ဘဝ…ဘဝ ဒီကစ

ဒီကစဆိုတော့ သင်ကမေးချင်နေပြီမို ့လား။ဝေးဝေးမတွေးပါနဲ ့။ယနေ ့အချိန်ထက်ကောင်းသောအချိန်သည်မရှိတဲ့။ဒီတော့ ဒီနေ ့က သင့်ဘဝအစပဲပေါ့ဗျာ။ဒီနေ ့မှာ သင်ကုသိုလ်၊ပညာ၊ဥစ္စာ ဘာရသွားပြီလဲ။ဘာမှမရသေးရင် သင်ဘဝခုအချိန်ထိ မစသေးပါဘူး။သင်ဟာ မှော်ရုံတောမှာ အိပ်မောကျနေတုန်းပါပဲ။အနောက်တိုင်းက အသက်၄ဝမှ ဘဝစတယ်ဆိုပြောဦးမလို ့လား။ဟင့်အင်း။ကုန်ဆုံးသွားရင် အစားထိုးမရတာ အချိန်နဲ ့မိဘတဲ ့။သင့်ရည်ရွယ်ချက်တွေကို အခုစပြီး အကောင်အထည်ဖော်လိုက်ပါ။Just do it!ပေါ့။အချိန်ဆွဲနေရင် နောင်မှ နောင်တရနေပါမယ်။ရတာတွေထဲမှာ မကောင်းတာက နောင်တနဲ ့မိန်းမပဲရှိတယ်နော်။ဟုတ်တယ်ဟုတ်။ဒါဆိုရင် သင်ဘာကိုစောင့်နေဦးမှာလဲ။သင့်ရဲ ့နေ ့သစ်တွေကို မျှော်လင့်ချက်တွေပြည့်ဝမယ့်နေ ့တွေအဖြစ်ယုံကြည်ပြီး အင်အားအပြည့်သုံးရင်မအောင်မြင်စရာ မရှိဘူးထင်ပါတယ်။သင့်အောင်မြင်မှုကို ကျွန်ုပ်နားစွင့်နေပါတယ် မိတ်ဆွေ။

 

8 comments

  • P chogyi

    August 28, 2012 at 1:22 pm

    မကောင်းတာ နောင်တ လက်ခံလို့ရတယ်။
    မိန်းမက မရှိမကောင်း၊ ရှိမကောင်းလို့ ပြောကြတယ်။
    ကျွန်တော်စောင့်နေတာ လိုင်းကားပါ အိမ်ပြန်မလို့။

  • မောင်ပေ

    August 28, 2012 at 1:33 pm

    ကျွန်တော်ကတော့ နေ ့တိုင်း ဘဝ စနေတာပါပဲ
    မနက်မိုးလင်းလို ့မျက်စိနှစ်လုံး စဖွင့်တာနဲ ့ဘဝစပြီပဲ
    မောလိုက်တာဗျာ….။

  • နေဠု ဝင်း

    August 28, 2012 at 2:19 pm

    အောင်မြင်မှုဆိုတာ အလုပ်လုပ်မှရတာ

  • kotun winlatt

    August 28, 2012 at 2:24 pm

    ဟုတ်….ဘဝ…ဘဝ…ဒီကစ…
    ဒီကစဟေ့…ဒီကစ….

  • ကို ခင်ခ

    August 28, 2012 at 3:19 pm

    ( အချိန်ဆွဲနေရင် နောင်မှ နောင်တရနေပါမယ်။ရတာတွေထဲမှာ မကောင်းတာက နောင်တနဲ ့မိန်းမပဲရှိတယ်နော်။ဟုတ်တယ်ဟုတ်။—–)

    ထိုအဆိုကို ကန့်ကွက်သည်ဟုလည်းမဆိုနိုင်သလို ထောက်ခံခြင်းပြုသည်ဟုလည်း မပြောပါ။

  • Shwe Tike Soe

    August 29, 2012 at 9:08 am

    စာစုလေးက မိုက်သဗျို… အားပေးပါတယ်..
    ဒါပေမယ့် အဲဒီ စာစုထဲမှာ နာကြည်းချက်လေး နဲနဲပါနေတယ်ထင်တယ်နော်…. 😀

Leave a Reply