ဒီပါကို ပြန်လာပြီ

DEPARKO DEPARKOAugust 29, 20121min1438

ဝမ်ပုံရွာကလေး…….
မဲခေါင်မြစ်ကလေးပေါ်မေးတင်နေလေရဲ့။ တစ်ဖက်ကမ်းမှာတော့ လာအိုနိုင်ငံက ရွာကလေး နှစ်ဆယ့်လေးနာရီ လျှက်စစ်မီးရသတဲ့၊ ဘတ် ၁၀ဝ (ထိုင်းငွေ) ပေးပြီးကြိုက်သလိုသွားလို့ရသတဲ့၊ လာအိုထီး လာအိုမတွေ ဒီဘက်ကမ်းမှာဈေးနေ့(ကြာသာပတေးနေ့တိုင်း) ဝမ်ပုံရွာလေးကိုဈေးလာဝယ်ကြတယ်။ မြန်မာနိုင်ငံရဲ့ ရွာကလေးဟာ မြန်မာငွေသုံးလို့မရဘဲ ထိုင်းဘတ်ငွေကိုသာသုံးကြလို့ ငွေလဲလိုက်ရတယ်။ မြန်မာနိုင်ငံမှာ ဖုန်းတွေကိုဈေးကြီးကြီးပေးဝယ်နေရတဲံအချိန် (GSM 200000/ WCDMA 250000ကျပ် ဘတ်ငွေ၁၀၀၀ဝခန့်) မှာ လာအိုဖုန်း UNITEL ။ ထိုင်းဖုန်း 12 call ။ Detect ။ ဖုန်း ရ မျိုးလောက်ရှိပြီး ကြိုက်တာယူ ကြိုက်တဲ့လိုင်းယူ ဘတ် ၅ဝ ထဲ မြန်မာငွေ ၁၂၅ဝ ကျပ်နဲ့ ဖုန်းတစ်လုံး ကိုင်လို့ရတယ် တစ်ဖက်ကမ်းမှာလည်း တာဝါတိုင်ကြီးက ဟီးလို့ Over sea call သုံးပြီး မြန်မာပြည်တွင်းကရွာငယ်ကလေးကနေ သူမျာနိုင်ငံရဲ့ဖုန်းကိုကိုင်ပြီး သူတို့နိုင်ငံကိုပိုက်ဆံပေးပြီး ဆက်ကြည့်တာ တစ်မိနစ်ကို ၂၀ဝ ကျပ်(မြန်မာငွေ) လောက်ဘဲကျတယ် ။ ငွေဖြည့်ကဒ်ကလည်း ဘတ် ၄၀၊ ဘတ် ၈၀၊ ဘတ် ၂၀၀။ (ကျပ်ငွေ၁၀၀ဝကို ၃ရဘတ်) ကြိုက်သလောက်ဝယ်လို့ရတယ် ငွေဖြည့်ကဒ်မြန်မာငွေတန်ဘိုး ၁၀၀ဝ ကျပ်တန်ကစတော့ ကျွန်တော်တို့ဆီက ၁၀၀၀၀/ ၃၀၀၀၀ဝ တန်ငွေဖြည့်ကဒ်တွေသွာမြင်ယောင်မိသေးတယ်။
မြန်မာနိုင်ငံမြေပုံထဲက မြန်မာနိုင်ငံရဲ့ရွာလေးတစ်ရွာဖြစ်ပေမည့် မြန်မာငွေသုံးလို့မရ ဘတ်ငွေသုံးပြီး မြန်မာ စကားမပြော ထိုင်းစကားပြောပြီး (လာအိုနဲ့မျက်နှာချင်းဆိုင်) ထိုင်းနိုင်ငံကိုအလုပ်အကျွေးပြုနေတဲ့ ရွာကလေး စိတ်မကောင်းဖြစ်မိပေမဲ့ တချိန်မှာတော့ပြောင်းလဲတန်ကောင်းပါရဲ့၊
ဝမ်ပုံရွာလယ်က အကျော်ဆိုင်လေး ဆယ်ဘတ်ကို အကျော် သုံးခု တို့ဟူးသုတ်က တစ်ပွဲ ဘတ် ၁ဝ ရေနွေးကြမ်းသောက်ပြီး လေဖေါလို့ရတယ်။ ရှမ်းခေါက်ဆွဲ ဆိုင်လေးမှာ ရှမ်းခေါက်ဆွဲ တစ်ပွဲကို ဘတ်လေးဆယ် ပေါက်ဆီတစ်လုံးကို ဆယ်ဘတ် ၊ လက်ဘက်ရည်တစ်ခွက် ဆယ်ဘတ် ၊ အကြွေစေ့တွေက တစ်ဘတ်၊နှစ်ဘတ်၊ငါးဘတ်နဲ့ ဆယ်ဘတ်စေ့တွေ ဒီတော့ မတ်စေ့ ငါးမူးစေ့ တစ်ကျပ်စေ့တွေ ပြန်လွမ်းနေမိသေးတယ်။ ရန်ကုန်ပြန်ရောက်တဲ့အခါ ကျပ်ငွေကိုဘယ်လိုသုံးရမလဲ ပြန်သင်ရဦးမယ်။
ဒီရွာမှာ ယောက်ကျားတွေအသက် ၅ဝ မကျော်ဘူးတဲ့ ။ ရွာမှာရှိတဲ့ တော်တော်များများဟာ မူးယစ်ဆေးနဲ့ မကင်းတာကိုတွေ့ရတယ်။ မိန်းကလေးငယ်တွေ အများစုဟာ ငွေလိုရင် တစ်ဘက်ကမ်း(ထိုင်း၊လာအို)မှာ အလုပ်သွားလုပ်ကြတယ်၊ ငွေရလွယ်တဲ့အလုပ်ပေါ့ အမေပေးတဲ့ လယ်တစ်ကွက် ထွန်ယက်လို့ ။ လယ်လည်းညက်ညက်ကြေ ငွေလဲအတန်အတင့် စုမိရော ဒီဘက်ကမ်းပြန်လာ သုံးလိုက် ဖြုန်းလိုက် သောက်လိုက် စားလိုက်(ဒီရွာမှာ မိန်းကလေးတွေအရက်သောက် ကာရာအိုကေဆိုကြတယ် သီချင်းတစ်ပုတ် ငါးဘတ်) ကုန်ရင် ဟိုဘက်ကမ်းပြန်ကူး လိုက်နဲ့ သံသရာလည်နေတယ်။ ဝမ်ပုံ ကမ်းနားမှာ သစ်ပုံကြီးက ဟီးလို့ ကျွန်းတွေ ။ သစ်တင်ကား အစီးငါးဆယ်လောက်နဲ့ တရုတ်နိုင်ငံက သင်္ဘောတွေဟာ တစ်ခေါက်ပြီးတစ်ခေါက် တစ်ပါတ် သုံးစီးလောက်ရှိမယ်။ မြန်မာနိုင်ငံက ထွက်သမျှ သစ်တွေအကုန်နီးပါးဘဲ သစ်လုံးတွေတင်မက အမြစ်ဆုံတွေပါ အခေါက်ခေါက်တိုက်နေတာ မြင်တော့ အင်း။ မဲခေါင်မြစ်ကြီးရဲ့ရေစီးသန်သန်မှာ တရုတ်တွေရဲ့ ကုန်သင်္ဘောတွေနဲ့ ပြည့်နေလေရဲ့။ မဲခေါင်မြစ်ကြီးထဲကျွန်တော်တို့မြန်မာနိုင်ငံက သံယံဇာတတွေဟာ အတားအစီးမရှိ ရေကိုဆန်ပြီး တရုတ်နိုင်ငံကို မျောပါနေလေရဲ့။

8 comments

  • မောင်ပေ

    August 29, 2012 at 10:21 pm

    မင်္ဂလာပါ ကိုဒီပါကိုရေ
    အစ်ကို ့ရဲ ့အတွေ ့အကြုံလေးတွေကို အမြန်ဆုံး ဖတ်ချင်နေပြီ ဆိုတဲ့အကြောင်းလေးပြောရင်း
    အဲဒါ…အဲဒါ ( ခရက်ဒစ် တူ သဂျီး )

  • pazflor

    August 30, 2012 at 2:39 am

    ဝမ်းသာပါတယ်ခင်ဗျ.

  • kai

    August 30, 2012 at 6:13 am

    အမေပေးတဲ့ လယ်တစ်ကွက် ထွန်ယက်လို့ ။ လယ်လည်းညက်ညက်ကြေ ငွေလဲအတန်အတင့် စုမိရော ဒီဘက်ကမ်းပြန်လာ သုံးလိုက် ဖြုန်းလိုက် သောက်လိုက် စားလိုက်(ဒီရွာမှာ မိန်းကလေးတွေအရက်သောက် ကာရာအိုကေဆိုကြတယ် သီချင်းတစ်ပုတ် ငါးဘတ်) ကုန်ရင် ဟိုဘက်ကမ်းပြန်ကူး လိုက်နဲ့ သံသရာလည်နေတယ်။

    တော်သေးတာပေါ့..
    တချို့များ.. ရွာပြန်လာတော့.. ငွေလေးလည်းအသင့်ပါ..။ Sex Services လေး.. ပညာလေးတွေကလည်းတတ်လာတော့.. ရွာတင်မက..အနီးအနားမြို့တွေအထိ..ကျော်ကြားသပေါ့..
    ကျော်ကြားချက်နဲ့.. ယိုးဒယားပြန်ဆိုပြီး..ပြည်တွင်း.. လာရောက်ထွန်ယက်စားသုံးသူတွေနဲ့.. ဆက်အလုပ်ဖြစ်တာပေါ့..
    ပြဿနာက…
    ဟိုဖက်မှာ လယ်လည်းညက်ညက်ကြေလာတယ်ဆိုတာ.. ပြန်လွှတ်လိုက်တာမှာ.. ရောဂါပါလာတတ်တာပါ..
    အဲဒီရောဂါဟာ.. ပြည်တွင်းက..လာရောက်စားသုံးသူတွေဆီ.. ဖြန့်ပြီး.. ပြန့်ပြီး.. နဲ့..

    အနိစ္စ… 😕

  • DEPARKO DEPARKO

    August 30, 2012 at 8:16 pm

    သဂျီးရေ သွားအလုပ်လုပ်တဲ့အရွယ်တွေက ၁၃၊၁၄ အရွယ်တွေ ပြန်လာရင်ယောက်ကျားယူ ကလေးမွေး ဘူးသီးအမွှေးသပ်သလို အသိပညာ အတတ်ပညာမရှိ ဒီအလုပ်ကိုအသက်မွေးဝမ်းကျောင်းတစ်ခုလို ဒီအလုပ်နဲ့ မိဘကိုရှာကျွေးရင် မွန်မြတ်တယ်ဆိုပြီး ခေါင်းထဲရိုက်သွင်းပြီး အရွယ်မရောက်သေးတဲ့ကလေးတွေကို အမြတ်ထုတ် လိင်ကျွန်လုပ်နေတာကို မြင်ရတွေ့ရ ဘဝင်မကျလွန်းလို့ပါ

  • Htoo thin

    August 30, 2012 at 9:27 pm

    ကိုယ်ဘာများတတ်နှိုင်ဦးမှာလဲ??????

  • ဦးဦးပါလေရာ

    August 31, 2012 at 12:49 am

    တရားခံကတော့
    တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ပညာရေးကို ရာစုနှစ်ဝက်ကျော် ဖျက်ဆီးခဲ့တဲ့ သူတွေပဲ။

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:08 am

    ဖတ်ရှု့အားပေးသွားကြောင်းပါဗျာ

  • Foreign Resident

    December 15, 2012 at 6:24 am

    ” သဂျီးရေ သွားအလုပ်လုပ်တဲ့အရွယ်တွေက ၁၃၊၁၄ အရွယ်တွေ ”
    ဟင် ၊ ငယ်လှချီလား ၊ အဲဒါ ပုံမှန် ဒီအလုပ် စလုပ်ကြတဲ့ အသက်လား ။

    ” တစ်မိနစ်ကို ၂၀ဝ ကျပ်(မြန်မာငွေ) လောက်ဘဲကျတယ် ”
    မြန်မာပြည်ထက်တော့ တော်တော် ဈေးကြီးတယ်နော် ။

    ကို ဒီပါကို ရေ ပြန်လာတာ ကြိုဆိုပါတယ်ဗျာ ။

Leave a Reply