သိစေ

Win Paing SoeAugust 28, 20121min952

♥♥♥♥♥♥♥♥♥

နားလည်ပါတယ်ဆိုတဲ့စကားရဲ့နောက်…….
ပြောမထွက်ဖြစ်ခဲ့တဲ့ ခံစားချက်တွေရှိတယ်…
ပါးပြင်ပေါ်က ခြောက်ကပ်ကပ်ရေစီးကြောင်းတွေရှိတယ်….
နိုးတစ်ဝက် အိပ်တစ်ဝက်ညတွေရှိတယ်…..
အသက်မဲ့တဲ့ တာဝန်ကျေအပြုံးတွေရှိတယ်……

ရပါတယ်ဆိုတဲ့စကားရဲ့နောက်……
မြိုချခဲ့ရတဲ့… နာကျင်ကျေကွဲမှုတွေရှိတယ်…..
ထုတ်ပစ်ဖို့ကြိုးစားနေရတဲ့…. သံချေးကပ်အတ္တတွေရှိတယ်……
စွန့်လွှတ်လိုက်ရတဲ့… ပိုင်ဆိုင်ခြင်းတွေရှိတယ်……
တကယ်မရဘူးဆိုတာ သူသိမလားဆိုတဲ့…. မီးစာကုန်မျှော်လင့်ချက်လေးတွေရှိတယ်…

တကယ်တော့ အချစ်ကနာကျင်စေတာမဟုတ်ဘူး……
အတ္တတွေကိုသာ….အချစ်လို့အမည်တပ်ပြီး….
နှလုံးသားကို နာကျင်စေကြတာ…..
အချစ်ဆိုတာ ရတာများရင် ရိုးတယ်….
မရတာများရင် စိတ်နာလာတယ်တဲ့….
နင်တော့ရိုးနေပြီလားမသိဘူး….
ငါကတော့ စိတ်မနာသေးဘူး…..

♥♥♥♥♥♥♥♥♥

2 comments

  • Inz@ghi

    August 28, 2012 at 12:00 pm

    တကယ်ကြီး တင်လိုက်ပီပဲ
    ကောင်းလေစွ…

    စကားမစပ်
    ဟို အချစ်ဆြာမလေးကတော့ …ကော်နက်ရှင် အကြောင်းပြပီး
    မောင်ဂီ့ကို အပျော်ကြံသွားဘီထင်ပါ့ ….
    🙁
    ဂလုထဲ သွားရိလိုက်အုံးမယ်အေ…
    ဒက်ဂလောက် ..ဒက်ဂလောက် ..

  • Mobile

    December 16, 2012 at 2:07 pm

    စသားလေးများကောင်းလှပါ၏ ကူးယူထားလိုက်ပါ၏။

Leave a Reply