တိမ်နဲ့တောင်………………့အောင်ပင်လယ်နဲ့တက်သိမ်းအင်း……………………….

1 စိမ်းမြမြက်ပင်တွေကြားက မြင်ရတဲ့မန်းလေးတောင်တော်
2ချောင်းနံဘေးက သစ်ပင်ရိပ် တရေးတမောအိပ်ချင်ရာ
3 မျက်စေ့တစ်ဆုံး…………………………………………………………………………………………
4 မန်းလေးတောင်အနောက်ဘက်ခြမ်းမှာမြင်ရတဲ့ တိမ်တောင်ထု
5 စိမ်းစိုအေးချမ်းသော……………………………….
6 ကောက်ရိုးတွေနဲ့သဘာဝမြင်ကွင်းလေး…………………….
7 အောင်ပင်လယ်ကန်ဘောင်ကနေအနောက်ဘက်ကိုလှမ်းအကြည့်
8 စိမ်းစိုသောမြက်ပင်နဲ့ ပြာလွင်သောကောင်းကင်
9 ခရုနွယ်ခွေခွေ
10 လှသောတိမ်အခင်းအကျင်း
11 ပြာလွင်မှာအဖြူစွက် တိမ်တောင်ထွက်လာပုံက လှပ
12 တိမ်တောင်တိမ်ရိပ်
13 တိမ်တောင်အလှ

 

14 တိမ်အလှ
15 ပြာလွင်သော တိမ်အလှ
16 အလင်းတံခါး……………………..
17 အလင်းတံခါး အမှတ်2
18နုနုရွရွ လှလှပပ တိမ်အဆင်

 

19 တက်သိမ်းအင်းရဲ့ ညနေခင်းလေး
20 တိမ်ထောင်ထု………………………………………..ကဗျာ

 

21 ဘဝစက်ဝိုင်း ရေစက်ဝိုင်း

 

“တိမ်နဲ့တောင် အောင်ပင်လယ်နဲ့ တက်သိမ်းအင်း”

 

 

အောင်ပင်လယ်အတွင်းဘက်ပိုင်းကို အားရပါးရရိုက်ပြီးပြန်ထွက်လာတော့ နေကပူနေပါသေးတယ်။

အစကတော့ ရန်ကင်းတောင်ခြေနားက လယ်ကွင်းတွေထိသွားမယ်စိတ်ကူးပါသေးတယ် ။

ဒါပေမယ့် နေပူနေတာနဲ့ပြန်ဘို့ဘဲစိတ်ကူးလိုက်ပါတယ်။

ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း ရဲ့ အနောက်ဖက်မှာမြေလမ်းလေးတစ်ခုနဲ့ချောင်းလေးတစ်ချောင်းကိုမြင်ရတော့

သစ်ပင်ရိပ်မှာဆိုုင်ကယ်ရပ်။

ချောင်းလေးဘေးနားကိုသွား အဝေးကမြင်ရတဲ့မန်းလေးတောင်ကို လှမ်းလို့ ဓါတ်ပုံရိုက်ပါတယ်။

ချောင်းကလေးနံဘေးမှာသစ်ပင်လေးတွေကအစီအရီ။

သစ်ပင်ရိပ်ကလေးတွေက တရေးအိပ်ချင်စရာ မြင်ရတာအေးမြ။

 

တောင်အနောက်ဘက်ခြမ်းမှာက တိမ်တစ်အုပ်က လှပ။

အဲဒါနဲအောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းပြန်လာခဲ့ပါတယ်။

ကန်ဘောင်ရိုး အတိုင်းလာနေရင်း အရှေ့ဘက်ပိုင်းမှာ မြောင်းကလေးနဲ့လူကူးတံတား။

အဝေးမှာ ရန်ကင်းတောင်။

အနီးမှာက စိမ်းမြတဲ့လယ်ကွင်း။

လယ်ကွင်းရဲ့အလည်မှာ တစ်ခါကရွာသူ မမှီ သဘောကျဘူးတဲ့လယ်တဲလေး။

အဲဒါတွေကို အားရပါးရရိုက်ပြီး လမ်းပေါ်ပြန်အတက် အနောက်ဘက်မှာလှလိုက်တဲ့တိမ်တွေ။

ဒါနဲ့ဘဲနေပူကျဲတဲမှာ တိမ်တွေကိုလိုက်ဖမ်း။

အားရမှပြန်လာခဲ့ပါတယ်။

အပြန်လမ်းမှာတော့ 26ဘီလမ်းကနေဆင်း 35လမ်းကိုထွက်တဲ့လမ်းအတိုင်းတောင်ဘက်ကိုလာခဲ့ပါတယ်။

အဲဒီကနေ လက်ဖက်ရည်ဆိုင်ခစဝင်။

မိတ်ဆွေတစ်ယောက်နဲ့စကားထိုင်ပြော။

ညနေလေးနာရီကျော်ကျော်မှာအိမ်ပြန်လာခဲ့ပါတယ်။

အိမ်ပြန်ချိန်မှာတောင်တိမ်တွေက လှနေတုန်း။

ဒါပေမယ့် မိုးရိပ်နည်းနည်းရှိတော့အလင်းရောင်ကဖျော့။

ဒါနဲ့ဘဲ တက်သိမ်းအင်းမြောက်ဘက် အနောက်ကန်ဘောင်ကို     သွားလို့တိမ်တွေကိုထပ်ဖမ်းပါတယ်။.

အဲဒီမှာလဲ တကယ်လှတဲ့တိမ်နဲ့တောင် နဲ့ရေပြင်နဲမြင်ကွင်းတွေကို ပိုင်ဆိုင်လိုက်ပြန်ပါတယ်။

ညနေ5း30 အိမ်ပြန်ရောက်တော့ သိပ်တော့မမောပါဘူး မတ်တတ်တောင်မရပ်ချင်လောက်အောင်ပါဘဲ။

ဒါပေမယ့်မနားနိုင်သေးဘဲ ပုံတွေကို စက်ထဲပြောင်းပြိးကြည့်တဲ့အခါ………………………………

မောသမျှတွေကပျောက်လို့ အပန်းတွေပြေသွားပါတယ်။

စိမ်းစိုလှပပြီးစိတ်အေးချမ်းစရာကောင်းလွန်းတဲ့မြင်ကွင်းတွေကြောင့်ပါဘဲံ။.

 

 

ကိုပေါက်လမ်းသလားနေသည်

(28-8-2012)

 

 

 

10 comments

  • မောင်ပေ

    September 4, 2012 at 3:15 pm

    အောက်ဆုံးက ရေပွက်နေတဲ့ပုံကို ကြိုက်တယ်ဗျို့
    နောက်တစ်ခါကြ လျှပ်စီးလက်တာကို ရိုက်ဗျာ

  • ရဲစည်

    September 4, 2012 at 4:21 pm

    ရေပွက်အောင်ခဲချပြီးရိုက်တာကွာ
    ထင်တော့ ထင်သား
    ဒါတောင် သူများကို လှမ်းပစ်ခိုင်းတာ ဖြစ်မယ်
    ကိုယ့်ဖာသာဆို
    ပစ်
    ဝှီး
    ပလုံ
    ရေပွက်ထ
    လှမ်းရိုက်
    တိုင်ပတ်လိုက်မယ် ဖြစ်ခြင်း….။
    ဘေးကကြည့်နေရင်တော့ အတော်ရယ်စရာပ

  • ဘိုရဲ အဲဒီနေ့က တစ်ကိုယ်တော်လေလွင့်ခြင်း လုပ်ရတာမောင်
    ငါးပွက်တာ သေးလို့ ခဲရှာချပြီး ဆော်ထည့်တာ တစ်ကိုယ်တော်တင်ဆက်မူ့အဆစ်ပါ

  • ခပ်မိုက်မိုက် ကောင်မလေး

    September 5, 2012 at 2:52 pm

    ကိုပေါက်ရဲ့ ပုံလေးတွေထဲမှာ…
    တိမ်တောင်လေးတွေရဲ့ အလှကို အရမ်းကြိုက်တယ်…
    ဝင်ကြည့်သွားပါတယ်…။

  • aye.kk

    September 6, 2012 at 9:53 am

    ရာသီဝါခေါင်၊တိမ်တောင်ပြာလဲ့..
    တက်သိမ်းအင်းရဲ ့၊ညနေခင်းအလှ..
    ရှူမဝသည့်၊လက်ရာများ…။
    (ဘဝစက်ဝိုင်း)၊ရေစက်ဝိုင်းက…
    မို ့မှိုင်းပြာရီ၊တိမ်ညိုချိပ်သန်း…
    မြင်ဆန်းအသစ်၊လွမ်းရစ်လောက်အောင်…
    ရိုက်ပြနိုင်တဲ့၊ကိုပေါက်လက်ရာလှလှများ။။

  • လုံမလေး မွန်မွန်

    September 6, 2012 at 10:08 am

    လေးပေါက်.. 1 6 7 9 10 16 17 21..
    အောင်မယ်လေး..မောထှာ…
    အလင်းတံခါးတွေနဲ့ ရေစက်ဝိုင်းကိုတော့ အကြိုက်ဆုံးပဲ…. တစ်ကိုယ်တော်တင်ဆက်မှုဆိုတော့ တော်တော်လေးတော့ အချိန်ကိုက်လုပ်ရမယ်ထင်တယ်နော်….

  • ခပ်မိုက်မိုက် ကောင်မလေး

    September 6, 2012 at 12:08 pm

    ကိုပေါက်…
    မိုက်လေး တစ်ခုလောက်ပြောချင်လို့ပါ…
    New Post မှာစာရေးဖို့အတွက်…
    New Post ကိုကလစ်လို့မရဘူးဖြစ်နေတယ်…
    နောက်ပြီး အဲ့လိုစာမျက်နှာကို ကလစ်လိုက်ရင်…
    http://www.ic3.gov/default.aspxwp-admin/post-new.php
    ဆိုပြီး ကျကျလာတယ် ဘယ်လိုဖြစ်တာလဲမသိဘူး…
    ကိုပေါက် သိမလားလို့ ပြောပြပါဦး…
    ကောမန့်ပဲ ပေးလို့ရတယ်…
    ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်…။
    ကျေးဇူးတင်ပါတယ်နော်…မိုက်လေး

Leave a Reply