။
    ဖတ်ရှု့အားပေးသွားပါတယ် မောင်ဆင်ကြီးရေ…..

Leave a Reply