အချောင်သမားတွေကို သတိထားကြ

phone_kyawAugust 28, 20121min24018

နိုင်ငံခြားမှာ အစိုးရစရိတ်နဲ ့ပညာတော်သင်သွားကြတဲ့လူတွေအများအပြားရှိပါတယ်။ တချို  ့သော သူတွေဟာ ကျောင်းပြီးတာနဲ ့မပြန်တော့ပါဘူး။ ဒါကို ခုန်ချတယ်လို ့ခေါ်ပါတယ်။

သူတို ့အနေနဲ ့ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့နိုင်ငံခြားမှာ ပညာသင်ပြီး ကိုယ့်တိုင်းပြည်မှာ အလုပ်ပြန်မလုပ်ပဲ လစာကောင်းတဲ့ နိုင်ငံခြားမှာ ခုန်ချတာဟာ ပြည်သူလူထုကို သစ္စာဖောက်တာပါ။

နားလည်ပေးနိုင်တာတစ်ခုက ကိုယ့်တိုင်းပြည်မှာ အခွင့်အလမ်းကောင်းကောင်းမရှိလို ့ဆိုတဲ့ အချက်ကိုပါ။ ဒါပေမဲ့ ဘယ်လိုမျိုးပဲ ဆင်ခြေပေးပေး ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့ပညာသင်တဲ့လူတွေ၊ နိုင်ငံခြားက စကောလားရှစ်နဲ ့ပညာသင်ခဲ့တဲ့လူတွေအားလုံးအနေနဲ ့ မြန်မာပြည်ကိုပြန်သွားဖို ့လိုပါတယ်။

ကိုယ့်ပိုက်ဆံနဲ ့ပညာသင်ခဲ့တာမဟုတ်တော့ ခင်ဗျားတို ့မှာ ပိုပြီးတာဝန်ရှိတယ်။

အခုတစ်လော နဲနဲလေးပွင့်လင်းလာတော့ ဒေါက်တာတို ့ဒေါက်တိုတို ့ရတဲ့ ဆရာသမားတွေကို သတိထားမိတယ်။ ပြည်တွင်းကိုပြန်တယ်။ လူရှေ  ့မှာ အာတယ်။ ပြီးရင် ကိုယ်နေတဲ့ နေရာကို အလျှိုလျှို ပြန်ထွက်သွားကြပြန်ရော။

ပြည်ပက ကိုယ့်လုပ်စာနဲ ့မစားတဲ့လူတွေလည်း ပြည်တွင်းကို သွားရောက်လေ့လာ အာပလာလုပ်တာတာက ကောင်းပါတယ်။ မနာလိုတာတစ်ခုရှိတာက အန်ဂျီအိုက ငွေတွေကို လမ်းစရိတ်လုပ်၊ ကိုယ်ကိုယ်ဟုတ်လှပြီ ဟတ်လှပြီ ထင်နေကြပြန်ကော။ ငါကွဆိုတဲ့ စောက်ခွက်က လိုတမျိူးမလိုတမျိူးနဲ ့။

အရင်တုန်းကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှ မာမီတို ့ပြန်မှာပေါ့လို ့….ပြောတဲ့လူတွေလည်း အခုကြတော့သွားရောက်လေ့လာချင်လို ့ဘာတို ့ဖြစ်လာပြန်ကော။ စောက်ချိူးတွေက ပြောင်းတာ မြန်လှချည်လား။

ဗမာပြည်ကို ပြန်သွားပြီး သမ္မတဆိုတဲ့ ငပေါနဲ ့တွေ ့။ ပြီးရင် ဟိုလည်ဒီလည်လုပ်။ အလွမ်းသည်။ ဗီဇာကုန်ရင် နိုင်ငံခြားကိုပြန်လာ။ ဆူရှီပြန်လိတ်။ အင်တာနက်မှာ အာ။ ပြည်တွင်းမှာ ကျနော်တို ့လေ့လာတယ်ဆိုတာတော့ မှန်ပါတယ်။ လေ့လာပြီးရင် လာလေ့ဖို ့တော့ အက်ရှင်မရှိတဲ့လူတွေဖြစ်နေကြပြီ။

ကျနော်တော့ အဆိုးမြင်စိတ်များနေတာလား၊ မနာလိုစိတ်များနေတာလား ဘာလားတော့ မသိဘူး။ အဲဒိလိုပဲခံစားနေရတယ်။

အထူးသဖြင့် ကိုယ့်လုပ်စာနဲ ့မစားပဲ မသွားပဲ သူများလုပ်စာနဲ ့နိုင်ငံရေးသမားလိုလို ကြာကူလီလိုလို သူရဲကောင်းလိုလို၊ ပညာရှင်ကြီးလိုလိုလုပ်နေတဲ့ စောက်ခွက်တွေကို ထိုးပစ်လိုက်ချင်တယ်။

ဘုန်းကျော်
ဩစတျေးလျ

18 comments

  • P chogyi

    August 28, 2012 at 1:18 pm

    လုပ်ဗျာ၊ ချဗျာ အပြတ်တီးပစ်။
    (ကိုယ်မလုပ်ရဲလို့ မြှောက်ပေးတာ)။

  • kai

    August 28, 2012 at 1:43 pm

    အမည်မည်း စာရင်းသွင်းထားသူ မြန်မာနိုင်ငံသား ၂၀၀ဝ ကျော် ပယ်ဖျက် Over 2000 exiled Myanmars revoked from government’s black lists
    by Yangon Press International on Monday, August 27, 2012 at 10:25pm ·

    ဩဂုတ် ၂၈၊ ၂၀၁၂၊ YPI

    ပြည်ပရောက် မြန်မာနိုင်ငံသား စုစုပေါင်း ၆၁၆၅ ဦးကို အမည်မည်း (black list) စာရင်းသွင်းထားခဲ့ရာမှ ယင်းတို့အနက်၂၀၈၂ ဦးအား ပယ်ဖျက်ပေးလိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ ယနေ့ နံနက် သတင်းထုတ်ပြန်လိုက်သည်။

    နိုင်ငံတော် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် အတွက် နိုင်ငံရေး၊ သတင်းမီဒီယာနှင့် စီးပွားရေး စသည့် နယ်ပယ်အသီးသီးမှ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမည်မည်း စာရင်းသွင်းထားရာမှ ယခုလက်ရှိ အခြေအနေတွင် ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအကောင်အထည် ဖေါ်ဆောင်ရွက် လျှက်ရှိခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုကြေညာချက်တွင် ဖေါ်ပြထားသည်။

    ယခုကဲ့သို့ ပယ်ဖျက်ပေးလိုက်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်ပြုပေးသွားမည်ဟု ဖေါ်ပြပါရှိကာ မည်သူမည်ဝါ ပါဝင်သည်ဆိုသည့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးပေ။

    နိုင်ငံရေး လုပ်ရှားခဲ့သူ တဦးဖြစ်ပြီး လက်ရှိ အမေရိကန် နိုင်ငံတွင် နေထိုင်လျှက်ရှိသည့် ကိုတင်နိုင်ထွန်းက “ ကျွန်တော့်နာမည် အမည်မည်း စာရင်းထဲ ပါသလား မပါလားတော့ မသိဘူး၊ တကယ်လို့ ပါတယ်ဆိုရင်လည်း တကယ်တော့ ကျွန်တော်တို့ကို အမည်မည်း စာရင်းထဲ မသွင်းသင့်တာပါ၊ အခုပြန်လို့ရတယ်ဆိုတော့ ဝမ်းသာရတာပေါ့ ” ဟု ဆိုသည်။

    လာမည့် စက်တင်ဘာ (၁) ရက်နေ့တွင် နှစ်ပေါင်း ၂ဝ ကျော် နိုင်ငံရေး အတိုက်အခံအဖြင့် လှုပ်ရှားခဲ့သူ ၈၈ အရေးအခင်း ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မိုးသီးဇွန်နှင့် အခြား အတိုက်အခံ နိုင်ငံရေး သမား ၆ဦး တို့ရန်ကုန်မြို့သို့ လာရောက်ရန် ပြင်ဆင်နေချိန်တွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    နိုင်ငံရေး အကြောင်းဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူအား ပြည်ပြေး ကြေညာခြင်း ခံထားရသူ မသန္တာက မူ “အခုလိုကြေညာတာ မတရားဘူးလို့ ထင်တယ်။ စီးပွားရေးနယ်ပယ်မှာတော့ ငွေကြေး အလွဲသုံးစား၊ လိမ်လည်တာကြောင့် အမည်မည်း စာရင်းသွင်းတယ်ဆိုတာ လက်ခံပေမယ့် နိုင်ငံရေး သမားမှာ အမည်မည်းဆိုတဲ့ စကားလုံး မရှိသင့်ဘူး၊ ဒီမိုကရေစီ ကိုသွားနေတဲ့ဆိုတဲ့ ဒီနေ့လိုကာလမှာ အကုန်ပြန်ဝင်ဖို့ သမ္မတကြီးက ဖိတ်ထားပြီပဲ၊ အခုလို ၂၀၀ဝ ကျော်ကို ဖျက်ပေးတယ်ဆိုတာမျိုး ကို နားမလည်နိုင်ဘူး” ဟု ပြောသည်။

    နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁ဝ ခုနှစ်လည် မိန့်ခွန်းတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် တစုံတယောက်ကို နစ်နာစေသည့် ပြစ်မှုကျူးလွန်ထားခြင်း မရှိပါက ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။ ။

    http://www.facebook.com/notes/yangon-press-international/

  • မောင်ပေ

    August 28, 2012 at 1:51 pm

    လာ..လာ
    ဩဇီ က နေ ပြန်လာပြီး ထိုး
    ဘေးကနေ လက်ခုတ်တီးပြီး အားပေးဦးမှာ…

  • phone_kyaw

    August 28, 2012 at 2:39 pm

    မင်းက ငါ့ကို အချောင်သမားလို ့ထင်နေလို ့လား

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 28, 2012 at 6:32 pm

      အချောင်သမားလို့မထင်ဘာဘူးခင်ဗျ
      လယ်ဥဂ ပေါင်မှာနေဒါ အခြေနေမကောင်းလို့ ဟိုဂိုဂျောသ်းသွားတယ်လို့ဘဲ
      မြင်ဘာဒယ်ခင်ဗျ 😀

  • ahnyartamar

    August 28, 2012 at 3:37 pm

    ဖတ်ရတာ နဲနဲ ထော့နေတာကလွဲလို့ အမှန်တွေပဲဆိုတာ့ ထိုးပစ်လိုက်ဗျာ၊ နိုင်ငံခြားမှာတွေ့လဲထိုး၊ တွေ့တဲ့နေရာမှာထိုး ဒါပေမယ့် ထိုးရဲဖို့တော့လိုတယ်နော်၊ တွေ့တဲ့နေရာမှာမထိုးရဲရင်တော့ ခဗျာင်္းလဲ ရွာကနေ ‘အာ’နေတာဖြစ်နေအုံးမယ်။

    • ko win

      August 28, 2012 at 10:13 pm

      အင်း..ahnyartamar ပြောတဲ့အတိုင်းပဲ။

  • နေဠု ဝင်း

    August 28, 2012 at 4:16 pm

    ထိုးထိုးအားပေးတယ်

  • နေဠု ဝင်း

    August 28, 2012 at 4:17 pm

    ထိုးထိုးအားပေးတယ်။

  • aanyar thar

    August 28, 2012 at 6:04 pm

    ဩဇီကနေ စောင့်ထိုးရင်ကြာမှာပေါ့ဗျာ..မြန်မာပြည်ကိုပြန်..လေဆိပ်ကနေ..စောင့်ထိုး…..အိုး………သေချာပါ့ဗျာ..

  • memeseku

    August 28, 2012 at 7:24 pm

    ပထမတစ်ပိုင်းကိုပဲ အာချင်ပါတယ်..အစိုးရစရိတ်နဲ့ကျောင်းတက်တိုင်းပညာအလကားသင်တိုင်းပြန်လုပ်းရမယ်… တာဝန်ရှိတယ်ဆိုတာက တော့ ..ကိုယ့်ဆီမှာအခွင့်အလမ်းမှမရှိပဲ ဘဝကို မြေမြုပ်သလိုဖြစ်နေမယ်ဆိုရင်တော့ဆောရီးပါ အကို…. 🙂 ပညာတော်သင်ဆိုတာလုူတိုင်းကို မလွတ်ပါအကို… ကိုက တော်တော်လေးကို တော်နေမှပါ.. ဆိုတော့ ကိုယ်တော်လို့ ကိုယ်သွားရတာပါ… contract မရှိရင်အခုအခြေအနေအရ ကြိုက်သလိုလုပ်နိုင်ကြောင်းမြင်ပါသှ်…. ကိုယ်မတော်ရင်သူမလွတ်ပါ… နောက်ပြီးကြိုးစားရတာရုန်းကန်ရတာလေးက ကိုယ်ကိုယ်တိုင်ပါ

  • ရာဇဝင်လူဆိုး

    August 28, 2012 at 8:20 pm

    ဟုတ်ကဲ့

  • Htoo thin

    August 28, 2012 at 8:53 pm

    အင်း အမေ ကြီးကားမှာတော့ ထိုး ရင် ဘွိုင်း လင့်ဘဲဗြ ….ဩစီမှာလဲထို နီးလီးကောင်းဘဲဖြစ်မှပါ ..။

  • aungnng87

    August 28, 2012 at 9:39 pm

    ထိုးပလိုက်။ ထိုးပြီးရင်ပြော…။ကောင်းချီးပေးလိုက်မယ်။

  • သစ် တည်

    August 28, 2012 at 10:05 pm

    တိုင်ပြည်ဂိုကောင်းဇားဇေဂျင်တူဂျီး
    အဟင့်အဟင့်……..ဟီး……ဂုတော့ တော်ဂအော်ဇီမာဂို……

  • kaung kin pyar

    August 29, 2012 at 10:43 am

    ကိုဘုန်းကျော်
    စောက်ခွက်တွေကို ထိုးပစ်တဲ့ တစ်ပုံလောက် တင်ပေးပါဗျို့။

  • Mobile

    December 16, 2012 at 3:54 pm

    အားပေးလိုက်ရပါကြောင်းးးးးးးးးးးးးးးး

Leave a Reply