ပေါက်ပန်းဖြစ်ရတဲ့ ဘဝ

သုရွင္August 28, 20121min612

ပေါက်ပန်းမို့တဲ့…………………………………………………ကျွန်တော့်ကို

အနံ့မမွှေး အဆင်းမလှ အသုံးမဝင် တဲ့နောက်မှာ ……………………….

တစ်ပင်လုံးဝေ..နေအောင်ပွင့်တာတောင်….ဥပေက္ခာပြုရက်ကြတယ်။

ဒါများ နှလုံးသားရှိတဲ့သူတွေဆိုပဲ……………………….ကဗျာတွေထဲမှာ

လင်္ကာတွေထဲမှာ….ကျွန်တော့်အကြောင်းဘယ်သူက ကောင်းကြောင်း

ပြောလို့လဲ။……………………………………………………………………….

ခိုင်းနှိုင်းဥပမာပေးကြရင်တောင် …ကျွန်တော့်လိုကောင်မို့..လူရာမဝင်..

အဆင်းမရှိ အချင်းမရှိ လူ့ပေါက်ပန်းရယ်လို့.တန်ဖိုးနှိမ့်ပြီး ယှဉ်ကြတယ်။

ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခွင့် ရခဲ့လို့လား  ဘယ်ပန်းဖြစ်ချင်လှပါတယ်

ဆိုပြီးတော့လေ။…………………………………………………………………

မပြောပါနဲ့ဗျာ..ခင်ဗျားတို့နှုတ်က  ……………………..တရားမျှတမှုရယ်လို့

အဆင်းရှိမှ အချင်းရှိမှ အသုံးဝင်မှ…ပန်းဘဝ၊လူ့ဘဝ နေရာပေးကြတဲ့သူတွေ။

ဘယ်မှာလဲ…သဘာဝကပေးတဲ့ …အလှတရား….။……………………………….

ကျွန်တော့်ကို ပြောနေလိုက်ကြတာများ..ဖြင့်…ပန်းအဖြစ်ရှင်သန်ဖြစ်တည်နေ..တာကိုက

အရှက်ရစရာ။……………………………………………………………………………

အဲဒါထက်…ဆိုးတာရှိတယ်။ ပေါက်သား၊ပေါက်ကိုင်း ၊ ပေါက်ဖက်၊ပေါက်ပင်၊

ထင်းအဖြစ်က လွဲရင်…ကျွန်တော့်ကို..တစ်နေရာလောက်ဖြစ်ဖြစ် …………….

နေရာမပေးကြချင်ဘူးလား..ဟင်……………………………………………………..

အခြားတစ်ပင်နဲ့ ယှဉ် စိုက်ထားရင် ရွေးစရာရှိလို့မှ…………………………………

ဒီပေါက်ပင်ကိုချန်ထားမယ် ဟိုအပင်ကို ခုတ် ( ချိုင် ) လိုက်လို့..တစ်ခါမှ……..

မကြားခဲ့ဖူးဘူး။…………………………………………………………………………..

အဲဒီလောက် မျက်ကွယ်ပြုခံရတဲ့ အပင်၊အပွင့်၊အသား၊အရွက်၊………………..

ဟိုး ကျွန်တော့်အောက်ခြေက မြေဇာမြက်လောက်တောင်..တစ်ခါတစ်လေမှ..

မဏ္ဍပ်တိုင် မတက်ရဘူးနော်…………………………………………………………။

နောက်တစ်ခါ…ကျွန်တော့်ကိုမြင်ရင်….ထင်းအဖြစ်ခုန်ထစ်သုံးလို့ရသေးပါတယ်

ဆိုပြီး……………………………………………………………………………………….

နည်းနည်းလေးဘဲဖြစ်ဖြစ်…………………..အသိအမှတ်ပြုပေးနို်င်မလား ..ဗျာ။

2 comments

Leave a Reply