သမ္မတမှဝန်ကြီးများအား ပြောင်းလဲတာဝန်ပေးခြင်း

Pye Kun ZawAugust 27, 20121min1756

နိုင်ငံတော်သမ္မတရုံးမှ (၂၇-၈-၂၀၁၂) ရက်စွဲဖြင့် အမိန့်အမှတ်(၂၂/၂၀၁၂) ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။

ယင်းအမိန့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဦးစိုးသိန်း           သမ္မတရုံး
၂။ ဦးအောင်မင်း     သမ္မတရုံး
၃။ ဦးလှထွန်း          သမ္မတရုံး
၄။ ဦးတင်နိုင်သိန်း  သမ္မတရုံး
၅။ ဦးအောင်ကြည်  ပြန်ကြားရေး
၆။ ဦးကျော်ဆန်း    သမဝါယမ
၇။ ဦးအုန်းမြင့်        မွေးမြူရေးနှင့်ရေလုပ်ငန်း
၈။ ဦးအေးမြင့်        စက်မှုလက်မှု
၉။ ဦးတင့်ဆန်း      အားကစား
သမ္မတရုံးမှလင့် http://www.president-office.gov.mm/briefing-room/daily-news/news1250
credit by Hmuu Zaw
ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး ဦးကျော်ဆန်းတစ်ယောက်တော့ အရေးမပါတဲ့ သမဝါယမဝန်ကြီးဌာနကို လွင့်စင်သွားပါပြီ..
ဦးစိုးသိန်း၊ဦးအောင်မင်းတို့လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကို စောက်ချလုပ်နိုင်အောင် သင့်တော်တဲ့နေရာပေးလိုက်တယ်လို့ထင်ပါတယ်။

6 comments

  • Pye Kun Zaw

    August 27, 2012 at 8:48 pm

    ဆောရီးဘဲ အရင်တင်ထားတာမတွေ့လိုက်ဘူး.. အက်တမင်များခင်ဗျာ..

  • paukpauk

    August 27, 2012 at 9:46 pm

    သားနာမည်နဲ့ သင်္ဘောသားသင်တန်းကျောင်းတွေ ဖွင့်စား ရိုက်စားလုပ်နေတဲ့ ပို့ဆောင်ရေးဝန်ကြီး မြဲနေတုန်းပါလား။

  • မွန်မွန်

    August 28, 2012 at 5:17 pm

    အဟဲ..တော်ကြာ Co-Op ဆိုပြီး သမဝါယမတွေ ခေတ်စားလာမှဖြင့်…. 😛

    • Pye Kun Zaw

      August 29, 2012 at 7:18 am

      သမဝါယမဝန်ကြီးဌာနကို ဖျက်သိမ်းတော့မယ်လို ့ပြောတာဘဲ

      • Inz@ghi

        August 29, 2012 at 7:38 am

        သမဝါယမ ဝံဂျီးဌာန ဟုတ်စ…
        ဆိုရှယ်လစ် အမွေဟောင်းဒွေ ကွယ်…
        ဒီမိုကရေစီ ခေတ်ကြီးမှာ …
        အဲ့ဒါဂျီး ရှိနေဖို့ ..လိုလို့လား …

        အူးဂီ ကတော့ .. ဂျေဗီ ဆို ..
        ဂျေဗီ ထောင့်ငါးရာ ပဲ သိတယ်…
        အဲ့သည့် ဂျေဗီဒွေကို အကူအညီပေးမယ် ဆိုရင်တော့..
        အူးဖွတ်ကျားကို အူးဂီ ထောက်ခံပါ့မယ်ကွယ်…

        မှည့်လေးကိုလည်း ဂျစ်တယ်… ဟိုက်ချိဘွန်းလေးကိုလည်း ဂျစ်တယ်
        မေးစေ့အကွဲလေးကိုလည်း ဂျစ်တယ်… မေးရိုးကားကားလေးကိုလည်းဂျစ်တယ်..
        အကုန် လိုက်တောင်းပေးပါ ဝံဂျီး …

        😳
        :mrgreen:

Leave a Reply