ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာ အသက် (၃၂)နှစ်

ThuyazawAugust 29, 20121min65578

ဪ ရွာထဲမှာ ဘာလိုလိုနဲ့ ဖက်တီးကပ်တစ်ယောက် ၃၂ နှစ်ပြည့်မြောက်မယ့် မွေးနေ့လေးကို ရောက်ရှိလာခဲ့လေပီ….. ဒီလိုအချိန်အခါသမယမှာ ဖက်တီးကပ်တစ်ယောက် ဘာတွေစဉ်းစားပီး ဘာတွေလုပ်နေမလဲ…… ကျွန်တော်တွေးကြည့်မိတယ်လေဗျာ….. သူ မီးဖိုထဲမှာ ရှိနေမလား….. ဒါမှမဟုတ် သူ့ချစ်သူမိန်းမရဲ့ အနားကွေးနေမလား….. ဟောဟဲ ဟောဟဲ နဲ့ဖြစ်နေလေမလား….. ဒါမှမဟုတ် သူငယ်ချင်းတွေကျွေးလို့ ကုန်ကျမယ့်စရိတ်အတွက် အိမ်ဂရံလေးပဲ ပြေးပေါင်နေပလားပေါ့နော်……….. အတွေးများစွာဖြင့် ချာချာလည်နေမိပါတယ်…….. ဪ ဘာပဲဖြစ်ဖြစ်လေ ကိုဖက်တီးကပ်ရဲ့ ၃၂ နှစ်မြောက်မွေးနေ့လေးမှာဖြင့် ကျန်းမာ၊ ချမ်းသာ၊ ထီပေါက် နိဗ္ဗာန်ရောက်စေခြင်းအလို့ငှာ ကျွန်တော် မောင်သူရဇော်မှ ဂေဇက်ရွာသူ/သားများ အားလုံးကိုယ်စား ဒီပို့စ်လေးနဲ့ HAPPY BIRTHDAY လေးကို ကြိုဆိုလိုက်ပါကြောင်းခင်ဗျာ………..

ယနေ့မှစ၍ နောက်နှစ်ပေါင်းများစွာ အုပ်ထိန်းသူ မဇင်လေးနှင့်အတူ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်စွာ ဘဝခရီးကို အတူလက်တွဲ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သခြင်းများနှင့်အတူ ကိုဖက်တီးကပ် (ခ) ကိုသော်ဇေယျာရေ

H A P P Y B I R T H D A Y ဗျာ……….

78 comments

  • may flowers

    August 29, 2012 at 10:14 pm

    happy birthday ပါ ကိုကြောင်ဝတုတ်ရေ ၃၂ နှစ်မြောက်မွေးနေ့မှသည် နောင်မွေးနေ့၁၂ဝ တိုင်အောင်

    အသက်ရှည်ခြင်းနဲ့ ပြည့်စုံပြီး လိုတဲ့အရာမှန်သမျှ မတောင်းပဲပြည့်စုံ ပါစေလို့…။

  • ko win

    August 29, 2012 at 11:20 pm

    အိုး…..ကိုဖတ်ကတ်က အခုမှ သုံးဆယ့်နှစ်နှစ် ပြည့်မှာတဲ့လား ကိုသူရဇော်။
    ကျွန်တော် ကိုဖတ်ကတ်ကို အဲသလောက်ကလေးပဲရှိမယ်လို့ တကယ်မထင်ထားဘူးဗျာ။
    ၂၃နှစ်လောက်ကြီးများတောင်ရှိနေပြီလို ့ထင်ထားတာ။……. အဟဲဟဲ……..။

  • surmi

    August 29, 2012 at 11:20 pm

    အတော်လေးနောက်တောင်ကျနေပြီ ။
    ကြောင်ဝကြီးရေ ….မွေးနေ့မှစ ဘဝတစ်သက်လုံး ပျော်ရွှင်ချမ်းမြေ ့ပါစေဗျာ ……….။

  • ရဲစည်

    August 30, 2012 at 1:27 am

    မွေးနေ့မှသည် သက်တမ်းကုန်သည့်တိုင်
    လူမှု
    စီးပွား
    အမျိုး
    ဘာသာ
    သာသနာ အရေး ဆထက်တံပိုး ထွန်းပေါက်အောင်မြင် ကြိုးပမ်းနိူင်ပါစေ ……

  • ကြောင်ကြီး

    August 30, 2012 at 8:58 am

    ၃၂နှစ်မှာ
    ကုန်းလျက်
    ချစ်နိုင်ပါစေ
    ကိုဖက်တီးရေ
    အမျှ အမျှ….

  • ကြောင်ဝတုတ်

    August 30, 2012 at 10:11 am

    ကျွန်တော့်မွေးနေ့မှာ အားပါတရ… ခေါင်းစဉ်ဖတ်ပြီး ဝမ်းသာအားရဆုတောင်းပေးကြသော…

    အစ်ကိုပီချိုကြီး၊ အစ်ကိုကြီးအညာတမာ၊ ကိုရင်မောင်၊ အဘဖော၊ အန်တီအေးကေကေ၊ ကိုရဲရင့်လှိုင်၊ ကိုပေ၊ မငုံ၊ သူငယ်ချင်းကြီးမဟာအံစာတုံး၊ ကိုနေဝင်းနီကြီး၊ ကိုထူးသင်၊ ဦးဦးနေးချား၊ သူငယ်ချင်းမယ်ပုချ်၊ လေးစားရပါသောကျွန်တော့်အရီးလတ်… တစ်ခါပဲတွေ့ဖူးသောကိုအလင်းဆက်… ညီမငယ်မေဖလားဝါး… ကိုမင်း…
    နောက်ကျမှအမီရောက်လာသော အစ်ကိုကြီးဆာမိ…. ပျောက်နေရာမှ ပြန်ပေါ်လာသော သောက်ဖော်သောက်ဖက်ညီနောင်ကိုရဲစည်… ကြောင်စီနီယာ ကိုကြောင်ကြီး…

    နောက်တစ်ခုကညပိုင်းပါတီမှာ သူငယ်ချင်းရွှေတိုက်စိုးရဲ့ဝမ်းသာအားရဖျော်ဖြေမှုလေးများကို
    http://www.youtube.com/watch?v=82GD4ivtL18&feature=youtu.be
    ကြည့်ရှု့နိုင်ပါသည်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • etone

      August 30, 2012 at 10:19 am

      အဟီး ..ရိုက်တဲ့ လူရော .. ကတဲ့ လူရော …. အတူတူကို .. ဘူဘူချင်း တစ်လုပ်ချင်နေတယ် … ။
      birthday kiss ကို မှတ်တမ်းတင်ဗွီဒီယို မရိုက်လိုက်မိတာ … နာတယ်ကွာ .. ခွိခွိ :mrgreen:

      • မွန်မွန်

        August 30, 2012 at 10:26 am

        ဟီးဟီး…သုံးခါလောက်ပြန်ကြည့်လိုက်တယ်….. သမီးတောင် အက လာသင်ရင်ကောင်းမလားလို့… 😀

        • ကြောင်ဝတုတ်

          August 30, 2012 at 10:41 am

          မွန်မွန်ရေ…
          ဆရာကိုရွှေတိုက်စိုးက… သူ့အကကို ဝါသနာအရကတာပါတဲ့…
          သင်ချင်တဲ့လူတွေရှိရင်… သူ့ပညာကိုအခကြေးငွေမယူဘဲ ဖြန့်ဝေပါမယ်တဲ့… ဆက်သွယ်ကြပါခင်ဗျား…

          ခင်မင်လျက်-
          ကြောင်ဝတုတ်

        • မွန်မွန်

          August 30, 2012 at 3:29 pm

          ဟိုက်ရှားပါ.. သတင်းကောင်းပဲ…. 🙂 ဖြန့်လိုက်မယ်….

    • ရွှေ ကြည်

      August 30, 2012 at 11:06 am

      တော်လိုက်တဲ့ ကိုရွှေတိုက်စိုးပါကလား။ ချစ်သူငယ်ချင်းကြီးရဲ့ပွဲမှာဂုဏ်ပြုပေးတာပေါ့ 😀

      • ကတိုက်စိုးရဲ့ က,ချက်ကတော့ အလန်း ပဲ ..
        ကိုကြောင်ဝတုတ် က သူ့မွေးနေ့မှာ
        ဝမ်းမန်းရှိုးနဲ့ တင်ဆက်ခဲ့တာကိုး … 😀

  • Rose Minn

    August 30, 2012 at 10:20 am

    ဘာ အမကြီး ရို့စ် ဟုတ်စ။ ဟွန့် ဒီနေ့တော့ ကြောင်စာငတ်ပြီမှတ်ပါ။ မွေးနေ့မှာ လက်ဆောင် မပေးတဲ့ အပြင် ကြောင်စာပါငတ်ပြီ။ ဒါပဲ ဒါပဲ။ 😀

    • Inz@ghi

      August 30, 2012 at 10:30 am

      တကလဲတော် ..တကလဲတော်..
      အန်တီ ရိုစ့် ပြောပါတယ်..
      အရင်က သူက ကကြောင်ဝတုတ် ကို ကြောင်စ ကျွေးတယ်ပေါ့…
      ဟုတ်စ… …(ခုကစ ငတ်ပီဆိုလို့ပါ …ခိခိ..)

      ဟို အပေါ်က အန်တီ နွယ်ဘင် ပြောပုံကလည်း ကြည့်အုံး..။
      သူ့ဟာသူ သူ့ချစ်ချစ် သူ ဘယ်လိုခေါ်ခေါ်ပေါ့ …
      ချစ်ဇနီးလေး နဲ့ လောက်ရေးရင် တော်ရောပေါ့..
      နာမည်ပါ ထည့်ရေးတော့ ချစ်ဇနီး ငယ်လေး ဆိုတော့ …
      (ငယ်ငယ်က ယူခဲ့တဲ့ ဇနီး မို့ ..ဇနီး ငယ်လေး..)
      ကြီးမှ နောက်တယောက် ထပ်ယူရင် ..ချစ်ဇနီး ကြီး .. ဂလိုလား…
      ဘူ-ဘူချင်း ၁လုပ်တာများပြောပါတယ်..
      သူတောင် အုံးကျုံးဆိုနိုင်ရဲ့သားနဲ့ ကော်ပီ ဆိုနေပီး..
      သူများကျ အုံးကျုံးကို ဒါဇင်လိုက် ထုတ်ခိုင်းနေတယ်…

      တကလဲ တော် .တကလဲတော်..

      😛

  • နွယ်ပင်

    August 30, 2012 at 10:22 am

    ကိုဖက်ရေ ပိုစ့်လေးကို အခုမှမြင်လို့ ဆုတောင်းပေးတာတောင် နောက်ကျသွားတယ်
    မွေးနေ့ရှင်ကျွေးတဲ့ မုန့်ကိုတော့ မနေ့က အားပါးတရ စားသောက်ပြီး အခုမှ ဆုတောင်းပေးရတာကို
    အားနာပါတယ် . အသက် (32) မြောက်မွေးနေ့မှ နောင် နှစ်ပေါင်းများစွာတိုင်အောင် ချစ်ဇနီး ငယ်လေးနဲ့
    အတူတူ သာယာပျော်ရွှင်ချမ်းမြေ့သော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပြီး ဒါဇင်ပေါင်းများစွာသော သားသားမီးမီးလေးတွေ ရရှိနိုင်ပါစေ …. 😀

  • captainamerica

    August 30, 2012 at 10:24 am

    ံHappybirthday ကိုကြောင်ဝတုတ်ရေ နောက်တောင်ကျနေပီ ခရီးထွက်နေလို.ပါ
    နောင်နှစ်ပေါင်းများစာွတိုင်ဘဝကိုပျော်ရွှင်စာွဖြတ်သန်းနိုင်ပါစေဗျာ

  • ကြောင်ဝတုတ်

    August 30, 2012 at 11:43 am

    ညီမလေးနွယ်ပင်ရေ…
    အခုလို ဆုတောင်းပေးတဲ့အတွက် ကျေးဇူးအထူးပါဗျာ… ညီမလေးပေးတဲ့ဆုနဲ့ပြည့်ပါစေ…

    ကိုကက်ပတိန်အမေရိကရေ…
    နောက်မကျပါဘူးဗျာ… နောက်အခွင့်အခါများသင့်ရင် ဆုံချင်ပါသေးတယ်… မွေးနေ့ညစာစားပွဲ (သောက်ပွဲအဓိက)ကို လက်လှမ်းမီရာ သူငယ်ချင်းအားလုံးကိုဖိတ်ပါတယ်… မနေ့ညပွဲမှာ ဂေဇက်ဝင်တွေချည်းပဲ ၉၀% ပါဗျာ… နောက်တစ်ခါအခုလိုဆုံဖြစ်အောင်… ထပ်မံကြိုးစားနိုင်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်… ထပ်မံလဲဆုံကြဦးမှာပါ….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Novy

    August 30, 2012 at 12:22 pm

    မကျေနပ်ဘူးလုံးဝမကျေးနပ်ဘူး
    ကြောင်ဝတုတ် ပွဲမနွဲလိုက်ရလို့
    ဒါဘဲ့

    • ကြောင်ဝတုတ်

      August 30, 2012 at 3:22 pm

      မမနိုဘီရယ်… ကျွန်တော်အမီခေါ်ပါတယ်…
      အစ်မဖုန်းကိုလဲမှတ်ထားပါ့မယ်… နောက်တစ်ခါဆိုရင် ကျွန်တော်ဖုန်းဆက်ပါ့မယ်နော်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • padonmar

    August 30, 2012 at 9:43 pm

    ဖက်ဖက်ကက်ရေ
    အခုမှဖတ်မိလို့ပါ။
    happy birthday !!!!!!!!

  • ပစ်ပစ်ချန်

    August 30, 2012 at 10:28 pm

    ဗိုက်ဆာလိုက်တာ
    ဒီနေ့ပါ ဘတ်ဒေးလုပ်ရင် ကောင်းမှာပဲနော်
    မနေ့က ကြေးအိုးလေးတစ်ပွဲပဲစားလိုက်ရတယ် ဟင့် 😛 😀

  • ကိုသင်း

    August 30, 2012 at 11:59 pm

    Happy Birthday! Cat fatty

  • ဦးဦးပါလေရာ

    August 31, 2012 at 12:14 am

    ဖက်ကက်ရေ-
    အမြဲပျော်ပျော်နေတဲ့သူမို့ ပျော်ရွှင်ပါစေလို့ ထပ်ဆုမတောင်းတော့ပါဘူး.. 😛
    အောင်မြင်တဲ့နေ့ရက်များကို ထာဝရပိုင်ဆိုင်ပါစေကွယ်…

  • MaMa

    August 31, 2012 at 9:59 pm

    ခေါင်းစဉ်ဖတ်ပြီး နောက်ထားတာ ထင်လို့။
    မမန့်ဖြစ်ပဲ နေတော့မလို့။ 😀

    ပေးတဲ့လင့်ခ်ကို နောက်ထားတာ အောက်မေ့လို့။
    မကြည့်မိပဲ နေတော့မလို့။ 😀

    ကြောင်ဝတုတ်ဆိုသော ………
    အသက်ငယ်ငယ် အသိကြွယ်ကြွယ်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ ယနေ့ကျရောက်သော မွေးနေ့မှသည်…
    လက်တွဲဖော် (အင်းးးးးးး သူလည်း အုပ်ထိန်းသူလားမသိ) နဲ့အတူ
    ဘဝကို အောင်မြင်ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ။

    (သူရဇော်ရေ ခေါင်းစဉ်ကြီးက တမျိုးကြီးဖြစ်နေတယ်နော်။ တမင်သက်သက် ချစ်လို့ စ ထားတာ ထင်ပါရဲ့)

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:58 pm

    ဝင်ရောက်လေ့လာသွားခဲ့ကြောင်းပါဗျာ

  • Foreign Resident

    December 15, 2012 at 2:24 am

    ” သူငယ်ချင်းတွေကျွေးလို့ ကုန်ကျမယ့် စရိတ်အတွက်
    အိမ်ဂရံလေးပဲ ပြေးပေါင်နေပလားပေါ့နော် ”

    ကြားရတာ စိတ်တောင် မကောင်းဘူး ။
    Happy Birthday ပါ ကို ကြောင်ဝတုတ် ရေ ။

  • uncle gyi

    December 15, 2012 at 8:26 am

    ကိုကြောင်က၃၂နှစ်မွေးနေ့ဆိုတော့သန်တုန်းမြန်တုန်းစိတ်သွားတိုင်းကို်ယ်ပါ
    လုုူ့ဘဝအကောင်းဆုံးအချိန်
    အကျိုးရှိအောင်အသုံးချနိုင်ပါစေလို့

Leave a Reply