အရောင်ရင့်မှတ်တမ်း – August 2012

kaiAugust 28, 20121min48423

လွန်ခဲ့တဲ့..၂-နှစ်လောက်က.. ပုံနှိပ်သတင်းစာထဲ.. ထူးခြားတဲ့သတင်းတွေကို.. ကောက်နှုတ်ပြီး အရောင်ရင့်မှတ်တမ်း အနေနဲ့ဖေါ်ပြခဲ့ဖူးတယ်.

အဲဒီခေါင်းစဉ်ပြန်ယူရေးတာပါ..။
သတင်းတွေဖတ်မိရင်း.. ထူးခြားတာ.. Bold လုပ်သင့်တာလေးတွေ.. နှုတ်ပြသွားမယ်ဆိုပါစို့..
ရွာသူားတွေထဲကလည်း.. စာဖတ်သူစိတ်ဝင်စားမယ်ထင်ရတာလေးတွေ.. သမိုင်းမှတ်တမ်းထားသင့်တာလေးတွေ.. ကော်မန့်မှာရေးပြီး..  ကောက်နှုတ်ပြကြစေချင်ပါတယ်..။
မူရင်းလင့်ခ်နဲ့..ရေးသူကို ခရက်ဒစ်ပေးစေလိုပါတယ်..။ media fair use ဖြစ်တာမို့ ခွင့်တောင်းဖို့တော့.. မလိုလောက်ပါဘူး..။

သတင်းရေးကြရာ.. CJ လုပ်ကြရာ.. ပရိုသတင်းသမားဖြစ်တည်မှုမှာ.. အထောက်အကူရပါလိမ့်မယ်..။

လစဉ်လုပ်သွားမလားလို့ပါပဲ..။ ဒီလကတော့.. ကုန်သလောက်ဖြစ်နေပြီဖြစ်ပေမဲ့.. စမ်းလုပ်ကြည့်တာပေါ့နော..

=

 

23 comments

  • kai

    August 28, 2012 at 3:18 am

    “ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်”
    ရလဒ်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ “ကျနော်တို့ ထုံးစံ စနစ်၊ အစိုးရ၊ စစ်တပ်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေထက် ပိုကျယ်ပြန့်တယ်။ ဒီကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပုံရတဲ့ သည်းမခံတတ်မှုတွေကြောင့် ဖြစ်ရတာပါ။ ဆိုတော့ ဒီကနေ အကြီးအကျယ် စိတ်ပျက်စရာတွေ ပေါ်လာရတယ်။ ပြီးတော့ ငါတို့နဲ့ သူတို့ဆိုပြီး ပိုင်းခြားမှု ဒီဂရီ အရှိန်မြင့်လာခဲ့တော့တာပဲ”
    ဒဲရက်မစ်ချယ်( မြန်မာနိုင်ငံဆိုင်ရာ အမေရိကသံအမတ်) The Wall Street Journal သို့ပြောကြားသောစကားကောက်နှုတ်ချက်
    (ဘာသာပြန်ကို ဧရာဝတီသတင်းမီဒီယာမှ ကူးယူသည်)

    “It’s unfortunate when you see the depths of intolerance and discrimination….among citizens,” Mr. Mitchell said—including “people who otherwise you would think of as progressive and who have fought so long for civil rights,” such as Buddhist monks.

    As a result, the concerns raised by the recent violence are “broader than what our traditional concern is, which is the system, or the government, or the military,” he said. “This had to do with the deep-seated intolerance that seemed to be within the society writ large. So I think that’s where the deep disappointment came. And it creates a division between them and us to a degree.”

    http://blogs.wsj.com/searealtime/2012/08/24/u-s-ambassador-in-myanmar-speaks-out-on-rohingya/

    • မောင်ပေ

      August 28, 2012 at 9:24 am

      သဂျီးရယ် ဘယ်အရာမှ မသေချာ မတည်မြဲတဲ့ စစ်အစိုးရရဲ့ ပုံစံခွက်ထဲမှာ ကာလရှည်ကြာနေခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေဟာ အကောင်းမြင်စိတ်ဆိုတာကို သိနားလည်ပြီးကြပါပြီ
      သို့သော် အူမတောင့်ဖို့ မလွယ်ကူတဲ့အနေအထား နဲ့
      ပြီးပြည့်စုံသော ပြုပြင်ပြောင်းလဲခြင်းများကြားမှာ…

  • amatmin

    August 28, 2012 at 3:10 pm

    “လူဦးရေရဲ့ ၅ ရာခိုင်နှုန်း လောက်ပဲ ဖုန်းရှိသေးတယ်ဆိုတာ က ဖုန်းမရှိသေးသူ ၉၅ ရာခိုင်နှုန်း ဖြစ်တဲ့အတွက်
    အခွင့်အလမ်းတွေရှိ နေသေးတယ်ဆိုတဲ့ သဘောပါ။ ဒီ နေရာမှာ ကျွန်တော်တို့အနေနဲ့
    သူများတကာနဲ့ယှဉ်ရင် နောက်ကျကျန် ခဲ့တယ်ဆိုပေမယ့် ဒါကလည်း အသုံးချတတ်မယ်ဆိုရင်
    ပိုမြင့်မားတဲ့ နည်းပညာ၊ ပိုကောင်းမွန်တဲ့နည်း လမ်းကိုရွေးချယ်သုံးစွဲနိုင်တဲ့ အခွင့်အလမ်းရှိနေပါတယ်။
    ဒီနေ့ခေတ်က Steve Jobs ပြောခဲ့သလိုပဲ ပီစီအလွန်ခေတ်ကို ရောက်လာပြီး
    အင်တာနက်သုံးနိုင်တဲ့ မိုဘိုင်း ပစ္စည်းတွေရဲ့ခေတ်ပါ။ အဓိက တွေ့ရမှာက ဖုန်းနဲ့ Tablet တွေပေါ့။
    တစ်ခုသတိပြုရမှာက သူများနိုင်ငံမှာ မသုံးတော့တဲ့ နည်းပညာဟောင်းပစ္စည်းတွေကို မဝယ်မိဖို့ပါ။
    2G ကိုမသွားသင့်တော့ဘဲ 3G ကနေ စနိုင်ရမယ်။
    ဝန်ကြီးက 3G အောက်ကိစ္စဆိုရင် မပြောနဲ့ဆိုလို့ တော်တော် အားတက်သွားတယ်။
    ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀ဝ တောင် မဟုတ်ဘူး။
    ဆင်းကတ်အလကားဖြစ်ရမယ့် အပြင် ဝယ်ယူသူတွေကို မိနစ် ၂၀ဝ အလကား ဆက်ခွင့်ပြုတာမျိုး၊
    ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကိုပြောင်းပစ်ဖို့လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။
    ဒီလိုပဲ ကွန်ပျူတာ ပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာ သင်တန်းကျောင်းတို့ရဲ့ ပုံစံချင်းမတူပါဘူး။
    ကွန်ပျူတာပစ္စည်း ရောင်းရင် ဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့်
    ကွန်ပျူတာ သင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်းကျေချင်လို့မရပါဘူး။ဒီသဘောပါပဲ။
    မိုဘိုင်းဖုန်း ကုမ္ပဏီအနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ”ဟု
    KMD ကုမ္ပဏီ ၏ CEO ဦးသောင်းတင်က အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

    Eleven Media မှကောက်နုတ်ဖော်ပြသည်.။
    မူရင်းလင့်ခ် (http://news-eleven.com/index.php?option=com_content&view=article&id=15165:——business-model—-&catid=42:2009-11-10-07-36-59&Itemid=112)

  • သူကြီးပြောသလိုပါ….
    “ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်”

  • kai

    August 29, 2012 at 12:50 am

    Nikon D7000 + Nikkor 18-200mm f/3.5-5.6G AF-S DX VR II ED + 16GB SD Card + Nikon leather bag is for $1597
    Nikon D7000 + Nikkor 18-200mm f/3.5-5.6G AF-S DX VR II ED + 16GB SD Card + Nikon leather bag is for $1597

    http://www.amazon.com/gp/product/B008CSU41M/ref=bt_atcg_mine_cta?t=slickdeals&tag=slickdeals&pf_rd_m=ATVPDKIKX0DER&pf_rd_s=center-3&pf_rd_r=18AD36REB0KDC3AT496X&pf_rd_t=101&pf_rd_p=1392108682&pf_rd_i=540734

    Comes with:
    With 18-200mm f/3.5-5.6G AF-S DX VR II ED Nikkor Lens
    Comes with 16GB SD Card, Nikon leather bag, two Nikon instructional DVD’s
    High Resolution 16.2 MP DX-format CMOS sensor
    High Speed 6 frames per second continuous shooting up to 100 shots
    Breathtaking Full 1080p HD Movies with Full Time Autofocus

    အမြတ်ခွန်နဲ့.. ပို့ခပေးရင် ဝယ်ပေးမယ်ဖြစ်ကြောင်း…။ 🙂

  • အရီးခင်လတ်

    August 29, 2012 at 1:49 am

    {{{ “အိမ်မှာ အလ္လာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်ဆည်းကပ်သူရှိသည်။
    မြတ်ဗုဒ္ဓကို သက်ဝင်ယုံကြည်သူ ရှိသည်။
    ယေရှူအရှင်ကို အစဉ်အမြဲ ကယ်မပါဟု တိုင်တည်သော သူရှိသည်။ မူဆလင်ကောင်လေးက မြတ်ဗုဒ္ဓဘုရားကျောင်းဆောင် မီးပျက်နေသည်ကို ပြုပြင်ပေးသည်။ မူဆလင်ကောင်လေး ရာမဒန် ဥပုတ်ယူသော အချိန်တွင် အိမ်မှာ ဝက်သားရှောင်သည်။
    ယေရှူအရှင်ကို အာမင် ဟု ဆုတောင်းချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်နေပေးရင်း ခရစ်စမတ်မှာ အရက်တိုက်ဟု မဲဆွယ်ကြသည်။
    ကိုယ်ကြိုက်တာ ကို ကိုးကွယ်။
    ကိုယ် ယုံကြည်ရာ ကိုယ်လျှောက်။
    လိုအပ်သော နေရာမှာ လှူဖို့ တန်းဖို့ ဘယ် ဘာသာဝင်က နှိုးဆော် နှိုးဆော်
    “ငါ့အတွက် နင်စိုက်ထား။ လကုန်တော့ တောင်း” လုပ်ကြ၏။” }}}

    {{{ “အိမ် ဆိုသည့် အိမ် သည် နန်းတော်ကြီးကဲ့သို့ ကြီးကျယ် ခမ်းနားဖို့ လိုမည် မထင်။
    အများ အမြင် တင့်တယ်သည့် တောင့်တောင့်တင်းတင်း၊ တည့်တည့်မတ်မတ်၊ သေသေသပ်သပ်၊ သပ်သပ်ရပ်ရပ် အိမ်ကလေး တစ်လုံး ဖြစ်လျှင်ကိုဘဲ ပြည့်စုံပါလိမ့်မည်။
    ပေါင်းမြက်ပင်တွေ တောထ မင်းမူနေသည်ကို မင်းရှင်း၊ ငါရှင်း လုပ်နေသည့် လူများနှင့်တော့ မဖြစ်ဘူး ထင်ပါသည်။
    ဓားလွတ်ဘေးချပြီး အိမ်ဦးခန်း တက်ထိုင်ချင်နေသည့် လူများနှင့်တော့ အဘယ်မှာ ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ဖြစ်လာပါ့မလဲ။
    ရှိအတူ၊ မရှိအတူ မျှဝေခံစားသည့် မိသားစုဝင်တွေ ရှိဖို့ လိုမည်ထင်သည်။
    အိမ်က ချမ်းသာသမျှ၊ ပိုင်ဆိုင်သမျှ ခိုးဝှက်၊ ရောင်းစားပြီး အိမ်ထဲမှာ အိမ်ထပ်ဆောက်ချင်သည့် မိသားစုဝင်များနှင့်တော့ ရန်ဖြစ်၊ ငြင်းခုံသံတွေဘဲ ကြားရဖို့ ရှိသည်။
    ရန်ပွဲများဖြင့် ဆူညံပွက်လောရိုက်နေသော အိမ်ကို မိသားစုဝင်များ ပြန်လာဖို့ တွန့်ဆုတ်နေကြမည်ထင်သည်။

    အိမ်မှာ ခိုင်းစေဖို့ အခြွေ အရံ အသင်းအပင်း များစွာဖြင့် ကျောက်ဖြူတိုင်လုံးကြီးများဖြင့် ခမ်းနားကြီးကျယ်သော အိမ်ဖြစ်ဖို့ ကြိုးစားနေကြသလား။
    ပြောင်လက်တောက်ပသော မဟော်ဂနီ အရောင် တဖိတ်ဖိတ်လက်နေသည့် အိမ်ကြီး အိမ်ကောင်းကြီး လိုချင်ကြသလား။
    သဘာဝကျသော လူ့လောဘ ဖြစ်ပါလိမ့်မည်။
    သို့သော် ကျနော့်သဘောကတော့ မရှိအတူ၊ ရှိအတူ၊ တစ်ယောက် ကောင်းကျိုး တစ်ယောက်လိုလားသော၊ တန်းတူညီမျှမှု စိတ်ထားများဖြင့် ပြည့်စုံသော အိမ်သားများ နေသည့် ကျူထရံတွေ ကာထားသည့် လေလုံ၊ မိုးလုံ အိမ်လေးဆိုရင်ကိုဘဲ ပြည့်စုံပါသည်။
    အိမ်ကလေးထဲမှာ အိမ်ကလေးတွေ ထပ်ထပ်၊ ထပ်ထပ် ဆောက်ချင်နေသည့် လူတွေ များနေသည့် အိမ်ဆိုလျှင်တော့ အပြင်မှာဘဲ ကြယ်မြင်၊ လမြင် အိပ်တာဘဲ ပိုကောင်းပါလိမ့်မည်။” }}}

    အိမ်
    ဖိုးထက်၊ ဩဂုတ် ၂၂၊ ၂၀၁၂
    မိုးမခ မီဒီယာ
    http://moemaka.blogspot.co.uk/2012/08/po-htet-home-sweet-home.html

    • အရီးခင်လတ်

      August 29, 2012 at 2:22 am

      သူကြီးက သတင်း ကို ဘဲ ဖော်ပြစေချင်တာလား မသိ။ 🙄
      ကျွန်မ တင်လိုက်တာ သတင်း မဟုတ်လို့ စောဒီးပါ။
      ဒါပေမဲ့ ကြိုက်လွန်းလို့ တင်လိုက်တာပါ။

      • kai

        August 29, 2012 at 3:18 am

        အရောင့်ရင့်ရင့်လေး… ထားချင်တဲ့မှတ်တမ်း.. အကုန်တင်ကြပါခင်ဗျား…
        အဟမ်း…
        အရီးလတ် အရောင်ရင့်လေးနဲ့.. ဆက်စပ်ပြောရရင်…

        ကျုပ်လည်း အိမ်ပြန်ရမှာ.. ကြောက်..ကြောက်လာသဗျ..
        ဘယ့်နှယ်..
        ငါ့အိမ် ငါလုပ်ချင်သလိုလုပ်မယ်.. မနေချင်ထွက်သွားဆိုပြီး.. မိသားစုပိုင်အိမ် ..င့ါအိမ်ကြီး…င့ါအိမ်ကြီးလုပ်..။
        .. လူအများစုနဲ့.. ဝိုင်း.. .ဝိုင်း…. ဗိုလ်ကျ..။
        .. ရေမြေ့သခင်မင်းတြားလုပ်ချင်သူတွေ… တယ်…. တယ်…။
        များတဲ့အိမ်ပေကိုး…။

        နှစ် ၁၀၀ဝ ကျိန်စာ… :mrgreen:

      • zarlay

        August 30, 2012 at 3:37 pm

        အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာပါလဲ သိချင်ပါတယ် သိရင်ပြောပေးကြပါ။

  • kai

    August 29, 2012 at 4:31 am

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(က) တို့အရ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

    အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်တို့အား ရာထူးမှနှုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဩဂုတ် ၂၈ ရက်ရက်စွဲ၊ အမိန့်အမှတ်(၂၃/၂၀၁၂) ဖြင့် ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    (နိုင်ငံတော် သမ္မတရုံး ဝက်ဆိုဒ်မှ)

    • zarlay

      August 30, 2012 at 2:49 pm

      ထွက်တဲ့ဝင်ကြီးတွေလဲထွက်ကုန်ပြီ ကြည့်ရတာအခြေအနေမကောင်းဘူးနဲ့တူတယ်နော်

  • Inz@ghi

    August 29, 2012 at 8:27 am

    ၂၀၁၂-၁၃ ပညာသင်နှစ်မှ စတင်ကာ သမဝါယမဝန်ကြီးဌာန လက်အောက်တွင်ရှိသော ရန်ကုန် သမဝါယမဒီဂရီကောလိပ်(သန်လျင်) နှင့်သမဝါယမဒီဂရီကောလိပ် (စစ်ကိုင်း)တို့ကို ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် လိုက်ကြောင်း

    ဒီသဒင်း က သည်အထိတော့ အဟုတ်…
    အဲ ..ဆက် အတွေးပွားရရင်တော့ … အနှီ တက္ကသိုလ်၂ခု
    ဟို အူးလေးဂျီး လက်အောက်က လွတ်သွားသပေါ့လေ…
    😀
    ကောင်းလေဇွတကား..

    အဲ …ဒီသတင်းက သည်မှာတင်မပီး …
    ဘာဆက်ပါသေးလဲ ဆိုတော့..

    တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)၌ နှစ်ချင်းပေါက် အောင်မြင်သူများကိုသာ တက်ရောက်ခွင့်ပြုသွားမည် ဖြစ်ပြီး နှစ်ကျ၍ စာမေးပွဲအောင်မြင် သူများအား လက်ခံမည်မဟုတ်ကြောင်း သိရှိရသည်။

    ဒါလား ပြင်ညာရေးစနစ် အဆင့်မြှင့်တာ…
    အမှတ်စနစ်နဲ့ ဆိုရင်လည်း ..သူ့ဟာသူ အမှတ်မီရင် ဝင်ပစေပေါ့..
    ဒါမှမဟုတ်လည်း ..အန်းထရန့်စ် ဖြေခိုင်းပြီး အောင်ရင် ဝင်ပဇီပေါ့…
    ဘယ့်နှယ့် …
    👿

    ဘောလုံးအသင်းဒွေ ဆယ်လစ်ဗျစ်တီ တွေသာ အသက်မေးရင် မကြိုက်တာ…
    တက္ကသိုလ်ကျ ..၁နှစ်ကလေး ကြီးသွားတာနဲ့ တက်ခွင့်မပေးဝူးတဲ့လေ…
    ကောင်းပါလေ့ …

    http://first-11.com/index.php?option=com_content&view=article&id=15035:2012-08-19-08-45-22&catid=43:2009-11-10-07-39-09&Itemid=111

  • kai

    August 30, 2012 at 12:03 am

    ****************************************************
    BURMA RELATED NEWS AUGUST 28, 2012.
    ****************************************************
    AFP – Myanmar takes 2,000 exiles off blacklist
    AFP – Myanmar reshuffle ‘aims to reinvigorate reforms’
    AP – Myanmar President Pardons 2 UN Aid Workers
    Reuters – U.N. says two employees released from detention in Myanmar
    Reuters – Myanmar signs industrial zone pact with Japan consortium
    IANS – US basketball professionals train Myanmar players
    The Christian Science Monitor – Myanmar removes names from blacklist. What does it mean for reform?
    Bangkok Post – Myanmar slashes exiles blacklist
    Bangkok Post – B100,000 for migrant who was chained
    Bangkok Post – Govt to submit coordination blueprint for Dawei port
    The Times of India – Northeast terror groups still operating out of Myanmar: Govt
    PR Newswire – Aung San Suu Kyi to address NED 2012 Democracy Award in U.S. Capitol
    The Diplomat – Burma’s Economic Reboot Marches On
    UPI – U.N. pulls staff from Rakhine state
    GlobalPost – Guerrilla economics in Myanmar’s ‘black zone’
    The Irrawaddy – Thousands Flee as Burma Army Attacks Jade Capital
    The Irrawaddy – Human Rights Abuses Rife in Karen State: Report
    The Irrawaddy – Can Burma Solve Energy Gap Via its Asean Connections?
    Mizzima News – Journalists negotiate press council duties with Burmese gov’t
    Mizzima News – Second Mae Sot-Myawaddy bridge site chosen
    Mizzima News – Spirituality comes too late to many national leaders

  • nozomi

    August 30, 2012 at 1:57 pm

    Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို နိုင်ငံတော်သမ္မတရုံးက ယနေ့ ဩဂုတ်လ ၃ဝ ရက်နေ့တွင် ၎င်း၏ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

    ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်ပျက် စာရင်း (Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

    ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

    ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအဝင် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်ပျက် စာရင်း (Black List ) သတ်မှတ်ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။

    ယနေ့ထုတ်ပြန်သော အမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဖြစ်သူ Alexander Arisနှင့် Khim Aris တို့လည်း ပါဝင်သည်ကို တွေ့ရသည်။ ထို့အပြင် ကြေးမုံဦးသောင်း (အောင်ဗလ) ၊ မိုးသီဇွန် (ဦး)၊ ဒေါ်ဥမ္မာခင်၊ ဦးအောင်ဒင်၊ ဒေါက်တာအောင်ခင်၊ ဦးဘိုဘိုကျော်ငြိမ်း၊ ဦးသန်းလွင်ထွန်း၊ မော်ရင်းအောင်သွင်၊ ဆလိုင်းထွန်းသန်း၊ မဒလင်းအောဘရိုက်၊ ဘဒေးလင်တနာ၊ ဂျွန်ဝီလီယံယက်တောနှင့် ညီညီအောင်တို့ ပါဝင်သည်ကိုလည်း တွေ့ရသည်။

    Black List စာရင်းမှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းကို အောက်ပါ http://www.president-office.gov.mm/briefing-room/daily-news/news1266 နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

    (http://www.news-eleven.com/index.php?option=com_content&view=article&id=15226:black-list-&catid=42:2009-11-10-07-36-59&Itemid=112)

    • Foreign Resident

      August 30, 2012 at 2:37 pm

      ” မဒလင်းအောဘရိုက် ”

      သဘောကျသဗျာ ။ မြန်မာကွ လို့ ထ အော်ရမလိုလို ။

  • kai

    August 30, 2012 at 2:17 pm

    ဝန်ကြီးနေရာများ

    ဘဏ္ဍာအခွန် – ဦးဝင်းရှိန် (ယခင် ဒုဝန်ကြီး)
    ဆောက်လုပ်ရေး – ဦးကျော်လွင် (ယခင် ဒုဝန်ကြီး)
    အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု – ဒေါက်တာကံဇော် (ယခင် ဒုဝန်ကြီး)
    ရထားပို့ဆောင်ရေး – ဒုဗိုလ်ချုပ်ကြီး ဝေလွင်
    သတ္ထုတွင်း – ဗိုလ်ချုပ်ဇေယျာအောင်
    လျှပ်စစ် ၁+၂ – ဦးခင်မောင်စိုး
    စာရင်းစစ်ချုပ် – ဦးသိန်းထိုက်
    ယဉ်ကျေးမှု – ဒေါ်စန္ဒာခင် (ယခင် ဒုဝန်ကြီး)

    • nozomi

      August 30, 2012 at 2:29 pm

      သူကြီး မြန်တယ် ဗျို့

      ဘယ်သတင်းဌာနမှတောင် မဖော်ပြနိုင်သေးဘူး
      ဟိုတယ်ခရီး ၊ အလုပ်သမား တို့ရော

      • kai

        August 30, 2012 at 3:15 pm

        မှန်မမှန်တော့မသိ.. 😕
        =
        လောလောဆယ်နောက်သတင်းတခုကတော့.. ကိုမိုးသီးဇွန်တို့.. ရယောက်အုပ်စု.. ရန်ကုန်သွားနေပြီဖြစ်ပါကြောင်း..
        အဲဒါ.. အဲဒီလို.. ပြည်တော်ပြန်ကိစ္စတွေ.. စီအန်အန်က.. ဗျူးစရာရှိလို့တဲ့.. လှမ်းပြောလာတာ..
        ရွာသူားတွေရော.. ဘာပြောချင်ကြသလည်းဟင်င်…

        • nozomi

          August 30, 2012 at 3:46 pm

          ပြန်လာချင်သူတွေ ပြန်လာနိုင်အောင် နိုင်ငံတော်ဘက်က ဘာတွေလုပ်ပေးရမလဲ
          ဘာတွေလုပ်ပေးသင့်လဲ
          ( အခု သမ္မတကတော့ ပီအာ လို ဟာမျိုး ပေးဘို့ စဉ်းစားနေတယ်ဆိုလားလို့)

          အရေးကြီးတာက
          သူကြီးရော ပြန်လာဘို့ အစီအစဉ် ရှိ မရှိ
          သူကြီး ပြန်လာနိုင်ဘို့ ရွာသူားတွေဘက်က ဘာလုပ်ပေးနိုင်မလဲ ဘာလုပ်ပေးသင့်လဲ

          blacklist ဖျက်တဲ့ စာရင်းထွက်လာတော့ ရှာကြည့်မိသေးတယ်
          သူကြီးအမည်တော့ မတွေ့မိသေးဘူး
          မျက်စေ့လျှမ်းတာလား
          မဖျက်ပေးသေးတာလား
          မူလကိုက မပါတာလား

    • Foreign Resident

      August 30, 2012 at 2:45 pm

      ဂီဂီ ရေ ။
      ” သတ္ထုတွင်း ဗိုလ်ချုပ်ဇေယျာအောင် ” တဲ့ ။

      ” ယဉ်ကျေးမှု – ဒေါ်စန္ဒာခင် (ယခင် ဒုဝန်ကြီး) ”
      သဇင်လေးရဲ့ မတော်လိုက်ရတဲ့ — ထင်ပါ ။

      • Inz@ghi

        August 30, 2012 at 2:54 pm

        တကယ်တော့ … ဂေါက်သီးသမားများဟာ… အားကစား သမားတွေပါ…
        တကယ်တော့ ..ဂေါက်သီးသမားများ ဟာ…. အားကစား သမားတွေပါ..
        ဒီကျင်းမရရင် ဟိုကျင်း ဟိုကျင်းမရရင် ဒီကျင်း …
        ရှော့ ဟိုးမရရင် ပါဖိုး ..အားမလျှော့ပါဘူး
        တကယ်တော့ ..ဂေါက်သီးသမားများဟာ… လောင်းကစားသမားတွေပါ..

        ပုံ
        ဂေါက်သီးသမား ဖြစ်ချင်နေသူ..

        😀

  • kai

    September 1, 2012 at 12:02 am

    လွန်ခဲ့တဲ့.. အနှစ်၅သောင်းက လူကို.. ရထားတဲ့အရိုးစလေးကနေ.. ပုံဖေါ်နိုင်ပြီတဲ့..။

    Genome Brings Ancient Girl to Life
    August 31, 2012 | By Adrian Cho, ScienceNOW

    In a stunning technical feat, an international team of scientists has sequenced the genome of an archaic Siberian girl 31 times over, using a new method that amplifies single strands of DNA. The sequencing is so complete that researchers have as sharp a picture of this ancient genome as they would of a living person’s, revealing, for example that the girl had brown eyes, hair, and skin. “No one thought we would have an archaic human genome of such quality,” says Matthias Meyer, a postdoc at the Max Planck Institute for Evolutionary Anthropology in Leipzig, Germany. “Everyone was shocked by the counts. That includes me.”

    That precision allows the team to compare the nuclear genome of this girl, who lived in Siberia’s Denisova Cave more than 50,000 years ago, directly to the genomes of living people, producing a “near-complete” catalog of the small number of genetic changes that make us different from the Denisovans, who were close relatives of Neandertals. “This is the genetic recipe for being a modern human,” says team leader Svante Pääbo, a paleogeneticist at the institute.
    http://www.wired.com/wiredscience/2012/08/denisovan-genome/

  • YE YINT HLAING

    September 1, 2012 at 12:54 am

    “တောင်းရမ်း စားသောက်သူ ကလေးငယ်များအား အမှိုက်ကားပေါ်တင်ပြီး တောထဲမှာ စွန့်ပစ်တဲ့ ပြည်မြို့က ကိစ္စ”
    ပြည်သူ့သတင်းထောက်၊ ဩဂုတ် ၃ဝ ရက်၊ ၂၀၁၂

    ပြည်မြို့ ဘူတာရုံ၊ ရွှေပလ္လင်ပေါ်အောက်ချိုင့်နဲ့ မြို့သစ်ပန်းခြံတွင် နေထိုင်ပြီး တောင်းရမ်း စားသောက်နေသူ နှစ်လသား ကလေးငယ် အပါအဝင် ကလေးငယ်များနဲ့ လူကြီးများကို အမှိုက်ကားပေါ်တင်ကာ ဥသျှစ်ပင်မြို့နဲ့ ညောင်ခြေထောက် တောနက်တွင်း စွန့်ပစ်မှုတခု ၂၀၁၂ ဩဂုတ် ၄ ရက်နေ့၊ ည ၉ နာရီမှ စတင်ကာ ဖြစ်ပွားခဲ့ကြောင်း ပြည်တွင်းသတင်းပေးပို့ချက်အရ သိရပါတယ်။

    အခင်း ဖြစ်ပွားပုံမှာ ၂၀၁၂၊ ဩဂုတ် ၄ ရက် ည ၉ နာရီအချိန်က ပြည်မြို့၊ လမ်းမတော် ဗဟိုမီးသတ်ရုံအနီး၊ ရွှေမင်းသမီးကုန်တိုက်ရှေ့ကို ရဲဝန်ထမ်းနဲ့ စည်ပင်သာယာဝန်ထမ်း အယောက် ၃ဝ ခန့် ဆိုင်ကယ်၊ ကားများနဲ့ ရောက်လာပြီး ထိုအုပ်စုထဲမှ လူတဦးက “နင်တို့ကို ထမင်းကျွေးမယ်၊ ခဏ လိုက်ခဲ့“ လို့ ပြောကာ ၂ လသား မိန်းကလေးတဦး အပါအဝင် အသက် ၁၂ နှစ်အောက် ကလေးငယ် ရ ဦးနဲ့ အမျိုးသမီး ၂ ဦးကို အမှိုက်ကားပေါ် တင်ခေါ်ခဲ့ပါတယ်။ ထို အမှိုက်ကားပေါ် ရောက်လာတဲ့ ကလေးငယ်များဟာ အမျိုးသမီး ၁ ဦးနဲ့အတူ အသက် ၁၆ နှစ်မှ အသက် ၂ လ အရွယ်ရှိ ကလေးငယ် ၁၄ ဦးနဲ့ တွေ့ခဲ့ကြပါတယ်။ ထို ကလေးငယ်များအဖွဲ့ကို တင်ဆောင်လာတဲ့ အမှိုက်ကားဟာ မြို့သစ်ရပ်ကွက်ကို ဆက်လက် ထွက်ခွာခဲ့ပြီး အသက် ၂ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များ အပါအဝင် ၁ဝ ဦးအဖွဲ့ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ထို့နောက် ရွှေလင်ပန်းဘုရားဆီ ခေါ်ဆောင်သွားပြီး ဓါတ်ပုံရိုက်ကာ မှတ်တမ်း ရယူကြပါတယ်။
    ထိုသို့ မှတ်တမ်း ရယူပြီး ရဲတပ်ဖွဲ့ခေါင်းဆောင်တဦးက “ဥသျှစ်ပင်ကို သွားမယ်၊ နင်တို့ မပြေးနဲ့၊ ပြေးရင် ရိုက်မယ်။“ လို့ ပြောကြောင်း၊ ထိုအခါ နို့စို့ကလေးရဲ့ မိခင်တဦးက “ကျွန်မကလေးက ဖျားနေတယ်၊ မပို့ပါနဲ့။“ လို့ ပြောတဲ့အခါ စည်ပင်သာယာဝန်ထမ်းက “ဂရုမစိုက်နိုင်ဘူး၊ ဘာမှ ရှင်းပြမနေနဲ့။“ လို့ ပြောသလို ရဲဝန်ထမ်းက “တာဝန်ရှိလို့ လုပ်ရတာ။“ လို့ ပြန်ပြောကြောင်း သိရပါတယ်။ ထို့အပြင် စည်ပင်သာယာဝန်ထမ်းတဦးက “အဲဒီကို ရောက်ရင် ရခိုင်ပြည်နယ်ကို သွား၊ ရခိုင်ပြည်နယ် ရောက်ရင် မှတ်ပုံတင် ရမယ်၊ အိမ် ရမယ်၊ အစားအစာတွေလည်း ရမယ်၊ အလုပ်အကိုင်တွေလည်း ရမယ်၊ ဒီဘက်ကို ပြန် မလာနဲ့။ ပြန်လာရင် ကလေးက ကလေးထောင်ကို ပို့မယ်၊ လူကြီးက လူကြီးထောင်ကို ပို့မယ်၊ ကားပေါ်မှာ မတ်တပ် မရပ်နဲ့၊ ဘေးကို မကြည့်နဲ့၊ ခေါင်းငုံ့နေ၊ စကား မပြောနဲ့“ လို့ ပြောတယ်လို့ သတင်းရရှိပါတယ်။

    ၂၀၁၂ ဩဂုတ် ၅ ရက်နေ့ နံနက် ၂ နာရီခွဲခန့်၊ မိုးရွာသွန်းနေစဉ် ထိုအဖွဲ့ကို အမှိုက်ကားပေါ်က ဆင်းခိုင်းကာ ညောင်ခြေထောက် တောနက်ကြီးအတွင်း ချန်ထားခဲ့ကာ ကားမောင်းပြီး ထွက်သွားခဲ့ပါတယ်။ ထိုသို့ စွန့်ပစ်ခံရသူများထဲတွင် စိတ်မနှံ့သူ၊ မျက်စိ မမြင်သူတို့လည်း ပါဝင်ကာ နို့စို့အရွယ်နဲ့ အခြား ကလေးငယ်များ ဖျားနာခဲ့ကြပါတယ်။ စွန့်ပစ်ခံရသူများဟာ အဖွဲ့ ၃ ဖွဲ့နဲ့ ပြည်မြို့ကို လမ်းလျှောက်ပြီး ပြန်ခဲ့ကြရာ ၂ ရက်၊ ၅ ရက်နဲ့ ၆ ရက်ကြာမှ ပြန်ရောက်ခဲ့ကြပါတယ်။

    ထိုသို့ အတိဒုက္ခရောက်ခဲ့ကြတဲ့ ကလေးသူငယ်များကို မြကွန်းတောင်ကျောင်းတိုက်ရှိ ကရုဏာလက်များ ကွန်ယက် ပညာဒါန (ပြည်မြို့) က အခမဲ့ ပညာသင်ကြားပေးခြင်း၊ အဝတ်အထည်များ၊ စာအုပ်များ ပေးခြင်းနဲ့ နေ့လည်စာ ထမင်းကျွေးခြင်းများ ပြုလုပ်ပေးနေကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (ပြည်ဒေသ) ကလည်း ကလေးသူငယ်များ အခွင့်အရေးနဲ့ ပတ်သက်ပြီး ရှင်းလင်း သင်ကြားပေးနေကြောင်း သိရပါတယ်။
    ပြည်မြို့ ဘူတာရုံ၊ ရွှေပလ္လင်ပေါ်အောက်ချိုင့်နဲ့ မြို့သစ်ပန်းခြံတွင် နေထိုင်ပြီး တောင်းရမ်း စားသောက်နေသူ နှစ်လသား ကလေးငယ် အပါအဝင် ကလေးငယ်များနဲ့ အမျိုးသမီးအချို့ကို အမှိုက်ကားပေါ်တင်ကာ ဥသျှစ်ပင်မြို့နဲ့ ညောင်ခြေထောက် တောနက်တွင်း စွန့်ပစ်မှု ဖြစ်ပွားခြင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအဝင် အဖွဲ့ဌာန ၁ဝ ခုဆီကို ၂၀၁၂ ဩဂုတ် ၂၉ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ခဲ့ကြောင်း သိရပါတယ်။

    အခုကဲ့သို့ လူသားမဆန်စွာ ဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။
    သတင်း – တောင်းရမ်း စားသောက်သူ ကလေးငယ်များ အမှိုက်ကား – Aug 30 2012 03:05 PM EST

    Burma Today မှာ ဖတ် ပြီး အတော် စိတ်မကောင်း ဖြစ်သွားတယ် ။ သမိုင်းမှတ်တမ်း တင်ထားသင့်တဲ့ လူလူချင်း လူသားမဆန်တဲ့ ဒီလုပ်ရပ် ကို ပြင်းထန်စွာ ရှုံ့ချ မှတ်တမ်းတင်လိုက်ပါရစေ ။

Leave a Reply