စူဠာမုနိ လောကချမ်းသာ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီး … …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (7 )…

Ma EiAugust 29, 20123min1288

စူဠာမုနိ လောကချမ်းသာ စေတီတော် နှင့် ရပ်တော်မူ ဘုရားကြီး …

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (7 )…

တောင်ကြီးမြို့ပေါ် ဘုရားများတွင် ပထမဦးဆုံး စူဠာမုနိ လောကချမ်းသာ စေတီတော်သို့သွားရောက်ဖူးမျှော်ကြမှာဖြစ်ပါတယ်…

စေတီတော်ကို 1994 ခုနှစ်တွင် ပုဂံမြို့ အာနန္နာဘုရားပုံစံတူ တည်ထားခဲ့ကြောင်းနှင့် ဘဒ္ဒကမာ္ဘတွင်ပွင့်တော်မူပြီးခဲ့သော ဘုရားလေးဆူအား

ရည်မှန်း၍ ရပ်တော်မူဆင်းတုတော်ကြီးလေးဆူကို အာရုဏ်ခံမုဒ်များအတွင်းတည်ထားကိုးကွယ်ကြောင်းသိရှိရပါသည်။

အတွင်းလှိုဏ်ပတ်လမ်းများတွင် မဟာဗုဒ္ဒဝင်လာ ဇာတ်တော်များကို လက်ရာမြောက်စွာ ပုံဖော်ထားသည့် အုတ်ကွက်များကိုတွေ့ရှိရ၍မှတ်တမ်းတင်ခဲ့ပါသည်။ရင်ပြင်တော်မှ တွေ့မြင်ရသော တောင်ချွန်းအလှသည်လည်း တောင်ကြီးမြို့ကို ပိုမိုလှပတင့်တယ် စေခဲ့ပါသည်။

စည်ကားလှသော တောင်ကြီးမြို့ မီးပုံးပျံပွဲတော်ကို စေတီကုန်းတော်အောက်ဖက်ရှိ မြေပြန့်တွင် ယခင်က ကျင်းပခဲ့ကြပါသည်။

များပြားလှသော လူအုပ်ကြီးနှင့်အတူ တိုးဝှေ့သွားခဲ့ရပြီး စေတီကုန်းတော်ပေါ်မှနေ၍ မီးပုံးပျံများကို ကြည့်ရှုပျော်ရွှင်ခဲ့ရသည်များကိုလည်း

အမှတ်ရမိခဲ့ပါတယ်…

1…စူဠာမုနိ လောကချမ်းသာ စေတီတော်
2…မတ်ရပ်ဆင်းတုတော်…
3…လှိုဏ်အတွင်းမှ ပုံတော်များ
4… လှိုဏ်အတွင်းမှ ပုံတော်များ…
5…အနောက်ဖက်မုဒ်…
6…မိုးတိမ်ထုနှင့်
7…တောင်ပေါ်မြို့ရှုခင်း…

 

နောက်ထပ်သွားဖူးမှာကတော့ ရပ်တော်မူ ဘုရားကြီးဖြစ်ပါတယ်။ရပ်တော်မူဘုရားကြီးသို့ ဘုရားဖူးအဖွဲ့များမှ ပို့ပေးလေးမရှိသည့်အတွက်

သီးသန့်လာရောက်သောဘုရားဖူးများသာ ရောက်ရှိဖူးမျှော်နိုင်ကြပါတယ်။တောင်ကုန်းတက်လမ်း ကျဉ်းကျဉ်းများကို ကွေ့ပတ် မောင်းတက်လာရပြီး

လူနေအိမ်များ ထူထပ်လာသောကြောင့် ယခင်ထက် ပိုဝေးကာ လာရသယောင် ထင်ခဲ့မိပါတယ်။

ဘုရားကြီး ပရဝုဏ်တွင် ရွှေစေတီ၊ငွေစေတီ၊ ကျိုက်ထီးရိုးဘုရားပုံတူနှင့် အဘဘိုးမင်းခေါင်ပုံတူ ကြီးမားသော ရုပ်တုကြီး ထူးခြားစွာတည်ထားပါတယ်။

ဓါတ်ပုံများရိုက်ဖြစ်ခဲ့ပြီး ရွာသူားများကို မျှဝေလိုက်ပါတယ်…

 

8…ရပ်တော်မူ ဘုရားကြီး…
9…ရွှေစေတီ၊ငွေစေတီ…
10…ကျိုက်ထီးရိုးပုံတူ စေတီတော်…
11…အဘ ဘိုးမင်းခေါင် ရုပ်တုတော်…

 

ဒီနေ့အတွက် ဘုရားဖူးခရီးစဉ်ကို လက်စသတ်ပြီး တည်းခိုရာ ညောင်ရွှေ Remember Inn ကိုပြန်၍ အနားယူလိုက်ပါဦးမယ်…

မနက်ဖန်မှာတော့ ပင်းတယ၊ ကလောမြို့ ကိုသွားရောက်လည်ပတ်ကြမှာဖြစ်ပါတယ်…

လိုက်ခဲ့ကြပါဦးနော်…

ခင်တဲ့

မအိ

8 comments

  • မောင်ပေ

    August 29, 2012 at 10:16 pm

    သာဓု သာဓု သာဓု ပါ မအိရေ
    နက်ဖန်ကြရင်လဲ ကလောအလှရှူခင်းလေးတွေ ကြည့်ရသေးတာပ

  • may flowers

    August 29, 2012 at 10:37 pm

    မနက်နော် မနက် ပြောပြီးသားနော်….ဂတိတည်။

  • may flowers

    August 29, 2012 at 10:40 pm

    နော်တာပါမအိရေ တစ်ပိုစ့်နဲ့တစ်ပိုစ့်အရမ်းဝေးတော့ မေ့တောင်မေ့ချင်ချင်မို့ နောက်လိုက်တာ….အားပေးဖို့
    စောင့်နေပါ့မယ်…ဒီနေ့တော့ဘုရားတွေဖူးသွားပါတယ်။

  • ko win

    August 29, 2012 at 11:11 pm

    စူဠာမုနိ လောကချမ်းသာ စေတီတော်ဆိုတာ တောင်ကြီးတက္ကသိုလ်နားက ဘုရားကိုပြောတာလားခင်ဗျာ။ ကျွန်တော် ဝန်ထမ်းဘဝက တောင်ကြီးကိုဖြတ်သွား/လာ ရှိခဲ့ပါတယ်။ ၂၀၀၃/၄လောက်ကပါ။ အဲသည်တုန်းက စူဠာမုနိဘွဲ့တော်နဲ့ စေတီတစ်ဆူ တွေ့နေကြမို့ပါ။ အခု မအိရဲ့postထဲမှာ ၂၀၀၉မှာတည်ထားတယ်လို့ ဖတ်ရတာမို့ ကျွန်တော်နဝေတိမ်တောင်ဖြစ်နေလို့ပါ။

    • Ma Ei

      August 30, 2012 at 9:07 am

      ကျေးဇူးတင်လိုက်တာ ကိုဝင်းရေ…
      စာကြမ်းရေးထားတာ ပြန်ဖတ်လိုက်တော့ 1994 လို့ ရေးထားပါတယ်…
      ရိုက်တော့ မှားသွားပါတယ်…
      စာဖတ်သူများအားလုံးကို တောင်းပန်ပါတယ်…
      1994 လို့ ပြင်ဖတ်ပေးကြပါနော်…
      ပြင်ခွင့်ရှိသူများကိုလည်း အကူညီတောင်းပါတယ်…
      ပြင်ပေးလို့ရရင် ပြင်ပေးကြပါနော်…

      • Ma Ei

        September 25, 2012 at 10:59 am

        ဟုတ်ကဲ့ ပြင်လိုက်ပါပြီရှင်…
        သတိပေးတဲ့ ကိုဝင်း နှင့်
        အမှားပြင်ခွင့် ပေးအပ်တဲ့ သူကြီး နှင့်တကွ
        စာဖတ်သူ ရွာသူား တို့အား အထူးကျေးဇူးတင်ရှိပါကြောင်းနော်…

  • မယ်အိရေ
    ဘုရားအနောက်ဘက်စောင်းတန်းအဆင်းက ဆိုင်းဘုတ်လေးရောမတွေ့ခဲ့ဘူးလား။
    ကျနော်ဖေစ်ဘုတ်မှာရိုက်တင်လိုက်တာ ရှယ်ယာတွေလုပ်သွားကြတယ်ဗျ.

    • Ma Ei

      September 25, 2012 at 1:51 pm

      ဆိုင်းဘုတ်လေး သတိမထားမိခဲ့ဘူး…
      ဘာလေးလဲလို့ ကိုပေါက် FB ကိုသွားကြည့်လိုက်ဦးမယ်…

Leave a Reply