မိုဘိုင်းဖုန်းတွေရဲ့ တည်နေရာကို ရှာလို့ရပြီတဲ့နော်

lynn lynnAugust 28, 20121min27619

မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ

မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန် (Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊ ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ” Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။ Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ ရယူနိုင်အောင် လုပ်ပေးသွားမှာပါ။ အခု လတ်တလောအနေနဲ့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.go-there-myanmar.com မှာ အခမဲ့ Download လုပ်လို့ရပါတယ်” ဟု Giga Gates မှ Projector Director ကိုမိုးသန့်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ ”

ခောတ်လူငယ် ဝက်ဆိုဒ်မှ ကူးယူထားတာပါ။

19 comments

    • lynn lynn

      August 29, 2012 at 9:49 am

      ရရင်လည်း ပြောပြပါအုန်း။ လင်းလင်းက သတင်းအဖြစ်တင်ပေးတာပါ။ ကိုယ်တိုင်တော့ စမ်းကြည့်တာ မဟုတ်တော့။ အဆင်ပြေရင် တစ်ခြားလူတွေ သုံးလို့ရအောင် ပြောပြပေးကြပါအုန်း။ ဝင့်မန့်ပေးတဲ့ ကိုနာဂ၊ ကိုထွန်းဝင်းလတ်၊ ခိုင်ခိုင်၊ နွေဦး၊ နေဠုဝင်း၊ Good™ တို့ကို ကျေးဇူးတင်ပါတယ်။

      • KhinMg Kyaw

        August 29, 2012 at 12:58 pm

        ကျေးဇူးတင်တယ် ဗျ …
        ဒီမှာဖတ်ပြီး တွေ့တာနဲ့ အွန်လိုင်းကနေ ဒေါင်းလုပ်ဆွဲပြီး သုံးကြည့်တာ ရန်ကုန် ကတော့ ရှာလို့ရပီ
        မန်းလေး လမ်းတွေတော့ ရှာလို့ မရသေးဘူး
        ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်

  • kotun winlatt

    August 28, 2012 at 2:22 pm

    အော…..ဟုတ်လှချည်လားးးကွယ်ရို့…။

  • Khaing Khaing

    August 28, 2012 at 2:58 pm

    ကောင်းလိုက်တဲ့ ဆော့ဝဲလ်ပါလား …. ဒါဆိုဖုန်းကိုင်ပြီး ဒီနေရာဆို ဟိုနေရာရောက်နေတယ်ဆိုပြီး လိမ်လို့မရတော့ဘူးပေ့ါ …………

  • နေဠု ဝင်း

    August 28, 2012 at 3:06 pm

    ကောင်းတာပေါ့

  • ကို ခင်ခ

    August 28, 2012 at 3:15 pm

    လင်းလင်းရေ ယုံအောင်ပြောတာလား တကယ်လားဟင်။
    တော်ကြာလူကြီးရှာဖွေသောဖုန်းသည် ဆက်သွယ်မှု့ဧရိယာ ပြင်ပမှာရောက်နေလို့ ရှာဖွေ၍မရပါရှင် နဲ့တိုးနေလို့ဆော့ဖ်ဝဲ လေးငိုနေပါအုံးမယ်ကွယ်။

    • lynn lynn

      August 29, 2012 at 9:44 am

      ကိုခင်ခရေ လင်းလင်းလည်း မစမ်းရသေးဘူး။ စမ်းကြည့်နော်။ ရရင်လည်း ပြန်ပြောအုန်း။

  • ရွှေ ကြည်

    August 29, 2012 at 9:55 am

    ရွှေကြည်မှာဖုန်းမရှိတော့စမ်းကြည့်လို့မရဘူး အဟီး
    ဗဟုသုတပေါ့နော။ ရတဲ့သူရှိလားလာပြန်ကြည့်ဦးမယ်။

  • lynn lynn

    August 29, 2012 at 10:01 am

    ရရင်လည်း ပြောပြပါအုန်း။ လင်းလင်းက သတင်းအဖြစ်တင်ပေးတာပါ။ ကိုယ်တိုင်တော့ စမ်းကြည့်တာ မဟုတ်တော့။ အဆင်ပြေရင် တစ်ခြားလူတွေ သုံးလို့ရအောင် ပြောပြပေးကြပါအုန်း။ ဝင့်မန့်ပေးတဲ့ ကိုနာဂ၊ ကိုထွန်းဝင်းလတ်၊ ခိုင်ခိုင်၊ နွေဦး၊ နေဠုဝင်း၊ Good™ တို့ကို ကျေးဇူးတင်ပါတယ်။ ကိုခင်ခကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။

  • ဟိန်း ဝင်း (ထားဝယ်သား)

    August 29, 2012 at 12:30 pm

    ဒေါင်းပြီး စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ …. သူက offline GPS ဆိုတော့ အင်တာနက်ဖွင့်စရာမလိုဘူး … GPS တော့ ဖွင့်ပေးရတယ် … ရန်ကုန်အတွင်းဆိုရင် ရတယ် … ရန်ကုန်ကျော်သွားရင်တော့ အင်တာနက်လိုတယ်ဗျ …. လမ်းတွေကို မြန်မာလိုရေးပေးထားတော့ ရှာရလွယ်တာပေါ့ဗျာ …. ဖုန်းပျောက်တာတော့ မစမ်းရသေးဘူး …

  • သားငယ်

    August 29, 2012 at 2:26 pm

    တော်တော်ကောင်းပါတယ်..ဆော့ဝဲလေးက..သုံးရတာ..အဆင်ပြေတယ်ဗျ..ကျနော့်ဖုန်းနဲ့သုံးရတာတော့..နဲနဲလေးတယ်.ကျနော့်ဖုန်းသိပ်မကောင်းလို ့ဖြစ်မှာပါ..လိပ်စာတော်တော်များများလည်းပါတယ်..မြေပုံကလည်း
    တော်တော်စုံပါတယ်..ကိုယ်ရောက်နေတဲ ့နေရာကိုလည်း တော်တော်နီးနီးစပ်စပ်ရှာပေးထားပါတယ်.
    လမ်းဆုံးနဲ့အနီးဆုံးဆိုတာ.ပြပေးထားတယ်…ကျေးဇူးတင်ပါတယ်ဗျာ…

  • lynn lynn

    August 30, 2012 at 10:46 am

    ကိုခင်မောင်ကျော်၊ ကိုဟိန်းဝင်း နှင့် ကိုသားငယ်တို့ စမ်းပြီး သတင်းပြန်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ။ အဆင်ပြေတယ်ဆိုလို့တော်သေးတယ် လင်းလင်းက တင်ထားပြီး မစမ်းမိတော့ အဆင်မပြေဖြစ်မှာစိုးနေတာ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

  • ထိပ်တင် တုတ်ကြီး

    August 31, 2012 at 10:53 pm

    မန္တလေး လမ်းတွေမရတာ သေချာတယ်နော်။ ရှုး– တိုးတိုး — ဒီစကား ဒီမှာပဲရပ်။ အိမ်က မိန်းမ မသိခင် ဂေဇက်ကို မြန်မြန် ပိတ်မှ။ မန္တလေး မှာ ဘယ်နေရာ မှာ ဘာရှိတယ်ဆိုတာ အိမ်က ဟာကြီးက စုံစမ်းထားသဗျ။

  • Mလုလင်

    August 31, 2012 at 11:41 pm

    ဟင် .. ဟို လူကြီးသား ထုတ် တဲ့ POLAR STAR ကြီး နဲ့ ဘယ်ဟာ ပိုကောင်း သတုန်း ….

  • ဘဘဖရဲ

    September 1, 2012 at 11:27 am

    ဒါဆို ဘဘတို့ KTV တို့ မာဆတ်တို့ရောက်နေပြီဆို
    အိမ်ကဘွားတော်တွေက ကြည့်လို့ရပြီပေါ့
    အဟီ
    ဘဘထည့်ကြည့်သေးတယ် အဆင်မပြေသေးပါဘူးကွယ်
    သတင်းတွေတော့ up to date တင်ပေးတယ်ကွဲ့
    အရမ်းမိုက်တယ်
    ဟီဟီ

  • Mobile

    December 16, 2012 at 4:00 pm

    စမ်းကြည့်ဦးမှပါပဲဗျာ။ ဒီကောင်တွေ ခေတ်ထလာတာကောင်းတော့ ကောင်းတယ်ဗျို့
    ကျုပ်ရဲ့ မဒီကညာကိုတော့ မသိစေမှပါဗျာ။ တော်ကြာနေ ပြဿနာတွေတက်ကုန်ပါဦးမယ်။
    michel scofield ဇာပ်လမ်းထဲမှာတော့ အဲ့ဒီလိုခြေရာခံတာတွေ အတော်ပါတာပဲ။
    အထူးကြေးဇူးပါဗျို့

Leave a Reply