♥ငရဲ ဓားထမ်း စောင့်နေသည်♥

ma ma01306August 29, 20121min22222


♥ငရဲ ဓားထမ်း စောင့်နေသည်♥
လူဘုံကာမ လောကတွင်းမှာ
ပိုးထိုး လောက်ကိုက် ကာမ အမှောင်တိုက်
သူကျော် ငါ့နင်း အပါယ်ဘုံအတွင်း
လောကီအလုပ် အစုပ်အနုတ် ဒီအထုတ်ကို
ပြုံးပျော်မြူးထူး ကာမဘုံတွင်း လှည့်လည်ရင်းပေါ့
သူဗိုလ်ငါလုပ် ငါ့ဗိုလ်သူလုပ်
ကြီးနိုင်ငယ်ညှင်း သတ္တဝါ အခြင်းခြင်း
အာရုံကျရာ ကျက်စား နေထိုင်
လူ့ဘလချာ လူ့ငနာတို့
မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက်
ဘယ်သူကိုမှ မငဲ့ကွက်ပါ
သေမည့်ရက်လဲ မကြည့်တတ်ပါ မသိတတ်စွာ
သားစဉ်မြေးဆက် တစ်ဝမ်း အပြင်အထုတ်ဆင်လို့
ဘယ်သူ့ဘယ်လို ညစ် ဘယ်သူ့ဘယ်လိုပြစ်
သူရှိသည်ကားလူရွာညစ်၏
နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင်
ဘယ်လိုစကား ဘယ်လိုသူထား
လူပြည်နတ်ရွာ လက်မခံပါ
လူငနွားများသွားရာ လမ်းကား
ငရဲ ဓားထမ်း စောင့်နေသည်…..

22 comments

  • kotun winlatt

    August 29, 2012 at 11:01 am

    ဟိုက်..ငရဲ ဓါးထမ်းစောင့်နေတယ်ဆိုပါလားးးး
    ငရဲဆိုတဲ့ကောင် ဓါးထမ်းပြီး သောင်းကျန်းနေတာလားးးဗျ..ဟဲ..

    • ma ma01306

      August 29, 2012 at 11:07 am

      မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက်
      ဘယ်သူကိုမှ မငဲ့ကွက်တဲ့ လူတွေအတွက်ပါ..

  • ကထူးဆန်း

    August 29, 2012 at 11:29 am

    ရဲစည်တို့ ရဲရင့်လှိုင် တို့ ဓားထမ်း စောင့် နေတယ် ဆိုပါလား .. 😀
    အဲ့ဒါ ဟို ဟို ဟိုလူကြီးတွေ ကို သတိပေးတာလား ဟင်…
    နောက်တာပါ ..ကြိုဆိုပါတယ် မမလေး ရေ .. ရွာထဲ မမ တစ်ယောက် ရှိပြီးသားဆိုတော့ မမလေး လို့ ဘဲ ခေါ်တော့မယ် နော် ..

    • ma ma01306

      August 29, 2012 at 12:39 pm

      က ထူးဆန်းးးရေ ဒါရွာလား မြို့အောင့်မေ့လို့လာတာပါ…..:P

      နှင်မထုတ်နဲ့နော်..

    • YE YINT HLAING

      August 29, 2012 at 6:29 pm

      ကိုရဲစည် ရေ ! ကျွန်တော် တို့ ဓား ( ၂ ) ချောင်းကို တောင်ပြုန်း နတ်ပွဲကလာငှါးနေတယ်ဗျို့ !

      • ရဲစည်

        August 30, 2012 at 5:06 am

        အင် သများက
        ပုလင်းနဲ့ ကြက်နဲ့ပါအေ ..
        ဓားတော့ ကြောက်ကြောက်
        ခွိ …. ခွိ

  • Khaing Khaing

    August 29, 2012 at 11:40 am

    မမ 01306 ကိုသိနေသလိုပဲ ……… နံမည်ပြောင်းပေမယ့် အိုင်ဒီယာကတော့ ပြောင်းလို့မရဘူးနော် မမ …..

  • ကို ခင်ခ

    August 29, 2012 at 12:35 pm

    ကြိုဆိုပါ၏ ၊ မင်္ဂလာပါ။ ( ဆိုင်းဘုတ်ရေးဖို့ ကြော်ငြာတယ်လည်း ထင်မနေနဲ့အုံးနော် )

    • ma ma01306

      August 29, 2012 at 1:01 pm

      မထင်ပါဘူး (အထင်နဲ့အမြင် လွဲတတ်လွန်းလို့= ကြော်ငြာတယ်လည်း ထင်မနေနဲ့အုံးနော်)

      ကြိုဆိုကြတာ မ..မ ကြည်နူးမိပါတယ်..

      စာပေချစ်သူအားလုံးပျော်ရွှင်ကျန်းမာကြပါစေ..

  • kai

    August 29, 2012 at 1:59 pm

    ဓါးထမ်းငရဲ မြင်ကာသွားလည်း
    လူ့အန္ဓရှင် ငမိုက်နင်မှာ
    ဘီလူးသွားကို လဖြဲတည်း။ ။ :mrgreen:

    • ma ma01306

      August 29, 2012 at 7:25 pm

      လူ့အန္ဓရှင် ငမိုက်နင်မှာ
      ဖြဲချင်ရာဖြဲ ကဲချင်ရာကဲ
      ငရဲကတော့ကျမှာပဲ.. 😛

      • kai

        August 30, 2012 at 5:55 am

        ကျစမ်းငရဲ ဓါးထမ်းဖြဲလည်း
        တဟဲဟဲရယ် သေဝင်နတ်ဆိုး
        ငရဲအိုးကို ဘီယာယစ်မျိုးမှတ်မှာပဲ..။ 🙂

        မှတ်မျိုးမှတ်မောင် မှတ်စထောင်လျှက်
        ယစ်မျိုးဘီယာ ကောင်းသည့်ဆောင်ကို
        ဂလုဂလု တအုအုနှင့်
        မလွှတ်တန်းဝင် သောက်မှာပဲ..။ 😀

    • ma ma01306

      August 29, 2012 at 7:32 pm

      အရာရာတက်နေတဲ့အချိန် (နေချိန်..ရေချိန်..ပြောတာပါ)
      0 ရှေ့က ဘာမှ မပါ.. ဘူကျတာ ကောင်း၏

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 5:27 pm

    အခု ကျုပ်တို့ ငရဲပြည်မှာ
    အုပ်ချုပ်မှု ပြောင်းလဲ ထားပါတယ် ..
    ဓား နေရာမှာ ပစ်မလွဲ ဒုံးကျည်တွေ အစားထိုး ထားပါတယ် .. :mrgreen:
    (လာရောက် အသိပေးတာပါ ..)

    ပုံ/
    ယမမင်းဂျီး

    • ma ma01306

      August 29, 2012 at 7:36 pm

      (အသိ..ပေးတာလား)
      ယမ မင်း ဂျီး ရယ်
      လက်နက်အကြောင်းမသိဘူးကွယ်..

  • ဦး ဂျစ်

    August 29, 2012 at 7:38 pm

    ကျုပ်ကတော့ တုန်းပါတယ် .. ဘယ်သူဖြစ်ဖြစ် ပေါ့နော် … ကြိုဆိုပြီးသား ပါ …
    ကြည့်ရတာ ဉာဏ်ရည်ထက်မြက် ဒါးလိုထက်မဲ့ ကလောင်ရှင်တစ်ယောက်လို့လဲ
    ယူဆမိတယ် … ဟုတ်တယ် .. ဟုတ်

    • ma ma01306

      September 1, 2012 at 1:37 pm

      အခုလိုကြိုဆိုတာကို ကြည်နူးပျော်ရွှင်မိပါတယ်..

      ဦးဂျစ် ကျန်းမာပျော်ရွှင်ပါစေ..

  • မောင်ပေ

    August 29, 2012 at 11:15 pm

    ဓါးထမ်း
    ကျားဖမ်း
    ဆားနှမ်း
    ပျားပန်း
    ကားရမ်း
    စားစမ်း

    • ma ma01306

      September 1, 2012 at 1:41 pm

      စားစမ်း
      ဘားလမ်း
      အကင်တွေ ဒုတ်ထိုးတွေ ပေါတယ်………;P (ငွေတော့ပေါဘူး)

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:56 pm

    ဓာထမ်းဆောင့်နေတာကို ဒီကလဲ ငါးပါးသီလစောင့်ပြီ လက်ပြနှုတ်ဆက်လိုက်ချင်သပကွယ်

Leave a Reply