Effective Micro-organism EM ဖျော်ရည်ပြုလုပ်ခြင်း

Wai Aung Chan MyoAugust 28, 20121min2326

သဘာဝ လယ်ယာစိုက်ပျိုးရေးစနစ်အတွက် အဓိက မရှိမဖြစ်လိုအပ်ပြီး အင်မတန်အကျိုးရှိစေတဲ့ EM ဖျော်ရည်ပါ။

အပင်အတွက် အားဆေးအပြင် မြေဆီလွှာပြုပြင်ပေးခြင်း၊ ရောဂါခုခံကာကွယ်ပေးခြင်း၊ ရာသီဥတုဒဏ်ကြောင့် အပင်နွမ်းနယ်ထိခိုက်ခြင်းတို့မှ သက်သာပျောက်ကင်းစေခြင်း၊ စတဲ့ ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ပါတယ်။

ပြုလုပ်နည်းကတော့…

၁။ ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး (အမှည့်လွန်နေလျှင် ပိုကောင်းသည်။) တို့ကို ၁ပိဿာစီ စုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ ဆန်ဆေးရည် ၂ဂါလံခွဲ (၁ဝလီတာ)ခန့်ကို ၁ပတ်ခန့် ကြိုတင်စုဆောင်းပါ။

၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို ၂ပိဿာခန့်ဝယ်ပြီး ရေဖြင့်ကြိုပါ။

၃။ ထို့နောက် အသီး ၃မျိုး၊ ဆန်ဆေးရည်၊ သကာရည် (အချိုရည်)၊ ကြက်ဥ ၅လုံး(လတ်လတ်ဆက်ဆက်ကို ဖောက်ထည့်ပါ)၊ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။

ထို့ နောက် ပိတ်စဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၁ဝရက်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် မှိုတက်နေလိမ့်မည်။ မတက်ခဲ့လျှင် သကြား ၂၅ ကျပ်သား ထပ်ရောပါ။ နောက် ၁ဝရက်ကြာတိုင်း မွှေပေးပါ။ ၁လကြာလျှင် ၁ရက် ၁ကြိမ် မွှေပေးပါ။ စလုပ်သည့် နေ့မှ စုစုပေါင်း ၄၅ရက်ကြာလျှင် အသုံးပြုရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ၆လအတွင်း အသုံးပြုရမည်။

ထိုအရည်ချည်း သက်သက်သုံးလျှင် ရေအဆ ၅ဝမှ ၁၀၀ ရော၍ အသုံးပြုနိုင်သည်။

6 comments

  • မောင်ပေ

    August 28, 2012 at 1:47 pm

    ကိုဝေအောင် ရေ ၊ ကျွန်တော်က စိုက်ပျိုးရေးနဲ ့ပတ်သက်ပြီး လုံးဝဝေးတဲ့တစ်ယောက် ဆိုတော့
    ဒီအခု အီးအမ် ဖျော်ရည် ကို လယ်ယာစိုက်ပျိုးရေးအတွက်ပဲ သုံးလို ့ရတာလား ဗျ
    တစ်ခြား စားပင် သီးပင်တွေမှာကော သုံးလို ့ရမလား ဗျ
    သုံးလို ့ရတယ် ဆိုရင်ကော ဘယ်လို အသုံးပြုရသလဲဗျ
    ဥပမာ ကျွန်တော်က သံပုရာပင် တစ်ဧက စိုက်ထားတယ် ဆိုပါတော့ ၊ ကိုဝေအောင့် နည်းလမ်းအတိုင်း အီးအမ်ဖျော်ရည် ကို ၄၅ရက်အချိန်ယူပြီး လုပ်ပြီးရင် ၊ တစ်ဧက ကို ဘယ်လို သုံးရမလဲ ဆိုတာလေး ဖြေပေးပါဦးဗျ ။
    ကျေးဇူးတင်စွာဖြင့်
    မောင်ပေ

    • Shwe Ei

      August 28, 2012 at 1:52 pm

      ဟုတ်ကဲ့ သများလဲ ကပေပြောတဲ့အတိုင်းပါဘဲ။

    • Wai Aung

      August 28, 2012 at 4:14 pm

      ဟုတ်ကဲ့ သုံးလို့ရပါတယ် ကိုမောင်ပေရေ
      သုံးပုံ သုံးနည်းကတော့ အီးအမ်ဖျော်ရည် ၁ဆ ကို ရေအဆ ၅ဝ ကနေ ၁၀ဝ အထိ ရောနိုင်ပါတယ်။ နှစ်ရှည်ပင်ဆိုရင် ရေအဆ ၅ဝလောက်ရောပြီး ရာသီပင် (၁လ၊ ၂လဖြင့် ခူးဆွတ်စားနိုင်သော ဟင်းသီးဟင်းရွက်အပင်များ) ကိုတော့ ရေ ၁၀ဝကနေ ၂၀ဝ အထိ ရောနိုင်ပါတယ်။
      သံပုရာ တဧကဆိုတော့ ဘယ်နှပင်လဲဗျာ၊ (ဘယ်လောက်ခြားစိုက်ထားသလဲမသိဘူး)
      ပျမ်းမျှဆိုရင်တော့ တဧကကို ရေ ၄ ဂါလံပုံး ၂ပုံးဆို ကောင်းကောင်းလောက်ပါတယ်။ အဲ့ဒီတော့ ရေ ၈ဂါလံ (၃ဝလီတာပဲထားပါတော့)။
      EM ဖျော်ရည်ကို ရေ အဆ ၁၀ဝလောက်ရောဆိုတော့ EM က ၃၀ဝ စီစီ(မီလီလီတာ)ပေါ့။

      အဲ့ဒီတော့ EM ဖျော်ရည်က ရေသန့်ဗူး ၁လီတာရဲ့ သုံးပုံ၁ပုံလောက် (၃၀ဝ စီစီ)ကို ရေ ၈ဂါလံ (ရေ ၃ဝလီတာ)ရောပြီး အပင်တွေကို ရွက်ဖျားကနေ အပင်အောက်ခြေ ကိုပါ ဖြန်းနိုင်ပါတယ်။

      • မောင်ပေ

        August 30, 2012 at 1:42 pm

        ဂရုတစိုက် စေတနာများဖြင့် ပြန်လည် ဖြေကြားပေးလို ့ကျေးဇူးပါဗျို ့
        ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ ့အတူ ဟော်လန်+မြန်မာ မျိုးစပ် သံပုရာတွေ စိုက်ထားလို ့ပါ

        • Wai Aung

          August 30, 2012 at 4:32 pm

          ဟုတ်ကဲ့ပါ ကျနော်တတ်နိုင်တာလေး share လုပ်နိုင်တာပဲ ဝမ်းသာပါတယ်ဗျာ

  • Mobile

    December 16, 2012 at 1:53 pm

    ဆိုးကျိုးလေးရှိရင်လဲသိချင်ပါတယ်။ အသုံးပြု့နည်းကတော့ ရှင်းပါပြီ

Leave a Reply