ချစ်သူအတွက်

Win Paing SoeAugust 27, 20121min798

ပိုင်ဆိုင်ဖူးတဲ့ နေ့စွဲတစ်ချို့
အနာဂတ်မရှိခဲ့ကြပေမယ့်
သတိရတိုင်းပြန်တွေး
ရင်ထဲ တစိမ့်စိမ့်နွေးတယ်

အရာမထင်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက်
မခံယူတတ်ခဲ့တဲ့ ချစ်သူမင်းလဲ
လိုအပ်ချက်တိုင်းပြည့်စုံပါစေ
ငါစေတနာထားတယ်

ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင်
ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ
ငါ့ဘဝထဲ ခဏလာပြီး
စိတ်မပါတပါ ပေးသွားခဲ့တဲ့ ချစ်ခြင်းတွေအတွက်လည်း
မင်းဘဝတစ်လျှောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ……

8 comments

  • Inz@ghi

    August 28, 2012 at 11:12 am

    မရတာများရင် ဘာဖြစ်တတ်ပီး
    ရတာများရင် ဘာဖြစ်တတ်တယ် ရှိုတာလေးလည်း
    လုပ်ပါအုံး ဆြာမ

    ဆြာမတို့ သီဟပူရ ကလူတွေများ …
    တယ်လည်း တွေးတတ်ရေးတတ်သကိုး
    😀

    • Win Paing Soe

      August 28, 2012 at 11:18 am

      ခိခိ… အဲ့ဟာတင်လိုက်ရမလား… ပိတ်သတ်တောင်းဆိုတော့လည်း တင်ပေးမယ်နော်… 😉

  • မဟာရာဇာ အံစာတုံး

    August 28, 2012 at 11:23 am

    ဒီအိုင်ဒီယာနဲ့ ဒီစကားလုံးလေးကို ခိုက်တယ်ဗျာ ..
    “…
    ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင်
    ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ
    …”
    အားပေးသွားပါတယ်ဗျို့ ..

    • Win Paing Soe

      August 28, 2012 at 1:25 pm

      နောက်လဲအားပေးပါဦးဗျို့…. 😛

  • မောင်ပေ

    August 28, 2012 at 1:30 pm

    ချစ်သူအတွက်
    အလစ်ယူချက်
    ပစ်သူသေနတ်
    စစ်ကူပတ်
    ရစ်မူနှက်

    • Win Paing Soe

      August 28, 2012 at 5:29 pm

      တိန်…. အဲလိုတော့မလုပ်ပါနဲ့…. ဘေးကငုတ်တုတ်က သနားစရာဖြစ်ကုန်ပြီ….
      တကယ်ဆို ရှေ့ကလူထက်ပိုမချစ်နိုင်ဘူးဆိုရင် နောက်လူဆိုတာ မထားသင့်ဘူး…. :(((

  • si tone

    August 29, 2012 at 7:33 pm

    Si Tone နဲ့တိုက်ဆိုင်တယ်….

Leave a Reply