မန္တလေးနန်တော်ဟောင်းကြီးကို…

မန္တလေးနန်တော်ဟောင်းကြီးကိုမြင်ရတော့ ပြည်သူတစ်ယောက်အနေနဲ ့ မဆိုင်သလို မပိုင်သလို အမြဲခံစားရတယ်။တကယ်ဆိုရင် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးအားလုံးပိုင်နေရာကြီးပါ။ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ဌာနချုပ် စစ်တပ်နေရာ စစ်တပ်နဲ ့သက်ဆိုင်သူတွေသာ ဝင်ထွက်ခွင့် နေထိုင်ခွင့်ရှိတဲ ့နေရာဖြစ်နေခဲ ့တာပါ။သာမန်ပြည်သူတွေကတော့ လွတ်လပ်စွာဝင်ထွက်ခွင့် လေ့လာခွင့်မရတာ အားလုံးအသိပါပဲ။ပြောရရင်  သီပေါမင်းပါသွားကတည်းက ပြည်သူတွေမန္တလေး နန်တော်ဟောင်းကြီးကို ဆုံးရှုံးခဲ ့ရတာ အခုချိန်ထိ လို ့ပြောလို ့ရပါတယ်။တကယ်တော့မန္တလေးနန်တော်ဟောင်းကြီးကို ပြည်သူတွေပဲ ပိုင်ဆိုင် ထိန်သိမ်းသင့်တာပေါ့။အခုဆိုရင် အဓမ္မအသိမ်းခံမြေယာတွေကိစ္စတောင်းဆိုဆောင်ရွက်ကြရာမှာမန္တလေးနန်တော်ဟောင်းကြီးကအမေ့ခံဖြစ်နေပါတယ်။မန္တလေးနန်တော်ဟောင်းကြီးကို

မြန်မာပြည်သူလူထုတွေ လက်ထဲပြန်ရောက်ဖို ့မြန်မာလူထုက ညီညာမှုနဲ ့ ပြန်လည်တောင်းဆိုသင့်တယ်လို ့ ကျွန်တော်ကတော ့ယူဆပါတယ်။

 

17 comments

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    August 27, 2012 at 3:18 pm

    မှန်တာပေါ့..လုံးဝထောက်ခံတယ် သယ်ချင်း…တခြားသူတွေရောဟေ့..ဘယ်လိုလဲ?

  • YE YINT HLAING

    August 27, 2012 at 3:33 pm

    လုံးဝ ရာနှုန်း ( ၁၀၀၀၀ဝ ) ထောက်ခံတယ် ။ တခြားသူတွေကော ???

  • သုရှင်

    August 27, 2012 at 3:42 pm

    နန်းမြို ့ ရိုးကို မှ အလွမ်းပြေကြည့်ခွင့် ရချင်သေးတယ်…
    ဒို့မြန်မာတွေ ကိုယ့်ထီးကိုယ့်နန်းအုပ်ချုပ်ခင်က ……….
    စိတ်ဘဝင် မှာ တကာ တကာ လွမ်းရပေါ့ကွယ်
    လွဲခဲ့လေခြင်း…။ :mrgreen:

  • ရွှေ ကြည်

    August 27, 2012 at 4:39 pm

    အဲ အဲ အားဖြည့်ရမှာပေါ့ ထောက်ခံပါတယ်ရှင့်။

  • aanyar thar

    August 27, 2012 at 6:13 pm

    မှန်တယ်ဗျာ..မြန်မာလူမျိုးတွေရဲ့…ရာဇဝင် အထင်ကရ..နေရာပါ..တကယ်ဆို…လေ့လာလိုသူ..တစ်ခြားနိုင်ငံသားတွေစီကနေ. .နိုင်ငံခြားဝင်ငွေ..ယူလို့ရမယ့်နေရာပါ..ခု့တော့.. .မြန်မာလူမျိုးခြင်းတောင်..စိတ်နာတယ်ဗျာ..(..ဒါနဲ့..သတိ့ထားမိ့တာလေးပါ…သလွှင်တော်.. ဆိုတဲ့..အရာက..ရှေးခေတ်သုံးရော..ဟုတ်ရဲ့လားဗျာ.. .ရှေးခေတ်ကလူတွေ.. အရပ်အမောင်းနဲ့…ခု့လက်ရှိ့သလွှင်က… အတော်ကိုသေးနေတယ်.. ကလေးအိပ်..သာသာပဲရှိ့တယ်ဗျ..)

    • မျိူးချစ် နဂါး

      August 28, 2012 at 10:51 am

      စဉ်းစားစရာပါပဲ Ko aanyar thar ရေ….

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:38 pm

    ကျနော်တော့ဖြင့် မန်းလေးကို တစ်ခေါက်မှ မရောက်ဖူးတဲ့လူ ဖြစ်လေတော့ဗျာ ..
    နန်းတော်ကြီး အကြောင်းကို သေချာ သိဘူးရယ် ..
    ဒါ့ပုံတွေတော့ အများကြီး မြင်ဖူးတာပေါ့နော် ..

    ခုလို ဆိုတော့ကာ ..
    ကျနော်ကလည်း ထောက်ခံပါကြောင်း …

  • kai

    August 27, 2012 at 11:11 pm

    ပိုင်ရှင်အစစ်က.. သီပေါမင်း..မင်းတုန်းမင်းတို့ရဲ့..ကုန်းဘောင်မင်းဆက်ဖြစ်ပါကြောင်း..
    စနစ်တကျစိစစ်ပြီး.. ပြန်ပေးသင့်ကြောင်း… :mrgreen:

  • nature

    August 27, 2012 at 11:31 pm

    တောင်းပြီးဘာလုပ်မှာလဲ။ထိမ်းသိမ်းစောင့်ရှောက်ဖို့ အစောင့်ထားဖို့စရိပ်တောင်ပိုကုန်ဦးမယ်။ ကိုယ့်စီးပွားကိုယ်ရှာစားနေရတာ အားအားယားယား အလကားအလုပ်ရှုပ်ခံလို့။

    • မျိူးချစ် နဂါး

      August 28, 2012 at 10:47 am

      အလကားအလုပ်ရှုပ်မခံပဲကိုယ့်စီးပွားကိုယ်ပဲရှာစားနေကြလို ့ မြန်မာပြည်ဒီလိုဖြစ်နေတာပါ။ရပ်ကွက်ထဲက တဲစုတ်တောင်တာဝန်သိရင် ထိန်းသိမ်းလို ့ရပါတယ်…သူ ့ဟာသူတာဝန်သိသူတွေပေါ်လာမှာပါ။သင်လိုလူမျိုးတွေကလွဲရင်ပေါ့။နှမ်းတစ်လုံးနဲ ့ဆီမဖြစ်ပေမယ့် ဆီဖြစ်ဖို ့ အဲဒီနှမ်းတွေစုပေါင်းရတာပါ…

  • မောင်ပေ

    August 28, 2012 at 1:25 am

    နေဂျဘာအုန်း (ကိုအောင်ပုလေသံဖြင့်ပစ်သည်)
    စစ်တပ်က သိမ်းတာ တရုတ် ကုလားသိမ်းတာလောက် ဆိုးနေလို့လား
    တစ်ခြားမပြောနဲ့ နန်းတွင်း(mdy အခေါ်) ထဲက ထောင်နေရာမှာ တရုတ်တွေ ကုလားတွေ ပိုက်စက်ရုံ ပလက်စတစ်စက်ရုံတွေ လုပ်ခဲ့တာကြာ ကြာပေါ့
    တစ်ခုတော့ရှိတယ်
    တက်ကသို ပေါင်းစုံက အတွဲပေါင်းစုံအတွက် ကွန်ဒုံးသုံးစရာ ဘိပျောက်သွားမယ်နော

    • မျိူးချစ် နဂါး

      August 28, 2012 at 10:42 am

      ပြည်သူပိုင်ဖြစ်ရင် အဲဒါတွေကို အများဆန္ဒနဲ ့ရှင်းနိုင်တယ်လေ…အတွဲတွေနေရာပျောက်မှလဲ မလိုလားအပ်တဲ့ ပြဿနာတွေမပေါ်မှာလေ…

    • ဘဲဥ

      August 28, 2012 at 11:05 am

      ပေါ်ဘီ ပေါ်ဘီ ဒို့ကိုပေ ရိုးလှ ရိုးလှနဲ့ ဟွင်းဟွင်း 😀

  • mobile (mandalay)

    December 19, 2012 at 11:47 pm

    ထိန်ထိန်သိမ်သိမ်းနဲ့ အကောင်းမွန်ဆုံး ပြုလုပ်ထားပြီး
    ပြည်သူတွေတင်မက နိုင်ငံခြားသားတွေပါ လေ့လာလို့ရအောင် လုပ်ထားသင့်တယ်လို့ထင်တယ်။

  • မန်းလေးမြို့ကိုလာလည်တဲ့ နိုင်ငံခြားခရီးသွားတွေဆီက မန္တလေးမြို့အတွင်းက အထင်ကရ နေရာတွေဘု ရားကျောင်းကန်တွေအတွက်
    ဝင်ခွင့် us10$ ကောက်ခံထားပြီးသားပါ.

Leave a Reply