ရဲတစ်ယောက်၏ ရင်ဖွင်.ချက်

Knowledge SeekerAugust 29, 20121min1208

တစ်လော က ပါ။ ရှေ.တန်းကပြန်ရောက်လာခါစ ပျော်ပါးခွင်.ပေးထားတဲ. ရဲဘော် ၄ ဦးက အလွန်အကျွံမူးပြီး ပျော်ပါးဘို. ပြည်.တန်ဆာ ညည်.ငှက် များ နောက် လိုက်လံ ရှာဖွေနေတုံး ချိန် မှာ မကောင်းသတင်ကျော်ဇော တဲ. ဒီလမ်းဆုံ မှာ သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး နဲ. တာဝန် ကျ ရဲသား တစ်ဦး တို.ဆုံတွေ.ခဲ.ကြရာ က ဒီဇာတ်လမ်း ပေါ်ပေါက် လာရ ပါတယ်။

ယူနီဖေါင်း ဝတ်မထားတဲ. ဒီ စစ်သားတွေကို အရပ်သားထင်မှတ်တဲ.အတွက် ရဲသား က ပြည်.တန်ဆာမိန်းကလေးကို လက်ထိပ်ခတ် ဖမ်းဆီးပြီး စစ်သားများကို စစ်မေးပါတယ်။ အလွန်အကျွံမူးတဲ. စစ်သားများဟာ ထိန်းနိုင်ခြင်း မရှိတော.ဘဲ ရဲသား ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးရှေ.မှာပဲ ဝိုင်းဝန်း ထိုးကြိတ်ခဲ.ကြပါတယ်။ သူဟာ လဲကျမသွားမီ စကားပြောစက် နဲ. စခန်းကို အကြောင်းကြားခဲ. ရာ လုပ်သက်နှစ် ၃ဝ ကျော်ရှိတဲ. ရဲတပ်ကြပ်ကြီး က လိုက်လာခဲ. ပြီး သူ.ရဲ.ရဲဘော် ရဲဘက် ကို မတရား ထိုးကြိတ် ထားတာ မြင်ရတဲ.အခါမှာ ဓားထုတ် ဖမ်းဆီးခဲ.တယ် လိုဆိုပါတယ်။ နောက်ပိုင်းမှာ စခန်းက ဒုရဲအုပ် နဲ.အဖွဲ.ကဖမ်းဆီးပြီး စခန်းမှာ သူတို.ရဲဘော် ကို နိုင်တိုင်းကျင်.ခဲ.တာကို မကျေနပ် လို.ရဲတပ်ဖွဲ. က စစ်သားလေးယောက်ကို စိတ်ရှိ ထိုးကြိတ်ခဲ.ကြပါသတဲ.။

ခုနောက်ဆုံး ရ လဒ်ကတော. စစ်တိုင်းမှုးတွေ ကစစ်ဆေးပြီး နောက်မှာ စစ်သားလေးယောက်ဝိုင်းထိုးလို. ဆေးရုံ ၁ဝ ရက်လောက် တင်ကုသရတဲ. ရဲတပ်သားရယ်၊ ရဲတပ်ကြပ်ကြီးရယ် က အလုပ်ပြုတ် ပြီး ထောင် ဒဏ်တစ်နှစ်စီ ကျခံရပါသတဲ.။ ဒုရဲအုပ် နယ်ထိန်း တာဝန်ခံကတော. ရဲအရာခံအဖြစ် တစ်ဆင်.ရာထူး ချခံခဲ.ရပါတယ်။ အဲဒီစစ်သားလေးယောက်ကို တော.ဘယ်လိုအရေးယူတယ် ဆို တာ ကတော.ဘယ်သူမှမသိသေးပါဘူးတဲ.၊

ပြောပြတဲ. ရဲသားလေးကပြောပါတယ် သူ ရဲ လုပ်ခြင်စိတ်မရှိတော.ပါဘူးတဲ.၊ ဥပဒေ အထက်က ဘယ်သူမှ မရှိဘူဆိုပြီး စစ်တပ်ကတော.ရှိနေပါတယ်တဲ.။ တာဝန်ကျေပွန်အောင် ထမ်းဆောင်ပြီး ဝိုင်းဝန်းထိုးခံ ရ တဲ. ရဲသားကို မတရား စီမံခံရပါတယ်တဲ.။ မတရားပါဘူး လို.ခံစားရပါတယ်တဲ.။

သက်ဆိုင်ရာ များ တရားသဖြင်. စစ်ဆေးအရေးယူနိုင် ကြပါစေလို………..

8 comments

  • Knowledge Seeker

    August 29, 2012 at 1:05 am

    အဲဒါ ညောင်ဦးမှာ ဖြစ်ခဲ. တာပါ။ ဒီလို Our Day ပေးဒါမျိုးကို ခွင်.ပြုသင်.ပါသလား?

  • မောင်ပေ

    August 29, 2012 at 2:02 am

    အဲဒါတွေကြောင့်မို့ မြန်မာနိုင်ငံမှာ မောင်ပေ ရဲမလုပ်တာ
    ငယ်တုန်းက ရည်မှန်းချက်ထဲမှာ အင်တာပို လုပ်ချင်စိတ်ရှိခဲ့တယ်

  • pazflor

    August 29, 2012 at 2:08 am

    ဘာဖြစ်လာလာ တရားဥပဒေနဲ့ အညီ စစ်ဆေးရမှာဖြစ်ပါတယ်။
    မြန်မာပြည်ကြီး တရားဥပဒေအမြန်စိုးမိုးပါစေ…:P

  • P chogyi

    August 29, 2012 at 9:29 am

    နိုင်ငံတကာမှာ တရားခံအားလုံးကို(မည်သူ့ကိုမဆို)
    ကိုယ်ထိလက်ရောက်ကျူးလွန်ခွင့်မရှိပါ။
    (မကျေနပ် လို.ရဲတပ်ဖွဲ. က စစ်သားလေးယောက်ကို စိတ်ရှိ ထိုးကြိတ်ခဲ.ကြပါသတဲ.။)
    အဲဒီအပြစ်ကြောင့် သူ့အမှားက ကိုယ့်အမှားဖြစ်သွားတာ။

  • may flowers

    August 29, 2012 at 1:02 pm

    ဝဋ်လည် တာလားမသိဘူးနော်…သူတို့ကလည်း သာမန်ပြည်သူတွေကို အရမ်းနိုင်စားကြလို့လေ။

  • chityimhtoo

    August 29, 2012 at 5:33 pm

    သေပစေ မင်းတို့ကိုဘယ်သူမှမသနားဘူး။ရဲဆိုတာလည်းလူယုတ်မာ အားလုံးတူတူဘဲ။ဘုန်းကြီးကိုရိုက်တာလည်းမင်းတို့ဘဲ ပြည်သူကိုယုတ်မာတာလည်းမင်းတို့ဘဲ။

  • Htoo thin

    August 29, 2012 at 7:44 pm

    စောက်ခွေး အချင်းချင်း ကိုတ်တာများကွာ သတင်းလုပ်လို့

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:23 pm

    အထိုးခံရတဲကောင်တွေလဲ အေးတာပဲ အလုပ်ပြုတ်တဲ့ကောင်တွေလဲအေးတာပဲ
    မင်းတို့ကောင်းတွေတော့ တနားဘူးဟေ့ သေသေ အကုန်တေကြ ဒါမှ ဒို့တိုင်းပြည်ကြီး
    သန့်သွားမှာ . . . . .

Leave a Reply