တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်တယ်ဆိုပါလား

ကို သာAugust 29, 20121min53025

တရုတ်နိုင်ငံထုတ် Chery ကား များတွင် ကင်ဆာ၊ တီဘီဖြစ်စေနိုင်သည့် ဓာတုကျောက်မှုန့် အသုံးပြုထားကြောင်းတွေ့ရှိရ၍ ဩစတျေးလျနိုင်ငံတွင် Cheryကားများပြန်သိမ်းနေပြီး စင်ကာပူနိုင်ငံတွင်လည်း Chery ကားများကို စစ်ဆေးနေကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

Chery ကားများတွင် Asbestos (ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်မှုန့်) များထည့်သွင်းအသုံးပြုထားပြီး အဆိုပါ Asbestos မှာ ကြာရှည်ရှုရှိုက်မိပါက အဆုတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဩစတျေးလျနိုင်ငံတွင်စတင် တွေ့ရှိခြင်းဖြစ်ပြီး Chery J3 Sedan နှင့် Chery T11 SUV ကား အမျိုးအစားများကဲ့သို့ တန်ဖိုးမြင့်ကားများတွင် တွေ့ရှိရခြင်းဖြစ်ကြောင်းနှင့် အစီးရေ ၂၃၀၀ဝ အား ပြန်သိမ်းနေကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၅ဝ ကျော်မှ Asbestos အသုံးပြုခြင်းအား ကန့်သတ်ထားပြီး ဩစတျေးလျနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ ကားများ၌ Asbestos သုံးခြင်းကို တားမြစ်ထားကြောင်း၊ စင်ကာပူတွင်လည်း ၁၉၉၅ ခုနှစ်မှစ၍ ကား များတွင် Asbestos သုံးစွဲခြင်းကို တားမြစ်ထားကြောင်းသိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံထုတ် Chery ကားများကို တင်သွင်းအသုံးပြုမှု များပြားလာကြောင်း၊ ကိုယ်တိုင် စီးနင်းခြင်းထက် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် အသုံးပြုမှု ပိုမိုများပြားလျှက်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံတွင် တင်သွင်းအသုံးပြုနေသည့် Chery ကား များတွင်မူ စစ်ဆေးမှုမရှိ၍ Asbestos ပါဝင်ခြင်းရှိမရှိကို မသိရှိနိုင်ပါ။

ပြန်သိမ်းမည့် အစီအစဉ် ရှိမရှိ ဆိုသည့် မေးခွန်းမျိုး လွှတ်တော်သတင်းများတွင် မဖတ်ဖူးပါ။ ။

ref; Eleven Media

25 comments

  • Khaing Khaing

    August 29, 2012 at 3:13 pm

    တရုတ်ကတော့ မပြောချင်တော့ဘူး …… အစားအသောက် စားသုံးဆီ ကလေးကစားစရာပစ္စည်း လူသုံးကုန် အခုဇိမ်ခံပစ္စည်း …… ဘာတစ်ခုမှ စိတ်ချရမှုမရှိတဲ့ တရုတ်ပစ္စည်းတွေ ………..နောက်ဆို တရုတ်ပစ္စည်း တွေကိုကန့်ကွက်သင့်ပြီး စစ်ဆေးသင့်ပြီးလို့ထင်ပါတယ် ……….

  • ကို ခင်ခ

    August 29, 2012 at 3:50 pm

    ဟေ ဟုတ်လား၊ အတော်လုပ်ကြပါကွယ်၊ နှိပ်စက်နိုင်ကြပါပေ့။
    တော်သေးတယ် ခင်ခတို့က ဝသောသူမို့ အဲဒီကားသေးလေးနဲ့ မလိုက်တော့ မစီးဖြစ်လို့။

  • ဦးဦးပါလေရာ

    August 29, 2012 at 4:02 pm

    ကျောက်ဂွမ်းဆိုတာ ဟိုးအရင်တုန်းကတော့ ပြည်တွင်းထုတ် လူသုံးကုန်ပစ္စည်းတွေမှာကို ပါဝင်တယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ စက်မှု့(၁)က အရာရှိတွေပဲ ပြောနိုင်မလားလို့…။

    ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ချယ်ရီလေးတွေဝယ်ပြီး taxi ဆွဲစားနေသူတွေအတွက် စိတ်မကောင်းလိုက်တာ..။ သူတို့မှာ ကားဘိုးကလဲ သုံးပုံနှစ်ပုံလောက်လျော့သွားပြီး ခွက်ခွက်လန်ရှုံးရသေး၊ ကင်ဆာဖြစ်မယ်ထင်ပြီး လူတွေမစီးမှဖြင့်….။

  • ဆူး

    August 29, 2012 at 4:04 pm

    တက္ကစီ ဆွဲနေတဲ့ လူတွေတော့ ဒုက္ခပဲ တနေကုန် အဲဒီ ပေါ်မှာ ငုတ်တုတ် ထိုင်မောင်းနေရတာ သနားပါတယ်။

  • YE YINT HLAING

    August 29, 2012 at 4:06 pm

    ဒါဆိုရင်တော့ Chery ကားတွေ အများကြီးတွေ.ရတော့မှာပဲ !

  • နေဠု ဝင်း

    August 29, 2012 at 4:54 pm

    အဲ့လိုကားတွေသတိထားကြဟေ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 29, 2012 at 6:07 pm

    ဟုတ်ဘူးလေ
    ငပိဂိုဒေါင်ထဲမှာနေရင် ငပိနံ့စွဲမယ်
    ဆေးလိပ်သောက်တဲ့အခန်းထဲမှာနေရင် ဆေးလိပ်နံ့စွဲမယ်
    ဆိုခဲ့သလို ချယ်ရီကားတွေကို သက်ဆိုင်ရာဘာတွေခေါ်သဒုံး
    အဲ့ဒါနဲ့လုပ်လို့ ကားစီးသူတွေမှာ ကင်ဆာဖြစ်နိုင်တယ်ဆိုတာလား
    မောင်းဒဲ့သူကဖြစ်မှာလား ပတ်ဝန်းကျင်ဂဖြစ်မှာလား
    နံ့သာသစ်နဲ့ဆောက်ထားတဲ့အိမ်ထဲမှာဝင်နေရင် နံ့သာနံ့ကိုရှူရှိုက်ရမယ့်သဘော
    နံသာသစ်ကို မီးရှို့ရင် နံ့သာသစ်ရမဲ့သဘောလား
    မရှင်းဘူး
    ဒါ
    ကျုပ်တို့ တရုပ်ကားတွေကို ထိခိုက်တဲ့အတွက် ရှင်းရှင်းပြောဂျဇန်း 👿

  • ကထူးဆန်း

    August 29, 2012 at 6:20 pm

    ကြားဖူးနားဝ ပြောရတာ ဆိုတော့ သိပ် အားမရှိသလို သိပ်လည်း ကြောက်မသွားကြပါနဲ့ ။
    ကျွန်တော် တို့ မြန်မာများက တော့ ကင်ဆာ မှန်းတောင် သိလိုက်မှာ မဟုတ်လို့ မကြောက်ပါနဲ့လို့ ပြောတာ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် တို့ ခင်ဗျားတို့ အိမ် တော်တော်များများ မှာ အရင်က သုံးထားတဲ့ မျက်နှာကျက် ကျောက်ပြားများဟာ အဲ့ဒီ့ Asbestos (ကျောက်ဂွမ်း ) နဲ့ လုပ်ထားတာ ခင်ဗျ ။
    မကြာမီ နှစ်ပိုင်းများ အထိ အဲ့ဒါတွေ ရောင်းတုန်း တပ်ဆင်တုန်း ။
    အခုမှ ဂျပ်ပဆင် ဘုတ်တွေ ရယ်လို့ ၊ ရှီလာ ဘုတ်တွေရယ်လို့ Asbestos Free ဆိုပြီး သုံးလာနိုင်ကြတာ ဆိုတော့ အဲ့ဒီ့ အခန်းတွေ ထဲနေ ရှုရှိုက်လာကြတာ ကြာပါကောလား ….
    မကြောက်ပါနဲ့ .. အမှန်ပြောတာ .. သေတစ်နေ့ မွေးတစ်နေ့လို့သာ အောင်းမေ့လိုက်ပါ .. 😀
    ပိုက်ပိုက်တတ်နိုုင်ရင်တော့ အိမ်က မျက်နှာကြက်ပြား ဘာတတ်ထားလဲ မေးပြီး ပြန်လဲခိုင်းပေါ့ဗျာ ။ အရင် ကစလ ထုတ် တို့ ဆို သေချာပါ့ဗျာ ။ ကျွန်တော်လည်း အဲ့ဒီ့အောက်မှာ နေ့စဉ် ရှုရှိုက်တုန်းပါဘဲ .. 😀

  • ဦး ဂျစ်

    August 29, 2012 at 7:27 pm

    အော် … လူ့ဘဝ …. လူ့ဘဝ ..
    စိမ်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါလား …
    ထိုင်တွေးကြည့်နေရင် ကြောက်စရာတွေချည်းပါလားနော်….
    အသက်ကို ဉာဏ်စောင့်၏ …
    ဆောင်သင့်ကဆောင် … ရှောင်သင့်က ရှောင်… အကောင်းဆုံးပေါ့ဗျား …။

  • မောင်ပေ

    August 29, 2012 at 10:30 pm

    အင်း…တရုတ်က လာတဲ့ အစားအစာ က လုပ်ကြံမှုတွေ နဲ ့တဲ့
    အခု ကားတဲ့
    တစ်ကယ့်တစ်ကယ်တမ်း သိပ်မပြောဖြစ်တဲ့အကြောင်းအရာတွေ အများကြီး ရှိဦးမှာပေါ့နော
    တရုတ်က ဝင်တဲ့ ဆိုင်ကယ်
    နောက်ပြီး တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလုပ်ငန်းရှင်တွေ နေ ့စဉ် ကြုံတွေ ့နေရတဲ့ ၊ လုံးဝ ကြာရှည်အသုံးမခံတဲ့ တရုတ်စက်ပစ္စည်းတွေ…….
    လုံးဝ ကွာလတီ အာမခံချက် မရှိသော မြန်မာနိုင်ငံမှ တရုတ်ပစ္စည်းများ ပျောက်ကွယ်သွားမည့်နေ ့သည် ..?

  • ko win

    August 29, 2012 at 10:55 pm

    Chery J3 Sedenနှင့် Chery T11 SUVကား အမျိုးအစားများကဲ့သို့ လို့ဆိုထားတော့ ကျွန်တော်အခုမောင်းနေတဲ့ Chery QQ3 တော့သေချာမသိရသေးဘူးပေါ့နော်။
    ကားငှားစီးနေကြတဲ့ အများပြည်သူအပေါင်းတို့လည်း သိပ်တော့မစိုးရိမ်ကြပါနဲ့။ မြန်မာပြည်က Chery QQ3 တွေကလည်း တစ်နှစ်ပဲ အငှားယာဉ်လုပ်လို့ရတော့မှာပါ။
    ကျွန်တော်ကလည်း မနက်ဖြန်/သဘက်ဆို အုံနာဆီ ပြန်အပ်တော့မှာ။
    အဲသည်တော့ ကွက်တိပါပဲ။

  • ရဲစည်

    August 30, 2012 at 2:10 am

    အော် ဂလိုဂျီးလားကွယ်
    အနော်တို့တော့ သိပ်ကြောက်တတ်ဖူး
    ကံနဲ့ ကြမ္မာ တွဲရက်မို့
    ဖြစ်ချိန်တန်လို့ ဖြစ်နေ ဖြစ်ခဲ့ပီးပီ
    ပျက်ချိန်တန်တဲ့ တနေ့ကျ

    တတာပေါ့ …. ရေသောက်ရင်းနဲ့တောင် သေတတ်တာကိုး
    ကျနော့်အူးလေးဆို အဆိပ်အတောက်တွေ ကြားထဲ အသက်မွေးခဲ့တာ
    စကားပြောနေရင်း ခေါင်းယားလို့ ခေါင်းကုတ်လိုက်တုန်း ဦးနှောက်သွေးကြော ပြတ်ပီး သေသွားတယ် ….
    :mrgreen: ကဲ ဘယ်လိုလဲ … ? ဘယ်လိုမှ မလဲဘူး အဲလိုဘဲ ၊ စီးသာစီး ဂရုမစိုက်နဲ့ :mrgreen:

  • kai

    August 30, 2012 at 3:06 am

    Asbestos found in Chinese-made cars in Australia

    Published on Aug 15, 201

    SYDNEY (AFP) – Some 23,000 cheap Chinese-made cars were on Wednesday recalled in Australia after asbestos was found in their engines, with unions demanding to know how they came to be in the country.

    Importer Ateco Automotive instructed all Chery and Great Wall dealers to stop selling affected vehicles, with the Australian Competition and Consumer Commission (ACCC) closely watching developments.

    The asbestos was found bound in gaskets in the engine and exhaust systems.

    “Asbestos is a prohibited hazardous substance and these engines and exhaust systems should only be worked on by qualified personnel using appropriate safety procedures,” said ACCC deputy chair Delia Rickard.

    http://www.straitstimes.com/breaking-news/money/story/asbestos-found-chinese-made-cars-australia-20120815

    ==
    http://en.wikipedia.org/wiki/List_of_asbestos_disease_medical_articles
    List of asbestos disease medical articles

    Thousands of scientific and medical articles have chronicled man’s understanding of the hazards of asbestos to human life. [1] [2] This understanding paralleled the growth of the industrial revolution, particularly in the textile factories and mines of Great Britain. This body of knowledge is frequently referred to in litigation as the state of the art or the benchmark for determining if a company acted within the bounds of negligent behavior. The following is a chronological list of some of the major pre-1950 scientific and medical articles relating to the knowledge of the medical and scientific communities regarding asbestos and disease in humans:
    Year Publication
    1898 Annual Report of the Chief Inspector of Factories and Workshops, Part II. H.M. Stationery Office. 1898. pp. 171-172.
    1912 “Effect of Asbestos Dust on Workers Health in Asbestos Mines and Factories”. The Labour Gazette: 761-762. 1912.
    1918 Hoffman, F.L. (1918). Mortality from Respiratory Diseases in Dusty Trades (Inorganic Dusts). U.S. Dept. of Labor, Bureau of Labor Statistics. pp. 35-47, 163-181.
    1924 Cooke, W.E. (July 26). “Fibrosis of the Lungs due to the Inhalation of Asbestos Dust”. British Medical Journal: 147.
    1928 Editorial (1928). “Pulmonary Asbestosis”. JAMA. 2 98: 119-120.
    1928 Simpson, F.W. (1929). “Pulmonary Asbestosis in South Africa”. British Medical Journal: 885-887.
    1929 Haddow, A.C. (August 3). “Asbestosis”. The Lancet: 231.
    1929 Wood, W.B. (May 10). Tubercle: 353-363.
    1930 Correspondence, Foreign Letters (June 28). “Compensation Act to be Extended to Asbestosis”. JAMA: 2078.
    1930 Mills, R.G. (June 28). “Report of a Case”. Minnesota Medicine: 495-499.
    1930 Editorial (1930). “Current Comment, Pulmonary Asbestosis”. JAMA 95 (19): 1431.
    1930 Merewether, E.R.A. (May 1930). “The Occurence of Pulmonary Fibrosis and Other Pulmonary Afflictions in Asbestos Workers”. J.Indus.Hyg.. 5 12: 198-257.
    1930 “Health and Industrial Hygiene – Pulmonary Asbestosis”. Monthly Labor Review 31: 74-76. 1930.
    1930 Encylopedia of Hygiene, Pathology and Social Welfare: Occupation and Health, Vol. I, A-H. Geneva: International Labor Office. 1930. pp. 189-181.
    1930 Gardner, L.U. (1931). “Studies on Experimental Pneumonoconiosis: VI. Inhalation of Asbestos Dust, Its Effect Upon Primary Tuberculosis Infection”. J.Indus.Hyg.. 2 Vol. 13: 65-114.
    1930 Gordon, B (June 1931). “Pulmonary Asbestosis”. Penn.Med.J. 35: 637-639.
    1934 Gloyne, S.R. (1934). Lancet 2.
    1938 Dreesen (August 1938). “A Study of Asbestos in the Asbestos Textile Industry”. U.S. Treasury Dept., Public Health Bulletin: 1-126.
    1941 Dublin (1941). “Occupational Hazards and Diagnostic Signs, Bulletin”. U.S. Dept. of Labor, Div. of Labor Standards 41: II, IV, V and 25.
    1942 Holleb, H.B. (1942). “Bronchiogenic Carcinoma in Association with Pulmonary Asbestosis”. American Journal of Pathology: 123-131.
    1944 Wedler, H.W. (1944). “Asbestosis and Pulmonmary Carcinoma”. Bulletin of Hygiene 19: 362.
    1944 Editorial (November 25). “Environmental Cancer”. JAMA: 836.
    1944 Hutchinson (1944). “Dust as an Industrial Health Hazard”. Heating and Ventilating 41 (6): 57-61.
    1946 Fleischer, W.F. (1946). “Health Survey of Pipe Covering Operations in Constructing Naval Vessels”. Journal of Industrial Hygiene and Toxicology 1: 9-16.
    1948 Lynch, K.M. (1948). Asbestosis IV: Analysis of Forty Necropsied Cases, Diseases of the Chest. pp. 79-81.
    1949 Merewether (1949). Annual Report of the Chief Inspector of Factories for 1947. London: H.M. Stationary Ofc.. pp. 79-81.
    1949 Wyers (1949). Asbestosis. Postgraduate Medical Journal. pp. 631-638.

  • ကြောင်ကြီး

    August 30, 2012 at 9:00 am

    ရွာထဲက မြစ်ဆုံရေကာတာ စီမံကိန်း ဝါဒဖြန့်ချီရေးမှူး ကြေးမုံဂျီးကတော့ တိုယိုတာကိုရိုလာ ဟိုက်ဗရစ်ပဲ စီးတာဆိုပီး မာန်တက်နေလေရဲ့…။

  • ပစ်ပစ်ချန်

    August 30, 2012 at 10:14 am

    ဒီကလူတွေက ဒီလောက်တော့ အေးဆေး
    ဒါမျိုးတွေက ရိုးနေဘီ 🙄

  • kyeemite

    August 30, 2012 at 11:18 am

    ကိုထူးဆန်းပြောတာမှန်တယ်ဗျ..သိပ်မကြောက်ကြပါနဲ့..
    စက်မှု့(၁)ကထုတ်တဲ့ မျက်နှာကျက်ကျောက်ပြားရော
    အမိုး မိုးကြတဲ့ မီးခံကျောက်ပြားရော Asbestos (ကျောက်ဂွမ်း ) နဲ့လုပ်တာပါ
    ခုထိ လူတွေသုံးနေကြတုံးပါ။ အဲဒီမီးခံကျောက်ပြားစက်ရုံမှာလုပ်တဲ့ ဝန်ထမ်းတွေဆို
    ပိုဆိုးတာပေါ့…နေစဉ် တိုက်ရိုက်ရှုနေကြရတာ..ကျန်းမာရေးဋ္ဌာနကလည်းစစ်ဆေးပြီး
    ကင်ဆာဖြစ်မှာပါလို့ အသေအချာပြောတာပဲ..ဒါပေမဲ့ အစိုးရပိုင်စက်ရုံဆိုတော့…

  • Ko Ko Aung

    August 30, 2012 at 11:49 am

    ကျွန်တော်ကြားဖူးတာတော့
    ကျောက်ဂွမ်းလို့ခေါ်တဲ့ ဖိုင်ဘာအမှုန်အစတွေ အဆုတ်ထဲစိုက်ဝင်ရာကနေ အဆုတ်ကင်ဆာဖြစ်တာပါလို့ ဆိုပါတယ်။
    အခု ကားမှာသုံးထားတာက ဂက်စကက်လို့ခေါ်တဲ့ အင်ဂျင်အဖုံးသံပြားကြားမှာ ကြားခံပစ္စည်းအဖြစ်သုံးတာမို့ အဲဒီက အမှုန်ထွက်စရာမရှိပါဘူး..။
    အိတ်ဇောအတွင်းမှာ အပူခံဇကာမျိုးအဖြစ်သုံးတာကလဲ ကာဗွန်အမှုန်တွေ တရစပ်တွဲကပ်ပြီးသားမို့ အန္တရယ် နည်းပါလိမ့်မယ်။
    တကယ်အဆုတ်ကင်ဆာဖြစ်စေမှာက လူကြား တိုက်ကြားထဲမှာ ထင်းမီးထိုးပြီး ကတ္တရာကိုမီးရှို့ပြီး ကတ္တရာကျိုတဲ့ စည်ပင်နဲ့ လမ်းဆောက်လုပ်ရေးတွေရဲ့ လုပ်ရပ်ဖြစ်ပါကြောင်း။

  • winkyawaung

    August 30, 2012 at 1:02 pm

    ကြောက်စရာကောင်းနေပါပြီဗျာ..။ တရုပ်က ကလေးတွေေ ရာဂါရစေတဲ့ ကစားစရာနဲ့ စားစရာမှုန့်မျိုးစုံနဲ့ နို့မှုန့်တွေဖြန့်တယ်။ ယခု လူသားတွေ ဒုက္ခပေးမယ့် အဆုတ်ကင်ဆာ ဆိုတော့ ..။ ကားစီးချင်သူတွေ သတိထားကြပါ။

  • Foreign Resident

    August 30, 2012 at 2:17 pm

    သတင်းတစ်ခုကို သေသေချာချာ ရေဆုံးရေဖျား မလိုက်ပဲ ၊
    လွယ်လွယ် အပြစ်တင် လွယ်လွယ် ကြောက်နေကြတာပါ ။
    သိပ် စိတ်ပျက်တာပဲ ။

    ၁ ။ Cherry မေါ်ဒယ် ၂ခုမှာ မြန်မာပြည်က QQ မပါသေးပါဘူး ။
    ၂ ။ အဲဒီ asbestos ကလည်း gaskets နှင့် exhaust systems က
    ဆန်ကာမှာ သုံးတာဆိုတော့ ပစ္စည်းတွေက သေးသေးလေးတွေပါ ။
    ၃ ။ မြန်မာ တစ်ပြည်လုံး နီးပါးသုံးနေတဲ့ စက်မှု ( ၁ ) ကထုတ်တဲ့
    မျက်နှာကျက် အမိုးပြား ဆိုတာ အဲဒီ asbestos အပြားကြီးပါဗျ ။
    အဘ တို့ ရန်ကုန်အိမ်က ၁၉၈၈ မတိုင်မှီက ဆောက်တာဆိုတော့ ၊
    တစ်အိမ်လုံး နီးပါး မျက်နှာကျက်က asbestos တွေချည်းပဲ ။

    ဘယ့်နှယ် နေရာအနှံ့တွေ့နေရတဲ့ ၊
    အမှုန်တွေ လွင့်ချင်တိုင်း လွင့်နေတဲ့ ၊
    asbestos မျက်နှာကျက် အမိုးပြားကြီးတွေ ကိုတော့ မပြောပဲ ၊
    ဒီ အင်ဂျင်ထဲမှာ ကြားညှပ်ထားတဲ့ ၊
    အမှုန် မလွင့်နိုင်တဲ့ဟာ သေးသေးလေး ကို ၊
    ကြီးကြီး ကျယ်ကျယ် ဇာချဲ့နေတဲ့ ၊
    ပညာ ဗဟုသုတ နေရာမှာ အံ့မခန်း တော်လွန်းတဲ့ ၊
    မြန်မာ ပြည်သားများကို အံ့ဩမိပါရဲ့ ။

    • kai

      August 30, 2012 at 2:22 pm

      ပြီးတော့.. မူရင်းသတင်းရှာတင်ပေးတဲ့.. ကျုပ်ကိုကျ.. အနီပေးသွားတယ်..
      သာဓု.. 😕

      • Wow

        August 30, 2012 at 2:44 pm

        အနေအထိုင်မှ မတတ်တာ…. ဟီး… 😛

    • ကထူးဆန်း

      August 30, 2012 at 2:51 pm

      ဟိဟိ .. သူဌေးကြီးများ ခံလိုက်ရတာ ။
      ဘီတင်လေးတွေကွပ် .. ပုံလေးတွေ ဖော်နဲ့ ..
      မျက်နှာကျက် မကပ်နိုင်တဲ့ သူတွေက တော့ အေးဆေးပေါ့ .. :mrgreen:

      • Foreign Resident

        August 30, 2012 at 3:51 pm

        သူဋ္ဌေး မ ကြီးလို့ ခံလိုက်ရတာပါဗျာ ။
        အဲဒီ မဆလ ခေတ်က တကယ့် သူဋ္ဌေးကြီး တွေက ၊
        ကျွန်း ၁” ထု မျက်နှာကျက်တွေ တပ်ကြတယ်လေ ။

  • kotun winlatt

    August 30, 2012 at 3:17 pm

    ဟယ်….ကင်ဆာတဲ့လားးးးးတီဘီတဲ့လားးးးး
    တော်သေးတယ်..တောမှာနေတော့ ကားလည်းမစီးနိုင်..အိမ်ကလည်း သက်ကယ်မိုးဆိုတော့ မိုးဘားမလို…
    ဟီဟိ…ဂုဏ်ယူသကွာ…တောသားဖြစ်ရတာ…

Leave a Reply