အမြင့်တက် အမှည့်ရနိုးနိုး … (မိုးပြာ/ထေရဝါဒ)

ေမွာ္ဆရာAugust 29, 20121min51985

ကမှော်ငယ်ငယ်က အဖေ ဆုံးမခဲ့တဲ့ စကားပုံလေးတစ်ခုရှိတယ် … အမြင့်တက် အမှည့်ရနိုးနိုး မလုပ်နဲ့ တဲ့ …။ အရသာကောင်းတဲ့ အသီးမှည့်ရဖို့အတွက် အထက်အမြင့်ကို မမှီမကန်း စွတ်တက်ဖို့ မလိုပါဘူး ..။ တခါတလေ အပေါ်ကို မျှော်ကြည့်နေပေမယ့် ကို့ဘေးနားမှာ အသီးမှည့်တွေ ဝိုင်းနေတာကို မမြင်မိတာ ဖြစ်တတ်ကြတယ်လေ..။အောက်ခြေကို အရင်လေ့လာ ကြည့်ပါလား ..။ကိုယ့်လက်တကမ်းမှာတင် အသီးမှည့်တွေလေ ..။
ကျွန်တော် လွန်ခဲ့တဲ့ 10 နှစ်တုန်းက အလွန်ဆိုးဝါးတဲ့ ပြသနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ဓါတ်ပုံသမားချင်းဆို ကိုယ်ချင်းစာနှိုင်မယ်ထင်တယ်.. ။ မင်္ဂလာဆောင်တစ်ခုကို ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓါတ်ပုံ တွေ မကူးရသေးခင် ကဒ်ထဲမှာတင် အစအန ရှာမရအောင် ပျက်သွားတာပါ..။ အဲဒီမင်္ဂလာဆောင်ကလဲ နာမည်ကြီးအသိုင်းအဝိုင်းက ၊ တခြားဓါတ်ပုံဆိုင်တွေက မေတ္တာနဲ့ အလကားရိုက်ပေးပါ့မယ် ဆိုတာတောင် လက်မခံပဲ ကျွန်တော့ဆိုင်ကို မရမက ငှားတာ…။ ကျွန်တော် ခေါင်းမီးတောက်နေပါပြီ …။
၂ ညလောက် အိပ်မရ စားမရ …။ဘယ်လို ပြန်လုပ်ပေးရမှန်းကို မသိတော့ဘူး..။ မင်္ဂလာဆောင်ဆိုတာလဲ နောက်တစ်ခါ ပြန်ဆောင်တော့မှာ မဟုတ်ဘူးလေ..။တခြားဆိုင်တွေကလဲ ဒီသတင်းသာကြားရင် ကျွန်တော့ကို ကောင်းကောင်းကိုနွှာဖို့ စောင့်နေလောက်ပြီပေါ့ ..။ နာမည်ပျက်မယ့်ကိန်းက ဆိုက်နေပါပြီ..။ကာယကံရှင်တွေကိုတော့ မပြောရသေးပါဘူး ..။ မပြောရသေးဘူးဆိုတာထက် .. မပြောရဲသေးဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်..။
ဖြစ်ချင်ရာ ဖြစ်စေတော့ …. ပြောကိုပြောမှ ရတော့မယ် ..။ သူတို့ကို အဲဒီ့သတင်းဆိုးကို သွားပြောမလို့ လုပ်တုန်းလေးမှာပဲ ခေါင်းထဲကို ဘယ်အချိန်တဲက ဖတ်ဖူးမှန်းမသိတဲ့ စာလေး တစ်ကြောင်း ဝင်လာတယ်..။ ပျောက်သွားတဲ့ ပုံတွေကို ပြန်ရှာလို့ရတဲ့ဆော့ဝဲရှိတယ်တဲ့ ..။ လွန်ခဲ့တဲ့ ၁ဝ နှစ်တုန်းက recovery software တွေ ခုလို ခေတ်မစားသေးဘူးလေ..။အတိုချုပ်ပြောရရင် မနေမနား ရှာဖွေပြီး အဲဒီပုံတွေကို တပုံမကျန် ပြန်ရှာတွေ့ခဲ့တယ် ..။ ကောင်းကောင်းမွန်မွန်ကူးပြီး သတို့သား သတို့သမီး လက်ထဲကို အပ်နှိုင်ခဲ့တယ်…။
ကျွန်တော် ခုလို နာမည်ပျက်မယ့်ဘေးက လွတ်ကင်းခဲ့တာ ဘာလို့လဲ ..။ ပျောက်သွားတဲ့ ပုံတွေကို ပြန်ရှာလို့ရတဲ့ဆော့ဝဲရှိတယ် ဆိုတဲ့ ဗဟုသုတလေး တစ်ချက်ခေါင်းထဲ ရှိခဲ့လို့လေ…။
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
အကြားအမြင်များသောသူဖြစ်ခြင်း၊ လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း သည် ကောင်းမြတ်သော မင်္ဂလာ ဖြစ်၏။

ဘုရားဘုရား … မင်္ဂလာတရားတော်လေး တစ်ချက်နဲ့ ညီအောင် နေခဲ့လို့ပါလား …။ အဲဒီ့အချိန်ကစပြီး ၃၈ဖြာ မင်္ဂလာ တရားတော်ကို သေသေချာချာ လေ့လာပြီး တတ်နှိုင်သမျှ ကျင့်သုံးနှိုင်အောင် ကျွန်တော် ကြိုးစားခဲ့တယ် ..။ ကျွန်တော်ဘဝမှာ ရခဲ့သမျှ ကောင်းကျိုးချမ်းသာ အားလုံးဟာ မင်္ဂလာတရားတော် ကြောင့်ပါ ..။
ခုသိကြတဲ့ အတိုင်း ရွာထဲမှာ အယူဝါဒ ရေးရာတိုက်ပွဲတွေ ပြင်းထန်လာတယ် …။ ရုပ်ဆိုတာ ဘာလဲ ။။ နာမ်ဆိုတာ ဘာလဲ ..။ နိဗ္ဗာန်ရှိမရှိ ..။ ပရိစ္စသမုပ္ပါဒ် မှန်မမှန် ..။ မဟာစည် ဆရာတော်ကြီးရဲ့ တရား မှားမမှား ..၊ မိုးပြာ ပြာ၏ မပြာ၏……………………………..
မလိုဘူး အကိုတို့ အမတို့ … လောကရဲ့ အမှန်တရားဟာ ဘုရားဟောလို့ မှန်နေတာ မဟုတ်ဘူး…။
လောကရဲ့အမှန်တရားကို လူသားတိုင်း သိနားလည်အောင် ကျွန်တော်တို့ ဘုရားရှင် တိုတိုနဲ့လိုရင်း ဟောပြီးသား..။

သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊
ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း၊
ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊
လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း၊
ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊
အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ …. စသည် စသည်ဖြင့် ဘယ်လိုမှ ငြင်းမရတဲ့ အမှန်တရားတွေ .. လိုက်နာရင် ကောင်းကျိုးရမှာ သေချာသလို .. မလိုက်နာရင်လဲ ဘေး ဖြစ်ကို ဖြစ်မယ့် တရားတွေ … ကျွန်တော်တို့ လက်တကမ်းမှာတင် အသီးမှည့်တွေ ဝိုင်းလို့ပါလား ..။
မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။
ရန်သူတို့က မိမိအား မအောင်မြင်နိုင်။ မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက်ချမ်းသာလာမည်ဖြစ်ပေသည်။
အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ် ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တန်မှာ ပေါ်လာနိုင်ပေသည်။
နိဗ္ဗာန်ဆိုတာ နောက် ထားလိုက် …။ ရုပ်တွေ နာမ်တွေ ခဏဘေးဖယ်ထား ..။
အခုကောင်းအောင် နေနှိုင်ရင် နောက်ကောင်းမှာပေါ့ဗျာ ..။

အခုလောလောဆယ် ကောင်းအောင် နေဖို့ နည်းတွေ ဘုရားဟောထားတယ် ..။ တချက်ချင်း ကြည့်ကြည့် ….။
ကိုယ်နဲ့ ကိုက်လား မကိုက်လားကြည့်၊ မကိုက်ရင် ကိုက်အောင် နေ …
ကိုယ့်ဘဝမှာ ကောင်းကျိုးရနေသလား … ဘယ်မင်္ဂလာနဲ့ ညီအောင် နေလို့ ကောင်းကျိုးရတာလဲ … ချိန်ကြည့် ..
မကောင်းကျိုးရနေသလဲ… မင်္ဂလာတရားနဲ့ ညီအောင် မနေမိလို့ ဖြစ်တာလဲ …
ဒီလိုတရားတော်တွေကို ကျွန်တော်တို့ သိအောင် ဟောပြောခဲ့တာ တစ်ချက်ထဲနဲ့တင် ဘုရားရှင်ကို ကျွန်တော် ရှိခိုးတယ်… အမြင့်မြတ်ဆုံး ရတနာ တပါးအဖြစ် သတ်မှတ်ပြီး ကျွန်တော် ရိုသေ လေးစားတယ် …။ ကျွန်တော်အတွက် ဒီလောက်ဆို လုံလောက်ပါပြီ …။ မိုးပြာ . ဘာပြောပြော… ကျွန်တော် ဂရုမစိုက်တော့ဘူး …။
လက်တကမ်းက အသီးမှည့်တွေနဲ့တင် ကျွန်တော့်တစ်ဘဝစာ ဖူလုံခဲ့ပါပြီလေ…။

လက်ဆောင်အနေနဲ့ မင်္ဂလာတရားတော် မြန်မာပြန်ကို ထည့်ပေးလိုက်တယ်နော်…
၁။သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်း၊
၂။ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း၊
၃။ဇော်ထိုက်သူတို့ကို ပူဇော်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့

၄။လျော်ကန် သင့်မြတ်သော အရပ်၌နေထိုင်ခြင်း၊
၅။ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိသူဖြစ်ခြင်း၊
၆။အကျင့်တရား မပျက်ပြားအောင် မိမိကိုယ်စိတ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၇။အကြားအမြင်များသောသူဖြစ်ခြင်း၊
၈။လက်မှုပညာအစရှိသော အတတ်တို့ကို တတ်မြောက်ခြင်း၊
၉။ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း၊
၁ဝကာင်းစွာပြောဆိုအပ်သော စကားရှိခြင်း ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ ဟူ၍ မှတ်လေလော့။

၁၁။ အို နတ်သား အမိအဘတို့ကို လုပ်ကျွေးမွေးမြူခြင်း၊
၁၂။သားမယားတို့ကို ချီးမြှောက် ထောက်ပံ့ခြင်း၊
၁၃။လယ်လုပ် ကုန်သွယ် ရောင်းဝယ်ခြင်းစသော အနှောက် အယှက်မရှိသော အမှုတို့ကို ပြုလုပ်ခြင်း၊ ဤတရားသုံးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၄။ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၁၅။သုစရိုက်တရားဆယ်ပါးတို့ကို ကျင့်သုံးခြင်း၊
၁၆။အဆွေ အမျိုးတို့ကို ချီးမြှင့်ထောက်ပံ့ခြင်း၊
၁၇။ ဥပုသ်စောင့်ခြင်း ရေတွင်း, ရေကန် တူးခြင်းစသော အပြစ်မရှိသော အလုပ်တို့ကို ပြုလုပ်ခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၁၈။မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊
၁၉။မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊
၂၀။သေရည်သေရက် သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊
၂၁။ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရား လေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၂၂။ အို နတ်သား ရိုသေထိုက်သော သူတို့ကို ရိုသေခြင်း၊
၂၃။မာန်မာနကို နှိမ့်ချခြင်း၊
၂၄။ရသမျှနှင့် ရောင့်ရဲလွယ်ခြင်း၊
၂၅။သူပြုဖူးသော ကျေးဇူးကိုသိခြင်း၊
၂၆။သင့်လျော်သော အခါ၌ သူတော်ကောင်းတရားကို နာကြားခြင်း၊ ဤတရားငါးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၂၇။သည်းခံခြင်း၊
၂၈။သူတော်ကောင်းတို့ ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်း၊
၂၉။ရဟန်းသူမြတ်တို့ကို ဖူးမြင်ခြင်း၊
၃၀။သင့်လျော်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း၊ ဤတရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၃၁။ ခြိုးခြံစွာကျင့်ခြင်း၊
၃၂။ မြတ်သော အကျင့်ကိုကျင့်ခြင်း၊
၃၃။အရိယာ သူတော်ကောင်းတို့၏ သစ္စာလေးပါးတရားကို သိမြင်ခြင်း၊
၃၄။တဏှာမှထွက် မြောက်ရာ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊ ဤ တရားလေးပါးသည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

၃၅။လောကဓံတရားရှစ်ပါးတို့နှင့်တွေ့ကြုံရသောအခါ မတုန်မလှုပ်ခြင်း၊
၃၆။စိုးရိမ်ကြောင့်ကြခြင်းလည်းမရှိခြင်း
၃၇။ ကိလေသာရမ္မက် ဟူ သော မြူလည်းမရှိခြင်း။
၃၈။ကြာက်ရွံ့ထိတ်လန့် ဘေးလည်းမရှိ၊ ဤတရားလေးပါး သည် မြတ်သော မင်္ဂလာမည်၏ဟူ၍ မှတ်လေလော့။

နတ်နှင့်တကွသော လူတို့သည် ဤ သုံးဆယ့်ရှစ်ပါးအပြား ရှိသော မင်္ဂလာတရားတော်တို့ကို သင်ယူ လိုက်နာ ကျင့်သုံး အားထုတ်ကုန် သည်ရှိသော် အလုံးစုံသော အရပ်တို့၌ ရန်သူတို့သည် မအောင်နိုင် ကြသဖြင့် ချမ်းသာခြင်းသို့ ရောက်ကြရကုန်၏။

စေတနာဖြင့် မှော်ဆရာ ..

85 comments

  • surmi

    August 29, 2012 at 12:47 pm

    သာဓုပါ ကမှော်ရေ
    ကမှော်လည်း မင်္ဂလာရှိပါစေ ကျုပ်တို ့လည်းမင်္ဂလာရှိသွားအောင်
    ရွတ်လိုက်ဦးမယ်ဗျို ့

    • ---မိုးကျရွှေကိုယ်-----dennis rockstar

      September 6, 2012 at 8:38 pm

      မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့
      ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။

      ဒီလောက်တန်ဖိုးများ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာတည်းမှာ နတ်ပြည်လည်း မပါဘူး။ လူ့ ပြည်လည်း မပါဘူး။ ငရဲလည်း မပါဘူး။ နောင်ဘဝလည်း မပါဘူး။ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့ မဟောဘူး။

      ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။

      ဘယ်တရားမှ မရချင်နေ။ ရှေ့ဘဝ၊ နောက်ဘဝကိုတော့ မတွေးရဘူး။ ရှေးဘဝ၊ နောက်ဘဝ တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအရာမှာ ရှိတယ်။

      အရဟံဆိုပါတော့။ အေး သည်စာတွေက သိပ်မြင့်တယ်။ တို့လူတွေနဲ့ မတန်ဘူး။ မတန်မရာတွေကို တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ။ သည်စာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်။ ဘုရားကို အထင်ရောက်သွားတော့ စိတ္တဇအပြစ်ဖြစ်စေတယ်။ အပြစ်ကကြီးတယ်။ ဗုဒ္ဓဘာသာမဟုတ်တော့ဘူးလို့ ဖြစ်တယ်။

      တရားဓမ္မဆွေးနွေးတဲ့အခါ ပရမတ်တွေအကြောင်း မပြောစေချင်ပါဘူး။ ပရမတ်တွေဟာ တရားမဟုတ်လို့ပါပဲ။

      သည်လိုဆိုရင် သည်စာသင်တိုက်ကြီးတွေက တလွဲဖြစ်ထွန်းနေတာမို့ ဗုဒ္ဓဘာသာတရားဓမ္မအရ လိုလားစရာမဟုတ်ဘူး။

      လေးသချေင်္၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည် မှားယွင်းသောကြောင့် မိစ္ဆာသမ္မာသမ္ဗုဒ္ဓဖြစ်သည်။ လက်ရှိ ပစ္စုပ္ပန်ဘဝတစ်ခုတည်း၌ ဉာဏ်ဖြင့် ဖောက်ထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဘဝသံသရာဟူသည်မရှိ။ ပစ္စုပ္ပန်ဘဝတစ်ခုသာ ရှိသည်။

      ဂေါတမဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့် ကိလေသာမကုန်သေး။ လောဘ။ တဏှာ၊ ကိလေသာရှိသေးသည်။

      ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။

      ပုဂ္ဂလိကတစ်ဦးတည်းပိုင် ပစ္စည်းကို ခိုးယူလုယက်ခြင်းသည် အပြစ်ရှိသည်။ အများပိုင်ပစ္စည်းကို ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။
      ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။
      မိမိတစ်ဦးတစ်ယောက် အကျိုးအတွက် လိမ်လည်ပြောလျှင် အကုသိုလ်ဖြစ်သည်။ အများကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။

      မိုးပြာဂိုဏ်းမှ တရားမဝင် ထုတ်ဝေဖြန့်ချိထားသည့် စာအုပ်ပေါင်းမှာ ၆ဝ ကျော်ရှိပြီး ၎င်းတို့မှ အချို့မှာ –

      ၁။ ဝိမုတိ္တဒေသနာ ခေါ် လွတ်လပ်ရေးဒေသနာ (စာမျက်နှာ ၁၁၀၊ ထုတ်ဝေနှစ် ၂၀၀၆)၊

      ၂။ ဘုရား(စာမျက်နှာ ၂၂၈)၊

      ၃။ ဘာသာတရားများအကြောင်း ယေဘူယျနှိုင်းယှဉ်ချက် (စာမျက်နှာ ၅)၊

      ၄။ ဓမ္မပူဇာ (စာမျက်နှာ ၂၄၇)၊

      ၅။ စိတ်စိတ်ဖြာဖြာ ဥပါဒါနက္ခန္ဓာ (စာမျက်နှာ ၁၆၃)၊

      ၆။ ဓမ္မ (စာမျက်နှာ ၃၉၀၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်စာအုပ်)၊

      ၇။ မိုးပြာကျောင်းမှ ပေးစာများ-၁(မိုးပေါက်ကျချောင်) (စာမျက်နှာ ၄၄၉၊ ထုတ်ဝေနှစ် ၁၃၅၂)၊

      ၈။ ဘာသာတရားကပေးသော ဆုလာဘ်
      (စာမျက်နှာ ၄၆၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ် စာအုပ်)၊

      ၉။ တဏှာရှင်းတမ်း (စာမျက်နှာ ၄၀၀၊ ထုတ်ဝေနှစ် ၁၉၉၆)၊

      ၁၀။ ဓမ္မကထာ (စာမျက်နှာ ၂၃၂၊ ထုတ်ဝေနှစ် ၂၀၀၅)၊

      ၁၁။ ဓမ္မဝိဟာရီငွေရတုပူဇာ (စာမျက်နှာ ၂၂၄၊ ထုတ်ဝေနှစ် ၂၀၀၈၊ ဖေဖော်ဝါရီလ ၁ဝ ရက်။ အထိမ်းအမှတ်)

      ၁၂။ လွတ်လပ်တဲ့သူ (စာမျက်နှာ ၃၉၉၊ ထုတ်ဝေနှစ် ၂၀၀၆)၊

      ၁၃။ ဉာဏကထာ (ပထမအုပ်) (စာမျက်နှာ ၃၅၆)၊

      ၁၄။ မဟာပေါဋ္ဌက (ပထမတွဲ) (စာမျက်နှာ ၃၉၄/၂၀၄/၃၀၂= စုစုပေါင်း = ၁၁၀၀)၊

      ၁၅။ အရိယဝေါဟာရ ဉေယျဓမ္မတ္ထကထာ (စာမျက်နှာ ၁၁၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

      ၁၆။ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား (စာမျက်နှာ ၉၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

      ၁၇။ ဗုဒ္ဓဘုရားသာသနာနှင့်မြန်မာပြည် (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၆)၊

      ၁၈။ အရိယသစ္စကထာ (စာမျက်နှာ ၂၇၉၊ ထုတ်ဝေနှစ် ၂၀၀၅)၊

      ၁၉။ ဥတ္တရိမနုဿဓမ္မဒဿစာစဉ်-၁ (စာမျက်နှာ ၇၀၊ ထုတ်ဝေနှစ် ၁၃၆၄၊ သက္ကာယမိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့-မိစ္ဆာဒိဋ္ဌိနှင့် သမ္မာဒိဋ္ဌိ-ဗုဒ္ဓဘုရားရဲ့ လောကအမြင်မိတ်ဆက် – သုံးမျိုးစု)၊

      ၂၀။ ဥတ္တရိမနုဿဓမ္မဒဿန စာစဉ်-၂ (စာမျက်နှာ ၇၁၊ ထုတ်ဝေနှစ် ၂၀၀၃၊ ဗုဒ္ဓဘာသာက မယူသော မိစ္ဆာဒိဋ္ဌိများ- ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်-ရှေ့ဘဝနောက်ဘဝ- ဦးနှောက်၏ ချွတ်ယွင်းဖောက်ပြန်မှုများ – လေးမျိုးစု)၊

      ၂၁။ သဒ္ဓမ္မသုံးဖြာ (ပထမတွဲ) (စာမျက်နှာ ၂၀၆၊ ထုတ်ဝေနှစ် ၂၀၀၂)၊

      ၂၂။ သဒ္ဓမ္မသုံးဖြာ (ဒုတိယတွဲ) (စာမျက်နှာ ၂၀ရ မှ ၃၄၇၊ ထုတ်ဝေနှစ် ၂၀၀၂)၊

      ၂၃။ ငြိမ်းချမ်းရေးသစ္စာ ဓမ္မစကြာဒေသနာ (စာမျက်နှာ ၃၉၆၊ ထုတ်ဝေနှစ် ၁၃၅၆)၊

      ၂၄။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာလမ်းညွှန် (စာမျက်နှာ ၁၂၉၊ ထုတ်ဝေနှစ် ၂၀၀၂)၊

      ၂၅။ တောစကားတောင်စကား (စာမျက်နှာ ၃၉)၊

      ၂၆။ အရိယသစ္စဓမ္မပေတံ (စာမျက်နှာ ၂၅၅၊ ထုတ်ဝေနှစ် ၂၀၀၇)၊

      ၂၇။ သက္ကာယဒိဋ္ဌိရှင်းတမ်း (စာမျက်နှာ ၂၈၊ ထုတ်ဝေနှစ် ၂၀၀၈)၊

      ၂၈။ ဘာသာတရားဆိုတာ ဘာလဲနှင့် လွန်ကျူးမှုကို ဘယ်လိုနားလည်ရမလဲ (စာမျက်နှာ ၇၂၊ ထုတ်ဝေနှစ် ၂၀၀၂)၊

      ၂၉။ နိဗ္ဗာန်နှင့် သက္ကာယမိစ္ဆာဒိဋ္ဌိ (စာမျက်နှာ ၈၆၊ ထုတ်ဝေနှစ် ၂၀၀၀)၊

      ၃၀။ ဓမ္မစကြာညွှန်ပြချက် (စာမျက်နှာ ၁၇၂၊ ထုတ်ဝေနှစ် ၂၀၀၃)၊

      ၃၁။ လူသားလျှောက်ရမည့်လမ်း (စာမျက်နှာ ၆၀)၊

      ၃၂။ လူသားမှန်သမျှ ကျင့်ပွားဖွယ်ရာ ပုညကြိယာဝတ္ထုဆယ်ဖြာ (စာမျက်နှာ ၁၂၊ ထုတ်ဝေနှစ် ၂၀၀၆)၊

      ၃၃။ ဓမ္မဝိဟာရာရာမမိုးပြာခြံမှ ပေးစာနှစ်စောင်တွဲ (စာမျက်နှာ ၃၂၊ ထုတ်ဝေနှစ် ၂၀၀၇-၂၀၀၈)၊

      ၃၄။ ဓမ္မဝိဟာရီသို့ ဦးခိုက်ခြင်း (စာမျက်နှာ ၁၆)၊

      ၃၅။ မိလိန္ဒပဉာှဝတ္ထုဘယ်လဲ (စာမျက်နှာ ၃၁၂၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

      ၃၆။ ဝိသုဒိ္ဓမဂ်ဘယ်လဲ (စာမျက်နှာ ၄၀၈၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)၊

      ၃၇။ နိဗ္ဗာနဒီပနီဘယ်လဲ (စာမျက်နှာ ၂၃၀၊ ပြန်လည်ကူးယူထုတ်ဝေနှစ် ၁၃၆၄)တို့ ဖြစ်ပါသည်။

      ဦးဉာဏ၏ စာရေးသားသည့် အမည်ခွဲများမှာ

      – သျှင်မိုးပြာ (ခ)ရှင်မိုးပြာ
      (ခ) အရှင်ဉာဏ (ခ) ရှင်ဉာဏ (ခ)ဉာဏ
      (ခ)ဓမ္မဝိဟာရီ (ခ) ဓမ္မဝိဟာရီအရှင်ဉာဏ (ဂ) ဓမ္မဝိဟာရီရှင်ဉာဏ (ခ) ဓမ္မဝိဟာရီဉာဏ (ခ) ဓမ္မဝိဟာရီ ရှင်မိုးပြာ (ခ)
      ဘကြီးဝိဟာရီ ( http://www.forums.myanmarcommunity.com )
      (ခ) အနုပါဒါ (ခ) ဗောဓိဉာဏ (ခ) မောင်ဉာဏ်ထက် (ခ) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာပုရုသျှ (ဘုရား)
      (ခ) ခေါင်းဆောင်ကြီးတို့ ဖြစ်ကြပါသည်။

      လွန်ခဲ့သည့်ကာလ (၂၅) နှစ်က ရှင်ဉာဏ(ခ) ရှင်မိုးပြာသည် စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။
      ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။
      ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း သာသနာရေးမူး ဥိးစိုးမြင့် က
      စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။
      ရှင်ဉာဏ နှင့် ရှင်ဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
      တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။ တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့ သူတို့ကပင် စောဒနာ
      တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ” အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်
      တောင်းဆိုခဲ့ကြသည်။ နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင် သုံးနှစ်ကြခဲ့ပါသည်။
      နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ သိရသည်မှာ
      (၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ (၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား အရေးယူဖို့
      စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့် ထောင်သုံးနှစ်မျှဖြင့်
      ပြီးသွားရခြင်းပင်) ဟူ၍ ဖြစ်ပါသည်။
      ၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်ကျခဲ့ပါသည်။
      ထောင်နှစ်ကျခံပြီး ထွက်လာပြီးနောက်တွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်ဂိုဏ်းထူးထောင်ပြီး
      မိလိန္ဒပဥှာဝတ္တု စသည်တို့ကိုပါ ပြန်လည်ကူးယူဖြန့်ဝေကြောင်းတွေ့ရပြီး (၂၀၀၂-၂၀၀၈)တို့မှာ
      အကြီးအကျယ် အင်အားကြီးဂိုဏ်းဖြစ်လာကြောင်း တွေ့ရပါသည်။

      ၁၉၉၁ ခုနှစ်တွင် ထေရဝါဒသာသနာတော်ကြီး စော်ကားခံခဲ့ကြရပြီးဖြစ်ပါသည်။

      တစ်ဖန် ၁၉၉၈ ခုနှစ်မှ စ၍ ယခုတိုင်အောင် ဆက်တိုက်ပင် ထေရဝါဒသာသနာတော်ကြီးကို ဖျက်စီးခံနေရပါပြီ။

      ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံဂိုဏ်းကြိးသည် ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား
      ပုံနှိပ်ထုတ်ဝေဖြန့်ချီအင်အား အခိုင်မာဆုံး အဓမ္မဝါဒီဂိုဏ်းကြီးဖြစ်ပါသည်။
      ငွေရတု ပူဇာ စာအုပ်ကို လေ့လာကြည့်လျှင် အလွန်ပင် ထင်ရှားမည်ဖြစ်ပါသည်။
      ပညာတတ် အမည်ခံ အရှင်ဉာဏိန္ဒာလင်္ကာရ အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) စသူများ၊
      ဥိးစိုးအောင် (သ.စ.အ- ဓမ္မာစရိယ၊သုတေသန) စသည်များ အပြင် စာရေးတတ်သူ ဟောပြောတတ်သူ
      အများအပြားရှိနေကြပါသည်။
      အခြေခံသင်တန်းများရော ဓမ္မဝိဟာရီ သင်တန်းများပါရှိကြကြောင်း သိရပါသည်။
      ဓမ္မဝိဟာရီ သင်တန်းတို့တွင် အာသဝက္ခယဝိဟာရီစာတမ်းပြုစုရကြောင်းလဲ သိရပါသည်။

      ဓမ္မဆရာ ဥိးရန်အောင်၏ ဟောပြောချက်များအရ ဩဠာရိကသုခုမ ဆေးပညာရှင်များအုပ်စုလိုက်ကြီးပင်
      ထိုပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်းသားများဖြစ်သွားကြောင်း ကြားသိရပါသည်။

      အင်းဝဘဏ်သူဌေး ဦးရင်စိန် တို့လို သူဌေးများကြောင့်လည်းကောင်း၊
      ဦးဝင်းမြင့်မောင် လို ပုံနှိပ်တိုက်ကျွမ်းကျင်သူများကြောင့်လည်းကောင်း၊

      အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) လို သိန်းပေါင်း ထောင်သောင်းချီချမ်းသာသူများကြောင့်လည်းကောင်း၊
      စာအုပ်များ အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။

      အရှင်ဝိစိတ္တသာရာဘိဝံသ (မြစ်ကြီးနား) သည် စာအုပ်များစွာကို ကိုယ်တိုင်ရေးပြီး
      ကိုယ်တိုင်ထုတ်ဝေလျက် ကိုယ်တိုင်ပင် နေရာများစွာသို့ လိုက်လံသွားလာကာ ပေးဝေစည်းရုံးနေကြောင်း
      သိရပါသည်။

      ထိုင်နိုင်ငံတွင် ပညာသင်ကျောင်းသား အဖြစ်ဖြင့်နေထိုင်လျက် ဝါဒဖြန့်နေသူ အရှင်ကုမာရာလင်္ကာရ လို(kumara@rollerboys.com) နိုင်ငံတကာ
      ဆက်သွယ်ရေးကွန်ယက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊
      ဓမ္မဝီဟာရီ ရှင်ဉာဏ ကိုယ်တိုင်ပင် ဝိဟာရီ အမည်ခံလျက် အင်တာနက် အသုံးပြု
      ဟောပြောချက် ဆွေးနွေးချက်တို့ကိုပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊(www.forums.myanmarcommunity.com)
      ထိုင်းနိုင်ငံတွင်လည်း တစ်ဘဝသာရှိသည့် ပဋိစ္စသမုပ္ပါဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္ထ လို ထိုင်းဘုန်းကြီးများ
      ရှိနေခြင်းကြောင့်လည်းကောင်း၊
      အင်တာနက်အားဖြစ်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့်လျက်ရှိနေကြောင်း
      သိရပါသည်။

      အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက် ကြီးထွားနေကြောင်း
      သိရပါသည်။

  • mamanoyar

    August 29, 2012 at 12:48 pm

    ဓါတ်ပုံတွေပျောက်သွားတုန်းက တော်တော်စိတ်ညစ်သွားမှာပဲနော်
    ဖတ်တဲ့သူတောင် ကိုယ်ချင်းစာမိပါတယ်
    ပြန်ရတဲ့အတွက် ဝမ်းသာပါတယ်
    ရွာမှာလဲ ဖြစ်ဖူးပါတယ် ကြာပါပြီ အလှူတစ်လှူမှာ ဓါတ်ပုံရိုက်တာ
    ဓါတ်ပုံဆိုင်ကအစ်မ ဓါတ်ပုံတွေပျက်သွားလို့ တစ်ပုံမှမရလိုက်တာပါ
    အလှူရှင်တွေ အရမ်းကိုစိတ်မကောင်းဖြစ်ကြတာပေါ့

    • မှော်ဆရာ

      August 30, 2012 at 9:57 am

      ပြောမနေပါနဲ့တော့ဗျာ … ခေါင်းမီးတောက်တယ် ဆိုတာ အဲဒီတုန်းက မှ ယုံတယ်..

  • mocho

    August 29, 2012 at 1:45 pm

    မင်္ဂလသုတ်တော် ဟာ တကယ့် ကို ပြီး ပြည့်စုံတဲ့ ဘဝနေနည်း တရားတော် တွေ ပါ။ အဲ ဒီ အတိုင်း လိုက်နာကျင့် ကြံ နိုင်တဲ့သူဟာ ဆင်း ရဲ ဒုက္ခ မရောက် နိုင် ဘူး ၊ လောက ဓံ သဘော အရ ဆင်း ရဲ ဒုက္ခ ကြုံ ခဲ့ ရင်တောင် ကြာကြာ မကြုံ နိုင် ဘူး ပေါ့။ ကို မှော်က ခုလို ရှင်း လင်း ချက်လေး နဲ့ တင်ပေး လိုက်တော့ အလွယ် တကူ နား လည် နိုင် တာ ပေါ့ ။

    • မှော်ဆရာ

      August 30, 2012 at 9:00 am

      ကိုဆာမိ နဲ့မိုချိုရေ …
      ဗုဒ္ဓဘာသာ အများစုက ပရိတ်တော် ဆိုရင် လိုက်နာကျင့်သုံးဖို့ထက် ရွတ်ဖတ်ဖို့ အားသန်ကြပါတယ် ..။တချို့ပရိတ်တော်ကတော့ ရွတ်ဖတ်ရတာ မှန်ပါတယ် .. ။ဥပမာ ငုံးမင်း ပရိတ်တော် ဆိုရင် ဘုရားအလောင်းတော် သစ္စာပြုထားတဲ့ ပရိတ်တော်ပါ..။ ဒီလိုပရိတ်မျိူးကတော့ ရွတ်ဖတ်ရမှာပါ ..။
      ဒါပေမယ့် မင်္ဂလာသုတ်လို သုတ်တော်မျိုးကတော့ သေသေချာချာကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံးရမယ့် ပရိတ်တော်မျိုးဆိုတာ တော်တော်များများ မသိကြလို့ တကယ်လိုက်နာရင် တကယ်အကျိုးပေးတဲ့ တရားဆိုတာ ဝေမျှလိုက်တာပါဗျာ ..

  • uncle gyi

    August 29, 2012 at 10:37 pm

    ဒါပဲလေကိုရင်ရဲ့
    ဘုရားရှင်လက်ထက်ကတည်းကဘုရားရှင်ကိုဘယ်သူတွေဆန့်ကျင်ခဲ့ကြတယ်ဆိုတာရှင်းနေတာ
    မင်္ဂလာတရားနဲ့အညီမနေလို့ဘယ်သူတွေဘာဖြစ်ကုန်ကြတယ်ဆိုတာ

  • kai

    August 29, 2012 at 10:58 pm

    နိဗ္ဗာန်ဆိုတာ နောက် ထားလိုက် …။ ရုပ်တွေ နာမ်တွေ ခဏဘေးဖယ်ထား ..။
    အခုကောင်းအောင် နေနှိုင်ရင် နောက်ကောင်းမှာပေါ့ဗျာ ..။

    ကိုရင်အပေါ်ကအတိုင်းယူဆနေတယ်ဆို… မိုးပြာဂိုဏ်းဝင်လို့ ….စွတ်စွဲခံရကိန်းမြင်တယ်..။
    လက်ငင်းကို.. အကျိုးပေးဦးမယ်..။
    အာဟိ.. 🙂
    =

    မိုးပြာ/ထေရဝါဒ ကို… နိုင်ငံရေးလမ်းညွှန်စံညွှန်းပေါ်ချကြည့်ရင်..
    စူပါကွန်ဆာဗေးတစ်(ရှေးစွန်းစွဲ) တွေနဲ့.. လစ်ဘရယ်တို့.. ပြဿနာလို့ မြင်ကြည့်လို့ရလာပါကြောင်း…

    • မှော်ဆရာ

      August 30, 2012 at 9:24 am

      သူကြီးရေ … ပြောချင်နေတာ ကြာပြီ ..။ မြန်မာပြည် ဆင်းရဲရခြင်း အဓိက တရားခံဆိုတာရော ..။လူတစ်ယောက်ထဲ သုံးကိုယ်ခွဲတဲ့ ကိစ္စဆိုတာရော … ထေရဝါဒ လို့ စွပ်စွဲလို့ပါ ..။
      တကယ့်ထေရဝါဒ စစ်စစ်က အဲဒီလို လက်မခံပါဘူးလို့ ..။
      မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား …ဘုရားက ဒါပဲ မှာပါတယ် ..။
      အခုမကောင်းတာ အရင်က မကောင်းခဲ့လို့ ..
      အခုလောလောဆယ် ကောင်းအောင်နေ..
      နောင် ကောင်းလိမ့်မယ် .. ဘုရားရဲ့အဓိက ဟောကြားချက်က ဒါပါပဲ .။
      ဘုရားရဲ့ ဟောကြားချက် အခြေခံ သုံးချက် နဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်နဲ့ ညီအောင် မနေနှိုင်ကြလို့ ဆင်းရဲကြ ဒုက္ခရောက်ကြတာပါ..။

      ဒါကို ဆိုလိုရင်းပါ ..။ အခုလက်ရှိအချိန်မှာ ကောင်းအောင် နေနှိုင်ဖို့သာ အဓိကပါ..။ဒါပေမယ် ့ နောင် အနာဂါတ် တမလွန်အထိ ရည်မှန်းပြီး အလုပ်လုပ်ရပါလိမ့်မယ်..။ဒါကို သုံးကိုယ်ခွဲတယ်လို့ မဆိုနှိုင်ပါဘူး ..။ လက်တွေ့ဘဝမှာလဲ ကျွန်တော်တို့ ဒီလို စီမံကိန်းချပြီး လုပ်နေရတာပဲ မဟုတ်လား….။
      ဒါပေမယ့် အစိုးရပိုင် ပစ္စည်းကို ခိုးတာ အပြစ်မရှိ ၊ သူများသားမယားကို အာသာရမက်ပြေအောင် ဖျော်ဖြေပေးတာ ကောင်းမှုလို့ တော့ ကျွန်တော်မယူဆပါဘူး ..
      နောက်တစ်ချက် အရက်ကို အပြစ်လွတ်အောင် သောက်လို့ရတယ်လို့လဲ မယုံကြည်ပါဘူး ..။ မိဘဆရာရှေ့ ၊ ကိုယ့်အထက်လူကြီးရှေ့ ဒါမှမဟုတ် ကိုယ့်လုပ်ငန်းခွင်မှာ ပါးစပ်က အရက်နံ့လေး ထွက်နေရင်တောင် အလုပ်လုပ်ရကိုင်ရ အဆင်မပြေလို့ပါ.. ။ လက်ငင်းချက်ချင်း အရက်ရဲ့ မကောင်းကျိုးကို ခံစားရတယ်လေ..။
      ဒီသုံးချက်နဲ့တင် ကျွန်တော် မိုးပြာတရား ကို အယုံအကြည် မရှိပါဘူး ..။ ကျွန်တော် မိုးပြာဂိုဏ်းဝင် မဟုတ်ပါဘူး..။

      • မှော်ဆရာ

        August 30, 2012 at 9:33 am

        နောက်တစ်ခုက ထေရဝါဒ ကို ကွန်ဆာဗေးတစ်လို့ စွတ်စွဲလို့ မရပါဘူး…
        မင်္ဂလာ့သုတ်တော်ဟာ ထေရဝါဒ ကျောရိုးအဖြစ် ခိုင်ခိုင်မာမာ သတ်မှတ်ထားတာပါ ..
        ရှေးတုန်းက ဘုန်းတော်ကြီးကျောင်းတွေမှာ ထေ၇ဝါဒ အခြေခံသင်ရိုးအဖြစ် မင်္ဂလာ့သုတ်ကို သင်ပါတယ် ..။ ဒါကြောင့် ရှေးလူကြီးတွေဟာ မင်္ဂလာ့သုတ်တော်ကို အကျေအလယ် တတ်မြောက်ကြပါတယ်….။
        ဘယ်ဘာသာ မဆို ..ဘယ်ခေတ်အခြေအနေမှာမဆို လိုက်နာကျင့်သုံးနှိုင်တဲ့ ၊ အမြဲတမ်းမှန်နေတဲ့ မင်္ဂလာ့သုတ်တော်ကို လက်ကိုင်ထားတဲ့ ထေရဝါဒကို ရှေးရိုးစွဲတွေလို့ စွတ်စွဲလို့ မရပါဘူး။
        မူကြောင့် မဟုတ်ပါဘူး သူကြီးရယ် …။
        ထို့အတူပဲ ထေရဝါဒက မှားတယ်လို့ ထောက်ပြတဲ့ မိုးပြာကိုလဲ လစ်ဘရယ်လို့ မသတ်မှတ်နှိုင်ပါဘူး ..။

      • kai

        August 30, 2012 at 11:10 am

        ကျုပ်လည်းပြောချင်နေတာကြာပြီ..
        အခုလို ၃ချက်ဆိုပြီး တင်လာတော့..
        … အဟမ်း… အဟမ်း…
        (မိုးပြာအကြောင်းဆိုပြီး.. ပြောနေတဲ့သူတွေပါ). သူတို့ရေးတဲ့စာအုပ်တွေ.. ကုန်စင်အောင်ဖတ်ပြီးပြီလားလို့.. 😕

        ” မြန်မာပြည် ဆင်းရဲရခြင်း အဓိက တရားခံဆိုတာရော ..။လူတစ်ယောက်ထဲ သုံးကိုယ်ခွဲတဲ့ကိစ္စဆိုတာရော” က.. အကြိမ်၁၀ဝလောက် နေရာအနှံ ့ ဆိုင်ရာတော့ပစ်တွေမှာရေးထားရှင်းထားပြီးပါပြီ…။
        အဲဒီနေရာတွေမှာ..အပြည့်အစုံလည်းဆွေးနွေးရေးထားပါတယ်..
        ဖြတ်တောက်သုံးစွဲဖော်ပြခြင်း..မပြုစေလိုပါကြောင်း… 😕

        ကိုကိုမှော်ဆရာရေ..
        ကာလာမသုတ်တော်မှာ..

        သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
        မယူကုန်လင့်ဦး။
        ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
        (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
        နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
        (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
        ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။

        တဲ့..

        • မှော်ဆရာ

          August 30, 2012 at 12:14 pm

          ===(မိုးပြာအကြောင်းဆိုပြီး.. ပြောနေတဲ့သူတွေပါ). သူတို့ရေးတဲ့စာအုပ်တွေ.. ကုန်စင်အောင်ဖတ်ပြီးပြီလားလို့.. 😕 ===
          သူကြီးရေ … ကြက်ဥတစ်လုံးကို နဲနဲ စားကြည့်တာနဲ့တင် ပုတ်သလား … ကောင်းသလား သိပါတယ် …
          ပုတ်တာ သေချာအောင် အကုန်လုံး စားကြည့် စရာ မလိုပါဘူး..။

        • nature

          August 30, 2012 at 9:39 pm

          မစင်ပုံကိုတွေ့တဲ့သူဟာချိုသလားငံသလား။ မာသလားပျော့သလား စမ်းကြည့်တဲ့သူမရှိပါဘူး။

  • ရဲစည်

    August 30, 2012 at 2:35 am

    ရသလောက်သာ ခူးနေပီ ဆြာမှော်ရေ
    တချို့က မမှည့်သေးလဲ
    အုပ်ထားပီး စားလို့ ရတာကိုး ….
    တချို့များလဲ ဘယ်လောက် မှည့်မှည့် ကြွေမှ စားလို့ရတာ
    အဲဒီတော့
    ကိုယ့်ဘာသာ ခူးယူခြင်းသည်
    ကိုယ့်နဲ့သာ ဆိုင်လို့
    ဟို သီချင်းထဲကလို ….
    ” မဆိုင်သူတွေလို နေမယ် ….. ခြားနားခြင်း .. သိပ်များတယ် …. တို့နီးစပ်ဖို့ သိပ်ခက်နေတယ် … ” :mrgreen:

    • မှော်ဆရာ

      August 30, 2012 at 9:40 am

      အဲဒီလို မဟုတ်ဘူးဗျ … သူက တဆင့်ချင်းသွားတာ ..
      လူမိုက်ကို မပေါင်းနဲ့ ၊လူလိမ္မာကို ပေါင်း .. ပူဇော်ထိုက်သူကို ပူဇော် ဒါဆို ပထမအဆင့်ပဲ .. နောက်ပိုင်း မင်္ဂလာက သူ့အလိုလို အဆင်ပြေသွားလိမ့်မယ် ..။

  • nature

    August 30, 2012 at 6:39 am

    မိုးပြာနဲ့ထေရဝါဒအသိသာကြီးပါ။ အဖိုးတန်ဗဟုသုတ လေးတွေပေးလို့ကျေးဇူးတင်ပြီး bookmarkလုပ်ထားပြီး လက်မတချောင်းထောင်လိုက်ပါကြောင်း။

  • သုရှင်

    August 30, 2012 at 8:09 am

    အမှားနဲ့ အမှန်ဆိုတာ…
    လက်တစ်လုံးဘဲခြားတယ်။
    ဘုရားလက်ထပ်ကတောင် ဒေဝဒတ် က တရားပြိုင် လုပ်သေးတာဘဲ
    ဆန်းပါဘူး…။ :mrgreen:

  • ကြောင်ကြီး

    August 30, 2012 at 9:40 am

    သဂျီးက မိုးပြာနဲ့ မူဆလင် ဝါဒနှစ်ခုပေါင်းပြီး ဂိုဏ်းဆြာဂျီးလုပ်မလို့တဲ့..အဲဒါ ဝိုင်းပြောဂျပါအုံ….

  • မှော်ဆရာ

    August 30, 2012 at 9:42 am

    ဒါဆို နောက်ဆိုရင် သူကြီးကို ပြာမူဂိုဏ်းချုပ်လို့ ခေါ်ရတော့မှာပေါ့နော် …
    နောက်တာပါနော ။။။

  • Kotrue

    August 30, 2012 at 11:08 am

    မှော်ဆရာရဲ့ (မိုးပြာ/ထေရဝါဒ) post မှာ ထေရဝါဒအကြောင်းကို မပြောလိုပေမယ့် မိုးပြာအကြောင်းမှာတော့ အလိုဆိုးနဲ့ အပုတ်ချတင်ပြမှုဖြစ်နေပါတယ်။

    ဘာ့ကြောင့်လဲဆိုတော့ ဓမ္မဝိဟာရီဆရာတော်ရဲ့ ဟောကြားချက်ကို အပြစ်ပြောချင်တဲ့ အကွက်လေးလောက်ပဲ လိုသလို ပိုင်းယူပြီးတင်ပြထားလို့ပါပဲ။

    အဲဒီစကားတွေရဲ့ ရှေ့က နောက်က ပြောကြားချက်များကို ထိန်ချန်ထားပြီး တင်ပြတာဟာ အလိုဆိုးတာဖြစ်ပါတယ်။

    အဲလို အလိုဆိုးနဲ့သူများသည် ဗုဒ္ဓဘုရားကိုယ်တိုင်ဟောကြားတာတောင်မှ
    ကိုယ်လိုသလို အပြစ်ပြောပြီး ဘုရားရှင်ကိုတောင် အပုတ်ချခဲ့ကြတာရှိပါတယ်။ စကားအကျအနကောက်ပြီး အပုတ်ချတတ်သောသူများကို လူ့အဝန်းအဝိုင်းမှ ရွံမုတ်ကြပါတယ် မှော်ဆရာ။ ဒါ့ကြောင့် ကိုယ့်တရားကိုယ်ပဲ လူတွေလက်ခံအောင်ဟောပြောတင်ပြခြင်းဖြင့်
    အပုတ်ချတတ်သော အကျင့်အား ပယ်ဖျောက်ဖို့လိုပါတယ်။

    ဓမ္မဝိဟာရီဆရာတော်ရဲ့ ဟောကြားချက်အပြည့်အစုံ အစအဆုံးကို မူရင်းအတိုင်း
    ” ပစ္စုပ္ပန္နဒဿန အရိယသစ္စာတရားဓမ္မ ” ဝက်ဆိုက်
    http://www.ariyathitsa.org တွင် လေ့လာနိုင်ပါတယ်။

    • မှော်ဆရာ

      August 30, 2012 at 12:16 pm

      ===အဲလို အလိုဆိုးနဲ့သူများသည် ဗုဒ္ဓဘုရားကိုယ်တိုင်ဟောကြားတာတောင်မှ
      ကိုယ်လိုသလို အပြစ်ပြောပြီး ဘုရားရှင်ကိုတောင် အပုတ်ချခဲ့ကြတာရှိပါတယ်။ ====
      မှန်တာပေါ့ ခင်ဗျာ … အဲဒါကို Kotrue သေချာသိတယ် ဆိုရင် ကျေနပ်ပါတယ် ….။

      • မှော်ဆရာ

        August 30, 2012 at 12:22 pm

        >>> အပြစ်ပြောချင်တဲ့ အကွက်လေးလောက်ပဲ လိုသလို ပိုင်းယူပြီးတင်ပြထားလို့ပါပဲ။<<<
        ထေရဝါဒ ကလဲ အဲဒီလိုပဲ ပြန်ပြောမှာပဲ ခင်ဗျ …

    • Mလုလင်

      August 31, 2012 at 10:57 pm

      Kotrue ရေ .. ရွံမုတ် က .. ဘာကို ဆိုလိုမှန်း သိပေမယ့် ….. ရွံ့မုန်း လို့ စာလုံးပေါင်းမှ မှန်မှာပါ . အဲဒါလေး

  • မောင်ပေ

    August 30, 2012 at 12:37 pm

    မှော်ကြီးရေ
    လေးစားတယ်ဟေ့
    ငါသာဆိုရင် ဒါမျိုး မရှင်းတတ် မပြောတတ်ဘူးရယ်
    ငါကတော့
    မိုးပြာဆိုရင် နိုးကွာ ပြီးရင် ကာရံတွေ ရှိသေးတယ်
    သိတယ်မို ့လား

  • မှော်ဆရာ

    August 30, 2012 at 1:00 pm

    အစိုးရပိုင် ပစ္စည်းကို ခိုးတာ အပြစ်မရှိ ၊
    အလိုမပြည့်တဲ့ သူများသားမယားကို အာသာရမက်ပြေအောင် ဖျော်ဖြေပေးတာ ကုသိုလ် ရတယ်
    အရက်ကို မူးအောင် မသောက်ရင် အပြစ်မရှိ …
    ဒီတရားတွေကတော့ မိုးပြာဆရာတော် ဟောထား / မထား ကျွန်တော် သေချာ သိချင်တယ် ..
    Kotrue ဖြေပေးပါ ..။

  • Ko out of...

    August 30, 2012 at 5:09 pm

    မှော်ဆရာ ကတော့နာမည်နဲ့လိုက်အောင်..တကယ့်မှော်ဆရာပါဘဲ…

    မှော်ဆရာဆိုတာ..သူကျင်လည်တဲ့ ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ်ဆိုတာကို ကောင်းကောင်းသိ..ကောင်းကောင်းကျွမ်းကျင်းတာကို မှော်ဆရာ လို့ခေါ်တယ်…ကားဆရာဟာသူမောင်းတဲ့ ကားကိုကောင်ကောင်း ကျွမ်းကျင်တာကို.မှော်ဆရာလို့ခေါ်ရပါတယ်…

    အခုလည်း …မှော်ဆရာက..ကိုယ်နားလည်တဲ့..ပရမတ္တသစ္စာ ဘောင်ကျင်းကျင်းထဲမှာ ပြောနေတာကို…

    မိုးပြာဆရာတော် ဟောထား / မထား ကျွန်တော် သေချာ သိချင်တယ် ..
    Kotrue ဖြေပေးပါ ..ဆိုတာကို..ကျွန်တော်ဘေးကနေ ဖြေပေးကြည့်ပါမယ်နော်..

    ခင်ဗျားတို့က တရားကိုလေ့လာမလား? ပုဂိ္ဂုလ်ကိုလေ့လာမလား? စာသင်တဲ့အခါ မြန်မာလား? အင်္ဂလိပ်လား? ဂျာပန်လားဆိုတဲ့ လူမျိုးကိုကြည့်မလား? ပညာရပ်တခုကိုလေ့လာမလား?..ဒါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို အရင်မေးဖို့လိုမယ်…

    အစိုးရပိုင် ပစ္စည်းကို ခိုးတာ အပြစ်မရှိ ဆိုတာကိုဖြေရရင်…

    ဓမ္မပြစ် နဲ့ နတ်(တန်းခိုးဩဇာအာဏာရှိသူ)ပြစ်ခွဲ

    နိုင်ငံတော်ကပေးတဲ့ အပြစ်ဟာ ဓမ္မပျက်လို့ရတဲ့ အပြစ်မဟုတ်ဘူး…ဓမ္မအပြစ်က ဒီလိုလည်းမဟုတ်ဘူး..
    နိုင်ငံပြစ်မှုနဲ့ ဓမ္မပြစ်မှုက ခွဲကြည့်ရမယ်..နိုင်ငံပြစ်မှု ကျူးလွန်တာ လူတွေမကျောခိုင်းဘူး..ဓမ္မပြစ်မှု ကျူးလွန်ရင် လူတွေ ရွံ့ရှာစက်ဆုပ်တယ်…ဥပမာ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့ဟာ…နိုင်ငံတော်ရဲ့ အုပ်ချုပ်ပုံစနှစ်ကိုမကြိုက်လို့ တော်လှန်တာ…ဓမ္မပြစ်မှုမဟုတ်ဘူး..ဒါကြောင့် လူတွေ မကျောခိုင်ဘူး..ပြောရမယ်…ဒါကပေါ်လွင်ပါ..

    နိုင်ငံအပြစ်ကျူးလွန်လို့ နိုင်ငံက အပြစ်ပေးတာ ဓမ္မဘောင်နဲ့ မပတ်သက်ဘူး..သူကိုထိလို့ သူပြန်ကိုက်တာမျှဘဲ…မြွေထိလို့ မြွေကိုက်ခံရတာ..သေတဲ့ အထိခံရတယ်..မြွေကိုထိတာ အပြစ်လား?
    ဒါပေမဲ့ သူကအထိမခံတော့ပြန်ကိုက်တာ…သေတဲ့ အထိခံရရင် ခံရတာသိပ်များတာပေါ့…ခံရတာများတာနဲ့
    အပြစ်ကြီးတယ်မပြောရဘူး..

    နိုင်ငံကပေးတဲ့ အပြစ်ကလည်း ဒီလိုဘဲ…အပြစ်ကြီးချင်ကြီးမယ်…ဒါအပြစ်ကြီးတာနဲ့ ဓမ္မလို့ပြောလို့မရဘူး..
    နိုင်ငံတော်ကလည်းသူ့ကိုထိတာ မခံချင်လို့ ပြန်ကိုက်တာဘဲ…ဧည့်စာရင်းမတိုင်လို့ ၊ ရုံးချိန်နောက်ကျလို့..အပြစ်ရတာတွေ စတာတွေ ကြည့်ရင် နိုင်ငံအပြစ်ဟာ…ဓမ္မအပြစ်နဲ့ ခြာနားတာ ထင်းရှားတယ်..

    နိုင်ငံတော် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်လို့ဘဲ..
    နိုင်ငံတော်ပိုင် ဖြစ်နေလို့ဘဲ…
    ကြားဖြတ်ပြီးဥပမာပေးကြည့်မယ်..နိုင်ငံတော်ပိုင်ဆိုတာ..သန်းရွှေပိုင်လား? မောင်အေးပိုင်လား? ပြည်သူပိုင်လား?…ပြည်သူပိုင်ဆိုင်ရင် ကျွန်တော်တို့လည်းဆိုင်တယ်..ဒါဆိုနိုင်ငံတော် သဘာဝသယံဇာတတွေ ခိုးရောင်နေတာ ..ဘယ်သူတွေ ခိုးရောင်းနေသလဲ…ကနေ့ဘယ်သူတွေကြီးပွါးနေလဲ?ဒါကိုဘာပြစ်မှုနဲ့ အပြစ်ပေးမလဲ?

    မြိုးစည်းကမ်း၊ရွှာစည်းကမ်း၊ အဖွဲ့အစည်းစည်ကမ်း စတာတွေဟာ ကာလဒေသ အလျှောက် သူတိုသတ်မှတ်ကြတာတွေဖြစ်တယ်..သူတို့ သတ်မှတ်တိုင်းဓမ္မ မဟုတ်ဘူး..

    မရှင်းဘူဆိုရင်ဖြင့်…http://myanmargazette.net/101994/uncategorized-other/copypaste

    • မှော်ဆရာ

      August 30, 2012 at 6:27 pm

      ကို နော့အော့ ဝင်ဖြေသွားတယ် ….။
      ကျွန်တော်က
      အစိုးရပိုင် ပစ္စည်းကို ခိုးတာ အပြစ်မရှိ ၊
      အလိုမပြည့်တဲ့ သူများသားမယားကို အာသာရမက်ပြေအောင် ဖျော်ဖြေပေးတာ ကုသိုလ် ရတယ်
      အရက်ကို မူးအောင် မသောက်ရင် အပြစ်မရှိ …
      ဒီတရားတွေကို မိုးပြာဆရာတော် ဟောထား / မထား ကျွန်တော် သေချာ သိချင်တယ် လို့ပဲမေးသွားတာပါ ..။
      ဟောမဟောပဲ သိချင်တာပါ …။
      အဲဒီ့အချက်တွေကို ကျူးလွန်လို့ ကျွန်တော့မျက်စိရှေ့တင် ဘဝပျက်သွားတဲ့ သူတွေ မြင်နေရလို့ အပြစ်မရှိဘူး ပြောလဲ ကျွန်တော် လုပ်မှာ မဟုတ်ပါဘူး…
      အဲဒီ့အချက်တွေကို ကျူးလွန်ပါတယ်ဆိုတဲ့ သူတွေလဲ ငါလုပ်တာ အပြစ်မရှိဘူးကွဆိုပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာတော့ မတွေ့မိသေးပါဘူး ..။ထုတ်ဖော်ပြောချင်ရင်တော့ ပြောကြပါ ..။အဲဒီ့လူကိုလဲ ကျွန်တော့ အိမ်ရိပ်တောင် အနင်းခံမှာမဟုတ်ဘူး ..။ဒါက ပထမတစ်ချက် …
      ဒုတိယတစ်ချက်ကဆိုရင် နိုင်ငံတော်ပိုင် ပစ္စည်းကို ခိုးရောင်းလို့ အပြစ်မရှိဘူးဆိုရင် .. မြန်မာ့ သယံဇာတတွေ ပြည်ပကို ခိုးရောင်းတဲ့သူတွေ… လမ်းခင်း တံတားဆောက်ရာမှာ ဘိလပ်မြေ ကတ္တရာ ခိုးရောင်းတဲ့သူတွေ … ၊ စာရင်းလိမ်တဲ့သူတွေ ဒီသူတွေက အပြစ်မရှိဘူး လုပ်ကောင်းတယ် ဆိုရမှာပေါ့နော် ….။လုပ်ကြပါစေပေါ့ … တိုးတက်ပါဦးမယ် မြန်မာပြည် …။
      တတိယ တစ်ချက် …မိုးပြာတရားအရ အဲဒီအချက်တွေဟာ လောကီအရ အပြစ်ရှိတယ် …လောကုတ္တရာ အရ အပြစ်မရှိဘူး ဆိုရင် မိုးပြာတရားဟာ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို မပေးသော တရားလို့ ကျွန်တော်ပြောရင် မှန်မလား

    • အရီးခင်လတ်

      August 30, 2012 at 7:26 pm

      ကျွန်မ ကိုယ် ကျွန်မ အစွန်းမရောက်အောင် ကြိုးစား နေနေပါတယ်။
      တရားဓမ္မ ဆိုတာကိုလဲ မြင့်မြင့်မားမား အသိ နဲ့ မသိသေးပေမဲ့ အရာရာ ကို ခြုံမိအောင် ကြိုးစား နေနေပါတယ်။
      ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာ မှ မဟုတ် တစ်ခြားဘာသာ ရဲ့ အကြောင်း တွေ ကိုလဲ အကြမ်းဖျင်းတော့ သိ မိအောင်ကြိုးစား နေနေပါတယ်။
      သူများယုံကြည်ရာ (အစွန်းရောက် လူသတ် မလုပ်ရင်) ကိုလဲ ကိုယ်မယုံကြည်ရင်တောင်မှ လေးလေးစားစားတွေးမိအောင် ကြိုးစား နေနေပါတယ်။
      ဒါကြောင့် ကျွန်မ ဟာ ငါတို့ ဘာသာမှ ငါတို့ဘာသာ မှန်တယ် လို့ စိတ်မထားသူပါ။

      ဒါပေမဲ့
      Ko out of… ရဲ့ {{{ နိုင်ငံတော် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်လို့ဘဲ..
      နိုင်ငံတော်ပိုင် ဖြစ်နေလို့ဘဲ… }}}
      ကျွန်မ ဒီ မှတ်ချက် ကို ဖတ်ပြီး အတော်လေးအံ့ဩ မိ သွားပါတယ်။
      ဘာသာရေး ကို ဘေးဖယ်ထားဦး။
      ဒါဟာ ကိုယ်ကျင့်တရားပျက်ပြား ကြောင်း အရင်းခံ ပါဘဲ။
      နိုင်ငံတော်ပိုင် ဘဏ္ဍာ ဆိုတာ လူတစ်ဦးတစ်ယောက်ဘဏ္ဍာ ထက် အရေးကြီး ပါတယ်။
      ဘာလို့ လဲ ဆိုတော့ နိုင်ငံတော်ပိုင်ဟာ နိုင်ငံတော်သား အများ ကို ပံ့ပိုး နေလို့ပါဘဲ။
      နိုင်ငံတော်ပိုင် ကို အလွဲသုံးစား လုပ်သူတွေကြောင့် ပညာမသင်ရတဲ့ ကလေးတွေ၊ ဘဝ ပျက်နေတဲ့ လူငယ်တွေ၊ သေပန်းမလှ တဲ့ လူနာတွေ နဲ့ နေဝင်ချိန် မှာ ငတ် နေရတဲ့ သက်ကြီးရွယ်အို တွေ ရှိနေကြတာပါ။
      နိုင်ငံတော်ပိုင်ကို ခိုးတာ တိုင်းပြည်မှာ နေနေတဲ့ လူတိုင်းဆီက ခိုးတာပါ။
      လူတစ်ယောက်ဆီ က ခိုးတာထက် ပိုပြီး အောက်တန်းကျ ပါတယ်။

      ကျွန်မ စဉ်းစားမရတာ ရှိတယ်၊
      ကျွန်မ သိသလောက် ဘယ် ဘာသာမှာမှ ခိုးခြင်း ကို အားမပေးဘူး။
      ဒါကို ဘာကြောင့် ဒီလို ပြောရတာလဲ။
      ကျွန်မတို့ နိုင်ငံဟာ ခြစား တဲ့ တိုင်းပြည် တွေထဲ မှာ ထိပ်ဘဲ။
      ဒီလို လူတွေ ကို အားပေးဖို့ ဒီလို ပြောတာလား။
      ဒါဟာ တိုင်းပြည်ထဲ က ဆင်းရဲ သားတွေ ကို ပိုပြီး ဆင်းရဲအောင် လုပ်နေတာပါဘဲ။

      ထားပါတော့။
      ဘာဘဲဖြစ်ဖြစ် ဒီလို မျိုးအားပေး ရင် အားပေးသူတွေ ရဲ့ ကိုယ်ကျင့်တရားက ဘယ်လိုလဲ။
      တရားဓမ္မကောင်း တွေကို ညွန်ပြမဲ့၊ သူများကို သာသနာပြုမဲ့ သူ ရဲ့ ကိုယ်ကျင့်တရား ဟာ သူများ တွေထက် မြင့်မြတ် ကို မြင့်မြတ် ရပါမယ်။
      မဟုတ်ရင် ပါးစပ်က တရား တရား လက်က ကားယားကားယား ဆိုတာမျိုး နဲ့ ကြည့်လို့ မြင်လို့ ကြားလို့ လုံးဝ မတင့်တယ်ပါဘူးရှင်။

      Ko out of…ရှင့်
      ကျွန်မ အမြင်များလွဲ နေတာ ရှိခဲ့ရင် ဖြင့် ပြန်လည်ထောက်ပြပေးပါ။
      ကျေးဇူးတင်ပါတယ်။
      ကျွန်မ အားလုံးဆီက ပညာယူနေသူပါ။

      နောက်တစ်ချက်
      သူကြီး ပြောပြောနေတဲ့ သုံးကိုယ်ခွဲ ဆိုတာ အရင်က သဘောမပေါက်ဘူး။
      လူတွေ Account တွေခွဲတာများ ပြောနေသလားလို့။
      အခုတော့ ရေးရေးသိလိုက်ပြီ။
      အဲဒါကိုလဲ ဝင်ဆွေးနွေး နေချင်ပြန်ပါတယ်။

      • မှော်ဆရာ

        August 30, 2012 at 8:22 pm

        သက်ကြီး ဝါကြီးတွေကို မျှော်နေတာ အရီးရေ …
        ဝင်လာတာ ကျေးဇူးပါ ..

    • မှော်ဆရာ

      August 31, 2012 at 4:51 pm

      ကို Out of ကွန်မန်း ရှေ့နောက် မညီဘူး ဖြစ်နေတယ်နော …
      ….နိုင်ငံပြစ်မှု ကျူးလွန်တာ လူတွေမကျောခိုင်းဘူး.. လို့ရေးထားတယ် …
      ဒါပေမယ့်— >>>>.နိုင်ငံတော်ပိုင်ဆိုတာ..သန်းရွှေပိုင်လား? မောင်အေးပိုင်လား? ပြည်သူပိုင်လား?…ပြည်သူပိုင်ဆိုင်ရင် ကျွန်တော်တို့လည်းဆိုင်တယ်..ဒါဆိုနိုင်ငံတော် သဘာဝသယံဇာတတွေ ခိုးရောင်နေတာ ..ဘယ်သူတွေ ခိုးရောင်းနေသလဲ…ကနေ့ဘယ်သူတွေကြီးပွါးနေလဲ? <<<<ဆိုပြီး ရေးပြန်တယ် …
      သူတို့ကိုကြတော့ ပြည်သူတွေက ချစ်ပါသလား ကျောခိုင်းပါသလား …

      • Ko out of...

        August 31, 2012 at 7:03 pm

        သူတို့ကိုကြတော့ ပြည်သူတွေက ချစ်ပါသလား ကျောခိုင်းပါသလား …ဆိုတာကိုဖြေရရင်..

        ပြည်သူတွေ ကျောခိုင်းပါတယ်လို့ဖြေရပါလိမ့်မယ်….ရှေ့နောက်မညီဘူးလို့ ထပ်ပြောမလားဘဲ..
        စာဆိုတာလည်း..တပ်ိုင်းတစဖတ်ရင်သူဆိုလိုတာ ဘယ်ရမလဲ….ဝတ္တုကိုကြားဖြတ်ပြီးဖတ်သလို ဖြစ်နေမှာပေါ့…နောက်မှာရှင်းပြထားတာနဲ့ ပြန်ပေါင်းစပ်ဖို့လို့ါတယ်..အခုလည်းနောက်တမျိုးဥပမာပေးကြည့်ပါ့မယ်….

        – ယာဉ်မောင်းလိုင်စင် မပါတာ…ယဉ်စည်းကမ်းကို ချိုးဖေါက်တယ်လို့ပြောရပေမဲ့….လိုင်စင်မပါလည်း
        လူတွေကို ယာဉ်တိုက်မှုက မဖြစ်အောင် သိတိနဲ့မောင်းလည်းရပါတယ်…ဒီသတိဟာ မဂ္ဂင်ဘဲ..
        ယာဉ်မောင်းလိုင်စင်ကိုင်ပြီး…လူတွေကို..တိုက်ရင်တော့ဒီလူကို…လူတွေကျောခိုင်းပါလိမ့်မယ်…
        အဲလိုခွဲခြား သိဖို့လိုပါလိမ့်မယ်…
        – ကျောင်းစည်းကမ်းနဲ့ ကျောင်းမှာ သင်တဲ့ ဘာသာရပ်ကို ခွဲခြားသိဖို့တော့လိုမယ်…
        ကျောင်းနောက်ကျတာ…ကျောင်းစည်းကမ်းကို လိုက်မနာတာ မှန်ပေမဲ့…ကျောင်းမှာ သင်တဲ့ ဘာသာရပ်ကို တတ်အောင်သင်လို့ရပါတယ်…

        ဓမ္မဟာ ဆောင်စရာဖြစ်ပြီး…ဝိနိယဟာ ရှောင်စရာဖြစ်ပါတယ်…ယနေ့..ဝိနည်းဟာရဟန်းတွေရဲ့ စည်းကမ်းပါ…လူတွေရှောင်ရမည့်သီလဟာ..ရဟန်းတွေလိုမဟုတ်ပါဘူး…
        ရဟန်းတွေဟာ..ဒကာ/မတွေ ကပ်တဲ့ဆွမ်းကို ဘုန်းပေးရတဲ့အတွက်…သူတို့ဟာ..ဓမ္မနုဂဟဆောင်ရင်..လူတွေဟာ..ပစ္စယနုဂဟ အဖြစ်ပံ့ပိုးပေးရပါတယ်…ဒါကြောင့် ရဟန်းတွေကို…အသားရှောင်ဖို့ ဘုရားမပြောခဲ့ဘူး..ရှောင်ရမည့် အသား၁ဝမျိုးကလွဲလို့ပေါ့..ဒါဘာကိုဖေါ်ပြသလဲ ဆိုတော့..လူတွေရှောင်ရမည့် မခိုး၊ မသတ်ရဆိုတာ ..ကျွန်တော်တိုထင်သလိုလူဆောင်စရာ သိပ်အခက်ကြီးမဟုတ်ဘူး…ဒါကြောင့် ယနေ့ အသက်မွေးဝမ်းကျောင်းပြုကြတာတွေကို ကြည့်ရင်..စိုက်ပျိုးရေးလည်…သွယ်ဝိုက်တဲ့နည်းနဲ့…သတ္တဝါတွေသေနေရတာဘဲ..စီးပွားရေးလုပ် ပြန်တော်လည်း ဝယ်ဈေးနဲ့ ရောင်းဈေး ခွာပြီးပြောနေရတော့ မုသားသုံးနေရတာပါဘဲ….ဒါတွေကြည့်ရင်..သုံးသပ်နိုင်ပါတယ်….

        ဘုရားရဲ့ လူတွေအတွက်ရှောက်ရမည့်သီလကျတော့..လူဆောင်ဖို့မခက်ခဲဖူး…
        ဒါပေမဲ့ မနက်နဲတာမဟုတ်ဘူး..လူအပေါ်မှာ မခိုးဘဲ စောင့်စည်းခြင်းရဲ့ နက်နဲတဲ့ အတိုင်းအတာဟာ..ပြေမရအောင်ရှိတယ်..ဒါမရှိတာနဲ့ လူသားထုမငြိမ်းချမ်းမရတာကြည့်ရင် သိနိုင်တယ်..

        • မှော်ဆရာ

          August 31, 2012 at 8:11 pm

          ကျောင်းမှန်မှန် မတက်တဲ့ ၊ ကျောင်းစည်းကမ်း မလိုက်နာတဲ့ ကျောင်းသားကို ကျောင်းသားကောင်းလို့ ခေါ်လို့ရပါ့မလား စာရောတတ်ပါ့မလား…။ကျောင်းစည်းကမ်းမလိုက်နာတဲ့ ကျောင်းမှန်မှန် မတက်တဲ့ ကျောင်းသားကို ဘယ်လို ကျောင်းမျိုးက အလိုရှိပါသလဲ …။
          ထေရဝါဒမှာတော့ … ပညာရှိတို့ကို မှီဝဲဆည်း ကပ်ခြင်း သည် မင်္ဂလာ ဆိုပြီး ကျောင်းမှန်မှန် တက်ခိုင်းထားတယ်ဗျ …။
          မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်းသည် မင်္ဂလာဆိုပြီး ကျောင်းစည်းကမ်းကိုလဲ သေသေချာချာ လိုက်နာခိုင်းထားတယ် …။
          အကြားအမြင်များသောသူဖြစ်ခြင်း ၊လက်မှုပညာ/စက်မှုပညာ အစရှိသော အတတ်တို့ကို တတ်မြောက်ခြင်းသည် မင်္ဂလာဆိုပြီး သင်တဲ့ပညာကိုလဲ သေသေချာချာ နားလည်တတ်မြောက်အောင် သင်ဖို့ တိုက်တွန်းထားပြန်တယ် …။

  • ဦးဦးပါလေရာ

    August 30, 2012 at 11:43 pm

    မိုးပြာရဲ့ အတွေးအခေါ်ကိုက လူ့အကြိုက်(လူပြိန်းအကြိုက်)ကို အခြေခံတာပါ။

    ဥပမာ လူမကျင့်နိုင်တဲ့သီလကို ဘုရားမဟောဘူး…. ဆိုတာမျိုး

    တကယ်တော့ လူဆိုရာမှာ အသိဉာဏ်အဆင့်အမျိုးမျိုး အတန်းအစား အမျိုးမျိုးရှိတယ်။
    မိုးပြာခေါင်းဆောင်နဲ့တကွ မိုးပြာအဖွဲ့သားတွေ မကျင့်နိုင်တဲ့သီလမျိုးကို
    သေသေချာချာတင်းတင်းရင်းရင်းကျင့်နိုင်တဲ့ ရဟန်းရှင်လူ များစွာရှိတယ်။

    ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာရဲ့အတွေးအခေါ်အရတော့
    သီလ ဆိုတာကိုက ဘယ်သူကျင့်နိုင်လို့မကျင့်နိုင်လို့ဆိုပြီး
    ပိုင်းခြားသတ်မှတ်ရတာမဟုတ်ဘူး
    သီလဆိုတာ ကျင့်(စောင့်)ရင် ကောင်းကျိုးရှိမှာဖြစ်ပြီး မကျင့်(မစောင့်)ရင် ဆိုးပြစ်ရှိမှာမို့
    ကောင်းကျိုးနဲ့ဆိုးပြစ် တနည်းအားဖြင့် ကုသိုလ်နဲ့အကုသိုလ်အရ
    ပိုင်းခြားသတ်မှတ်ရတာ။

  • အရီးခင်လတ်

    August 31, 2012 at 4:26 am

    ဝင်ရေးမှတောင် နဲနဲ တောင် အားနာနေသလိုဘဲ။
    သို့ပင်သို့ညား စကားကျွံပြီး ဖြစ်နေသမို့ ထင်တာပြောလိုက်ပါဦးမယ်။
    ကျွန်မ အတွေးသက်သက်ပါ။
    ပါဠိစကားများ လဲ မသုံးတတ်လို့ ရိုးရိုး ဘဲ ပြောပါရစေ။
    ရိုးရိုး ဆိုရာမှာလဲ ကိုယ်သန်ရာသန်ရာ ရုပ်ရှင် လေးတစ်ကား ကို ညွန်း ရင်းပြော ချင်ပါတယ်။
    တစ်ချို့ကားလေးတွေက တီဗီမှာ ထပ်ခါထပ်ခါ လာနေ တာ။
    သဘောကျလို့ ကြည့်ရင်း ကြည့်ရင်း မှတ်မိသွားတတ်ပါတယ်။

    ပြောမဲ့ကားက Sliding Doors လို့ခေါ်တဲ့ အချစ်ကားလေးပါဘဲ။
    ဒါပေမဲ့ အခါခါကြည့်လာရချိန် သူ့နောက်မှာ ဝှက်ဖဲ များရှိနေလား တွေးမိရင်း အင်တာနက်ထဲ ဟိုရှာဒီဖတ် လုပ်တော့ ကျွန်မလိုဘဲ အဲဒီကားလေး ရဲ့ ဝှက်ဖဲ အကြောင်း ဆွေးနွေးတာတွေ တွေ့ရပါတယ်။
    အဲဒီကားလေးအကြောင်း တစ်ခါပြောဘူးခဲ့တယ် ထင်ပါရဲ့။

    ဇာတ်လမ်း က
    အလုပ်ပြုတ်လာတဲ့ မင်းသမီးက အိမ်အပြန် မြေအောက် ရထားတစ်စီး ကို အမှီလိုက်ရာက စပါတယ်။
    ထွက်ခါနီး Sliding တံခါးပိတ်စပြုနေတာ ကို အတင်းတွန်း ရင်း ရထားထဲရောက်၊ အိမ်ရောက်တော့ သူ့ယောကျာင်္းကို မိန်းမတစ်ယောက်နဲ့ အိပ်ခန်းထဲ မှာ ပက်ပင်းတွေ့၊ အိမ်ကဆင်းသွား၊ အပြင်မှာ အလုပ်ကြိုးစား၊ မင်းသားနဲ့ တွေ့၊ အောင်မြင်လာ၊ မင်းသားနဲ့ ကြိုက်သွား၊ နောက်သူတို့ နှစ်ယောက် အကြောင်းတစ်ခု နဲ့ နားလည်မှုလွဲ၊ မင်းသားက ဖြေရှင်း၊ ပြေလည်သွား၊ မင်းသမီးက ပျော်ပြီး ကားလမ်းပေါ်အတက် ကားတစ်စီး ကဝင်တိုက်မိ သွား၊ ဆေးရုံရောက်၊ သေသွား။
    ဒီအတိုင်း ဆိုလို့ကတော့ ရိုးရိုးလေးပါ။ ဒီရိုးရိုးလေး ကို ရှုပ်သွားစေတာက
    အလုပ်ပြုတ်လာတဲ့ မင်းသမီးက အိမ်အပြန် မြေအောက် ရထားတစ်စီး ကို အမှီလိုက်၊ ထွက်ခါနီး ရထားကို မမှီလိုက်တော့ဘဲ၊ ကားငှားပြန် မယ်လုပ်၊ ပိုက်ဆံအိတ် လုခံရ၊ အချိန်ကြာသွား၊ အိမ်ရောက်တော့ သူ့ယောကျာင်္းနဲ့ ဖောက်ပြန် တဲ့ မိန်းမ က အိမ်က ထွက်သွားရုံလေး၊ နောက်ရရာ စာပွဲထိုး အလုပ်ကို လုပ်၊ သူ့ယောကျာင်္း နဲ့ ဖောက်တဲ့ မိန်းမ က သူ့ကို အနှောင့်အယှက်ပေး၊ နောက်ပိုင်း သူ့ယောကျာင်္းနဲ့ အဲဒီမိန်းမ အကြောင်း ရိပ်မိသွား၊ ပြသနာဖြစ်ပြီး လှေခါးပေါ်က ချော်ကျ၊ ဆေးရုံရောက်၊ သူ့ယောကျာင်္း ကို ပြတ်စဲလိုက်၊ ဆေးရုံက အဆင်း မင်းသား နဲ့ ဓာတ်လှေခါးထဲမှာတွေ့၊ ဓာတ်လှေခါး ရဲ့ Sliding တံခါး ပိတ်အသွားမှာ ရုပ်ရှင် ပြီးပါတယ်။

    အဲဒီ အကြောင်း၂ ခု ကို တခန်းပြလိုက်၊ နောက်တခန်းပြလိုက် နဲ့ ယှဉ်ပြနေတာပါ။
    ပထမ အကြိမ်မှာ မျက်စိလည်သွားပါတယ်။
    ဒုတိယအကြိမ် ကြည့်မှ နားလည်သွားတာပါ။
    ရထားကိုမှီလိုက်တဲ့ အကြောင်းက ရတဲ့ အကျိုးဆက်၊ မမှီ လိုက်တဲ့ အချိန် ရတဲ့ အကျိုးဆက် နှစ်ခု ကွာနေတာကို ပြခဲ့တာပါ။

    ကျွန်မ တွေးမိလိုက်တာက ရုပ်ရှင်က ကံ ကြမ္မာ အလှည့်အပြောင်း ဆိုတာ “အစ ဖြစ်လိုက်တဲ့ ပုံမတူညီ ခြင်းပေါ်တည်ပြီး” ပုံစံကွာသွားတာ ကို ပြလိုက်တာလား လို့ပါ။
    ဒီထက်ပိုပြီး တွေးလိုက်ရင် အတိတ်က အကြောင်း ဟာ လက်ရှိ အကျိုး ကိုယ့်ကြမ္မာ အတွက် အရေးကြီး တဲ့အစိတ်အပိုင်း တစ်ခုလို ဖြစ်နေတာ လား။
    ကိုယ်လမ်းဆုံမှာ ရွေးမဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းမကောင်း ဘယ်လို ပြောနိုင်ကြပါ့မလဲ။
    ဒီလိုဘဲ မသိခြင်းများစွာနဲ့ ကျွန်မတို့ ဆုံးဖြတ်ချက် တွေ လုပ်လာကြရတာ။

    နောက် ကျွန်မရဲ့ အူကြောင်ကြောင် အတွေးက Sliding တံခါး ကို ဂျူးရဲ့ နံရံ ရဲ့ အခြား တစ်ဖက် ဆိုတာနဲ့ တွဲမိလိုက်ပြန်တယ်။
    ကျွန်မတို့ လူ့လောကထဲ ကို နံရံ ရဲ့ အဖွင့် တံခါးတစ်ခု ကနေဝင်လာခဲ့တယ်။
    နံရံရဲ့ နောက်မှာ ဘာရှိခဲ့လဲ မသိဘူး။
    ဒါပေမဲ့ အဲဒီက နေ အကြောင်းဖြစ်ဖို့ အကျိုးဆက်တွေ ပါလာတယ်။
    ပြီးရင်လဲ
    လူ့လောကထဲ ကနေ နံရံ ရဲ့ တံခါးတစ်ခု ကနေထွက် သွားရဦးမယ်။
    အဲဒီဘက်မှာ ဘာရှိမယ် ဆိုတာလဲ မသိဘူး။
    ဒါပေမဲ့ အကြောင်းတရား တွေ ကနေ အကျိုးတရားတစ်ခု ဆက်ဖြစ်ဦးမှာဘဲ။
    အဲဒီသံသရာ လည်နေတဲ့ အထဲ က မထွက်နိုင်သ၍ပေါ့။

    ဒီတော့ ကျွန်မ ဆိုချင်တာက
    ကျွန်မတို့ ဟာ လက်ရှိကာလ မှာ အတွေးမှန် အမြင်မှန် နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရပါမယ်။ ဒါဟာ ဒီဘဝ ရဲ့ ရှေ့ကာလ အတွက် တော့ကောင်းမှာ သေချာပါတယ်။
    အကယ်၍ နောက်ဘဝ များ ရှိခဲ့ရင် လဲ အထောက်အပံ့ပေါ့။
    တစ်ချို့က နောက်ဘဝ မရှိလို့ ဆိုချင်ဆိုပါမယ်။
    ရှိခြင်း/မရှိခြင်း ဆိုတာ ဘာနဲ့ သက်သေပြနိုင်ပါသလဲ။
    မပြနိုင်မဲ့ အတူတူ တော့ ရှိခဲ့ရင် ဆိုတာနဲ့ ဘဲ နေနေသင့်ပါတယ်။

    တစ်ချို့က အတိတ်ကံ ဆိုတာကို ယုံမှုအပေါ် ဝိဝါဒ ကွဲနိုင်ပါတယ်။
    ဒီမှာလဲ ရှိခြင်း/ မရှိခြင်း ဘာနဲ့ သက်သေပြနိုင်ပါသလဲ။
    မပြနိုင်မဲ့ အတူတူမှာ ရှိခြင်း နဲ့ နေနေသင့်ပါတယ်။

    အကြောင်းရှိပါတယ်။
    သူခိုးတစ်ယောက် ဆိုပါစို့။
    ခိုးရခြင်း အကြောင်းအမျိုးမျိုး ရှိပါတယ်။
    သူ့ရဲ့လက်ရှိ ဘဝ ကို ကြိုးစားမပြင်လို့ လို့လဲ ဆိုနိုင်ပါတယ်။
    နောက်တစ်မျိုးက သူ့ကို ခိုးခြင်းဟာမကောင်းဘူး လို့ ပြောဆိုသွန်သင် မဲ့ မိဘ မျိုး မရခဲ့လို့ လဲဖြစ်နိုင်ပါတယ်။
    သူရဲ့ လက်ရှိဘဝ ကို ကြိုးစားမပြင်တာကို ထောက်ပြလို့ ရပါတယ်။
    သူ သူခိုး ဘဝ မရောက်အောင် ပြောဆိုသွန်သင် မဲ့ မိဘ မျိုး ကို ဘာလို့ မရွေးခဲ့လဲလို့ ထောက် ပြောလို့မရပါဘူး။
    ဘယ်လို မိဘမျိုးထဲကိုမှ ဝင်ချင်တယ် လို့ ရွေးချယ် နိုင်ခဲ့ခြင်း မှမရှိတာ။
    အတိတ်က ရခဲ့တဲ့ အကြောင်းကြောင့် ဒီလို မိဘဆီမှာ ဝင်ရတာ လို့ဘဲ ပြောနိုင်မှာပါ။

    နောက်တစ်ချက် က လူတွေ ဘာလို့ တစ်ယောက်ကိုတစ်ယောက် မနာလိုမှု တွေဖြစ်တာလဲ။
    စဉ်းစားကြည့်ရင် အများစုက သူလုပ်သလို ကိုယ်ကမဖြစ်လို့၊ သူကျော်ကြားသလို ကိုယ်က မကျော်ကြားလို့၊ သူချမ်းသာသလို ကိုယ်က မချမ်းသာလို့။
    အဲဒီကနေ မနာလို ဝန်တိုမှု တွေပေါ်လာပါတယ်။
    တကယ်လို့ ဒီလိုအချိန်မှာ ပစ္စုပန်ကို အလေးထားသူများအနေနဲ့ “ငါလဲ သူ့လို ကြိုးစားရက်နဲ့၊ ငါလဲ သူ့လို ဉာဏ်ကောင်းပါရက် နဲ့ သူကျဖြစ်တယ်၊ ငါ့ကျ မဖြစ်ဘူး” ဆိုတဲ့ အချိန်မှာ ဘယ်လို စိတ်ထားမလဲ။
    သူများကို ခြေထိုးချင်စိတ်တွေ ပေါ်လာနိုင်လား။
    မပြောတတ်ပါ။
    တကယ်လို့ သာ သူလုပ်သလိုဖြစ်တာ၊ သူကျော်ကြားတာ၊ သူချမ်းသာတာ သူ့ရဲ့ အတိတ်က ပြုခဲ့တဲ့ ကံအကြောင်း ကြောင့် လို့ တွေးတတ်ရင် အင်မတန် စိတ်အေးသွားနိုင် ပါတယ်။

    ဒီတော့ နိဂုံးချုပ်ရရင်
    သူကြီး ရဲ့ ၃ကိုယ်ခွဲ၊ ၃ကိုယ်ခွဲ လို့ ဆိုတဲ့ အတိတ်၊ ပစ္စုပန်၊ အနာဂါတ် ဆိုနေ တာတွေဟာ တစ်ချိန်ထဲ မှာ ပွါးနေတဲ့ ကိုယ်ခွဲ တွေမဟုတ်ဘဲ လက်ဆင့်ကမ်းပြေးပွဲ လို တစ်ဆင့်ပြီး တစ်ဆင့် တက်သွားဖို့ ပံ့ပိုးနေတဲ့ အဆင့်များ လို့ ထင်မိပါကြောင်း။
    အခု “ပစ္စုပန်”မှာ ပိုပြီး ကောင်းအောင်လုပ်မှ နောင်အခါ “အတိတ်ဖြစ်သွားမဲ့ ပစ္စုပန်” မှ “ပစ္စုပန် ဖြစ်လာမဲ့ အနာဂါတ်” ကို အထောက်အပံ့ ပေးနိုင်မှာလို့ ထင်မြင်မိပါကြောင်း။

    ပိုရှုပ်ကုန်ကြပြီလား။ 😉
    သူများ နားရှုပ်အောင် လုပ်နိုင်အောင် နဲတဲ့ပါရမီ မဟုတ်ဘူး။
    ရှုပ်ကုန်ရင် Back to the Future ရုပ်ရှင်တွဲ တွေ ကြည့်လိုက်ပါ။
    ကျွန်မ ကတော့ ရုပ်ရှင်တွေ ကို ဘဲ Reference လုပ်တတ်လို့ပါ။
    ဟိဟိ ။ 😆

    သူကြီးရေ
    ရေးချင်လို့သာ ရေးတာပါ။
    သူကြီး ဘာကို ဆိုလိုနေတယ်ဆိုတာ ကျွန်မ တော့ နားလည်ပြီးသားပါ။
    ခရီး ကိုလဲ စိတ်ဖြောင့်ဖြောင့် သာသွား။
    New Orleans မှာတော့ Isaac လဲ ငြိမ်သွားပြီကြားတယ်။
    ရွာထဲ ကို ရွေ့လာနေလားတော့ မပြောတတ်ပါ။ 😉

    နောက်တာပါ။
    အားလုံး ကို ပြောချင်ပါတယ်။
    ပညာ အသိရအောင် အေးအေးဆေးဆေး ဆွေးနွေး ဖလှယ်ကြတာပေါ့။
    ဒေါသတွေ အမုန်းတွေ ကို သယ်မလာလောက်ကြပါဘူး မဟုတ်လား။

    ရွာထဲမှာ အများအကျိုးရှိဖို့ ပြောရာကနေ အငြင်းပွါးပြီး စစ်တလင်းတော့ မဖြစ်စေချင်ပါဘူး။
    No Worry!!!
    Be Happy!!! 😛

    • ရွှေ ကြည်

      August 31, 2012 at 10:52 am

      ဗရာကြော်အရီး။ ဒါမှရွှေကြည်အရီး။

  • realman

    August 31, 2012 at 10:39 am

    မှော်ဆရာတို့ရဲ့ဖော်ဆောင်ပေးမှုကြောင့် မိုးပြာတရား ဒိထက် ပိုပြီး ပြန့်ပွားမှာကို မြင်ယောင်မိနေပါတယ်။ ဒီခေတ်လူတွက ပြောတိုင်းလက်ခံကြသူများ မဟုတ်ကြပဲ သေချာအောင်
    http://www.ariyathitsa.org အရိယသစ္စာဆိုက်မှာ နှစ်ဖက်လေ့လာနေသူများက ရှိနေကြလို့ပါပဲ။

    မိုးပြာကို မှော်ဆရာတို့လိုပဲ အပြစ်ပြော၊ အပုတ်ချမယ်ဆိုပြီး အပျက်ကို ကြိမ်းဝါးခဲ့တဲ့
    မစိုးရိမ်စာသင်သား (စာရေးဆရာ -သင်္ဂဟ တောင်သာ) တောင်မှ မိုးပြာတရားတွေကို လေ့လာရင်းလေ့လာရင်းနဲ့ မြန်မာထေရဝါဒတရားတွေရဲ့ အချိုးမကျမှုတွေ ရှေ့နောက်မညီမှုတွေကိုကို သိမြင်သွားပုံရတယ်နဲ့ တူပါတယ်
    သူ့ကို အဘိဝံသဘွဲ့ကြီးပေးထားတဲ့ ထေရဝါဒ ရဟန်းဘဝကို အပြီးတိုင်စွန့်လွှတ်သွားတယ်လို့ ကြားသိရပါတယ်။

    “”ထာဝရ “ရဲ့ “ဘုန်းကြီးလူထွက်သွားသော မစိုးရိမ်စာသင်သား (သို့မဟုတ်) ခေတ်သစ်သုသိမ
    “http://myanmargazette.net/137662/uncategorized-other/copypaste ပို့စ်ကို ဖတ်ကြည့်မိရင်း
    မှော်ဆရာတို့ ၊ nature တို့၊ အရီးခင်လတ် တို့၊ မောင်ပေ တို့၊ ပါလေရာ တို့ စတဲ့ တယူသန် ထေရဝါဒီကြီးများလဲ သင်္ဂဟကဲ့သို့ ထေရဝါဒလမ်းလွဲပေါ်မှ အမြင်မှန် လမ်းမှန်ပေါ်ရောက်မယ့်တစ်နေ့ကို စောင့်မျှော်နေမိပါတယ်။

    ခင်မင်စွာဖြင့် . . .

    ( မိုးပြာတရား မှန် မမှန်ထက် လက်ရှိ မြန်မာထေရဝါဒရဲ့ ရှေ့နောက်မညိမှု၊ အချိုးမကျမှုတွေကို ထောက်ပြနိုင်တဲ့ အချက်ကို အလေးထားမိပါတယ်။ )
    သမိုင်းဆိုတာ ညာလို့မရနိုင်တော့ပါ။

    • မှော်ဆရာ

      August 31, 2012 at 3:40 pm

      ကျွန်တော် မိုးပြာကို အပုတ်ချထားတဲ့ စာ တစ်လုံး တစ်ကြောင်း မှ မပါပါဘူး …။ သေချာဖတ်ကြည့်ပါဦး …။ ကျွန်တော်နာမိတဲ့ မိုးပြာ တရားတွေကို တကယ်ကို ဆရာတော် ဟောထားမထားပဲ မေးထားတာပါ ..။ ကျွန်တော် မိုးပြာဘာသာဝင်မဟုတ်တိုင်း မိုးပြာကို အပုတ်ချနေတယ် ပြောလို့ မရပါဘူးနော…။ သူတပါးကို နင်းပြီးမှ တက်ရမယ့် ဘာသာထဲမှာ ထေရဝါဒ ဗုဒ္ဓဘာသာ မပါပါဘူး ..။
      မြန်မာပြည်ဆုတ်ယုတ်ရခြင်း တရားခံ ထေရဝါဒကြောင့် မဟုတ် … သုံးကိုယ်ခွဲတာ ထေရဝါဒ အယူမရှိလို့ပဲ ကျွန်တော် ရေးထားပါတယ် …။
      မိုးပြာ မှားပါတယ် လို့တောင် ကျွန်တော် ရေးမသွားဘူး …
      ဒါပေမယ့် ခင်ဗျားကိုယ်တိုင်ကတော့ —-မှော်ဆရာတို့ ၊ nature တို့၊ အရီးခင်လတ် တို့၊ မောင်ပေ တို့၊ ပါလေရာ တို့ စတဲ့ တယူသန် ထေရဝါဒီကြီးများလဲ သင်္ဂဟကဲ့သို့ ထေရဝါဒလမ်းလွဲပေါ်မှ အမြင်မှန် လမ်းမှန်ပေါ်ရောက်မယ့်တစ်နေ့ကို စောင့်မျှော်နေမိပါတယ်။ —ဆိုပြီး ထေရဝါဒကို အယူလွဲ လမ်းလွဲဆိုပြီး တိုက်ခိုက်သွားပါတယ် …။
      ကိုမယုံကြည်တိုင်း သူများဘာသာကို အယူလွဲ လမ်းလွဲဆိုပြီး တိုက်ခိုက်သင့်တယ်လို့ ခင်ဗျား ယူဆပါသလား ….

      • မှော်ဆရာ

        August 31, 2012 at 3:42 pm

        နောက်ပြီး ကျွန်တော်တို့ကိုလဲ ခင်ဗျား တယူသန် တစောက်ကန်းဆိုပြိး ခင်ဗျား တံဆိပ်တပ်ခွင့် မရှိပါဘူး … ခင်ဗျား ကျွန်တော့် ပါစင်နယ်လိုင်းကို ကျော်ပြီး မှတ်ချက် မပေးပါနဲ့ ….။

      • ---မိုးကျရွှေကိုယ်-----dennis rockstar

        September 3, 2012 at 8:09 pm

        ဂေါတမ ဘုရားရဲ ့ထေ၇ဝါဒ တရားတွေမှာ မိုးပြာကို အပုတ်ချတာ တစ်လုံးမှ မပါပါဘူး
        ဒါပေမယ့် မိုးပြာတရား အားလုံးနီးနီးဟာ ကိုယ့်တရားကိုယ် မဟောပဲ ထေ၇ဝါဒကို အပုပ်ချထားတာချည်းပါပဲ။

    • nature

      August 31, 2012 at 6:15 pm

      …..မှော်ဆရာတို့ရဲ့ဖော်ဆောင်ပေးမှုကြောင့် မိုးပြာတရား ဒိထက် ပိုပြီး ပြန့်ပွားမှာကို မြင်ယောင်မိနေပါတယ်။ ….

      N+ 250911 ဗုဒ္ဓတရား ကြောင်းကျိုး နှင့် ကောသလအိမ်မက် မိုးပြာ
      http://myanmargazette.net/69826/creative-writing

      မိုးပြာတွေကတော့ပြောအားရှိမှာပေါ့။ယခုခေတ်ကြီးမှာမုသာဝါဒကျူးလွန်သူတွေကတော့ မိုးပြာမှာတန်းစီနေလို့ပါပဲ။ သာသနာဟာလည်း ၂၅၀ဝကျော်လာပြီဖြစ်လို့ နောက်နှစ်ပေါင်း ၂၅၀ဝ သာသနာကွယ်ချိန်လာက်မှာ မှာတော့ဒိထက်ပိုပြီးကြီးပွားတိုးတက်မယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။

      မိုးပြာကိုနိုင်မယ့်အချက်ကတော့ ကို်ယ်တိုင်က မုသာဝါဒကို လုံအောင်ထိမ်းနိုင်ဖို့ အထူးအရေးကြီးပါတယ်။

  • Ko out of...

    August 31, 2012 at 10:47 am

    အရီးလတ်…

    Ko out of… ရဲ့ {{{ နိုင်ငံတော် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်လို့ဘဲ..
    နိုင်ငံတော်ပိုင် ဖြစ်နေလို့ဘဲ… }}}
    ကျွန်မ ဒီ မှတ်ချက် ကို ဖတ်ပြီး အတော်လေးအံ့ဩ မိ သွားပါတယ်။

    အံ့ဩမှာဘဲ…ဘာဖြစ်လည်းဆိုတော့..ဆရာတော်ဦးဉာဏရဲ့ …ဘုရားစာအုပ်ကို ကျွန်တော်ဖတ်ပြီး…အရီးလတ်လိုမျိုးစိတ်ဖြစ်ခဲ့ ဖူးပါတယ်…အော်ဒါပေမဲ့…ဆရာတော်ဟာ လူတွေကိုဒီလို..ပစ္စည်းတွေခိုးလို့ရတယ်လို့ပြောတာ မဟုတ်လောက်ဘူးဆိုပြီး…ငါသေသေချာချာလေ့လာမှ ဆိုပြီး ဘုရားစာအုပ်ကို အခေါက်ခေါက်အခါခါ ပြန်ဖတ်တယ်….နောက်တော့ဆရာတော်ဆိုလိုတဲ့ အဓိပါယ်ဆိုတာ..
    တဖြည်းဖြည်းနားလည်လာပါတယ်…အခုကျွန်တော်ဒီ စာအုပ်ဖတ်ပြီးကျွန်တော်..အများပိုင်ပစ္စည်းကို ခိုးဖို့နေနေတာတာ…
    အဖွဲ့အစည်းပိုင်ဆိုတဲ့ သဘောတရားစနှစ်ကို..ဆက်စပ်ပြီး အတွေးသစ်၊အမြင်သစ်တွေရလိုက်တယ်…
    ဘယ်အဖွဲ့အစည်းပိုင်..လုပ်ငန်းဘဲ ဖြစ်ဖြစ်ပါ..ငါဟာလခစားဘဲ၊ ဒီပစ္စည်း၊ဒီလုပ်ငန်းဟာ ငါလုပ်ငန်းမဟုတ်ဘူးလို့ သဘောထားလာကြပြီဆိုရင်..ဒီလုပ်ငန်းဟာမကြာခင် ပျက်စီးတော့မယ်…အစိုးရရဲ့ စီးပွားရေး လုပ်ငန်းအတော်တော်များများ.. ပုဂ္ဂလိကကို လွဲရတယ်ဆိုတာ အဲဒီစိတ်တွေ ဝင်နေကြလို့ဘဲ..

    ဒါကြောင့် လုပ်ငန်းရေရှည်တိုးတက်အောင်မြင်ချင်တယ်ဆိုရင်…အဲဒီလုပ်ငန်းထဲမှာ..သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်း
    ကဲ့သို့..သဘောထားလာအောင်…အလုပ်ကို သူတို့လည်း အကျိုးအမြတ်ရအောင်..ဘဝအာမခံချက်ရှိအောင်..အလုပ်ကိုသူတို့လည်းဆိုင်တယ် ဆိုတဲ့ စိတ်ဓါတ်လေးတွေ ဝင်လာအောင်…ဖန်တီးပေးရပါတယ်…

    ဒါကြောင့်…နိုင်ငံတော် အုပ်ချုပ်တဲ့အခါ…ဒီမိုကရေစီဆိုတာ..ပြည်သူကို အခြေပြုတဲ့အုပ်ချုပ်ရေးစနှစ်ဘဲ..တပါတီအာဏာရှင်ဆိုတာ…အစိုးရကို ဗဟိုပြုတဲ့ အုပ်ချုပ်းရေဘဲ..ဘာဘဲလုပ်လုပ် အစိုးရကိုဘဲမြင်တယ်…ဒါကြောင့် ဒီစနှစ်ဟာ ရေရှည် မအောင်မြင်ဘူး..ဒါကြောင့် အချုပ်အချာ အာဏာတွေဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိရမယ်…ပြည်သူတွေဟာ ငါတို့လုပ်သင့် မလုပ်သင့် သူတို့ဘာသာသူတို့ရွှေးချယ်တဲ့ အစိုးရဆိုတာဖြစ်ရမယ်…ဆိုပြီး
    ပြည်သူတွေအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးစနှစ်..ဆိုတာပေါ်ပေါက်လာတယ်..ပြည်သူတွေ အုပ်ချုပ်ရင်..အလုပ်ဆိုတာလည်းပြည်သူတွေပိုင်တာဖြစ်ရမှာပေါ့..အလုပ်ကို..ကိုယ်ပိုင်ရင်…ပစ္စည်းဆိုတာ လည်း ပြည်သူနဲ့ဆိုင်တယ်..

    အခုလည်း နိုင်ငံတော်ပိုုင်ဆိုတာ ပြည်သူပိုင်ဘဲ…ပြည်သူပိုင်တယ်ဆိုတာ လူတစ်ဦးခြင်းနဲ့လည်းဆိုင်တယ်..ကျွန်တော်တို့နဲ့ ဆိုင်တယ်…ကျွန်တော်ဆိုင်တဲ့ ပစ္စည်းကို…ကျွန်တော်ခိုးတယ် ဆိုတာ အဓိပါယ်မရှိဘူး..?..ဒါကြောင့် တရားသိတဲ့လူဆိုတာ…
    သူများပစ္စည်းဘဲ…သူများမမြင်ဘူးဆိုပြီး ခိုးမယ်လို့ မထင်နဲ့ ဘယ်တော့မှ..မခိုး…

    ခိုးဖို့နေနေသာသာ…
    ကိုယ့်.မြန်မာနိုင်ငံပိုင် သဘာဝသံယံဇာတ၊ စသည့်စသည့် ပစ္စည်းမှန်သမျှအပြင် ကမ္ဘာလူသားတွေ အားလုံးပိုင်တဲ့..သဘာဝ သံယံဇာတ..စသည့် ပစ္စည်းတွေလည်းဘဲ..ငါတို့ လူသားတွေနဲ့ဆိုင်ပါကလား?..ဆိုတဲ့စိတ်နဲ့ သစ်တပင်၊ဝါးတပင်ခုတ်ဖို့…ရေကို မလိုအပ်ဘဲ…ဖြုန်းတီးနေတာ တောင်မမြင်ချင်ဘူးဖြစ်လာတယ်..

    ဟိုးအနောက်ကမ္ဘာခြမ်းကထုတ်လုပ်တဲ့ ပစ္စည်းဟာ..ငါတို့ အရှေ့ကမ္ဘာခြမ်းကလူတွေ အတွက်လည်းပါတယ်..ပစ္စည်းမှန်သမျှဟာ လူသားတွေ အမှုငြိမ်းအောင်လုပ်တာ ဖြစ်တဲ့ အတွက်..တစ်ဦး တစ်ယောက်က မဟုတ်တာလုပ်ရင်…လူသားထုလောကကို ပူလောင်စေတဲ့ အတွက်ဒီပူလောင်မှုက ကင်းဝေဖို့…ငါတို့ဟာလူမျိုး၊ဘာသာ၊နိုင်ငံကို မကြည့်ဘဲ့ …လူသားဆိုတဲ့ အသိစိတ်နဲ့…အမြင်တောင် ပိုကျယ်လာစေတယ်..

    ဒါကြောင့်ဆရာတော်ဦးဉာဏ..မြင်ပြသွားတဲ့ အရိယာသစ္စာတရားဟာ…သူထွင်တဲ့ တရားမဟုတ်ပါဘူး..ပျောက်ကွယ်သွားတဲ့ ဘုရားရဲ့ အရိယာသစ္စာတရားကို ပြန်လည်ဖေါ်ထုတ်ပေးတာပါ..

    ဆရာတော်ရေးထားတဲ့…ဘုရားစာအုပ်ကို သေသေချာချာလေ့လာချင်တယ်ဆိုရင်…

    https://sites.google.com/site/sayamvasi/toe-bookspage

    • kai

      August 31, 2012 at 11:34 am

      အဲဒီစာအုပ်တွေဖတ်ပြီးး ကျုပ်ကတော့..အဲဒီအများပိုင်းပစ္စည်းနဲ့ပါတ်သက်တဲ့အပိုင်းတွေးကြည့်ရာမှာ..
      .. ရှေးက.. တိုင်းပြည်အလုံးအစိုးရတော်မူသော.. ပိုင်စိုးတော်မူသော..ရေမြေ့သခင်ပြည့်ရှင်မင်းကြီးကိုပြေးမြင်တယ်..
      အဲဒီခေတ်က.. တိုင်းပြည်မှာရှိသမျှ.. လေ..ရေ..သစ်တော..တောတောင်.. အကုန်ဘုရင်ပိုင်တာကလား..

      ဆိုတော့..
      လူတွေမှာ.. အသက်ရှုရတယ်မဟုတ်လား.. ။ လေကို ဘုရင်ကိုအသိမပေးပဲရှုရတော့.. ခိုးတာဖြစ်တာပေါ့..
      အဲလို..ဆို.. အကုန်သူခိုးချည်းဖြစ်မပေါ့…
      မဖြစ်အောင်..” နိုင်ငံတော် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..” လုပ်ရမှာပေါ့..

      ရှေ့နောက်ညီသွားရော..

      ပျော်စေပျက်စေ.. နောက်တာပါ…။ 🙂

      • မှော်ဆရာ

        August 31, 2012 at 3:57 pm

        ကျွန်တော် တစ်ခုမေးပါရစေ …ဘုရင်ကိုယ်တိုင်က ငါပိုင်တဲ့လေ မင်းတို့ မရှူရဆိုပြီး အမိန့်ထုတ်ထားပါသလား …. လူတိုင်း လူတိုင်း လေရှူရတယ် ဆိုတာလဲ ဘုရင်သိပါတယ် … သူကိုယ်တိုင်က လေရှူခွင့် ပေးထားပါတယ် …။သူပိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့သုံးဖို့ သူပေးထားတယ်လေ … ကျွန်တော်တို့ သူခိုး ဘယ်ဟုတ်ပါ့မလဲ …။
        ဒါပေမယ့် ဘုရင်မပေးတဲ့ သစ်တောကြိုးဝိုင်းထဲက သစ်ပင်ခုတ်ရင်တော့ ….၊ ဒီလမ်းဆောက်ဖို့ ပေးထားတဲ့ဘိလပ်မြေ အင်ဂျင်နီယာက သူ့အိမ်မှာ သုံးတယ် ဆိုရင်တော့ ခိုးမှုမြောက်ကို မြောက်မှာပါ …။
        နောက်တစ်မျိုးတွေးကြည့်မယ် သူကြီးရယ် …
        အပျိုဆိုတာ ပြည်သူပိုင်ပါ …။ အလိုမတူပဲ ယူရင်တော့ .. ၃၇၆ ကတော့ တန်းနေတာပဲ …။
        အလိုတူတယ် ဆိုရင်တော့ အိုကေမှာ စိုပြေပေါ့ …။ ထရိတ်ဒါးလား စီဒိုးနားလား ကြိုက်ရာသာရွေး …။ ဒီလိုပဲ ကျွန်တော်တို့လေရှူတာကို ဘုရင်က ကြည်ဖြူပါတယ် … ရှူခွင့်လဲ ပေးထားပါတယ် သူကြီးရယ် …။ 🙂

    • မှော်ဆရာ

      August 31, 2012 at 5:04 pm

      ကျွန်တော် မေးထားတဲ့ တရားဟောထား / မထားဆိုတာ မဖြေရသေးဘူးနော် အကို outof

      • Ko out of...

        August 31, 2012 at 7:27 pm

        ဟောထားမထားဆိုတာကို ဖြေပေးရုံနဲ့ အဖြေမရနိုင်ပါဘူး..ဒါအပြစ်ရှာဖို့ စကားလုံးတွေဖြစ်နေတယ် လို့ထင်ပါတယ်…ဆရာတော့ရဲ့ တရားဟာ လူသားတွေကို ဖျက်စီးတာ ဟုတ်မဟုတ်..ညွှန်းထားတာဘဲ..သေသေချာချာ..ဖတ်ကြည့်ပြီးပြီလား?..

        မှော်ဆရာမေးတဲ့မေးခွန်းက…
        ဥပမာ..ဘာနဲတူလည်းဆိုတော့…ဌက်အရှင်ကလေးကို လက်ထဲမှာထားပြီး…” အသေလား? အရှင် လား? လို့မေးပြီး…တဖက်လူက..အရှင်လေးလို့ဖြေရင်..လက်ထဲကဌက်ကို သတ်ပြမယ်…ဖြေသူမှားတယ်ပေါ့…အသေလေးလို့ဖြေရင် ဌက်ကို ပြန်လွတ်ပေးမယ်ပေါ့…ဖြေသူမှားတယ်ပေါ့…ဒီတော့ သူဘဲ ပညာရှိဖြစ်ပြီပေါ့…

      • မှော်ဆရာ

        August 31, 2012 at 7:47 pm

        ခင်ဗျား ပေးတဲ့ ဥပမာက မကိုက်ဘူးဗျ …
        မိုးပြာ ဆရာတော် မဟောထားတဲ့ တရားကို ကျွန်တော်က ဟောထားပါတယ်လို့ အတင်းဝင်ပြောလို့ မရဘူး …။ ဟောရင် ဟောတယ် မဟောရင် မဟောဘူး ပြောရုံလေးပါပဲ …။
        ပွင့်လင်းမှုရှိမှ ပေါ့ဗျ … တရားဆိုတာ လူကြားတဲ ဟောရတာ …

        • Ko out of...

          August 31, 2012 at 8:34 pm

          ပွင့်လင်းမှုရှိမှ ပေါ့ဗျ … တရားဆိုတာ လူကြားတဲ ဟောရတာ …အေးမြန်မာ ပြည်မှာ…အမြင်မတူရင် ဒို့ရန်သူဘဲ..ဆိုပြီး…လုပ်နေကြတယ်…ဒါကြောင့်ဆရာတော် .အကျည်းချခံနေရတာပေါ့…

          အမှားအမှန်ကို..ပြည်သူတွေသိအောင်…ဆရာတော်တရားကို..မြဝတီ၊မြန်မာ့ အသံမှာ ဖွင့်ခွင့်ရအောင်..ကူညီပေးပါလား? ယခုဆရာတော်ကို လွတ်ပေးပါလား?..ဆရာတော်တရားကို ဘာဖြစ်လို့ မလွင့်ရဲသလဲ?….

        • မှော်ဆရာ

          August 31, 2012 at 8:55 pm

          ငါနဲ့ မတူ ငါ့ရန်သူလို့ ကျွန်တော် တစ်ခါမှ မလုပ်မိပါလားဗျာ …ခင်ဗျားတို့ ဆရာတော် ကို ထောင်ချတာလဲ ကျွန်တော် မဟုတ်ပါဘူး ..။ကျွန်တော်ပိုင်တဲ့တိုင်းပြည်မဟုတ် .. ကျွန်တော်ကလဲ လွှတ်တော်အမတ် မဟုတ်လို့ ခင်ဗျားတို့ တရားတော် လွှင့်လို့ရအောင်လဲ မကူညီနှိုင်ပါဘူးဗျာ …
          ဒါပေမယ့် ဒီဝက်ဆိုက်မှာ ခင်ဗျားတို့ တရားတွေ လွတ်လွတ်လပ်လပ် ရေးလို့ ရနေသားပဲ …။
          ဒီတရား ဟောသလား မဟောသလားလေး မေးတာကို .. ဘာလို့ မဖြေတာတုန်း …

  • mggwa

    August 31, 2012 at 5:59 pm

    အင်း .. တော်တော်မိုက်မဲလှတဲ့ မှော်ဆရာပဲ . . .
    သုဿန်သချင်္ ိုင်း အသေးကောင် ဖုတ်သွင်း အောက်လမ်း အလုပ်ကောင်းနေရက်နဲ့
    ဘဇာကြောင့် ကို်ယ်နဲ့ လားလားမှမဆိုင် အထက်လမ်းတရား လိုင်းကို လာကြောင်နေရပါ့လိ်မ့်။

    မပိုင်ပဲနဲ့ သူများတွေ အတွေးချောင်ပြီး အကောက်အယူမတတ်ပဲ ရေးထားတာကို
    နင့်မို့ အဟုတ်ထင် အရေးတယူလုပ် ပြင်နေပါလား။

    နင့်ကြောင့် မိုးပြာတရား ပိုထင်းရှားမှာ မြင်သေးကွဲ့။
    နင်လုပ်မှ လူတွေက ပိုစိတ်ဝင်စာ သေချာလေ့လာကြည့်တော့
    http://www.ariyathitsa.org မှာ
    အော်တရားဆိုတာ ဒီလိုလား၊ သူတို့ပြောနေတဲ့ ဟိုလိုမဟုတ်လို့ သိ၊
    နင်တို့တော့ အထိပဲ..။
    သူများတွေယောင်တိုင်းလျှောက်မယောင်လေနှင့်
    အကျွန်ုပ် မောင်ဂွ ဂရုဏာကြီးစွာ မိန့်လိုက်လေ၏။

    “ပွတ်လေလေ၊ ဂူရွှေမှာ အရောင်ထွက်တယ်၊ ရှေးကထက်ကဲ”
    လို့ သူတို့ ပြောနေကြတယ်ပ။

    • မှော်ဆရာ

      August 31, 2012 at 7:13 pm

      >>>> အင်း .. တော်တော်မိုက်မဲလှတဲ့ မှော်ဆရာပဲ . . .
      သုဿန်သချင်္ ိုင်း အသေးကောင် ဖုတ်သွင်း အောက်လမ်း အလုပ်ကောင်းနေရက်နဲ့
      ဘဇာကြောင့် ကို်ယ်နဲ့ လားလားမှမဆိုင် အထက်လမ်းတရား လိုင်းကို လာကြောင်နေရပါ့လိ်မ့်။ <<<
      ကိုဂွ … ခင်ဗျား သိက္ခာရှိရှိ ဆွေးနွေးပါ …။
      Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
      ခင်ဗျား ကျွန်တော့် ပါစင်နယ်ကို ထိခိုက် စော်ကားနေတယ် …။ လူကြီးလူကောင်းဆန်ပါ …။

  • nature

    August 31, 2012 at 6:04 pm

    ပိုင်ဆိုင်တယ်ဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ်ကြိုက်သလိုလုပ်လို့စီမံခန့်ခွဲလို့ ရမှပိုင်ဆိုင်တယ်မည်ပါတယ်။ တခါတလေအမည်ခံပိုင်ဆိုင်မှုမျိုးလည်းရှိတတ်ပါတယ်။
    ဥပမာ -အုပ်ချုပ်သူအစိုးရသည် (တရားတာမတရားတာခဏထားပါ) တိုင်းပြည်ရဲ့သယံဇာတပစ္စည်းတွေကို ကိုယ်ရဲ့အာဏာစက်ကိုအသုံးပြုပြီးကိုယ်ကြိုက်သလို စီမံခန့်ခွဲနိုင်တယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အာဏာ ရှိတဲ့အချိန်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေပိုင်တယ်။ ဒါတွေကို်စီမံခန့်ခွဲတာဟာ

    ပြည်သူပိုင်ဆိုတဲ့နေရာမှာသော့ခတ်သိမ်းထားတဲ့ ပြည်သူပိုင်သိမ်းထားတဲ့အိမ်တလုံးကို ပြည်သူတယောက်က တက်နေရင် အဖမ်းခံရမှာပဲ။ ဒါပြည်သူအမည်ခံပြီးပိုင်ဆိုင်မှုဖြစ်လို့ဖြစ်ပါတယ်။

    ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုပိုင်ရှင်မသိအောင်ယူရင်ခိုးမှုမြောက်ပါတယ်။ ခိုးမှုမြောက်တာကိုအပြစ်မရှိဘူးဆိုပြီးမြှောက်ပေးရင်ကြံရာပါ အားပေးအားမြှောက်မှုမြောက်ပါတယ်။

  • nature

    August 31, 2012 at 6:07 pm

    လေဆိုတာကတော့မင်းအစိုးရပင်ဖြစ်သော်လည်း စီမံခန့်ခွဲနိုင်ခြင်းမရှိလို့အစိုးရက လေ ကိုပိုင်ဆိုင်တယ်လို့မဆိုနိုင်ပါဘူး။

    • mggwa

      August 31, 2012 at 7:06 pm

      ပြည်သူပိုင်နဲ့ အစ်ိုးရပိုင်း မကွဲပြားတဲ့ nature ပဲ။
      ပြည်သူပိုင်ပစ္စည်းယူတိုင်သာ ခိုးမှုမြောက်ရင် မောင်ဂွတို့ တရပ်ကွက်လုံး၊ တနိုင်ငံလုံလိုလို
      သူခိုးတွေဖြစ်နေတော့မှာပ။
      ဘဇာကြောင့်လဲ . .
      ရပ်ကွက်ရေကန်ထဲက ရေတွေ ဘယ်သူပိုင်လဲ ပြည်သူပိုင်သာ ဘယ်သူခွင့်တာင်းနေရမှာလဲ ခလေးမရဲ့။
      နင့်အတိုင်းဆို ရပ်ကွက်ရေကန်ထဲက ရေခပ်နေတဲ့သူတွေ သူခိုးတွေဖြစ်ကုန်ကြမှာပ။
      တောကြာ တောထဲ ထင်ခုတ်၊ မှိုရှာ၊ မျှစ်ချိုးဖို့တောင် လူတွေ မသွားရဲလောက်အောင်ဖြစ်နေပါဦးမယ်ကွယ်။ ထင်တွေ၊ မှိုတွေ၊ မျှစ်တွေက ပြည်သူပိုင် ပစ္စည်တွေပဲ။

      ဦးဉာဏဟောတာက ရှင်းရှင်လေးကို နင်တို့အတွေးတွေက ရှုပ်နေကြတာ ခလေးမရဲ့။
      ငါတောင်သိတယ်။ နင်မသိတာ အံ့ရော။

      အေး အစိုးရက သူ့တို့သီသန့်သတ်မှတ်ထားတဲ့ ပ

      • nature

        August 31, 2012 at 7:27 pm

        ရေတွေကပိုင်ပေမဲ့ အစိုးရကမသုံးရလို့ အမိန့်ထုတ်တားတဲ့ ကန်ကို သွားသုံးရင်တော့ အဖမ်းခံရမှာပေါ့။ အသုံးပြုခွင့်ပေးထားတဲ့ ရေကိုသုံးရင်တော့ ခိုးမှုဘယ်မြောက်မလဲ။ သစ်တောကြိုးဝိုင်းဆိုပြီးအစိုးရကသတ်မှတ်ပေးတဲ့နေရာမှာသစ်ကိုခိုးယူသူသာလျှင်ခိုးမှုမြောက်ပြီး မျှစ်ကိုမယူရလို့ ကန့်သတ်မထားတဲ့အတွက်ခိုးမှုမမြောက်ပါ။ ဉာဏ်ရည်မမှီလို့
        နားမလည်တာရှိရင်မေးနိုင်ပါတယ်။

        • mggwa

          August 31, 2012 at 7:33 pm

          အေး နင် ပြည်သူပိုင်နဲ့ အစိုးရကန့်သတ်ပိုင်ကို အခုလို ကွဲကွဲပြားပြားနားလည်လာတာ ဝမ်းသာရတာပ။

        • မှော်ဆရာ

          August 31, 2012 at 7:41 pm

          အစိုးရပိုင်ကို ခိုးရင် ပြစ်မှုမမြောက်ဘူးလို့ ခင်ဗျားတို့ရေးထားတယ်နော် … ကိုဂွ
          ခင်ဗျားတို့ဟာ ခင်ဗျားတို့ သေသေချာချာ ဖတ်ဦး …

    • mggwa

      August 31, 2012 at 7:08 pm

      ပြည်သူပိုင်နဲ့ အစ်ိုးရပိုင်း မကွဲပြားတဲ့ nature ပဲ။
      ပြည်သူပိုင်ပစ္စည်းယူတိုင်သာ ခိုးမှုမြောက်ရင် မောင်ဂွတို့ တရပ်ကွက်လုံး၊ တနိုင်ငံလုံးလိုလို
      သူခိုးတွေဖြစ်နေတော့မှာပ။

      ဘဇာကြောင့်လဲ . .
      ရပ်ကွက်ရေကန်ထဲက ရေတွေ ဘယ်သူပိုင်လဲ၊
      ပြည်သူတွေပိုင်သာ ဘယ်သူခွင့်တာင်းနေရမှာလဲ ခလေးမရဲ့။

      နင့်အတိုင်းဆို ရပ်ကွက်ရေကန်ထဲက ရေခပ်နေတဲ့သူတွေ သူခိုးတွေဖြစ်ကုန်ကြမှာပ။
      တောကြာ တောထဲ ထင်ခုတ်၊ မှိုရှာ၊ မျှစ်ချိုးဖို့တောင် လူတွေ မသွားရဲလောက်အောင်ဖြစ်နေပါဦးမယ်ကွယ်။ ထင်တွေ၊ မှိုတွေ၊ မျှစ်တွေက ပြည်သူပိုင် ပစ္စည်းတွေပဲ။

      ဦးဉာဏဟောတာက ရှင်းရှင်လေးကို နင်တို့အတွေးတွေက ရှုပ်နေကြတာ ခလေးမရဲ့။
      ငါတောင်သိတယ်။ နင်မသိတာ အံ့ရော။

      အေး … အစိုးရက သူ့တို့သီးသန့်သတ်မှတ်ထားတဲ့ ပစ္စည်းဆိုလို့ကတော့ ရေတောင် သွားမခပ်နဲ့
      ၆၁-နဲ့ ညာသွားမယ်ကွဲ့။
      အဲလို . . . ပြည်သူပိုင်နဲ့ အစ်ိုးရပိုင်း ကွဲပြားစမ်းပါ ခလေးမရယ်။

      • မှော်ဆရာ

        August 31, 2012 at 7:33 pm

        နိုင်ငံတော်ပိုင် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်လို့ဘဲ..
        နိုင်ငံတော်ပိုင် ဖြစ်နေလို့ဘဲ…

        ဒါ Ko out of ရေးသွားတာနော် …။
        တွက်ကြည့်ရင် အစိုးရပိုင် ပစ္စည်းခိုးတာ ၆၁ နဲ့တော့ အစွဲခံရနှိုင်တယ် .. ဒါပေမယ့် ခိုးမှု မမြောက်ဘူးလို့ဆိုလိုတာပေါ့နော် …။ ၆၁ ကို လွတ်အောင် ရှောင်နှိုင်ရင် အစိုးရပိုင် ပစ္စည်း ခိုးသာခိုး အပြစ်မဖြစ်ဘူးလို့ ဆိုလိုတာပေါ့နော် …..။

  • အရီးခင်လတ်

    August 31, 2012 at 6:53 pm

    Ko out of… ရှင့်
    ဒီလို မျှဝေ ပေးမှု လေးအတွက် ကျေးဇူးတင်ပါတယ်။ 🙂
    ကမ္ဘာဟာ ရွာတစ်ရွာ ဖြစ်လာနေပြီ ဖြစ်လို့ အတွေးအခေါ် တွေ ဟာလဲ တဖြေးဖြေး နဲ့ ပြန့်နှံ့ လွယ်လာတာ အမှန်ပါဘဲ။
    ဒီအတွေးအခေါ်တွေ ကြားမှာ မျက်ကန်းယုံသူ တွေရှိသလို၊ မေးခွန်းများစွာနဲ့ စဉ်းစားပြီး ချင့်ယုံသူတွေ လဲ အများကြီးရှိပါတယ်။
    အဆောက်အဦ တစ်ခုကို တည်ဆောက်မယ် ဆိုရင် အောက်အခြေခိုင် မှ အပေါ် ကို စိတ်ချလက်ချ မြင့်မြင့်တက်နိုင်မှာ ကို သိကြမှာပါ။
    မှန်တာပြောရင် ကျွန်မ ဒီစာတွေ အရင်က မဖတ်ဖူးပါဘူး။
    ကျွန်မ ဖတ်ကြည့်ပါတယ်။
    ကျွန်မ အကျင့် က စာအုပ်ကို အစ ကနေဖတ်ဖို့ထက် ရှေ့က မာတိကာ ကြည့်ပြီး ကိုယ်စချင်တဲ့ အခန်းကို ကြားဖောက်ဖတ်တတ်ပါတယ်။
    ဝတ္တုမဟုတ် ရင်တော့ ကြားဖောက်ဖတ်လဲ ကိစ္စမရှိတတ်ကြပါဘူး မဟုတ်လား။

    တရားဓမ္မမှာ ကျွန်မ အဆင့်က နဲနဲနိမ့် တာမို့ ခေါင်းစဉ်တွေထဲ က “လွတ်လပ်သောသူ” ဆိုတဲ့ နဲနဲ ရိုးရှင်းပြီး နားလည်လွယ်နိုင်တာကို ဖတ်ခဲ့ပါတယ်။
    ကျွန်မ တရားဟောတဲ့ ဆရာတော် ရဲ့ အဓိက ရည်ရွယ်ချက်ကို မှားတယ်/မှန်တယ် ပြောဖို့ ဉာဏ်မမှီပါဘူး။
    ဒါပေမဲ့ စကားတစ်ခွန်း မှာ
    စာမျက်နှာ ၇၂ – ” ပြဇာတ်ဆရာကြီး ရှိတ်စပီးယား ရဲ့ အုတ်ဂူက စာက အဲဒီ ခေတ်က လူတွေ နဲ့ တော်အောင်ရေးထားလို့ ဒီနေ့လူတွေ နဲ့ မတော်တော့လို့ ဖတ်မရတာ” ဆိုတာကို နမူနာပြပြီး
    ဘုရားတရားတော်တွေ ဟောရာမှာလဲ နားလည်သလို ပြန်ဟော သင့်ကြောင်းပြောခဲ့တယ်။
    ဟောသူကွဲ လို့ တရားကွဲ လဲ အရိယသစ္စာလေးပါး အတူတူ လို့ ပြောခဲ့တယ်။
    ဒီမှာ တွေးမိတာလေးပါ။
    ရှိတ်စပီးယား ရဲ့ အုတ်ဂူက စာကို နားလည်ဖို့ အတွက် ကျွမ်းကျင်သူများ က အတိအကျ ဘာသာပြန်ပြီး မူရင်းမပျောက်ဖို့ ကို အရေးတကြီး တန်ဖိုးထား ထိန်းသိမ်းထားပါတယ်။
    ဒီအတွက် ဝိဝါဒ ကွဲလွဲစရာ မလိုပါဘူး။
    မူရင်း ကနေ ဟိုလူဒီလူ ကော်ပီလုပ် ရင်တော့ နဂို အာဘော် ဆိုတာ ပျောက်ကို ပျောက်မှာပါ။
    ဒီအတွက် နောက်ဆုံး ရလာဒ် က တူမယ်လို့ ပြောမရပါဘူး။
    ဒီရက်မှာဘဲ ရီရမလို၊ ငိုရမလို သတင်း ရှိပါတယ်။
    http://www.bbc.co.uk/news/world-europe-19349921
    စပိန်မှာ ရှိတဲ့ Mercy Church မှာ နှစ်၁၀ဝကျော် သက်တန်းရှိတဲ့ ခရစ်တော် ရဲ့ ပုံ ကို အဖွားအိုတစ်ယောက်က စိတ်စေတနာ အပြည့်နဲ့ ပြင်ဆင်ဆွဲပေးလိုက်တာ အမွေးထူ နဲ့ မျောက်လိုလို ဖြစ်သွားလို့ လူတွေမှာ ရင်ထုမနာ ဖြစ်သွားရတယ်။
    အဖွားအိုကတော့ သူမှန်တယ်ဘဲ။ သူ့မှာ စိတ်တောင်တိုနေသေး။
    အရင်ပုံ က အခုခေတ်မှာ ဟောင်းနေလို့တဲ့။
    ပြောချင်တာ က ပြင်တာလဲပြင်ကြတာပေါ့လေ။
    ဒါပေမဲ့ ပြင်တိုင်း ပိုကောင်းသွားမယ် လို့တော့ တွေးမရပါဘူး။
    ပြင်မဲ့သူဟာ တကဲ့ ပရော်ဖက်ရှင်စစ်စစ် တော့ ဖြစ်ဖို့လိုပါတယ်။
    တရားဟောပြောမယ် ဆိုရင်တော့ အရေးကြီးတာ က သူကိုယ်တိုင် ကိလေသာ ဘယ်လောက်ကင်းစင် သလဲ ပေါ်မူတယ်ပြီး သူ့တရား ရဲ့ အရသာပေါ်မှာပါ။
    မဟုတ်ရင်တော့ လဲ ကိုယ့်ဟာကိုယ်ပြန်စစ်ဆေး သင့်ပါတယ်။
    အများလက်မခံ တာ ကိုယ်ကိုယ်တိုင်လဲ တစ်ခုခု လွဲနေလို့ပါဘဲ။
    ကိုယ်ကိုယ်တိုင်လဲ သူတို့ဟာတွေကတော့ဖြင့် မှားနေတာဘဲ လို့ တွေးထားတဲ့ ဘောင်ထဲ က နေ အရင်ထွက်ပြီး ကြည့်ပြီး/မပြီး စမ်းစစ်ကြည့်ပါဦး။

    ကို realman ပြောတဲ့
    {{{ မှော်ဆရာတို့ရဲ့ဖော်ဆောင်ပေးမှုကြောင့် မိုးပြာတရား ဒိထက် ပိုပြီး ပြန့်ပွားမှာကို မြင်ယောင်မိနေပါတယ်။ }}}
    အဲဒါမကောင်းဘူးလား။
    အယူဝါဒ တစ်ခု ကို ပေါ်ပေါ်ထင်ထင် ထုတ်ပြခြင်း အားဖြင့် အမှား/အမှန် သိနိုင်ဖို့ ပိုမိုလွယ်ပါတယ်။
    တနည်း အိမ်ထဲဝှက်ထား တဲ့ အပျိုလေး ကို ချော-မချော သိချင်ကြသလိုပေါ့။
    အပြင်ထွက်လာရင် လှရင် လူကြိုက်များမယ်။
    မလှရင် ကြိုက်သူနဲမယ်။
    ဒီကြားထဲ အပြောအဆိုရိုင်းရင် အော့ကြောလန် တောင်ဖြစ်သွားပါမယ်။

    ကျွန်မ ထင်ပါတယ်။
    ဒါကြောင့် သူကြီး က သူ့ရွာမှာ လွတ်လပ်စွာ ဆွေးနွေးခွင့် ပေးထားတာပါ။
    ဒီတော့ ဘယ်သူ့ကို မဆို ရဲရဲ ထွက်ခွင့်ပေးထားတာ တရားပါတယ်။

    ဒါပေသည့် မလှတာကို မလှကြောင်း ဝေဖန်ခဲ့ရင်လဲ စိတ်ဆိုးစရာ မလိုလောက်ပါဘူး။
    ကိုယ်အားနည်းတာရှိရင် ပြင်လို့ရတာပေါ့။

    ကျွန်မ တစ်ဦးထဲရဲ့ စိတ်အတွေး ကို ဆက်ပြောရရင်
    လက်ရှိ မြန်မာပြည်က အဝါရောင်ဝတ် ဘုန်းကြီးတိုင်း လဲ ဝိနည်းမမှန်ပါ။
    ဒါကိုလဲ ကျွန်မတို့ ဝေဖန်လို့ရ ပါတယ်။
    ဒါပေမဲ့ ဘုန်းကြီး လဲ ဘုန်းကြီးတိုင်း ကိလေသာ မကင်းတော့ ကိုယ်ကျင့်တရား ကို ဝေဖန်ရင်တော့ မဆုံးပါဘူး။
    ပြသနာက ပညာယူတာ ကိုယ်ကျင့်တရား ကို ကြည့်စရာ မလိုဘူး လို့ ပြောကောင်းပြောပါမယ်။
    မှန်ပါတယ်။
    လောကီ ပညာရပ် တွေကဖြင့် အကြောင်းမဟုတ်ပါ။
    လောကုတ္တရာ မှာတော့ ကိလေသာငြိမ်းအောင် နည်းပညာ ယူမှာအတွက် သာမာန် လူလောက် တောင် ကိုယ်ကျင့်သိက္ခာကို မထိန်းတဲ့ ရဟန်း ဆီက တရားနာယူဖို့ ဆိုတာကတော့ဖြင့် မဖြစ်နိုင်ပါကြောင်း။
    ဒီတော့ ကိုယ့်ကိုယ်ကို ဘုရားသားတော် အစစ် လို့ ယူဆရင်ဖြင့် သူများ အပြစ်လက်ညိုး ထိုး မနေကြဘဲ ကိုယ့်အပြစ်ကိုလဲ ကိုဆင်ခြင်လို့ သတိလေး မပြတ် နေနေ သင့်ပါ တယ်။
    ဒါမှ သင်ယူကြားနာမဲ့ လူများအတွက် ဆရာစစ် ဖြစ်မှာပါ။

    ကျွန်မ နဲနဲ ကွန့်ရရင်ဖြင့် အနောက်တိုင်း သိပ္ပံပညာရှင် Richard Dawkins ရဲ့The God Delusion ဆိုတဲ့ စာအုပ် ရဲ့ နောက်ဆုံး က စကားလေး ကို မျှချင်ပါတယ်။
    “I am thrilled to be alive at time when humanity is pushing against the limits of understanding.
    Even better, we may eventually discover that there are no limits.”

    ဒီတော့ အားလုံး ဘဲ ငါထင်ရာစွဲ အမှန်တွေ နဲ့ မနေဘဲ အကြောင်းအရာ အားလုံး ကို နဲနဲ ဖွင့်ပြီး အစွန်းလွတ် ကြည့်ကြည့် ကြပါလို့ ဘဲ ……

    ကျွန်မ အပြောအဆို လွန်ကျူးမိတာ ရှိရင် တောင်းပန်ပါတယ်။
    ကျွန်မ လဲ ကြိုးစားနေဆဲ ….

    အားလုံး ကို လေးစားစွာဖြင့်

    PS – ကျွန်မ ရူးကြောင်မူးကြောင် ရုပ်ရှင်တွေ နဲ့ နမူနာပြပြောတာ အလကားတော့ မဟုတ်ပါ၊
    အနောက်တိုင်းမှာ အတိတ်၊ ပစ္စပန် ၊ အနာဂါတ် ကံကံ၏အကျိုး ဆက်စပ်တာတွေ ကို စိတ်ဝင်စားပြီး လက်ခံ လာနေတဲ့ အတိုင်းအတာရှိတာ ကို ပြချင်လို့ပါ။
    သူကြီးပြောသလို နောက် ၁ဝနှစ် ကြည့်ကြတာပေါ့။ 😀

  • nature

    August 31, 2012 at 7:43 pm

    လေကိုရှုရင်ခိုးမှုမြောက်တယ်ဆိုတဲ့မှားယွင်းတဲ့မိုုးပြာဝါဒကိုအမှန်အတိုင်းသိပြီလား။ ဝန်ခံပြီလား။

  • nature

    August 31, 2012 at 7:49 pm

    တကယ်တော့မိုးပြာတွေဟာဉာဏ်ရည်နိမ့်လို့ဦးဉာဏရဲ့ brain crash လုပ်တာကိုခံထားရသူတွေပဲ။

  • ဖွတ်ဥ

    August 31, 2012 at 7:56 pm

    မိုးပြာပေလို့ မိုးသာနီရင်ဖြင့် ရှင်းရခက်တော့မှာ ၊ ဖတ်ရင်းနဲ့မူးသွားတယ် ။

  • Ko out of...

    August 31, 2012 at 8:02 pm

    အရီးလတ်ရေ…

    အများလက်မခံ တာ ကိုယ်ကိုယ်တိုင်လဲ တစ်ခုခု လွဲနေလို့ဆိုတာ..အများလက်ခံတိုင်းမှန်တယ်လို့ပြောလို့မရပါ.. ဘုရားဟာ လက်သည်းခွံပေါ်ကမြေမှုန့်ပမာနဲ့ ဒီမဟာ ပထဝီမြေကြီးကို နှိုင်ယှဉ်တာကို ကြည့်ရင်…ဘုရားဟာ အရေအတွက်နောက်ကို လိုက်တာမဟုတ်ဘူး.. အရည်အချင်းကိုပြောတာ..တကယ်လို့ အများလက်ခံရင်မှန်တယ်ဆိုရင်..ဒီမဟာပထဝီဆိုတဲ့အများက ဘုရားဟောတာလက်ခံ ရမှာပေါ့..ဘာဖြစ်လို့ နည်းနည်းဘဲ ..ဘုရားရဲ့ တရားကို သဘောပေါ်လဲ?

    – ချောတယ်ဆိုတာလည်း…အများကသတ်မှတ်တိုင်းမှန်တာမဟုတ်…ကိုယ့်ကလေးဆိုရင်..ညိုပင်ညိုသောလည်း ညိုချော ဆိုတာရှိသေးတယ်..

    ” အစစ်တခု….အတုတစ်ထောင်..အယောင် တစ်သိန်း…အပလိန်း..အနန္တ” ဆိုတာ အရီးလတ်လည်း ကြားဖူးမှာပါ…ကျွန်တော်ကတော့…နောက်ပိုင်း…အများနဲ့တစ်ယောက်ဆိုရင်…အများပြောတဲ့စကားကို ကျွန်တော် မှန်ပြီလို့ တထစ်ချမဆုံးဖြတ်သေးဘဲ…တစ်ယောက်ကပြောတာကို နားထောင်ပြီးမှ…ဆုံးဖြတ်တယ်…

    • မှော်ဆရာ

      August 31, 2012 at 8:41 pm

      အမှန်တရားဆိုတာ အများလက်ခံလို့ မှန်နေတာ မဟုတ်ဘူးဗျ …။တစ်ယောက်ထဲ လက်ခံရင်လဲ မှန်နေဦးမှာပဲ …။” အစစ်တခု….အတုတစ်ထောင်..အယောင် တစ်သိန်း…အပလိန်း..အနန္တ” ဆိုပြီး အများစုက အတု ၊ နဲတာ အစစ်ဆိုရင်တော့ ငါးထောင်တန်တွေ အစစ်နဲ့ အတု ဘယ်ဟာ များသလဲ လို့ မေးပါရစေ…။ဒါကြောင့် အမှန်တရားကို အနဲအများနဲ့ သတ်မှတ် ခွဲခြားလို့ မရပါဘူးနော …။
      ထေရဝါဒ လက်ကိုင်ထားတဲ့ မင်္ဂလာတရားတော်ဟာလဲ အမှန်တရားဖြစ်လို့ တစ်ယောက်ထဲကပဲ ကျင့်ဦး အဲဒီ့တစ်ယောက် ကောင်းကျိုးရောက်လိမ့်မယ် ….။အများစုကျင့် အများစု ကောင်းကျိုးရောက်လိမ့်မယ် …။
      မင်္ဂလာတရားတော်က – သေရေသေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း …
      မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း ။ကောင်းစွာသင်ကြားပြီးသော ကိုယ်ကျင့် ဝိနည်းတရားရှိခြင်း စသည်ဖြင့် …
      တစ်ဦးတစ်ယောက်ပိုင် / အများပိုင် ပစ္စည်း ခိုးယူခြင်းကို ရှောင်ခိုင်းထားပါတယ် ..
      သူတစ်ပါး သားမယားကို ပြစ်မှားခြင်းမှ ရှောင်ကျဉ် ခိုင်းထားပါတယ် ..။
      အရက်သေစာ သောက်စားခြင်းမှ လဲ ရှောင်ကျဉ်ခိုင်းထားပါတယ် …။
      ထေရဝါဒက ပြည့်စုံပြီးသား ဘာသာတစ်ခုပါ ..။ကျင့်ကြံနှိုင်ရင် ကျင့်ကြံနှိုင်သလောက် အကျိုးများမှာပါ ။ လောကီ ကောင်းကျိုးကိုရော .. လောကုတ္တရာ ကောင်းကျိုး နှစ်ဖြာသော အကျိုးကို ပေးနှိုင်ပါတယ် …။

  • ရာဇဝင်လူဆိုး

    August 31, 2012 at 8:45 pm

    ((((Ko out of… says: ကျွန်တော်ကတော့…နောက်ပိုင်း…အများနဲ့တစ်ယောက်ဆိုရင်…အများပြောတဲ့စကားကို ကျွန်တော် မှန်ပြီလို့ တထစ်ချမဆုံးဖြတ်သေးဘဲ…တစ်ယောက်ကပြောတာကို နားထောင်ပြီးမှ…ဆုံးဖြတ်တယ်…))))))
    အဲ……Ko out of ကိုဆုံးဖြတ်ပေးမယ့် တစ်ယောက်… အဲဒီတစ်ယောက်က ကျနော်ပါပဲ(ဖိုးကြာပါ) ။ ဘုရားက အခြေခံ လူယဉ်ကျေးတစ်ယောက်ဖြစ်အောင် မင်္ဂလသုတ်နဲ့ လမ်းညွန်ပေးခဲ့ သလို ဒီလိုယဉ်ကျေးလိ်မ်မာဖြစ်သွားရင်တောင် ဘဝမှာ ဘယ်ဘက်ကိုမှ အစွန်းမရောက်ဖို့ အလယ်အလတ်လမ်းစဉ်ကို သူကိုယ်တွေ့ ကျင့်ကြံအားထုတ် လေ့လာရင် သိခဲ့ရလို့ အလယ်အလတ် လမ်းစဉ် ဆိုတာကို ဘုရားကဟောခဲ့တယ်။ အစွန်းမရောက်ဖို့ ၊ အလယ်အလတ် ကျင့်ကြံနေထိုင်ဖို့၊ လူလူချင်း မကောင်းမှုတွေမလုပ်ဖို့ဆိုတာ ဘုရားက သင်ကြားခဲ့တယ်လေ။ ဒီအယူအဆ အတွေးအခေါ်တွေက တကမ္ဘာလုံးမှာရှီတဲ့၊ နိုင်ငံကြီးတွေပြောနေတဲ့ လူအခွင့်အရေး ဆိုတာတွေ၊ အစွန်းရောက်လို့ အကြမ်းဖက်မှုတွေ မဖြစ်အောင်(ခေတ်ချင်းတော့ ကွာတာပေါ့နော်) ။ ဒါပေမယ့် အခြေခံ သဘောကတော့ ဘုရားဟောနဲ့ တူတူပါပဲ။ ဘာ..ဘာသာ။ ဘာလူမျိုး၊ ဘယ်လိုအတွေးအခေါ် အယူအဆ၊ အသားအရောင် ကြွဲပားနေပါစေ..။ လူကို လူချင်း အကျိုးပြုနိုင်၊ ကောင်းကျိုးပြုနိုင်၊ အားလုံး အေးချမ်း အောင်ကြိုးစားပေး လုပ်ဆောင်ပေးဖို့က အဓိကပါပဲ။ လူ့လောကကြီးကို ကို်ယ်ဘာတွေများ အကျိုးပြုပြီးခဲ့ပြီလဲ တွေးကြည့်ပါ…။ သေရင်တော့ အကုန်လုံး မသာတွေဆိုတော့ ….

  • အရီးခင်လတ်

    August 31, 2012 at 9:41 pm

    Ko out of… ပေးတဲ့ ထဲက ထိပ်ဆုံးခေါင်းစဉ် ဘုရား ဆိုတာကို ထပ် ဖတ်ခဲ့ပါတယ်။
    ပုဂ္ဂိုရေးဘာမှမပါဘဲ ဒီ အယူအဆ ကို အဖြူထည်စိတ် နဲ့ ဖတ်ပါတယ်။

    ကျွန်မ တစ်ချက်ဘဲ ပြောပါမယ်။
    “မသတ်ရတဲ့ အသက်ဟာ လူ့အသက်ဘဲ” လို့ ပြောလို့ကတော့ ဒီက တိရိစ္ဆာန်ကာကွယ်သူတွေ ရဲ့ ဆန္ဒပြ တာနဲ့ တန်းတိုးမယ်။
    တကယ်တော့ ဘာသာရေး နဲ့ မကြည့်နဲ့ဦး။
    ခွေးကလေး၊ ကြောင်ကလေးတွေမှာလဲ အသက် နဲ့ ခံစားတတ်ပါတယ်။
    သူတို့ အတွက်ကိုလဲ ကိုယ်ချင်းစာစိတ်ထားဖို့ ကို သင်ပေးရမှာပါ။
    ဒါကို သတ်သတ်လွတ် စားတာကို ထောက်ပြဖို့ အတွက်ကြောင့် လမ်းလွှဲ မလုပ်သင့်ပါဘူး။
    ဘာသာရေး ဆိုတာ လူတွေ အကျင့်ကောင်းအောင် ထိန်းကွပ်ပေး တဲ့ အကြောင်း လဲဖြစ်သင့်ပါတယ်။

    ထားပါတော့။
    ဖတ်ရင်းနဲ့ အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။
    သေချာတာက တစ်ခုခု တော့ လွဲနေပါတယ်။
    လွတ်လမ်းမရောက်ခင် လောလောဆယ် လူတွေ ရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်လို့ပါ။
    ဝါဒ ကိုလဲ လွတ်လွတ်လပ်လပ် ဖြန့်ပါ။
    ဝေဖန်သူများ ကလဲ လွတ်လွတ်လပ်လပ် အကြောင်းပြချက် နဲ့ ဝေဖန်နိုင်ပါတယ် မဟုတ်လား။
    လွဲနေတယ်လို့ ပြောရင်တော့လဲ ကိုယ့်အယူဝါဒ ကို ကိုယ်ပြန်ပြီး စမ်းစစ်ကြပါ။

    Ko out of… နဲ့ ဆွေးနွေးရတာ အသိအမြင် ရပါတယ်။
    Ko out of… ကလဲ အမြင်ကျယ် မဲ့သူတစ်ယောက် ဖြစ်မှာပါ။
    ဒီတော့ ပြောသလို အများပြောတိုင်းယုံဖို့ လိုက်နာဖို့ မလိုပါဘူး။
    ကိုယ့်ဟာကိုယ် ပြန်တွေးပါ။
    မှန်တယ်ထင်လဲ အဲဒီ လမ်းကို ဆက်လိုက်ပါ။
    ဘာသာရေး ရဲ့ အမှား၊ အမှန် ဆိုတာ သူများ ကို/ လူ့အသိုင်းအဝိုင်းကို မထိခိုက်သ၍ အပြစ်မပြောနိုင်လောက် ပါဘူး။

    ကျွန်မအနေနဲ့တော့ သတင်းထဲ က ခရစ်တော်ရဲ့ ပုံကို မျောက်လိုဖြစ်သွားအောင် ပြင်ဆွဲခံရတာ ကို ဘဲ ပြေးမြင်မိနေတယ်။

    • Ko out of...

      September 1, 2012 at 7:38 am

      အရီးလတ်..
      ကိုယ်သိထားတဲ့ သဘောတရားတခုဟာ…လက်တွေ့ဘဝလောကမှာ..အသုံးချလို့ရမရဆိုတာကို…လူတွေစဉ်း စားလိုရအောင်…အခုလိုတုံ့ပြန်ရတာပါ…

      ကျွန်မ တစ်ချက်ဘဲ ပြောပါမယ်။
      “မသတ်ရတဲ့ အသက်ဟာ လူ့အသက်ဘဲ” လို့ ပြောလို့ကတော့ ဒီက တိရိစ္ဆာန်ကာကွယ်သူတွေ ရဲ့ ဆန္ဒပြ တာနဲ့ တန်းတိုးမယ်…ဆိုတာလည်းကျွန်တော်လက်ခံပါတယ်…ဒါပေမဲ ့ လက်တွေ့လောကရဲ့..
      လက်ရှိ ဖြစ်ပျက်နေတဲ့..အခြေအနေ..နဲ့ဘဲသွားရမှာပါ…
      အချိန်ရရင်ဒါလေး လည်းဖတ်ကြည့်ပါလား?….

      http://myanmargazette.net/104987/creative-writing/my-thinking-different

      နောက်တခု အရီးလတ်ကိုပြောချင်တာ…နိုင်ငံတကာ Law မှာ..

      (၁) Legal Justice

      (၂) Social Justice

      ဆိုပြီး နှစ်မျိုးရှိပါတယ်..အဲဒီမှာ ဘာပြောလည်းဆိုတော့…လူတစ်ယောက် ထမင်းစားဖို့ မရှိရင်..
      ပိုလျှံတဲ့လူတွေရဲ့ ပစ္စည်းကို ခိုးရင်…Social Justice အရတရားမျှတတယ် လို့ဆိုထားတယ်..
      လူတွေ အတွက်ရေးစွဲထားတဲ့ဥပဒေဘဲ…လက်တွေ့လောကဘဝမှာ အသုံးချလို့မရရင်..အဲဒီ..Legal Justice ဥပဒေကို ပြင်ရမှာပေါ့…ဒါကိုမပြင်ဘဲနဲ့..နောက်တနေရာ
      မှာကျပြန်တော့…သူများသားသမီး ပြစ်မှားတာ အပြစ်ရှိတယ်Legal Justice တရားဥပေဒေအရ အရေးယူခံရမယ်လို့ဆိုထားပြီး…..ပိုက်ဆံရှိတဲ့ သူဋ္ဌေးတွေပေးဝယ်တာ ကျတော့ တရားတယ်ပေါ့?…Legal Justice အရ တနိုင်ငံနဲ့ တနိုင်ငံ မကျူးကျော်ရလို့ဆိုထားတယ်…..ကျူးကျော်ထိပါးလာရင် Social Justice..အရ..စစ်ပွဲဟာ ကိုယ်လူမျိုးကို ကာကွယ်တာ ဖြစ်တဲ့ အတွက်..လူသတ်တာ.. တရားမျှတတယ်လို့ ဆိုထားပြန်တယ်…ဒါကြောင့် အပြောနဲ့လက်တွေ့ဟာ တစ်ထပ်တည်း ဖြစ်ဖို့လိုပါတယ်..ဘုရားဟာ အပြောနဲ့ လက်တွေ့ ကို တစ်ထပ်တည်းကျအောင်နေသူပါ…

  • Mလုလင်

    August 31, 2012 at 11:06 pm

    ကျုပ်အိမ်ရှေ ့မှာထားတဲ့ သောက်ရေအိုးစင် က စတီးခွက် ပျောက်သွားခဲ့ဖူးတယ်။ စပြီး ထားတည်းက ဒါကို ပြည်သူပိုင် လို့ ပဲ သတ်မှတ် ထားပြီး သံကြိုးတောင် မချည် ထားခဲ့ဘူး …. နောက်တော့ ပျောက်သွားကော …. ပြည်သူပိုင် ပစ္စည်းကို ခိုးသွားတော့ ကျန်တဲ့ ပြည်သူတွေ ….. ဘုံဘိုင် မှာ ပါးစပ် နဲ့ တေ့သောက်ကျ ပေါ့ … လွန်စွာ အောက်တန်းကျတဲ့ စိတ်ဓာတ် ပိုင်ရှင် တွေ ရှိနေသေး ပါသလား ဆိုတာ သိခဲ့ ရတဲ့ အတွက် ကျေးဇူးပါဗျို ့ ….။
    ရေခွက် သူခိုး ကို ဆိုလို တာ ပါနော့ ….

    • kai

      September 1, 2012 at 4:08 am

      အများသောက်ဖို့ထားတဲ့.. သောက်ရေအိုးစင် မှာ စတီးခွက်ထားတယ်ဆိုကတည်းက…. တော်တော့်ကို မဟုတ်တာလို့ထင်မိတယ်..
      ကုလသိုလ်အတွက်.. အမျှ.အမျှ…အမျှဆိုတာလေးပါ..တခါတည်း.. စတီး.သောက်ရေခွက်မှာ.. ရေးထားဖို့ကောင်းတာ..

      စကားအတင်းစပ်..
      ဓါတ်ပုံဆြာတွေဘာဖြစ်ကြတာလည်းဟင်င်င်..
      မိုးကောင်းကင်ပုံတွေအရိုက်များပြီး.. မိုးပြာဓါတ်ကျကုန်တာလားလို့… 😕

      • Mလုလင်

        September 1, 2012 at 12:47 pm

        အော် သူကြီး ရယ် .. တတ်နိုင် လို့ ထားပေးတာပါ …. ထားပေးတာ နဲ့ ခိုး ရရောလား …

  • Foreign Resident

    September 1, 2012 at 7:27 am

    မှော်ဆရာ က မိုးပြာဆရာတွေကို ၊

    ၁ ။ အစိုးရပိုင် ပစ္စည်းကို ခိုးတာ အပြစ်မရှိ ၊
    ၂ ။ အလိုမပြည့်တဲ့ သူများသားမယားကို အာသာရမက်ပြေအောင် ဖျော်ဖြေပေးတာ
    ကုသိုလ် ရတယ် ၊
    ၃ ။ အရက်ကို မူးအောင် မသောက်ရင် အပြစ်မရှိ ၊

    ဒီတရားတွေဟာ မိုးပြာဆရာတော် ဟောထား / မထား
    ကျွန်တော် သေချာ သိချင်တယ် လို့ အကြိမ်ကြိမ် မေးထားပါတယ် ။

    မိုးပြာဆရာတွေရေ ဖြေပေးလိုက်ပါ ။
    နို့မို့ရင် ရှိရှိသမျှ မိုးပြာ Post အားလုံးမှာ မှော်ဆရာ က ၊
    အဲဒီမေးခွန်းတွေကိုပဲ ထပ်တလဲလဲ မေးကုန်လိမ့်မယ် ။
    အဲဒီတော့ ၊ ခုရှုပ်မှ နောင်ရှင်း ၊ ဖြေပေးလိုက်ပါ ။

    နောက်တစ်ချက်က ၊ ဆွေးနွေးနေတဲ့ ကိစ္စက ၊ ဘာသာရေးပါ ၊
    အဲဒါ တစ်ယောက်ကို တစ်ယောက် ပုဂ္ဂိုလ်ရေး မပါပဲပြောကြပါ ၊
    ကိုယ့် ယုံကြည်မှုကို အချက်အလက် အတွေးအခေါ် နှင့်ပဲ ခုခံကြပါ ။

    နို့မို့ရင် ၊ ပြောတော့သာ ဘာသာရေး ၊
    ရေးပုံ ပြောပုံက သာမာန် ရွာသူားထက်တောင် အဆင့်နိမ့်တယ်လို့ ၊
    အပြောခံရနိုင်ပါတယ် ။
    လွတ်လပ်တဲ့ MG နှင့် ထိုက်တန်အောင် ဆင်ခြင်ကြပါ ။

    • Ko out of...

      September 1, 2012 at 7:49 am

      ကိုယ်လိုချင်တဲ့ အချက်လောက်ကိုဘဲ..စွဲထုတ်ပြီးမေးတာဟာ ..မရိုးသားဘူးလို့ ထင်လို့မဖြေ
      ပေးတာပါ…ဟုတ်မဟုတ် ဆိုတာလည်း…ဆရာတော်ရဲ့ ဘုရားစာအုပ်မှာ ဖတ်ကြည့်ပါ…လင့်..ပေးထားပါတယ်..လို့ဘဲပြန်ကြားပါရစေ…

      • Foreign Resident

        September 1, 2012 at 12:39 pm

        ဟင် ၊ ဆရာ Ko out of… ရယ် ။

        ကိုရင် ဒီ Site မှာ ဖတ်နေ ရေးနေကျ လူပါကွယ် ။
        အဘ ကိုယ်နှင့် အမြင်မတူရင်တောင် ဘယ်ဖက်ကိုမှ ၊
        လွယ်လွယ် တရားလက်လွတ် မပြောဘူး ဆိုတာ ကိုရင် သိမှာပါ ။

        အခု ကိုရင် ဖြေပုံကတော့ မဟုတ်သေးဘူး ထင်တယ် ။
        ကိုရင့်ကို မေးတာပဲ ကိုရင် တိုက်ရိုက်ဖြေလိုက်ရောပေါ့ ။
        ဘယ့်နှယ် ၊ ကိုရင်တို့ Web Site တစ်ခုလုံးတော့ ၊
        အဘတို့ မြေလှန် ရှာပြီး ၊ အားလုံး ဘယ်လိုက်ဖတ်နိုင်ပါ့မလဲကွယ် ။
        ကိုရင့်ဟာက မဟုတ်သေးပါဘူး ။

        • Mလုလင်

          September 1, 2012 at 12:50 pm

          မဟုတ် သေးပါဘူး .. ဆိုတာ ဟုတ်ပါတယ် … အဲ့ မဟုတ်သေးပါဘူး ဆိုတာကို ထောက်ခံ လိုက်ပါရဲ့ ….

    • ---မိုးကျရွှေကိုယ်-----dennis rockstar

      September 3, 2012 at 8:15 pm

      မိုးပြာ ဝါဒီတို ့သည် လိုရာစကားများကို လိုရာ ကိုးကားပြောပြီး ( လူ ့ အခွှုင် ့အရေး ၊ လွတ်လပ်စွာ ပုတ်ခတ်စော်ကားခွင့် ၊စသည်တို ့ကို လွတ်လပ်စွာ သုံးရင်း )ဝါဒပြန် ့အောင် ဆောင်ရွက်တတ်ကြပါသည်။
      သို ့သော် ဂန္ဒီ ပြောခဲ ့တဲ ့စကားတစ်ခွန်း ပြောချင်ပါသည်

      ———လူသားတို ့ သိသမျှ၊ ပြောတတ်သမျှသော စကားများဖြင့် အမှားကို ကာကွယ်ေစေကာမူ မည်သို ့မှ ခွင့်လွှတ်မရနိုင် ————————

  • ရာဇဝင်လူဆိုး

    September 1, 2012 at 1:08 pm

    ဒါလေးဖြေဖို့ကို ဝေ့ လှချည်းလားဆရာရယ်။ ဒဲ့ တစ်လုံးတည်းမေးတာ ဒဲ့ဖြေလိုက်ပြီးရော… သေချာခိုင်မာတဲ့ အဖြေရှိထားပြီးသားဆို
    ရင်တော့ ဒဲ့ဖြေပေးလိုက်တာ အကောင်းဆုံးထင်တယ်။ ကျနော်တို့ အယူအဆမှာတော့ ခိုင်မာသေချာပြီသား… ငါးပါသီလဆိုတဲ့ ကံငါးပါးကို စောင့်ထိန်းနိုင်ရင် ကုသို်လ် မရဘူးဆိုရင်တောင် တော်တော် အကုသိုလ် ကင်းကင်း အမှားနည်းနည်းနဲ့ လူ့ဘဝမှာ ရှင်သန် နေထိုင်နိုင်မယ်။

    +++ပြောပြပါ ဆြာကြီးရယ်..။ သားသိချင်လို့ပါ။ ဆြာကလဲ ဈေးက ကိုင်နေတယ်။ ဆြာက ဆြာ ပါပဲ ဆြာရယ်+++

    • Ko out of...

      September 2, 2012 at 5:35 pm

      ရာဇာဝင်လူဆိုးလေးရေ…

      ကျွန်တော်ဈေးကိုင်တာ မဟုတ်ပါ…

      မေးမြန်းခြင်းမှာ…မသိလို့ရိုးရိုးမေးမြန်းခြင်း..

      တဖက်သူကိုနှပ်ကွပ်လိုလို့မေးမြန်းခြင်း…

      တဖက်လူသိတာနဲ့ မိမိသိတာကို နှိုင်းယှဉ်လိုခြင်း..

      လူတွေကို အမှန်သိအောင်..လူထုကိုယ်စားမေးမြန်းခြင်း…

      အတင်းပြောဖို့ မေးမြန်းခြင်း…

      စတာတွေရှိတယ်..ဒါ့ကြောင့် ကျွန်တော်မဖြေပေးရတာပါ…

      • မှော်ဆရာ

        September 3, 2012 at 7:47 pm

        ဒီတရားတွေကို လိုက်နာ ကျင့်သုံးတဲ့သူတွေမှာ ဘယ်လို မကောင်းကျိုး ရရှိနေတယ်ဆိုတာ လူတိုင်း သိနေတာပဲ ….။
        လူတွေ လိုက်နာ ကျင့်သုံးသင့်တဲ့ တရားဆိုတာ ယခုမျက်မောက်ရော ..နောင် တမလွန်ထိပါ …ကောင်းကျိုးပေးနှိုင်ရပါလိမ့်မယ် …။ အခုကောင်းရင် နောင်ကောင်းမယ်လေ … အခုမကောင်းရင် နောင်မကောင်းဘူး ..။အခုလောလောဆယ်တောင် အများသူငါကို ကောင်းကျိုးမပေးနှိုင်တဲ့ တရားဟာ နောင်တမလွန် နိဗ္ဗာန်အထိအောင် ကောင်းကျိုးပေးမယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့ မရပါဘူး …။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ဝေဖန်ပိုင်းခြားနှိုင်အောင် ဒါကိုပဲ ထပ်ခါ ထပ်ခါ မေးနေတာပါ …။
        နောက်တစ်ခုက ကျွန်တော်မေးတဲ့ မေးခွန်းတွေကိုပဲ ကျွန်တော် မဟုတ်ပဲ ဘာသာခြားတစ်ယောက်က မေးမြန်းလာခဲ့ရင် ဘယ်လို လုပ်ပါ့မလဲ …။ ko out of ရော ဒီတရားတွေကို ကိုကိုယ်တိုင် ကျင့်သုံးနေပါတယ်လို့ ဝန်ခံရဲပါပြီလား …။

      • ---မိုးကျရွှေကိုယ်-----dennis rockstar

        September 3, 2012 at 8:22 pm

        ကိုကြီး မှော်ဆရာ——– ဒီလောက်ဆို သိသင့်နေပြီလေ——- ဒီကောင်တွေက ပြောရင် ပြောတဲ ့စကားကို ဝန်မခံရဲသေးဘူးဆိုကတည်းက သူတို ့ အယူတောင် သူတို ့ လိပ်ပြာမလုံသေးဘူးဆိုတာအထင်အရှားပဲ။

  • ရာဇဝင်လူဆိုး

    September 3, 2012 at 8:00 pm

    (((ရာဇဝင်လူဆိုး says:
    ငါးပါသီလဆိုတဲ့ ကံငါးပါးကို စောင့်ထိန်းနိုင်ရင် ကုသို်လ် မရဘူးဆိုရင်တောင် တော်တော် အကုသိုလ် ကင်းကင်း အမှားနည်းနည်းနဲ့ လူ့ဘဝမှာ ရှင်သန် နေထိုင်နိုင်မယ်။)))

    (((Ko out of… says:ကျွန်တော်ဈေးကိုင်တာ မဟုတ်ပါ…
    မေးမြန်းခြင်းမှာ…မသိလို့ရိုးရိုးမေးမြန်းခြင်း..
    တဖက်သူကိုနှပ်ကွပ်လိုလို့မေးမြန်းခြင်း…
    တဖက်လူသိတာနဲ့ မိမိသိတာကို နှိုင်းယှဉ်လိုခြင်း..
    လူတွေကို အမှန်သိအောင်..လူထုကိုယ်စားမေးမြန်းခြင်း…
    အတင်းပြောဖို့ မေးမြန်းခြင်း…
    စတာတွေရှိတယ်..ဒါ့ကြောင့် ကျွန်တော်မဖြေပေးရတာပါ…)))

    ကျနော် အမှန်အတိုင်းပြောရရင်တော့ ဒီပို့စ်ကို စစချင်း စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ပို့စ်ကို နော်က်တစ်ခေါက်ဖတ်ရင်း ကွန်မန့်တွေ ဖတ်ရင်း ကျနော် တကယ်သိချင်လာတာတွေရှိလာလို့ ရိုးရိုးသားသား မေးရုံပါ..။ PLEASE !
    +++ရာဇဝင်လူဆိုး+++

  • အရီးခင်လတ်

    September 3, 2012 at 8:52 pm

    အားလုံးကိုဘဲ
    ကိုယ့်ပြသနာ မဟုတ်တဲ့ သူများပြသနာ ကို သွားကြည့်ကြရအောင်။

    ဘုရားသခင် ကို ယုံကြည်တဲ့ ဘာသာတွေ ကို ပက်ပက်စက်စက် ဝေဖန်ပြီး စာအုပ်တွေ ထုတ်လေ့ရှိတဲ့ အီဗော်လူးရှင်း သိပ္ပံပညာရှင် (Richard Dawkins) ရဲ့ စာအုပ်တစ်အုပ် ထဲက ရေးထား တဲ့ မှတ်ချက်လေးပါ။
    အများအယူမှာ
    ဘာသာရေး ကို လိုက်နာ ကိုင်းရှိုင်း သူတွေဟာ သူတို့ ရဲ့ အပြောအဆို အကျင့်အကြံ အားလုံးဟာ မေတ္တာ နဲ့ယှဉ်ပြီး နေတယ်ပေါ့။
    ဘာသာရေး မရှိသူ တွေကတော့ စည်းလွတ် ဘောင်လွတ် ပေါ့လေ။
    ဒီတော့ အဲဒါနဲ့ ပါတ်သက် လို့ သူပေးထားတဲ့ မှတ်ချက် က
    ဘုရားသခင် မရှိတာ ကို ဝေဖန် လိုက်တာ နဲ့ သူ့ဆီ ကို ဆဲစာတွေ၊ ပစ်စာတွေ အများကြီးရောက်လာသတဲ့။
    သူတို့ ဘုရားသခင် ကို စော်ကား လို့ မင်း ကို သတ်ပစ်မယ် တို့၊ အသေဆိုး နဲ့ သေပါစေတို့၊ ဘုရားသခင် က ဒါဏ်ခတ်မယ်တို့ စသဖြင့်ပေါ့။
    ဒီမှာတင် သူ့မှာ အကွက် ပိုရသွားတာ က
    ဘာသာရေးကြောင့် မေတ္တာ နဲ့ယှဉ်ပြီး နေရမဲ့ သူတွေ က ဘာလို့ သူများ ဒုက္ခရောက်အောင် ကျိမ်ဆဲ ကြတာလဲတဲ့။
    အဲဒီ ကထဲ ဘာသာရေး ကို ယုံကြည်လေးစား တာ နဲ့ ကိုယ်ကျင့်တရားကောင်း လူများကို မေတ္တာ ထားခြင်း ဟာ ဘယ်လို ဆိုင်ပါတော့ မလဲတဲ့။
    ဘာသာယုံကြည်မှု နဲ့ ပါတ်သက်ပြီး အရမ်းစိတ်ဝင်စားဖို့ ကောင်း တဲ့ စကားလုံးတွေ အများကြီးရှိပါသေးတယ်။

    ကဲ ကိုယ် ဆိုရင်ကော၊ ဘယ်လို လုပ်မလဲ။
    လူတစ်ယောက် နဲ့ တစ်ယောက် အတွေးအခေါ်၊ အယူဝါဒ၊ နေထိုင်ပုံ ကွဲကြပါတယ်။

    ဒီတော့ကာ
    အားလုံးကို ကျွန်မ လေးစားစွာ နဲ့ မေတ္တာရပ်ခံပါတယ်။
    ဒီမှာ စာဖတ်/စာရေး ကြတာ ကိုယ့် ကိုယ်ကျိုးထက် အများ ကို ဝေမျှ စေချင်လို့ လို့ ယူဆပါတယ်။
    ကိုယ်ပြောချင်တာ ဟာ သူတပါး ကို မထိခိုက်အောင် မေတ္တာရှေ့ထား ပြောမှ ကိုယ့် ကိုးကွယ် ယုံကြည်ရာ ဘာသာဟာ ဂုဏ်တင့်မယ် ဖြစ်ကြောင်း သိစေအပ်ပါတယ်။

    နောက်တစ်ချက်က သူများက ကိုယ့်ကို ဝေဖန်ရင်လဲ အပြုသဘော နဲ့ ဆောင်ပြီး စမ်းစစ်မှ အမှန်မြင်နိုင်မှာ ဖြစ်ကြောင်းလဲ အသိလေးဝင်စေလိုပါတယ်။

    ကျွန်မ တို့ ကို တဏှာ၊ မာန၊ ဒိဌိ တွေ က အမြဲ တံခါးခေါက် ဆဲနေတာတွေ အပေါ်မှာ စိတ်ဆိုး၊ ဒေါသ ထွက် မနေရ အောင် သတိ၊ ပညာ လေး လက်ကိုင် ထားကြစေ လိုကြောင်း လဲ remind လုပ်ပေးပါရစေ။

    လေးစားစွာဖြင့်

    PS –
    သူများ မဖြေချင်တာ ကို မမေးကြစေလိုပါဘူး။
    ကိုယ့်ဟာကို သွားဖတ်ပြီး အမှားအမှန် ဆုံးဖြတ်ပါ။
    ဒါပေမဲ့ ကိုယ်နဲ့ အဖြေ မတူတိုင်းလဲ ရန်သူ လို့ သတ်မှတ်လို့ မရပါဘူး။
    သူ့မှာလဲ သူ့အကြောင်းသူရှိမှာပါ။
    ကိုယ့်တာဝန်က အဲဒီ အယူကို မှားတယ် ထင်ရင် မှန်တာ ကို လူအများ သိအောင် ယဉ်ကျေးစွာဖြန့် ပါ။

  • မှော်ဆရာ

    September 3, 2012 at 9:35 pm

    ဆုံးမအပ်သောစကားကို နာယူလွယ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာမည်၏ …
    ကျွန်တော် ရပ်ပေးလိုက်ပါပြီ အရီး …

  • ရာဇဝင်လူဆိုး

    September 3, 2012 at 9:43 pm

    ထောက်ခံရင်း…. နာယူသွားပါကြောင်း…။

    • Ko out of...

      September 4, 2012 at 8:14 am

      အဖြေမပေးတာ…ကိုယ်ပိုင်ဉာဏ်လေးတွေဖြစ်စေချင်လို့ပါ…
      ဘုရားဟာ ဘာတခုမှ…သူမဆုံးဖြတ်ပေးပါဘူး…လမ်းညွှန်မှုသာပေးတာပါ..
      ဟုတ်တယ်မဟုတ်ဘူးလို့သူများဆုံးဖြတ်ပေးရင်…ကိုယ်ပိုင်ဉာဏ်မဖြစ်ဘဲ…သူများပါးစပ်လမ်း
      ဆုံးသူတွေဖြစ်နေမှာပေါ့…

      လူဆိုတာ သူများရေးတဲ့စာကို ဖတ်ပြီးစဉ်းစားဝေဖန်သုံးသပ်မယ်…နောက်ဆုံးတော့..ကိုယ်ပိုင်ဉာဏ်ဖြစ်အောင်…
      ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့..သွားရပါတယ်…

      – တဆင့်ကြားသိ မိရိုးဖလာ

      ကောဠာဟာဠ ကျမ်းစာမျှနှင့်

      ကြံစနည်းမှီ ဆီလျှော်သုံးသပ်

      ယူခြင်းထပ်လို့ ယုံအပ်သူဘဲ

      ဆရာစွဲဖြင့် လွှဲပုံစိတ်ချ မယူကြနှင့်..

      ကိုယ်ပိုင်ဉာဏ်ဖြင့် မှားမှန်ကောင်းဆိုး

      သိအောင်ကြိုးဟု မျိုးကာလမ ဟောညွှန်ပြ…

Leave a Reply