ကိုရီးယားထမင်းသုတ်

may flowersAugust 29, 20121min25624

ဒီနေ့ကင်ချီထမင်းသုတ် လုပ်စားဖြစ်တယ်။ အမှန်တော့ မနေ့ညက ကိုရီးယားကားကြည့်ရင်း ကင်ချီထမင်းသုတ်ကို အားရပါးရ စားပြနေတာတွေ့တော့ ကင်ချီထမင်းလုပ်စားချင်တာကြောင့်

တစ်ကြောင်း  ၊ဒီနေ့တော့ အပြောင်းအလည်းလေးအဖြစ်   မြန်မာ ထမင်းဟင်းအစား အခြားစားစရာ တစ်ခုခုလုပ်စားခြင်တာကြောင့်တစ်ကြောင်း၊ ကိုရီးယားထမင်းသုတ်ကို ဝက်သားသုံးထပ်

သားနဲ့ သုတ်စားဖြစ်တယ်။ အရမ်းစားကောင်းလို့ ရွာသူ၊ ရွာသားတွေကို လည်းကျွေးချင်လာတာကြောင့်……….

 

ဒါက ကင်ချီထမင်းသုတ်ဖို့ အသီးအရွက်အစုံ အသင့်ပြင်ထားတာ။

 

 

 

တစ်ယောက်စာ ပြင်ထားတဲ့ ကင်ချီထမင်းသုတ်။

 

 

ဒါက မဖြစ်မနေထဲ့ရမဲ့ အဓိက ဇာတ်လိုက်ကိုရီးယား ငရုတ်နှစ်ဘူး။

 

ဒါက ရွာသားတွေ အကြိုက်တွေ့စေမဲ့ ဝက်နံရိုးနုနု လေးတွေကို ကင်ပြီး ထိုင်းစတိုင် ဆန်လှော်မှုန့်နဲ့ ချဉ်စပ်လေးသုတ်ထားတာ ။

 

 

 

ကဲ   အချိုပွဲလေး စားပါဦးနော်။

 

အမှန်တော့ ထမင်းသုတ်ကို နည်းနည်းလေးသုတ်ဖို့ ရည်ရွယ်တာ ဟိုအရွက်လေး နဲနဲထဲ့လိုက် ၊ ဒီအရွက်လေးနဲနဲ ထဲ့လိုက်နဲ့ မကုန်နိုင်၊ အခမ်းနိုင်ဖြစ်သွားရော…စားလို့ကောင်းကောင်းနဲ့

အများကြီး ဘိုက်တင်းတောင် စားကြပေမဲ့ မကုန်လို့…။

24 comments

  • Rose Minn

    August 29, 2012 at 1:13 pm

    မေရေ ဘာအသီးအရွက်တွေ ပါလဲရယ် ထိုင်းစတိုင်း နံရိုးနုနုလေး ကိုဘယ်လိုလုပ်ရတယ် ဘာတွေ ဟင်းခတ်တွေ ထည့်တယ်ဆိုတာပြောပြအုံးလေ……..လို့။ သများတို့ကို သားရေကျအောင် ပုံပြပြီးစားခိုင်းတယ်….လူဇိုး။

    • zarlay

      August 30, 2012 at 3:42 pm

      ထမင်းသုပ်တော်စားချင်လာပြီ

  • etone

    August 29, 2012 at 1:17 pm

    고추장 က ထမင်းသုပ်ထဲမှာ .. အသက်ဆိုပဲ …
    သူဖျက်လျှင် .. အရသာပျက်ရောတဲ့ ……. 🙄

    • nigimi77

      August 31, 2012 at 10:01 am

      အောင်မယ် အောင်မယ် …သိပ်တတ်နေတယ်ပေါ့လေ ။

      고추장 က အသက်ဆိုရင်

      고추 ကျတော့ကော ဘာပြောချင်သေးလဲ ။ :mrgreen:

      (မှတ်ချက် … ငရုတ်သီး မဟုတ်သော 고추 ) :mrgreen:

      • etone

        August 31, 2012 at 11:59 am

        အွန် ….. ဟိုလူဂျီး ကဏန်းဂျီး ဂွစာဂျီး ………. ဘလိုင်းကြီးရန်စနေတာလား ။
        အကောင်သေးလျှင် နှစ်ကောင်ပေးတယ် …….. 👿
        ဂူးးးးးးးးးးးးးးးး ဂါးးးးးးးးးးးးးးးးးးးးး 😆

  • may flowers

    August 29, 2012 at 1:19 pm

    ဟီးးးးးးးးးးးး တင်ချင်ဇောနဲ့ မေ့သွားတယ်။ နောက်မှ ပိုစ့်တစ်ခုအနေနဲ့ ထပ်တင်ပေးပါ့မယ်။သုတ်နည်း

    အကုန်လုံးတစ်ခု ခြင်းစီရေးပြ ၊ ရှင်းပြရင် တော်တော်ရှည်မှာမို့ နောက်နေ့ကျမှ ရေးပြီးတင်ပေးမယ်နော်။

  • Ma Ei

    August 29, 2012 at 1:32 pm

    အချိုပွဲလေးဘဲ စားလိုက်တော့မယ်နော်…
    နဂါးမောက်သီးဆို အဖြူထက် အနီကိုပိုကြိုက်တာ…
    သူ့အပင်လေးတွေကလဲ လှတယ်…

  • ကို ခင်ခ

    August 29, 2012 at 1:33 pm

    ကင်ချီထမင်းသုတ် တော့မစားဘူးပါ။ ရန်ကုန်ရောက်တုံးက လှည်းတန်းအမေ့တိုက်ခန်းသွားရင် ကိုရီးယားစားသောက်ဆိုင်က ကင်ချီထမင်းကျော်ဝယ်စားတာတော့ ကောင်းတယ် မမေရေ။
    မမေပြင်ထားတဲ့ပုံကြည့်ရတာလဲ ကောင်းမယ်ထင်မိပါတယ်။

  • may flowers

    August 29, 2012 at 2:07 pm

    ဟုတ်တယ် အိတုန်ရေ…ကိုရီးယားထမင်းသုတ်မှာ ငရုတ်နှစ်မပါရင် လုံးဝစားရတာ အရသာကွဲသွားသလို

    ပါပဲ.။

    မအိရေ တိုက်တိုက်ဆိုင်ဆိုင် မေလည်း နဂါးမောက်သီးဆို အနီပဲပိုကြိုက်တယ်။ အဖြူသီးလုံးဝမကြိုက်ဘူး။

    ကိုခင်ခရေ ထမင်းသုတ်မစားဖူးရင် နောက်ရန်ကုန်လာတုံးကြုံရင် ကိုရီးယားထမင်းသုတ်ဖိတ်ကျွေးပါ့မယ်။

    မဒမ်ခင်ခကိုရောပေါ့။

  • Novy

    August 29, 2012 at 2:33 pm

    ကိုရီယားထမင်းသုပ်တစ်ခါမှ လုပ်မစားဖူးဘူး
    နဲနဲမြည်းသွားတယ်
    နံရိုးသုပ်တော့ အကုန်စားသွားတယ်

    အော်..အသီးလည်းစားသွားတယ်

  • casper

    August 29, 2012 at 2:43 pm

    စားချင်စရာကိုရီးယားထမင်းသုပ်လုပ်နည်းလေးပြောပြပါလားဗျာ။

  • manawphyulay

    August 29, 2012 at 2:49 pm

    ထမင်းသုပ်လေးက အတော်ကောင်းမယ့်ပုံ.. အောက်က အချိုပွဲတော့ မစားတော့ဘူး။ အရောင်မကြိုက်လို့နော်။

  • we R one

    August 29, 2012 at 4:12 pm

    ဗို်က်ချာပါတယ် ရှိုမှ နာရဲ ဘယ် post ကို ဝင်ကြည့်မိတာပါလိမ့်…။ 😀
    ထမင်းသုပ်လေးက စားချင်စရာလေး…။
    အားရပါးရ သရေ ကျသွား ပါကြောင်း

  • aanyar thar

    August 29, 2012 at 5:56 pm

    ကကြီး..ထမင်းသုပ်..မှာ..နဂါးမောက်သီးပါလားဗျာ..တနီုင်ငံလုံး.လိုက်ရှာတောင်..ဘယ်မှာတွေ့ပါ့မလဲ..မြန်မာထမင်းသုပ်ဟာ..မြန်မာ..ထမင်းသုပ်ပါ..ငါ့အစ်မ တို့ရယ်…ကင်မ်ချီ..ဆိုတာ..ကကြီးမှာ..စားစရာတစ်ခြားဟာ..ကိုမရှိ့လို့..ဒါပဲ..နေ့တိုင်းစားနေကြရရှာတာပါ….ကျနော်တို့မြန်မာပြည်က..သူတို့ထက်စားစရာ..ပေါပြည့်စုံပါတယ်.ဗျာ….ဆိုင်ကထင်းသုပ်..လာပို့တဲ့နေ့ဆို..(ကကြီးမှာ..ကျွန်ခံနေရတဲ့..)..ကျနော်တို့ရဲ့..ဥပုဒ်နေ့ပါ…အစ်မရဲ့ထမင်းသုပ်က..ဒီကဟာ..ထက်အများကြီး..အဆမတန်..ကွာပါတယ်..အရသာပိုပါတယ်ဗျာ….မြန်မာရဲ့ အရသာရှိ့တဲ့ ထမင်းသုပ်တစ်ပွဲလို့ပဲ..ကျနော်မှတ်ယူတယ်..

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 6:12 pm

    အနော်ကဒေါ့ ကိုရီးယား ထမင်းသုပ်လည်း ကြိုက်တယ် ..
    ထမင်းသုပ် စားပြတဲ့ မင်းသမီး လေးတွေကိုလည်း ကြိုက်တယ် ..
    အဲ့ ကိုရီးယား မင်းသမီးတွေထဲမှာမှ အွန်စော လေးကို ရေလည်ခိုက်မိဘာဒယ် ..
    အွန်စော နဲ့ တူဒဲ့ တောင်မလေး တွေ့ရင်လည်း ပြောဘာနော် .. ကြိုက်ချင်ရို့ .. :mrgreen:

  • si tone

    August 29, 2012 at 7:47 pm

    ကင်ချီထမင်းသုတ် တော့စားချင်တယ်…. ပီးတော.အချိုပွဲလဲစားချင်းတယ်… ဝက်သားတော့မစားချင်းဘူး

  • Htoo thin

    August 29, 2012 at 8:02 pm

    ယက်သားဘဲသားမယ်

  • pooch

    August 29, 2012 at 9:17 pm

    ဒီမှာတော့ လွယ်လွယ်ရတဲ့ ဆိုင်ကပဲ ဝယ်စားဖြစ်တယ်။
    နဂါးမောက်သီးကို အဖြူသီးကို ပိုပြီး ခံတွင်းတွေ့မိတယ်။ 😀

  • may flowers

    August 29, 2012 at 10:31 pm

    ဟုတ်ကဲ့ ပါမွန်မွန်ရေ အမြန်ဆုံးတင်ပေးပါ့မယ်။
    Novy ရေခုလိုလာရောက်အားပေတဲ့အတွက်ကျေးဇူးနော် ။
    casper ရေ အမြန်ဆုံးရေး တင်ပေးပါ့မယ်။
    manawphyulay ရေ အရောင်မကြိုက်ပေမဲ့ တော်တော်လေးချိုပါတယ် ..စမ်းစားကြည့်နော်။
    we R one ရေခုလို လာရောက်ကြည်ရှုကော့မန့် ပေးတဲ့အတွက် ကျေးဇူးပါလို့။
    မြန်မာ စစ်စစ်က သုတ်တဲ့ထမင်းသုတ်မို့ မြန်မာထမင်းသုတ်လို့လည်း ခေါ်ချင်ခေါ်နိုင်ပါတယ် aanyar thar
    ရေ..။ဒါပေမဲ့ မြန်မာစတိုင် ဆီချက်တို့ ၊ ပဲမှုန့်တို့နဲ့ သုတ်တာမဟုတ်ပဲ ကိုရီးယားပုံစံကို မြန်မာမှုပြုပြီး ငရုတ်
    နှစ်တို့ ကင်ချီတို့၊ နှမ်းဆီမွှေးနဲနဲ နဲ့သုတ်ထားတာမို့ အလွယ်ကိုရီးယားသုတ်လို့ခေါ်လိုက်တာပါ။
    မဟာရာဇာ အံစာတုံးရေ ကိုရီးယားထမင်းသုတ်ကို ကြိုက်ရင်အဝဆွဲသွားနော် ဒါပေမဲ့အမကခု ကိုရီးယား
    မှာနေတာမဟုတ်တော့ အွန်စော နဲ့ တူဒဲ့ တောင်မလေးတော့မတွေ့မိသေးဘူး တွေ့ရင်ပြောမယ်နော်…။
    si tone က ဝက်သားမကြိုက်ဘူးလား…နောက်မှ ကြက်သားနဲ့ သုတ်ကျွေးမယ်နော်..။
    Htoo thin ရေ အားပေးတဲ့အတွက်ကျေးကျေးပါ။
    poochရေ ကိုယ်တိုင်လုပ်စားရင် အရသာလည်းပိုရှိပြီး သန့်လည်းပိုသန့်ရှင်းတာပေါ့။ လုပ်ရတာလည်းအရမ်းလွယ်ပါတယ်။ နဂါးမောက်သီးကတော့ မေဖလားဝါးကအနီကိုပိုကြိုက်လို့ အနီ
    သီးပဲ ဝယ်စားဖြစ်တာများတယ်။

  • ကြောင်ကြီး

    August 30, 2012 at 10:13 am

    ကိုရီးယားထမင်းသုတ်
    အပျိုဂျီးများအတင်းတုပ်
    ဗိုလ်ကြီးကုလားဂျင်းပြုတ်
    ဂြိုလ်စီးအသွားကင်းဟုတ်..။

  • မောင်ပေ

    August 30, 2012 at 1:24 pm

    မေလေးနဲ ့တွေ ့မှပဲ မေလေးကိုယ်တိုင်သုပ်ကျွေးတာကို အရသာရှိရှိစားတော့မယ်ကွာ

  • may flowers

    August 30, 2012 at 2:11 pm

    welcome ပါကိုပေရေ..ကိုယ့်မောင်နှမချင်းချင်းတွေပဲ ရပါတယ်။ ကိုရီးယားထမင်းသုတ်ကို ဘယ်တော့လာစားနိုင်မလဲ သာပြောလိုက်လေ။ တစ်မိသားစုလုံးတွက် သုပ်ကျွေးပါ့မယ်။

    ကိုကြောင်ကြီး ကဗျာကိုတွေ့မှ သတိထားမိတယ် ကိုရီးယားကားတွေထဲမှာ ထမင်းသုပ်စားရင်းအတင်း
    တုတ်ကြတဲ့ အခန်းကတော်တော်များများပါတာနော်..။

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:02 am

    ဖတ်ရှု့လေ့လားသွားကြောင်းပါခင်ဗျာ
    အစားအသောက်တွေကတော့ ကျနော်မကြိုတ်လောက်တဲ့ ပုံတွေပါပဲ

Leave a Reply