ကုသကယ်မ-ချမ်းသာသုခရစေလို

aye.kkAugust 27, 20121min17816

ကံ,စိတ်,ဥတု,အာဟာရအကြောင်း(၄)ပါးကြောင့်၊အနာရောဂါဖြစ်သည်။

ထိုအကြောင်းတရားလေးပါးကြောင့်၊ကံဝေဒနာရှင်၊စိတ်ဝေဒနာရှင်။ဥတုဝေဒနာရှင်၊အာဟာရဝေဒနာရှင်ရောဂါဟူ၍ခံစားကြရပါသည်။

ထိုအကြောင်းတရားလေးပါးကြောင့်ရောဂါဝေဒနာဖြစ်ပေါ်လာပါက၊ကုသကယ်မနိုင်ပါလျှင်။ထိုဝေဒနာရှင်များအတွက်ချမ်းသာ

သုခရရှိမည်မှာဧကန်မုချပင်ဖြစ်ပါသည်။ထိုဝေဒနာရှင်များ၏ရောဂါအားကုသပျောက်ကင်းနိုင်သည့်နည်းလမ်းများရှိပါသည်။

ဗဟုသုတအဖြစ်၊ကျမလေ့လာဖတ်ရှူမှတ်သားထားမှု၊သိထားသမျှအား၊ဂဇက်စာချစ်သူတို ့အတွက်ဝေငှဖော်ပြအပ်ပါသည်။

ကံဝေဒနာရှင်ကို

၁။ ဘုရားကိုပူဇော်ခြင်း။

၂။ သံဃာတော်မြတ်များ၏ပရိတ်တရားတော်ကိုနာကြားခြင်း။

၃။ ပရိတ်ချည်၊ပရိတ်သဲဖြင့်အရံအတားပြုခြင်း။

၄။ ပူဇော်ရိုသေထိုက်သောသမာဒေဝပုဂ္ဂိုလ်များအားဗလိပူဇာပြုခြင်း။

၅။ တံတားခင်းခြင်း၊ညောင်ထေါက်ခြင်း၊ငါးသက်စေ့လွတ်ခြင်း၊အသတ်ခံရအံ့ဆဲဆဲကြက်၊ငှက်စသည်တို ့

အားတန်ဘိုးပေးရွေး၍ဘေးမဲ့ပေးခြင်းဖြင့်ပူးတွဲကုသရာ၏။။

စိတ်ဝေဒနာရှင်ကို

၁။ သာယာငြိမ့်ညောင်းသောတူရိယသံဖြင့်စိတ်ကိုကြည်လင်စေခြင်း။

၂။ ချိုသာသောတေးသီချင်းသံဖြင့်စိတ်ကိုကြည်လင်စေခြင်း။

၃။ ရှု ့ချင့်စဖွယ်နန်းတွင်းအက၊ယိုးဒယားစသည်တို ့ကိုပြသ၍စိတ်ကိုကြည်လင်စေခြင်း။

၄။ သန် ့ရှင်းလှပစွာဝတ်စားဆင်ယင်စေပြီး၊အတွေ ့အထိအာရုံခုံမင်စေသောပိုးဖဲကတ္တီပါများပေါ်ထိုင်စေ၊ခြုံစေ၍

စိတ်ကိုကြည်လင်စေခြင်း။

၅။ လှပမွှေးကြိုင်သောပန်းမာန်,နံ ့သာ,ရေမွှေးပေါင်ဒါတို ့ကိုဆွတ်ဖျန်းကါ၊ယုယကါဖြင့်စိတ်ကိုကြည်လင်စေခြင်း။

ဥတုဝေဒနာရှင်အတွက်-

၁။ ဦးခေါင်းဆေးလျှော်ခြင်း။

၂။ ဝေဒနာပျောက်စေသောဆေးအမျိုးမျိုးလှူဒါန်းစေခြင်း။

၃။ အေးသောရာသီတွင်ပတ္တမြား၊နီလာဝတ်ဆင်စေခြင်း။

၄။ ပူသောရာသီတွင်ကျောက်စိမ်းဝတ်ဆင်စေခြင်း။

၅။ ဝေဒနာပျောက်ကင်းပြီးသောအခါတွင်လည်းနှာရှူဆေး၊အန်ဆေး၊ဓါတ်လေးပါးညီညွတ်စေသောဆေးများကို

မပြတ်မှီဝဲစေခြင်းတို ့ဖြင့်တွဲဖက်ကုသခြင်းပြုရာ၏။

(မှတ်ချက်။ရာသီဥတုဖောက်ပြန်၍ဖြစ်ခြင်းနှင့်ရာသီဥတုမှန်လျှက်လူကဖောက်ပြန်ခြင်းတို ့ကြောင့်ဝေဒနာရရှိပါသည်။)

အာဟာရဝေဒနာရှင်အတွက်-

၁။ ပံသကူဒါနပြုခြင်း။

၂။ သံဃဒါနဆွမ်းကျွေးခြင်း။

၃။ အစာအာဟာရချို ့တဲ့သူများ၊အရွယ်အိုမင်းသူများအား၊ထမင်းအဖျော်ယမကါစသည်ကျွေးမွေးလှူဒါန်းစေခြင်း။

၄။ အစာကြေဆေး၊လျှာပွတ်ဆေး၊ဝမ်းနှုတ်ဆေး၊လျှက်ဆားစသော၊ဆေးဝါးများလှူဒါန်းစေခြင်း

၅။ ဝေဒနာပျောက်ကင်းပြီးသောအခါ၊အန်ဆေး၊ဝမ်းနှုတ်ဆေးစသည်တို ့ကိုအခါအားလျှော်စွာစားသုံးစေခြင်း။

လျှက်ဆား၊အစာကြေဆေးများကိုအမြဲစားသုံးစေခြင်းတို ့ပူးတွဲကုသရာ၏။။

ဂဇက်မိတ်ဆွေအပေါင်းတို ့အနေဖြင့်၊မသိသူများရှိပါကသိရှိနိုင်ပါရန်စေတနာဖြင့်ဖော်ပြခြင်းသာဖြစ်ပါသည်။။

16 comments

  • pooch

    August 27, 2012 at 5:21 pm

    လောလောဆယ်တော့ အန်တီအေးရေ အလဂျစ်ဖြစ်လို့ ဆေးခန်းပြေးနေရတယ်။ အစားမှားသွားလို့ ။ ခါတိုင်းလည်း ဖြစ်နေကျမဟုတ် ဒီတခါ အတော်လေး အီစလံဝေနေအောင်ခံလိုက်ရတယ်။ မှတ်ကရောပဲ ။ဒီနေ့လည်း ဆေးထပ်ထိုးရမယ် ထင်တယ်။ 🙁

  • ဆူး

    August 27, 2012 at 5:37 pm

    အန်တီ နေကောင်းလား မတွေ့တာကြာလှပြီနော်။
    အန်တီပြောတဲ့ အချက်အလက်တွေကို မှတ်သားသွားပါတယ်။

  • မောင်ပေ

    August 27, 2012 at 7:40 pm

    စိတ်ရှုပ်လာရင် စိတ်ညစ်လာရင် ခေါင်းသွားလျှော်နေကြမို ့ ၊ “ဦးခေါင်းဆေးလျှော်ခြင်း။” ဆိုတဲ့အချက်ကို အလွယ်ဆုံး နည်းလမ်းလို ့ထောက်ခံချင်ပါတယ် ။ ကိုယ်သွားနေကြ ဆံပင်ညှပ်ဆိုင်က ဆံသဆရာဆီမှာ ခေါင်းကို နာနာလေးကုတ်ခိုင်းပြီး ၊ ဇါတ်ကြောတွေ ပုခုံးကြောတွေ ဆွဲခိုင်းလိုက်လို ့ကတော့ စိတ်ကြည် ခေါင်းရှင်းသွားပြီး ရှယ်ပေါ့ပါးလာမှာ အမှန်ပါပေ။

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:19 pm

    အမအေး ပြောပြတာလေးတွေကို
    မှတ်သား သွားပါတယ် ခင်ဗျာ ….
    ကျနော်က ပိန်ကပ်ကပ်နဲ့ ရုပ်ဆိုးဆိုးကောင်ဆိုတော့ ..
    ဒီထဲက အာဟာရ ဝေဒနာရှင်များ ဖြစ်နေမလား မသိဘူးနော် ..

    • aye.kk

      August 28, 2012 at 2:26 pm

      Pooch,ရေ။
      ကျန်းမာရေးဂရုစိုက်ဦး။ပင်လယ်စာတွေစားမိရင်လည်းဖြစ်တတ်တယ်။
      ဓတ်ကြီးလေးပါးနဲ့ဖွဲ ့စည်းထားတဲ့အာဟာရရုပ်ကိုမျှတညီညွတ်တဲ့ဓါတ်စာ
      တွေတွဲဖက်စားသုံးတတ်ဘို့လည်းလိုတယ်။
      အိပ်ရေးလည်းအပျက်မခံနဲ ့ဦးနော်။။
      ————————————————————————————————
      ဆူး,…။
      ဝမ်းသာမိပါတယ်။
      ရန်ကုန်လာဘို ့လက်ချိုးရေတွက်နေတယ်။တွေ ့ရအောင်နော်။
      ————————————————————————————————
      ကိုပေ,..ရေ။
      တြွင်းပြတ်,နဝင်းပြတ်,တေးထပ်လေးပြောပြထားတာတွေမမေ့နဲ ့ဦးနော်။
      ကံဝေဒနာရှင်အတွက်ပြောထားတဲ့အတိုင်းလုပ်ရင်-ရပြီ။။
      ————————————————————————————————
      အံစာတုံး,…ရေ။
      အာဟာရဝေဒနာရှင်ဆိုတာက…
      ခန္ဓာကိုယ်ဆိုတဲ့အာဟာရရုပ်ကို=အလွန်အကျွံအားထုတ်ပြုလုပ်ခဲ့ရင်၊မညီမညွတ်မမျှမတ
      ဆောင်ရွက်ခြင်းတို ့ကြောင့်ဖြစ်ပေါ်လာတဲ့အနာရောဂါကိုဆိုလိုပါတယ်။

    • mobile (mandalay)

      December 19, 2012 at 11:54 pm

      ဖတ်ရှု့အားပေး ကူးယူထားလိုက်ပါတယ်ဗျာ။။။

      • aye.kk

        December 20, 2012 at 9:41 am

        mobile
        ဝမ်းသာမိရပါတယ်ကွယ်။။

  • ကို ခင်ခ

    August 27, 2012 at 8:40 pm

    ဖတ်ပြီး မှတ်ထားလိုက်တယ် မအေးရေ။
    ဗဟုသုတလည်းရပါ၏။

  • nature

    August 27, 2012 at 10:55 pm

    ဗဟုသုတတိုးလို့ကျေးဇူးပါ။ ကျောက်စိမ်းရဲ့အသုံးဝင်ပုံလေးကိုလည်းသိလိုက်ရပါတယ်။

  • surmi

    August 28, 2012 at 12:33 am

    ဒါမျိုးလေးတွေ မှတ်သားရနေလို့ ဒီဂဇက်ကြီးကို မခွာနိုင်တာ …..
    ကျေးဇူးဘဲအန်တီအေး ရေ ……။
    ဇတ်လမ်းကောင်းတွေလဲလုပ်ဦးနော် ။

  • MaMa

    August 28, 2012 at 7:25 am

    ကံ,စိတ်,ဥတု,အာဟာရအကြောင်း(၄)ပါးကြောင့် ဖြစ်တဲ့ အနာရောဂါတွေကို ကုသနည်းတွေ မှတ်သားစရာပါပဲ။

    ကံဝေဒနာရှင်၊ စိတ်ဝေဒနာရှင်၊ ဥတုဝေဒနာရှင်၊ အဟာရဝေဒနာရှင်ဆိုတာတွေကိုရော ဘယ်လိုနည်းနဲ့ ခွဲခြားရနိုင်သလဲဆိုတာလည်း သိချင်သား။

    (မဟာရာဇာကြီးကတော့ မဟာရာဇာပီပီ သူ့ဝေဒနာကို သူ့ဖာသာ ခွဲခြားပြလိုက်ပြီ) :mrgreen:

    မအေးရဲ့ ဗဟုသုတ ပြည့်စုံမှုက အားကျလောက်ပါပေတယ်။
    [:)]

  • Shwe Ei

    August 28, 2012 at 3:54 pm

    အန်တီအေးပို့စ်နဲ့ ကျမစိတ်အခြေအနေနဲ့ အတော်တိုက်ဆိုင်သွားပါတယ်။ ကိုယ့်ကိုကိုယ် ကံဝေဒနာ နဲ့ စိတ်ဝေဒနာ ၂မျိုးပေါင်းခံစားနေရတယ်လို့ယူဆမိပါတယ်။ 😀 ပို့စ်ထဲကစာတွေကူးသွားပီး လက်တွေ့ကုကြည့်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်ချင့် 😀

  • aye.kk

    August 28, 2012 at 4:20 pm

    ကိုခင်ခ,nature,surmi..ရေ။
    ကွန်မန်းများအတွက်၊ဝမ်းသာမိရပါတယ်။
    ————————————————————————————————————-
    Shwe Ei,..ရေ။
    အန်တီသိထားတာလေးပြောပြချင်မိပါတယ်။
    အနာသိရင်ဆေးရှိဆိုသလိုပါဘဲ။လက်တွေ ့ကုသကြည့်ပါနော်။
    ကိုယ့်ရဲ ့ရောက်ရှိနေတဲ့အသက်၊နဝင်း,တြွင်းပြတ်ရင်(မရဏကိန်း)ထဲမှာကျရောက်နေရင်ပေါ့နော်။
    ကံ၏အကျိုးကြောင့်ဖြစ်သောအနာရောဂါ-ကံဝေဒနာရှင်လို ့ပြောရမှာပါဘဲ။
    ကံ,စိတ်,ဥတု,အာဟာရအကြောင်းတရားလေးပါးကြောင့်အနာရောဂါဖြစ်ဖြစ်တယ်။
    အနာရောဂါတွေအနေနဲ ့ပြောပြရရင်…
    သွေးကြောင့်ဖြစ်သောရောဂါ-၂၅၊သည်းခြေကြောင့်ဖြစ်သောရောဂါ-၂၀၊လေကြောင့်ဖြစ်သောရောဂါ-၈၀၊သလိပ်ကြောင့်ဖြစ်သောရောဂါ-၃၂
    ပါး၊အနာရောဂါတွေပါဘဲ။ရောဂါမျိုးဟူသမျှ၊အချုပ်ဆိုရလျှင်(၉၆)ပါးရောဂါဝေဒနာတွေဘဲဖြစ်ပါတယ်။
    ————————————————————————————————————-
    Ma Ma,..ရေ။
    ကျမနားလည်သလောက်ပေါ့နော်။
    ပြောပြချင်မိပါတယ်။
    ကံဝေဒနာရှင်=ကံ၏အကျိုးအားကြောင့်ဖြစ်သောအနာရောဂါ။
    စိတ်ဝေဒနာရှင်=သည်းခြေ-သလိပ်-လေ(သုံးမျိုး)ပေါင်းဆုံကျရောက်မှု
    သန္နိပါတ်ကြောင့်ဖြစ်သောအနာရောဂါ။
    ဥတုဝေဒနာရှင်=ဥတုဖောက်ပြန်မှုကြောင့်ဖြစ်သောအနာရောဂါ။
    အာဟာရဝေဒနာရှင်=ခန္ဓာကိုယ်မညီမညွတ်မမျှမတဆောင်ရွက်ခြင်း၊လုံ ့လအားထုတ်ပြုခြင်းကြောင့်ဖြစ်
    သောအနာရောဂါ။

  • aye.kk

    August 29, 2012 at 12:01 am

    မမရေ..။
    ဓါတ်ကြီးလေးပါးပျက်တဲ့ကိန်း၊တွက်နည်းရှိသေးတယ်။
    စိတ်ဝင်စားရင်တော့ပြောပြချင်မိပါတယ်။။

    • ဆူး

      August 29, 2012 at 9:43 am

      ပြောပြပါ။ စိတ်ဝင်စားပါတယ်။
      အတွက်အချက် ညံ့ပေမဲ့ သိတော့ သိထားချင်လို့..

  • aye.kk

    September 8, 2015 at 4:21 pm

    ဆူး
    အခုချိန်ထိ
    မပြောပြရလို့အားနာမိပါတယ်။

Leave a Reply