မိုးပြာအခန်းဆက် ကြီးကို ဖတ်မိပြီး သကာလ ကျွန်ုပ် ဆြာအုပ်သည်ကား တော်တော်လေးကို မခံချိမခံသာ ဖြစ်ခဲ့ပါတယ်.. နားလည်လို့တော့မဟုတ် ဘာတွေမှန်းကိမသိရလောက်အောင် နလပိန်းတုံးနေလို့ ဖြစ်ပါတယ်… ဒီတော့ရှာရသည်ပေါ့ဗျာ.. မိုးပြာအခန်းဆက် မှာ တွေ့ရတဲ့ comment တွေကလဲ တိတိပပ ချေပထားတာ မတွေ့ရတဲ့ အပြင်း အမြဲလက်ဇောင်းထက်နေတဲ့ ရွားသူ/သား တွေတောင် လက်ရှောင်နေတာ တွေ့ရပါတယ်..ဒီတော့ မိုးပြာဆို တာဘာလဲ ဆိုတာကို အရင်ကြည့်ရအောင်..

အောက်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ကူးယူဖော်ပြထားတာ ဆိုပေမယ့် copy paste category ထဲကိုထည့်ထားရင် နောက်ကိုရောက်သွားတယ် ဆိုတာကြောင့် Creative Writing ထဲကိုထည့်သွင်းထားပါကြောင်း..

ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း

  • အမည် – ဓမ္မ၀ိဟာရီ ဦးဥာဏ
  • မွေးသက္ကရာဇ် – ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
  • နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
  • မိဘအမည် – ဦးမြဒင် + ဒေါ်လှထွန်း 
  • မွေးရာဇာတိ – ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
  • လူမျိုး – မြန်မာ
  • ကိုးကွယ်သည့်ဘာသာ – ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
  • အလုပ်အကိုင် – ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
  • နေရပ်လိပ်စာ – (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့်(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
  • ပညာသင်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း။
  • ကိုရင်ဝတ်သည့်နှစ် – ၁၃၁၄ ခုနှစ်
  • ကိုရင်ဝတ်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
  • ကိုရင်ဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ
  • ရဟန်းခံသည့်နှစ် – ၁၃၁၉ ခုနှစ်
  • ရဟန်းဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ
  • ပိဋကတ်စာပေသင်ယူရာဌာန – မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
  • ငယ်၊ လတ်၊ ကြီးအောင်ဌာန – မစိုးရိမ်ကျောင်းတိုက်
  • စာချတန်းစာဝါလိုက်ဌာန – မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
  • သင်ကြားပေးသည့် ဆရာတော်များ – မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။
  • စာသင်နှစ် – အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
  • တာကျောင်းထွက်နေသည့်နှစ် – အသက် ၂၅ နှစ်မှအထက်။
  • တာကျောင်းနေရာဌာန – ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
  • လက်ရှိနေရာ၌စတင်နေသည့်နှစ် – ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
  • ဘာသာပြောင်းသည့်နှစ် – ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
  • ဘာသာပြောင်းရသည့်အကြောင်း – ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။
  • မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။  မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။ ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။ ၀ိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်း တိပိဋကဆရာတော်ဘုရား ၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။
  • ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာ အမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။ ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။  အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။
  • ၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။ ထာင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။
  • ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့် လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။
  • မိုးပြာဂိုဏ်းမှ တရားမ၀င် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆၀ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ –
    ၁။ ၀ိမုတ္တိဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊
    ၂။ ဘုရား(စာမျက်နှာ ၂၂၈)၊
    ၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊
    ၄။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊
    ၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊
    ၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်စာအုပ်)၊
    ၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊
    ၈။ ဘာသာတရားကပေးသော ဆုလာဘ်(စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ် စာအုပ်)၊
    ၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊
    ၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊
    ၁၁။ ဓမ္မ၀ိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁၀ ရက်။ အထိမ်းအမှတ်)
    ၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊
    ၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊
    ၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊
    ၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊
    ၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊
    ၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊
    ၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊
    ၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် – သုံးမျိုးစု)၊
    ၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘ၀နောက်ဘ၀- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ – လေးမျိုးစု)၊
    ၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊
    ၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀၇ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊
    ၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊
    ၂၄။ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊
    ၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊
    ၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊
    ၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊
    ၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊
    ၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊
    ၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊
    ၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊
    ၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊
    ၃၃။ ဓမ္မ၀ိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊
    ၃၄။ ဓမ္မ၀ိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊
    ၃၅။ မိလိန္ဒပဉှာဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊
    ၃၆။ ၀ိသုဒ္ဓိမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊
    ၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။
ဂေဇက်မှာ မိုးပြာရဲ့ ဘာသာရေးဝါဒဖြန့် post တွေတွေ့နေရတာ နဲနဲလေးမှ စိတ်မချမ်းသာပါ.. ကို  ရေးတဲ့ မိုးပြာပြာသို့ မေတ္တာစာ  post က nature ရဲ့ comment ဖြစ်တဲ့ ”သူတို့က မြတ်စွာဘုရားတရားတော်တွေကို သေသေချာချာလေ့လာပြီး အားနည်းမယ်ထင်ရတဲ့နေရာတွေ ထင်ယောင်ထင်မှားဖြစ် တတ်တဲ့နေရာတွေကို ကိုယ်လိုရာဆွဲယူပြီး တရားတော်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး သူတို့ရဲ့တရားတွေနဲ့ အစားထိုးဖို့ရည်ရွယ်ပုံရပါတယ်။ ” တဲ့ ဟုတ်ပါတယ်.. သူတို့ဟာ  မြတ်စွာဘုရားတရားတော်တွေကို သေသေချာချာလေ့လာပြီး မှ ၀ါဒဖြန့်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့လို့ ဘာသာရေးကို စာအုပ်ထဲမှာဘဲ ထားတဲ့သူတွေ အတွက် ပြန်လည် ချေပနိုင်ခြင်း အားနည်းနေပါတယ်။ ဒါကို က သူတို့ ဘာသာရေးမှိုင်းတိုက်ဖို့ အတွက် အကွက်ကောင်း ဖြစ်နေတာမို့လို့ ဗုဒ္ဒဘာသာ ၀င်များ အနေနဲ့ မိမိဘာသာ သာသနာကို ကာကွယ်နိုင်ဖို့ အလေးထား ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းရင်း…
ဗုဒ္ဒသာသနံ စီရံတိဋ္ဌတု..ဗုဒ္ဒသာသနံ စီရံတိဋ္ဌတု..ဗုဒ္ဒသာသနံ စီရံတိဋ္ဌတု
ဂန္ဓာရီ ဆြာအုပ်
Ref:

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)

   Send article as PDF