လူ့တန်ဖိုး မြင့်တင်ရေး…

Ko out of...August 29, 20121min964

– လွတ်လပ်ပြီး ၁ဝနှစ်လောက်က မြန်မာပြည်ဟာ ဆန်တစ်ပြည် တစ်ကျပ်ရဲ့ လေးပုံတစ်ပုံ အောက်မှာရှိတယ်..အဲဒီအချိန်က အောက်ဆုံးလစာက ၂၈ကျပ် ဖြစ်ပေမဲ့..ဒါနဲ့ဆန်ဝယ်ရင်…ဒီနေ့လစာ တစ်သိန်းကျော်ရတဲ့ လူထက် ဆန်တွေ ဆီတွေ အများကြီးပိုရတယ်..ဒါကြောင့် ဒီနေ့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အနှိမ့်ကျဆုံး ဖြစ်နေပြီ…လူ့တန်ဖိုးဟာ စားဝတ်နေလို့ ကုန်ကျတာထက်…လူလုပ်လို့ရတာကနေ ဘယ်လောက်ပို သလဲနဲ့ တိုင်းတာရမယ်…

စားဖို့သောက်ဖို့ လုံလောက်အောင် လူ့လုပ်အားဟာမရှိတော့လို့ ချို့ချို့တဲ့တဲ့ စားသောက်နေရပြီဆိုရင်..တန်ဖိုးမရှိတဲ့ လူတွေဖြစ်မှာဘဲ…
စားသောက်လောက်ရုံဘဲ လူ့လုပ်အားရှိတယ်ဆိုရင်
ဒီလူဟာ အဖိုးမတန်တဲ့ လူဘဲ ဖြစ်လိမ့်မယ်..အသက်မသေအောင် စားသောက်ဖို့လောက် လုပ်နိုင်တဲ့ လူဟာ ဘယ်လိုလုပ်တိုးတက်မှုမှ.. မရှိနိုင်သူဘဲ..

မိဘတွေဟာ သူတို့မိဘတွေထက်တော်အောင် လုပ်လာနိုင်သူတွေ ဖြစ်ကြလို့ ဒီနေ့မှာ ဒီခေတ်ကြီး ဖြစ်လာခဲ့ လိမ့်မယ်..မိဘရဲ့ သားသမီးဖြစ်တဲ့ ကိုယ်ကလည်း..မိဘထက်သာအောင် လုပ်ဆောင်နိုင်မှ..တိုးတက်တဲ့ လူဖြစ်မယ်..
ဒီတော့ လူဟာ ကိုယ်စားဖို့သောက်ဖို့ လောက်ငရုံ လုပ်လို့ မဖြစ်ဘူး..ဒီလိုဖြစ်ဖို့ လုပ်အားဟာ စားသောက်လောက်ရုံထက် ပိုအောင် လုပ်နိုင်သူ ဖြစ်ရမှာ..ဒါမှ အဖိုးတန်တဲ့ လူ ဖြစ်ပါမယ်..များများပိုအောင် လုပ်လေ အဖိုးတန်လေဘဲ..

ဒီလိုခေတ်ကြပ်ကြီးမှာ…အဖိုးတန်အောင်ဘယ်လိုလုပ်မလဲ? လို့ မေးစရာရှိတယ်..
အဖိုးတန်တဲ့ လူဖြစ်အောင်လုပ်တာမှာ..ခေတ်ချောင်တာ ကြပ်တာနဲ့ မဆိုင်ဘူး…ခေတ်ကြပ်
ထဲက အဖိုးတန်တဲ့ လူတွေ ထွက်လာတာဘဲ..ခေတ်ကကြပ်တော့ လူတွေက ဥစ္စာရှာဖို့ ခက်ကြမှာ…ဥစ္စာနည်းတော့ ပညာရှာဖို့လွယ်ကြမှာ မဟုတ်ပါဘူး…ပညာနဲ့ ဥစ္စာဟာ တခု
ကိုတခုမှီ နေကြတယ်..ဥစ္စာ မရှိရင် ပညာမရှိနိုင်…ပညာမရှိရင် ဥစ္စာ မရှိနိုင်..

ဒီလိုဘဲ ကောင်းမှု ဆိုတာလည်း…

လူတွေဟာ ဒီနှစ်ခုရဲ့ အဆက်အစပ်ကို သိကြပေမဲ့..ကုသိုလ်လို့ခေါ်တဲ့ ကောင်းမှုနဲ့ ဥစ္စာ၊ ပညာတို့ရဲ့ အဆက်အစပ်ကို သိဖို့ကျတော့ မြင်နိုင်ခဲတယ်..
ကောင်းမှုကို ပေးကမ်း၊ ကူညီလို့ဘဲသိထားကြတာများတော့…ဥစ္စာ မရှိရင် မပေးကမ်း၊ မကူညီ တော့တာ မဟုတ်လား?..

ကောင်းမှုဟာ ဒီလိုလေးလည်းပဲ မဟုတ်ဘူး..ပေးကမ်းမှုကလွတ်တဲ့ ကောင်းမှု တွေဟာ အများကြီးပါ…အပြောအဆိုတွေ နေ့တိုင်းလုပ်နေကြတာဘဲ..အပြုအမူတွေလည်းဒီလိုဘဲ..
အနေအထိုင်တွေလည်း နေ့စဉ်နဲ့ အမျှရှိနေကြတာဘဲ..ဒါတွေဟာ ကောင်းမှု မကောင်းမှု
နဲ့ခွဲ လို့မရလို့လား?…

လူတစ်ယောက်ကို လူဆိုးဖြစ်တယ်..လူကောင်းဖြစ်တယ်..ဆိုတာ ဘာနဲ့ ခွဲသိသလဲ?..
ဒီ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို၊ စိတ်နေစိတ်ထား ဖြစ်တဲ့ မျက်နှာ ကိုယ်လက်ဟန်ပန်
တွေရဲ့ အကောင်းအဆိုးနဲ့ပဲ ခွဲကြရတာ မဟုတ်လား?..ဒါတွေကလွတ်ပြီး လူကောင်း လူဆိုး
က ခွဲစရာ မရှိပါ..ဒီတော့ ကောင်းမှုကုသိုလ်ဖြစ်အောင်..အပြော၊အပြု၊ အနေ တွေဆိုးဆိုးဆာဆာ မဖြစ်အောင်..စောင့်ရှောက် နေဖို့ပါ…ဒီလိုနေတာ ကုသိုလ်ပွါးနေတာ ပါဘဲ…

လူတွေဟာ ဥစ္စာနည်းများ၊ ပညာနည်းပါးတွေကို သိကြတယ်..အဲဒါတွေ များလာအောင်လည်း လုပ်ချင်ကြတယ်…ဒါပေမဲ့ အခုလိုခေတ်ကြီးက ကြပ်တည်းလာတော့
ဥစ္စာရှာဖို့ခက်၊ ဥစ္စာမရှိတော့ ပညာမသင်နိုင်..ပညာ မတတ်တော့ ဥစ္စာလည်းမရ..အဲဒါ
ထွက်ပေါက် မရှိဘဲ လုံးချာလည် နေကြတယ်..ဥစ္စာ ပညာရှာတာ အပြင် နောက်ထပ်ရှာစရာ ကိုမမြင်ကြတော့ဘူး…

ရှေးကစကားကတော့…ကုသိုလ်၊ ပညာ၊ဥစ္စာ တစ်ခုခုရအောင် လုပ်ရမယ် ပြောသံကြားဖူတယ်..ဒါပေမဲ့ ကုသိုလ်ရဲ့ အရကောက်က ပေးကမ်းကူညီလို့ဘဲ သိ
ထားကြတော့..အဲဒါလုပ် စရာမရှိတော့ အဓိပါယ်ပျောက်နေတာပေါ့..ဒါကြောင့် “အူမတောင့်မှ သီလ စောင့်နိုင်မယ်” ဆိုတဲ့ စကားတွေထွက်လာတာပေါ့..
ဒါဟာ ကုသိုလ်ကို အရကောက်မှားရာကနေ ထွက်ပေါ်လာတာ.. သီလဆိုတာလည်း..ဗုဒဘာသာ ဝင်တွေအတွက် အခြေခံလောက်ဘဲ လို့နာမည်ကျော် ဆရာတော် တပါးပြောတာကြားဖူးတယ်..ဒါဘုရားရဲ့ ..သီလ၊သမာဓိ၊ပညာ ဆိုတဲ့ သာသနာ သုံးရပ်ကို ထိုးနက်စော်ကားလိုက်တာဘဲ…သီလ၊သမာဓိ၊ပညာဆိုတာ တခုနဲ့ တခု
ကွဲနေရမှာ မဟုတ်ဘူး..သီလထဲမှာ ပညာ၊ သမာဓိအရေတွေ စိမ့်ဝင်နေရမယ်..ပညာ၊သမာဓိတွေထဲ မှာလည်..သီလရဲ့ အရေတွေစိမ့်ဝင်နေရမယ်..
သီလဆိုတာ …အထပ်ထပ်ယူရမှာ မဟုတ်ဘူး…သီလကို ခါးဝတ်ပုဆိုးကဲ့ သို့ဆိုရင်..
ပုဆိုးကို လူပုံအလယ်မှာ..ခဏခဏချွတ်လိုက်.ဝတ်လိုက် မဟုတ်ပါဘူး..

.မမြင်အပ်တဲ့ အရာဟာ လူပုံအလယ်မှာ ရှက်စရာလို့ သိလိုက်တာနဲ့…နောက်တခါ မလုပ်ရဲတော့တာမှ သီလပါ..ဝတ်လိုက်…ချွတ်လိုက်..ယူလိုက်ပြန်ချလိုက်. လုပ်ရမှာ မဟုတ်ဘူး..ငယ်ငယ် ကတည်းက သီလယူ တာအခုထိဘဲ..ဒါထားလိုက်..

လိုရင်းကိုပြန်သွားရရင်…
တကယ်တော့…ကုသိုလ်ဆိုတာ..လူမှာရှိတဲ့ အပြော၊ အပြု၊အနေ ဆိုင်ရာ အကျင့် စရိုက်
တွေဖြစ်တဲ့..ကိုယ်ကျင့် သိက္ခာကောင်းရဲ့ နာမည်ဘဲ…ဒါကိုလူတွေက ပစ်ထားကြတယ်..
ဒါကိုလူတွေက ဖြည့်ကျင့်စောင့် ရှောက် ရကောင်မှန်း မသိကြဘူး..စီးပွား ပညာရှာနေသူ
ရော မရှာနေသူပါ အားလုံးဘဲ ဒါကို ဖြည်းဆည်းရကောင်မှန် မသိကြဘူး..

ကိုယ်ကျင့်ကျင့် သိက္ခာကောင်းမွန်မှု မပါဘဲ…စီးပွားတွေရှာကြ..ပညာတွေ ဆည်းပူး
တာ တွေလုပ်ကြတယ်..ဒီသူတွေဟာ “အိတ်ပေါက်နဲ့ ဖားကောက်”တယ် ဆိုသလိုဘဲ…တည်ဆောက်ရင်း ပြိုလဲတာခံကြရတာဘဲ..

ကိုယ်ကျင့် သိက္ခာကောင်းမွန်မှုဟာ လူ့အဖိုးတန်ဖြစ်ဖို့အတွက်…အရေးကြီးဆုံးအရင်းအမြစ်
ဘဲ…ကိုယ်ကျင့် သိက္ခာကောင်းမွန်မှုဟာ အခြေ အနေမပြဋ္ဌာန်းပါဘူး…ကိုယ်ကျင့်ရင် ကိုယ်ရမှာ ဖြစ်ပါတယ်…ဒါကြောင့် လူ့တန်ဖိုးရဲ့ အရင်းကျဆုံး အရင်းအနှီဟာ..ကိုယ်
ကျင့်သိက္ခာ ကောင်းမွန်အောင် ဖြည်းဆည်းမှုပါဘဲ…ကိုယ်ကျင့် သိက္ခာကောင်းမွန်မှုဟာ
ကုသိုလ်ပါဘဲ…

4 comments

  • ကို ခင်ခ

    August 29, 2012 at 12:42 pm

    ( ကိုယ်ကျင့် သိက္ခာကောင်းမွန်မှုဟာ အခြေ အနေမပြဋ္ဌာန်းပါဘူး…ကိုယ်ကျင့်ရင် ကိုယ်ရမှာ ဖြစ်ပါတယ်…) လို့ ဆိုတဲ့အရေးအသားကိုတော့ ကြိုက်တယ်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 29, 2012 at 12:48 pm

    ( ကောင်းမှုကို ပေးကမ်း၊ ကူညီလို့ဘဲသိထားကြတာများတော့ ) လို့ဆိုထားပြီး
    ………………………………
    ( လိုရင်းကိုပြန်သွားရရင်…တကယ်တော့…ကုသိုလ်ဆိုတာ..လူမှာရှိတဲ့ အပြော၊ အပြု၊အနေ ဆိုင်ရာ အကျင့် စရိုက်
    တွေဖြစ်တဲ့..ကိုယ်ကျင့် သိက္ခာကောင်းရဲ့ နာမည်ဘဲ…ဒါကိုလူတွေက ပစ်ထားကြတယ်..)
    ဆိုဒေါ့ဂါ
    ပေးကမ်း ကူညီ တာကလည်း
    လူမှာရှိတဲ့ အပြော၊ အပြု၊အနေ ဆိုင်ရာ အကျင့် စရိုက် တွေဖြစ်တဲ့..ကိုယ်ကျင့် သိက္ခာကောင်း တွေထဲပြန်ပါဒါဘဲ
    မဟုတ်ဘူးလား ဒဿနဆရာကြီးရဲ့ 😀
    ကြုံလို့ပါ ကျုပ်အင်မတန်နှစ်သက်တဲ့ ဆရာတော်တစ်ပါးထဲမှာပါတဲ့ ဆရာတော်တစ်ပါးပေါ့
    ပုဂ္ဂိုလ်ရေးအစွဲမဖြစ်စေဘို့ ဘွဲ့မပြောတော့ပါဘူး
    ဒီလိုပါဘဲ
    ဆိုလိုတာက စိတ်ကိုကောင်းအောင်ထားနိုင်ရင်လည်းကုသိုလ်ရတယ်ပေါ့
    ဒီလိုနဲ့ သူ့တပည့်သာဝကတွေ သူ့ကျောင်းမှာ ရက်ရှည်ဥပုသ်ဝင်ဂျဘာလေရော
    ဒဗည့်ဒွေ ဆရာ့ဇဂါးနားထောင်ဂျဒါ နှလုံးသားထဲ ဘုရားတည်ထားလိုက်တာ
    ဆရာတော်ကိုလည်းခပ်တည်တည်ဘဲ ကိုယ့်စိတ်ထဲရှင်းပြီးတာဘဲ
    နံနက်ဝတ်တက်တာလည်းမလုပ်ဂျဘူး နှလုံးသားထဲ ဘုရားရှိနေဘီဟာ
    ဒီလိုနဲ့ မကြာပါဘူး ဆရာတော်လည်း ဒဘဲ့တွေကို ဘုရားဝတ်တက်ဂျဘို့
    မနည်းကြီးဆြော်ဪလိုက်ရဒယ်

  • Ko out of...

    August 29, 2012 at 2:55 pm

    မိုက်ကယ်ဂျော်နီအောင်ပု …

    – ပေးကမ်း ကူညီ တာကလည်း
    လူမှာရှိတဲ့ အပြော၊ အပြု၊အနေ ဆိုင်ရာ အကျင့် စရိုက် တွေဖြစ်တဲ့..ကိုယ်ကျင့် သိက္ခာကောင်း တွေထဲပြန်ပါဒါဘဲ…ဆိုတာ အကုန်မှန်တယ် လို့ပြောလို့မရပါဘူး…..

    ဥပမာ…အရူပေးပေး၊အမူးပေးပေး..အမျှော်အကြောက်ပေးတွေဟာ..အပြော၊ အပြု၊အနေ နဲ့ပေးနေတာဘဲ…ဒါပေမဲ့ မှားယွင်းတဲ့ အပြော၊ အပြု၊အနေ ဆိုရင်..သိက္ခာကောင်း မရနိုင်ဘူး…

    လူဟာ ကိုယ်လိုအပ်ရင်..အထက်လူကြီးကို…အပြော၊ အပြု၊အနေ ဆိုတဲ့ အမူအရာနဲ့ဖားပြရတယ်…ဒါပိုပြီး ဆက်ဆံ တယ်လို့ပြောရမယ်…

    မလိုအပ်တဲ့ လူကျတော့ ဂရုမစိုက်တဲ့ ပုံစံနဲ့အပြော၊ အပြု၊အနေ ဆိုတဲ့ အမူအရာနဲ့ လျှော့ပြီးပြနေလိမ့်မယ်……ဒါ လျှော့ပြီးဆက်ဆံ တယ်လို့ပြောရမယ်…

    ဆက်ဆံရေး (၃)မျိုးရှိတယ်…

    (၁) လျှော့ပါးဆက်ဆံတာ ( Subnormal)

    (၂) ပိုလွန်ကဲ ဆက်ဆံတာ ( Abnormal)

    (၃) အလယ်အလတ်ဆက်ဆံတာ( Normal)

    အမှု(ကမ္မ)ဟာ အလယ်မဟုတ်တဲ့ ဆက်ဆံမှု မျန်သမျှ..လွန်ကျူးတုံ့ပြန်မှုတွေဖြစ်တယ်..လျှော့ပါးဆက်ဆံတာရယ်…ပိုလွန်ပြီးဆက်ဆံတာတွေဟာ..မှား ယွင်းတဲ့ ဆက်ဆံမှုတွေဖြစ်တယ်…

    – အရူးပေးပေးကျတော့ ….တခါက ပန်းချီဆရာတစ်ယောက် သူပန်းချီရောင်းမထွက်လို့..လမ်းခရီးပြန်ဖို့ စားရိတ်မရှိတာနဲ့ ..လူတစ်ယောက်ကို အတင်းထိုးရောင်းတာ…အဲဒီလူကလည်း…ပန်းချီရဲ့ တန်ဖိုးကိုနားမလည်ဘဲ …ငွေ ၁၀၀၀ဝ တစ်သောင်းပေးပြီး ပန်းချီကားတချပ်ရလိုက်တယ်…ဒီလိုနဲ့ ပန်းချီဆရာကလည်း..ရတဲ့ငွေနဲ့ပြန်လာပြီး..နည်းနည်းပါးပါးသောက်ပြီး တနေရာရောက်တော့..အခုငါဒီလိုပြန်
    လာနိုင်အောင်…ငါ့ပန်းချီကို ဝယ်ပေးတဲ့ လူကိုငါကျေးဇူးတင်ရမှာ..ဒါကြောင့် သူ့ကို ကျေဇူးဆပ်ဖို့ဆိုပြီးပြန်သွားရာ…နောက်ထပ် ပန်းချီကားတချပ်ကို ..အပိုပေးလိုက်တယ်…

    ပြောချင်တာ..ဒီပန်းချီကားကို အပိုဆိုပြီး ပြန်ပေးသူရော..ယူသူရော ဒါအယူးပေးပေး အမူးပေးပေးဘဲ…ဒါမယူသင့်ဘူး လို့ပြောရလိမ့်မယ်…

    ဒီလိုမျိုးပေးကမ်းတဲ့…အပြော၊ အပြု၊အနေ ဆိုရင်..ဘယ်လိုလုပ်…သိက္ခာကောင်း ဖြစ်မလဲ?..

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:54 pm

    အားပေးသွားပါတယ်ဗျာ။

Leave a Reply