ရေးတော့အမှန် တကယ်တော့ မမှန် … အဲဒါ ပြည့်သူဆေးရုံပါ … နာမည်တော့ ပြောင်းသင့်နေပီ …. ဆေးရုံကို အရင်ကလည်း ရောက်ဖူးတယ် ခဏတဖြုတ်လောက်ပါ … မြင်သမျှစိတ်မကောင်းစရာဖြစ်နေလို့ မသွားတာ … မစည်ကားသင့်တဲ့နေရာတွေမှာ လာပီးတော့စည်ကားနေပါတယ် .. ဆိုင်ကယ်အပ်တဲ့နေရာမှာဆို ဆိုင်ကယ်တွေ ပြည့်နေတာပဲ …. ဆေးရုံမှာလည်း လူအပြည့် … ရပ်ဝေးက လူနာစောင့်တွေကလည်း ရရာနေရာ ဖျာခင်းပီး အိပ်နေကြတော့တာ .. ဆေးရုံရောက်သွားရတဲ့ အကြောင်းကတော့ ကျွေးသဖခင် ကျေးဇူးရှင်ကြီး ပိုးထိလို့ ကိုက်လိုက်တဲ့ ပိုးလည်း ပါလာတယ် … ဆေးရုံရောက်တော့ တာဝန်ကျဆရာဝန်က အသင့်မရှိဘူး သွားခေါ်နေရတာ .. မြွေက ဘာမြွေမှန်း မသိဘူး တစ်ယောက်ခေါ်ပြလည်း စမ်းတ၀ါးဝါး နဲ့ မြွေပွေးထင်တာပဲ … နောက်တစ်ယောက်လာလည်း ထင်တာပဲ .. နောက်တစ်ယောက်ကလည်း စပ်ကြား လင်းနဲ့စပ်ထားတာ မြွေပွေးက ဒီလို မဟုတ်ဘူး … စသည့်ဖြင့် မြွေကို ကြည့်ပီး ဆုံးဖြတ်နေတာ .. လူနာကတော့ ကုတင်မှာ ပက်လက် .. သူနာပြုဆရာမက စတင်မေးမြန်းတော့တယ် .. မြွေကိုဆုံးဖြတ်တဲ့သူတွေက များနေတော့သူမေးတာနဲ့ ကိုယ်ပြောတာ သိပ်မကြားရ အော်ပြောတော့ အဆူခံရတယ် .. တာဝန်ကျဆရာမလေးက ရှင်းပြတယ် တစ်နာရီစောင့်ကြည့် အခြေအနေထူးတယ် အဆိပ်တက်တယ်ဆိုရင် ကာကွယ်ဆေးထိုးမယ် နောက်ကျတစ်ခုခုဖြစ်ရင် ဘာမှ မလုပ်ပေးဘူးလို့ပြောမှာစိုးလို့ ရှင်းပြပေးတာတဲ့ .. လူနာကို ၀ှီးချဲပေါ်တင်ပီး ဖျားနာဆောင်မှာ ထားတယ် … အဖေမြွေကိုက်တယ်ဆိုတော့ အမျိုးတွေက လာကြတယ် အဖေကုတင်ဘေးမှာ ၅ ယောက်လောက်ရှိမယ် စောင်ခင်းတဲ့သူ ပစ္စည်းချနေတဲ့သူ မြွေကြည့်နေတဲ့သူ မေးနေတဲ့သူ နဲ့ပေါ့ .. သူနာပြုဆရာမလေးက အော်တယ်ဗျာ … လူနာစောင့်မှ လွဲလို့ အကုန်အခု ထွက်ပါ .. ရှင်တို့ကုမှာလား ကျွန်မတို့ ကုရမှာလားတဲ့ .. မဖယ်ပေးရင် မကုပေးပါဘူးတဲ့ .. အဖေနားမှာ မြွေကြည့်နေတဲ့ ဦးလေးက ထပီး သူနာပြုဆရာမနဲ့ စကားများပါလေရော .. ဆေးရုံအုပ်ကြီးနဲ့တွေ့မယ် အဲကောင်မကို အလုပ်ဖြုတ်ပစ်မယ်ဆိုပီး ဇွက်လုပ်နေလို့ ဆွဲထားရသေးတယ် .. အဖေကိုလည်းစိတ်ပူနေရသေးတယ် … တစ်ညလုံးမြွေကိုက်တဲ့ နေရာကို ရေခဲ ကပ်ထားရပါတယ် .. နှစ်ယောက်ရှိတာ တစ်ယောက်တစ်လှည့်ပေါ့ ….. မြင်သမျှ ရေးချင်ပြောချင်နေတာ ည ၁၂ လောက်ရောက်တော့ မျက်စောင်းထိုးနားလေးက လူနာတစ်ယောက် အသက်ပျောက်သွားတယ် အရက်ဖြတ်လိုက်တာ အဆင်မပြေလို့ ဆေးရုံလာတက်တာ မသေခင် သွေး သုံးလုံးလောက်သွင်းလိုက်ရသေးတယ် …. စမ်းသပ်ပီး ဆေးတွေ ဘာတွေလည်း ထိုးပေါ့ ….. မကြာပါဘူး လူကြီး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရင်း ငြိမ်သွားတယ် .. တာဝန်ကျ အကူတစ်ယောက်လာတယ် သူနာပြုတော့ မဟုတ်ဘူးနော် .. စမ်းတောင်စမ်းမသွားဘူး တစ်ခါတည်း စောင်အုပ်ပီး လှည်းပီး ပေါ်ပီး ခေါ်သွားတယ် … သေမှာကို ကြိုသိနေလောက်တယ် .. သေမှာကို ကြိုသိနေတာများ သွေး တွေ အလကားဖြစ်အောင် သွင်းနေသေးတယ် …. တစ်ညလုံးလည်း အိပ်မပျော်ပါဘူး အိပ်လို့လည်း မရဘူး လူနာဆီးပေါက်ရင် စောင့်ပီး ယူရတယ် လူနာဘယ်အချိန်မှာ အစာဘယ်လောက်စားတယ် ရေဘယ်လောက်သောက်တယ် အကုန်မှတ်ရတယ် .. မှတ်စရာမရှိတော့ မှတ်တမ်းစာအုပ်လေးမှာ ဟိုရေး ဒီရေးနဲ့ မိုးလင်းခဲ့တာ မိုးလင်းတော့ ဆရာဝန်ကြီး လာစစ်တော့မယ် ပြောတော့ လူနာစောင့် ထိုင်ခုံတွေ အပြင်ထုက်ထားရတယ် .. ကုတင်ပေါ်လည်း မထိုင်ရဘူး ထိုင်တာ မြင်ရင် ဒဏ်ငွေ တစ်ထောင် ပေးဆောင်ရမယ်တဲ့ ကုတင်ဘေးမှာ အကြာကြီး ရပ်နေရတယ် ဆရာဝန်ကြီးကလည်း တော်တော်နဲ့မလာဘူး … လာတော့လည်း လူနာနဲ့ မဆိုင်တာတွေ ပြောနေတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ပြောချင်နေတာ ပါးစပ်တွေကို ယားနေတာ … လူနာကို စစ်တာနဲ့ ကြည့်တာနည်းနည်း လူနောက်ကနေ လိုက်နေတဲ့ ဆရာဝန် ပေါက်စတွေကို မေးလိုက် ပြောလိုက်နဲ့ တော်တော်နဲ့ ကုတင်မကူးနိုင်သေးဘူး .. နောက်ထပ် အရေးပေါ် လူနာတစ်ယောက် ရောက်လာတယ် လယ်ထဲဆင်းရင် ပိုးထိတာ ပိုးလည်း မမိလိုက်ဘူး ခြေထောက်ကြီးကလည်း မဲပီး ယောင်ကိုင်းနေတာ ဆရာဝန်ကြီးလည်းရှိတယ် သူ့နောက်မှာ ဆရာဝန်ပေါက်စတွေလည်းရှိတယ် အဲဒီလူကို ဂရုမစိုက်ပဲ ဆန်ပြုတ်က ဘယ်လို ကောင်းတဲ့အကြောင်း ဆန်ပြုတ်လှူတာ ဘယ်လို ကုသိုလ်ရတယ်ဆိုတာတွေ သူတို့ ငယ်ဘ၀ အတွေ့အကြုံတွေပါ ပြောနေသေးတယ် … လူနာရယ် လူနာရှင်ရယ်မှာတော့ မျက်နှာ တွေမှာ စိုးရိမ်နေတဲ့ အမူအယာတွေ ရှိနေပေမယ့် သူတို့ကတော့ ရယ်လို့ ပြေးထိုးချင်လောက်အောင် ဒေါသတွေ ထွက်နေတာ … မဖြစ်ဘူး ဆက်နေရင် ပြသာနာများတော့မယ် လူလဲမှ အဆင်ပြေမယ်ဆိုပီး လူလဲပီး ဆေးရုံက မြန်မြန်ပြန်လာခဲ့ရပါတယ် …. ဆရာဝန်ကြီး မလာခင် သန့်ရှင်းရေး သမားတွေ လုပ်နေလိုက်တာ အဲဒီအချိန်ပဲ သန့်ရှင်းတယ် ကျန်တဲ့အချိန်ဆို ညစ်ပတ်တယ် … အိမ်သာတွေဆို တက်ချင်စရာတောင် မရှိဘူး ညစ်ပတ်ပီး နံဟောင်နေတာပဲ အိမ်သာနားမှာလည်း ရှုပ်ပွနေတာ ရွံ့တက်တဲ့သူဆို ရောဂါတိုးမှာ နောက်ထပ်ရှိသေးတယ် ပြောလို့လည်း ကုန်မယ်မထင်ဘူး ဒါတောင် တစ်ခေါက်ပဲ ရောက်သေးတာ တစ်ခေါက်တောင် ပြောစရာတွေ ကျန်သေးတယ် တော်ပီ ဒီလောက်နဲ့ပဲ ဖြတ်လိုက်မယ် ….

About thihayarzar

thiha yarzar has written 76 post in this Website..